ယနေ့ ဘာသာစကားသင်ကြားရေး အတွေးအခေါ်များတွင် "explicit teaching of grammar သဒ္ဒါကို အသားပေး သင်ကြားမှု" အား ရှေ့တန်းတင်မှု လျော့ပါးလာခဲ့သည်။ တစ်ချို့ဆရာများကလည်း သဒ္ဒါလေ့လာရန်မလိုဟူသည့် အယူအဆများ ကိုင်စွဲလာကြသည်။ သူတို့က မိခင်ဘာသာစကားကို တတ်မြောက်လာသူတို့၏ အခြေအနေနှင့် နှိုင်းယှဉ်ပြ ကြသည်။ ဥပမာ မြန်မာလူမျိုး ကလေးငယ်တို့ မြန်မာသဒ္ဒါကို သင်ယူခြင်းမရှိဘဲ ပြောဆိုနိုင်ကြသည်။ ထို့ကြောင့် ဘာသာစကားသင်ပေးရာတွင် သဒ္ဒါသင်ပေးခြင်းထက် language acquisition စိမ့်ဝင်ရယူခြင်း ကို ဦးစားပေးကြသည်။

 

ရှေးရိုးဆရာတစ်ချို့က သဒ္ဒါသည်သာ ဘာသာစကားလေ့လာရေးအတွက် ပုံမှန်နည်းလမ်းဟု ယူဆကြပြန်သည်။ “သဒ္ဒါမတတ် စာမတတ်" ဆိုသည့် စကားအတိုင်း ဘာသာစကား သင်တန်းများတွင် စကားပြောဆိုခြင်းထက် သဒ္ဒါကို အဓိက သင်ကြား ပေးကြသည်။

 

စာသင်သားတို့အနေဖြင့်လည်း ထိုဆရာများကြားတွင် ယောင်လည်လည်ဖြင့် ဘယ်သူ့စကား နားထောင်ရမှန်းမသိဘဲ “ဆရာများ သားသေ” ဘ၀ရောက်နေကြသည်။ ထိုသို့သော အစွန်းတရားများမှ ဖယ်၍ ဓမ္မဓိဌာန်ကျကျ စဉ်းစားကြည့်သင့်သည်။့ အမှန်တွင် “သဒ္ဒါမလို” ဟူသည့် အယူအဆသည်လည်းကောင်း၊ “သဒ္ဒါမှ သဒ္ဒါ” ဟူသည့်အစွဲသည် လည်းကောင်း “နိုင်ငံခြား ဘာသာ စကားသင်ယူခြင်း” ၏ ပကတိ အခြေအနေ များကို လျစ်လျူရှုရာ ရောက်နေသည်။

 

မြန်မာနိုင်ငံတွင် ကျောင်းသားအများစုသည် ဘာသာစကား လေ့လာ တတ်မြောက်နိုင်ရန် လုံလောက်သော exposure ထိတွေ့မှု ရနိုင်သည့် အခြေအနေမရှိပါ။ ထို့ကြောင့် သဒ္ဒါသင်ကြားရေးမှာ (အင်္ဂလိပ်)ဘာသာစကား လေ့လာရေးတွင် အစိတ်အပိုင်းတစ်ခု အနေဖြင့် အရေးပါနေဦးမည် ဖြစ်သည်။

 

အမှန်မှာ သဒ္ဒါကိုသင်ကြားပေးသည့် နည်းလမ်းသည်သာ အဓိက အာရုံပြုရမည့် အချက်ဖြစ်သည်။ Grammar is a mean to an end, not an end in itself. ဆိုသည့်စကားအတိုင်း သဒ္ဒါသည် ရောက်ရှိရမည့် ပန်းတိုင် မဟုတ်။ ပန်းတိုင်သို့ ရောက်ရှိရန် အသုံးချရမည့် နည်းလမ်း တစ်ခုသာဖြစ်သည်။ သဒ္ဒါကိုသာတတ်မြောက်အောင် အာရုံစိုက်နေလျှင် အဓိကပန်းတိုင်ဖြစ်သော ဘာသာစကားကျွမ်းကျင်မှု ကိုမရောက်နိုင် ဖြစ်တတ်သည်။ ဘာသာစကားကျွမ်းကျင်မှုသည် ပန်းကုံးလေးတစ်ကုံးသာ ဖြစ်ပါလျှင် သဒ္ဒါသည် ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသော ဘာသာစကား အစအန words, phrases, sentences, များအား သီကုံးပေးသည့် ကျောရိုးလေးသာပင်ဖြစ်သည်။

 

သဒ္ဒါဆိုတာဘာလဲ


အလွယ်ဆုံးပြောရလျှင် သဒ္ဒါုသည် ဘာသာစကားတစ်ခု၏ ဖွဲ့စည်းပုံ စနစ်တစ်ခု ဖြစ်သည်။ တစ်ချို့က သဒ္ဒါအား ဘာသာစကားတစ်ခု၏ စည်းကမ်း၊ ဥပဒေသ rules of a language အဖြစ်မြင်ကြသည်။ သို့ရာတွင် မည်သည့်ဘာသာစကားကမှ သဒ္ဒါကို ပြဌာန်းချက်အဖြစ် မတွေးကြပေ။ “စည်းကမ်း”ဟူသည့် စကားလုံးကိုသုံးမည်ဆိုလျှင် တစ်ဦးတစ်ယောက်မှ ဤသို့ပြောရသည်၊ ဤသို့မပြောရဟု သတ်မှတ်ထားပြီး ကျန်လူတို့က လိုက်နာ ပြောဆိုကြသလို ဖြစ်နေပေမည်။ အမှန်တွင် Esperanto ကဲ့သို့ တမင် တီထွင်ထားသော ဘာသာစကားမျိုးမှလွဲ၍ မည်သည့် သဘာဝ ဘာသာစကားကမှ ဤသို့ဖြစ်ပေါ်လာခြင်းမရှိပါ။ လူတို့သည် ပြောချင်သလို ပြောကြသည်။ စကားသံတို့မှ စကားလုံး၊ ထိုမှ စကားစု၊ စကားစုမှ ၀ါကျများအထိ လူသားတို့ပါးစပ်မှ ဘာသာစကားသည် ဆင့်ကဲ ဖြစ်ပေါ် လာခဲ့ခြင်းသာဖြစ်သည်။

 

မည်သည့်ဘာသာစကားမျှ မတည်မြဲပါ။ အချိန်နှင့်အမျှပြောင်းလဲနေသည်။ သည့်အတွက်  living language ဟုဆိုကြသည်။ ထို့ကြောင့် grammar သည် အချိန်ကာလ တစ်ခုအတွင်းရှိ ဘာသာစကားတစ်ခုကို လူတို့ မည်သို့ ပြောဆိုကြသနည်း ဟူသည်ကို ရောင်ပြန်ဟပ်သည့် မှတ်တမ်းတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် သဒ္ဒါအား သင့်ကို အကူအညီပေးနိုင်သော မိတ်ဆွေတစ်ဦး၊ တိုင်ပင်ဖော်တိုင်ပင်ဖက် တစ်ဦးအဖြစ် သဘောထား ကြည့်ပါ။ ဘာသာစကားတစ်ခု၏ စနစ်(သဒ္ဒါ) ကို နားလည်သဘော ပေါက်ပါက အကြောင်းအရာ အများစုကို အခြားသူတစ်ယောက်အား မေးရန် မလို ဘဲ ကိုယ်တိုင် သုံးစွဲနိုင်ပါလိမ့်မည်။

 

အင်္ဂလိပ်သဒ္ဒါ။ ယခင်နှင့်ယခု

ခေတ်ဟောင်းတွင် သဒ္ဒါကို word grammar နှင့် sentence grammar ဟူ၍ ခွဲကြသည်။ word grammar ကှို parts of speech ဖြစ်သည့် verbs, nouns, adjective, adverbs စသည့် content words များ၊ determiners, pronouns, prepositions, conjunctions, interjections စသည့် structure words  များအဖြစ် ထပ်ဆင့် ခွဲခြားသည်။ sentence grammar သည် phrase, clause တို့မှတစ်ဆင့် ၀ါကျတည်ဆောက်ပုံများ စာပိုဒ်များ ရေးပုံအထိ ပါဝင်သည်။

 

ယနေ့ခေတ်တွင် သဒ္ဒါအားချည်းကပ်ပုံအသစ်ဖြင့် သဒ္ဒါစည်းမျဉ်းများအား မဆုံးနိုင်အောင် ဖော်ပြသော စာအုပ်များမှ ခွဲထွက်ကာ လက်တွေ့ဘ၀ဖြင့် ဆက်စပ် သုံးစွဲလာနိုင်အောင် အားထုတ်လာကြသည်။ ခေတ်ဟောင်းနည်းကို prescriptive grammar approach ဟုခေါ်ကြသည်။ ဤပြဌာန်းသဒ္ဒါနည်းသည် ကျောင်းသားများအား အနုပညာစာပေများ၊ ဘာသာရေးစာပေများမှ စာပိုဒ်များ ထုတ်နှုတ်ကာ မှန်/မှား ခွဲခြမ်းစိတ်ဖြာ သုံးသပ်စေသည်။ သူ၏ အဓိက ရည်ရွယ်ချက်မှာ စံသတ်မှတ်ထားသော ဘာသာစကားအား ထိန်းသိမ်း လိုက်နာရေးဖြစ်သည်။ တစ်ချိန်တည်းမှာပင် သဒ္ဒါလေ့လာရေးမှာ ဘာသာစကား လေ့လာရေး၏ အစိတ်အပိုင်း မဟုတ်တော့ဘဲ သီးခြားဘာသာရပ် လေ့လာရေးဖြစ်သွားသည်။

 

ခေတ်သစ်နည်းတွင် descriptive grammar ဟူသည့် လက်တွေ့ လူတို့ ပြောဆို သုံးစွဲသည့် သဒ္ဒါကို လေ့လာသည်။ ဘာသာစကား ပြောင်းလဲပုံ နှင့် သုံးစွဲဟန် အမျိုးမျိုးကို လက်သင့်ခံသည့်အတွက်ကြောင့် အကြောင်းအရာတစ်ခုတည်းကို ပြောဆို နိုင်သည့် ပုံစံအမျိုးမျိုး ထွက်ပေါ်လာသည်။ ကျောင်းသုံးသဒ္ဒါများတွင် ဈေးဝယ်ထွက်ခြင်း၊ အလုပ်ရှာဖွေခြင်းကဲ့သို့ လက်တွေ့ဘ၀တွင် အောင်မြင်စွာဆက်သွယ်ပြောဆိုနိုင်ရန် လိုအပ်သည့် သဒ္ဒါစည်းမျဉ်းများကိုသာ သင်သည်။ ဥပမာ present perfect ၏အသုံးအား I have worked as စသည့်ဝါကျများဖြင့် အလုပ် အင်တာဗျူး ဖြေရာတွင် ယခင်အတွေ့အကြုံအား ပြန်ပြောပြပုံမျိုးဖြင့် ရှင်းပြထားသည်။  prescriptive grammar အလိုအရ rules ကို အရင်လေ့လာပြီးမှ ၀ါကျ တည်ဆောက် ရခြင်းဖြစ်သော်လည်း  descriptive grammar သည် နမူနာဝါကျ ကိုကြည့်ပြီးမှ rules ကို လေ့လာသည်။

 

အပြောစကားနှင့် တစ်ချို့သော ၀တ္ထုဇာတ်လမ်းများထဲမှ စကားပြောများသည် သဒ္ဒါနည်းလမ်း မကျခြင်း၊ အမှားအယွင်းရှိခြင်းတို့ကို တစ်ဦးတစ်ယောက်၊ ယဉ်ကျေးမှု တစ်ခု ၏ ထူးခြားသော ၀ိသေသအနေနှင့် လက်ခံရမည်ဖြစ်သော်လည်း သတင်းစာ ဂျာနယ် ဆောင်းပါးများ၊ စီးပွားရေးဆိုင်ရာ စာရွက်စာတမ်းများ နှင့် ပညာရေး စာပေများတွင်မူ စံသတ်မှတ်ထားသည့် ဘာသာစကား အသုံးအနှုန်းကို လိုက်နာရမည်ဖြစ်သည်။ ယေဘုယျအားဖြင့် အပြောထက် အရေးက ပို၍ စံမီရသည်။ "She doesn't want to do nothing"  ကဲ့သို့ double negative များသည် ကော်ဖီဆိုင်တွင် ထိုင်ပြောရာတွင် လက်ခံနိုင်သော်လည်း စားပွဲထိုး၏ ၀န်ဆောင်မှု ညံ့ဖျင်းပုံကို ရေးသား တိုင်ကြားသည့်စာတွင် "She does not want to do anything." ဟု စံမီသည့် အင်္ဂလိပ်စာ ကိုသာသုံးရပေမည်။ ဤပြဿနာမျိုးကို ဖြေရှင်းပေးနိုင်သည်ကား သဒ္ဒါလေ့လာရေး ပင်ဖြစ်သည်။

 

အချုပ်အားဖြင့် ယနေ့ခေတ်တွင် သဒ္ဒါအား သီအိုရီသက်သက်သာမက လက်တွေ့ ကျသည့် ဘာသာစကား အလေ့အကျင့်အား အထောက်အကူ ပြုသည့် အရာအဖြစ် ရှုမြင်လာကြသည်။ irregular verbs များအား သမရိုးကျ နည်းလမ်းဖြင့်သာ လေ့လာရမည် ဖြစ်သော်လည်း မိမိတို့ ပန်းတိုင်ရောက်ရှိရန် နည်းလမ်းပေါင်းစုံဖြင့် ပေါင်းစပ် အသုံးပြုနိုင်မှသာ ထိရောက်ပေမည်။


LESSONS FROM OUR ARCHIVE

Views: 2105

Reply to This

Replies to This Discussion

Thanks

thanks

thank
hi
hello
i like english grammar.
thank you.
bye'

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service