အသုံးဝင်လှတဲ့ ထိပ်တန်း အင်တာနက် အတိုကောက် Acronym (၁၂) ခု

Acronym ဆိုတဲ့ စကားဟာအင်္ဂလိပ်စကားလုံးတွေရဲ့ ထိပ်ဆုံးက အက္ခရာတွေကို စုပြီးအတိုကောက် လုပ်ခေါ်တာကိုပြောတာပါ။ ဥပမာ as soon as possible ကို ASAP လို့ အတိုကောက် acronym နဲ့ ရေးသားပြောဆိုသလိုပေါ့။


အင်တာနက်မှာတော့ ဒီလို acronym တွေ သုံးလာတာ ကြာခဲ့ပါပြီ။ အထပ်ထပ်အခါခါ ပြန်ပြန် သုံးရတဲ့ စကား အရှည်ကြီးတွေကို ထိပ်ဆုံး အက္ခရာတွေနဲ့ အတိုကောက်လုပ်ပြီး သုံးတဲ့အခါ ဆက်သွယ်ရေးမှာ ပိုမို လျှင်မြန် ချောမွေ့တာပေါ့။ အဲ…ဒါပေမဲ့ အဲ့ဒီ အသုံးတွေက အင်တာနက်ပေါ်က "ချက်တင်" သုံးတဲ့ သူတွေ အချင်းချင်း အတွက်တော့ အလွန် အဆင်ပြေ ကောင်းပြေနိုင်ပေမဲ့ လုံးဝ မသုံးဘူးသူ တစ်ဦး အတွက်ကတော့ ခေါင်းခြောက်လောက်တယ်။ ဥပမာအနေနဲ့ အင်တာနက် ချက်တင်ကျွမ်းတဲ့ ကလေးနဲ့ သူ့အမေ မိုဘိုင်းဖုန်းက နေအပြန်အလှန် ပို့တဲ့ မက်ဆေ့ခ်ျကိုဖတ်ကြည့်လိုက်ပါ။

  • အမေ - “Where are you? Dad needs the car.” (ဘယ်ရောက်နေလဲ။ မင်းအဖေကားသုံးဖို့ ရှိတယ်။)
  • သား - “I’d B OMW but BFF wants BK AGKWE. I’ll BRT ASAP.”
  • အမေ - “WHAT?! Just call me!” (ဘာတွေလဲ။ ဖုန်းဘဲ ပြန်ဆက်တော့။)


သားဖြစ်သူ ပြန်ရေးလိုက်တဲ့ ဟာကို စာဖတ်သူကိုယ်တိုင် ဘာသာပြန်ကြည့်ပါ။ စဉ်းစားလို့ မရဘူးလား။ ခဏထားလိုက်ပြီး အောက်မှာဖေါ်ပြခဲ့မဲ့ acronym ၁၂ ခုကို ကြည့်လိုက်ရအောင်။


၁။ EOM: end of message
“We’re leaving, EOM.” (ဒါဘဲ…)


၂။ WYSIWYG: what you see is what you get
“I’m not dressing up, WYSIWYG.” အရှိအရှိအတိုင်းဘဲ။ (ဘာမှ ဆင်မထားဘူး)


၃။ AFC or AFK: away from computer or away from keyboard
“Sorry I didn’t reply right away, I was AFK while I made a sandwich.” (ငါလောလောဆယ် ကွန်ပြူတာနားမှာမရှိဘူး)

၎။ AGKWE: and God knows what else
“After that party, we’re out of pop AGKWE.” (ဘာတွေ ဆက်ဖြစ်လဲဘုရားဘဲသိလိမ့်မယ်)


၅။ AIMB: as I mentioned before
“AIMB, all of my chickens got loose.” (စောစောက ပြောခဲ့သလိုဘဲ)


၆။ BION: believe it or not
“Olive oil is actually so healthy that some say you should have a spoonful a day, BION.” (ယုံချင်ယုံ၊ မယုံချင်နေ)


၇။ CMIW: correct me if I’m wrong
“CMIW, but did you just drive past us?” ငါ မှားရင် ပြင်ပေး (ငါ မမှားဘူးဆိုရင်)


၈။ IRL: in real life
“IRL, zombies don’t exist. Probably.” တစ်ကယ် (လက်တွေ့မှာ)


၉။ IYKWIM: if you know what I mean
“There’s nothing like a blueberry pie, IYKWIM.” ငါပြောတာသဘောပေါက်တယ် မဟုတ်လား။ (သဘောပေါက်လား/ ပေါက်တယ်မို့လား)


၁၀။ NUFF: enough said
“Don’t mess around with an angry badger. NUFF.” တော်ပြီ။ (တော်တန်တိတ်တော့)


၁၁။ BRB: be right back
“Hold on! BRB” (အခုပြန်လာနေပြီ)


၁၂။ ROFL: rolling on the floor laughing
“Have you seen recent xkcd? ROFL!” (ရီလိုက်ရတာဖတ်ဖတ်မော)


အပေါ်ကအတိုကောက် ၁၂ လုံးက အခု အတော် ခေတ်စားနေတဲ့ internet acronym အတိုကောက် ၁၂ လုံးဖြစ်ပါတယ်။ Internet acronym မြောက်များစွာထဲက အချို့ တွေကို game ကစားသမားတွေကအများကြီးပါဝင်ကစားတဲ့ multiple game players တွေက အချင်းချင်း အတိုကောက်တွေ တီထွင်ပြီးသုံးကြရင်းက အောက်ပါ acronym တွေ ပေါ်လာခဲ့ပါတယ်။


OMW
: on my way.  လာနေပြီ။  game player တွေကနေရာ တစ်နေရာမှာ တွေ့ဖို့ ချိန်းဆိုကြတဲ့အခါ အချင်းချင်း စာရိုက်ပြီး အတိုကောက်တွေနဲ့ ချိန်းတော့ ပိုမြန်တာပေါ့။


BRT
: be right there.  လာခဲ့မယ်။ OMW နဲ့ အတူတူပါဘဲ။ ဒါပေမဲ့ OMW လောက် သိပ်မသုံးကြဘူး။


GTG
: got to go.  ဒိုးရတော့မယ် (သွားတော့မယ်)  game ကနေ log out လုပ်ပြီးထွက်တော့မယ်လို့ ပြောတာ။ သာမာန်ဖုံး text message တွေမှာလည်းအသုံးဝင်ပါတယ်။

ဥပမာ -

“I’ve GTG to the store after work”

“Nice chatting, but I’ve GTG”.


ကဲ…ဒီလောက်ဆိုရင် အစောပိုင်းက သားအမိနှစ်ယောက် အပြန်အလှန် text message ပို့တဲ့ အထဲက သားဖြစ်သူ ဘာပြန်ရေးလိုက်လဲဆိုတာ ဘာသာပြန်လို့ မရခဲ့ရင် အခု ပြန်ကြိုးစား ကြည့်လို့ ရပြီနော်။ မရသေးရင်တော့ အောက်မှာ ကြည့်လိုက်ပါ။

  • “I’d B OMW”  =  “I’ll be on my way”
  • “BFF wants BK AGKWE”  =  ‘best friend forever’ wants Burger King and God knows what else”,
  • “I’ll BRT ASAP” = “I’ll be right there as soon as possible”  ဘဲ ဖြစ်ပါတယ်။


ဒါဖြင့်ရင် GTG နောက်မှတွေ့မယ်နော် C U L8R!!


Grammar.net မှ Victoria ရဲ့ Top 12 Useful Internet Acronyms ကို ကိုးကားဘာသာပြန်ထားတာဖြစ်ပါတယ်။


LESSONS FROM OUR ARCHIVE

အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

 

Views: 6078

Reply to This

Replies to This Discussion

thank
Useful, thanks.
thanks
Thanks.
God bless all.
Thanks
Thanks a lot
Thank

OH! WOW! I didn't know about that before ,and I really appreciate the poster of this topics & wishing you that you are getting a lot of knowledge in return. Thanks a million!

xo nice....thanks a million.
အသုံးအရမ်းဝင်ပါတယ် ကျေးဇူးပါရှင့်

Wow Gr8t!!! I like !!! Plz let's me share this post on my FB.

Thanks!!!

Nice

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service