ယခင် အပိုင်းမှ အဆက် - သဒ္ဒါနှင့်ပါတ်သက်သော မေးခွန်းများနှင့်အဖြေများ (အပိုင်း ၂)
အခု တင်ပြသွားမှာကတော့ Oxford University Press ဝဘ်ဆိုက် မှ "Grammar to Go" သင်ခန်းစာ စာအုပ်ကို ဖတ်သူများမှ မေးမြန်းထားသည့် ၀ိဘတ် (Preposition) ဆိုင်ရာ မေးခွန်းအချို့ရဲ့ ဖြေကြားချက်များအား John Eastwood မှပြန်လည်ဖြေကြားထားသည်များကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။
1. To (သို့) နှင့် For (အတွက်)
To နှင့် For နဲ့ ပတ်သက်ပြီး Grammar to go ဖတ်သူတစ်ဦးက အကူအညီလိုအပ်နေပါတယ်။ အောက်ပါ ၀ါကျများကို နှိုင်းယှဉ်ပြီး လေ့လာကြည့်ပါ။
ဒီဥပမာတွေကို ကြည့်ခြင်းဖြင့် to နှင့် for ပါတဲ့ ၀ါကျများသည် Indirect object (လက်ခံပြပုဒ်) ပါသော ၀ါကျများနှင့်သာ ကိုက်ညီမှုရှိပါတယ်။ လူတစ်ဦး တစ်ယောက်သို့ (to) တစ်စုံတစ်ရာကို ပေးပြီး လူတစ်ဦး တစ်ယောက်အတွက် (for) တစ်စုံတစ်ခုဝယ်ပေးပါတယ်။ To ကတော့ လူတစ်ဦးမှ နောက်တစ်ဦးသို့ လွှဲပြောင်းပေးခြင်း (သို့) ဆက်သွယ်ပေးခြင်းဟု အဓိပ္ပါယ်ရပါတယ်။ အရာတစ်ခုခုဟာ ၄င်း၏ ပန်းတိုင်သို့ ရောက်သွားသည်ဟူသော အဓိပ္ပါယ်ကို ဆောင်ပါတယ်။ To နှင့် တွဲသုံးရတဲ့ ကြိယာများထဲမှာ lend, pay, show, send, write ဆိုတဲ့ verb တွေ ပါပါတယ်။ For ကတော့ တစ်ခြားသူ တစ်ဦးတစ်ယောက်အတွက် အကျိုးရှိစေမဲ့အရာတစ်ခုခုကို ဆောင်ရွက်ပေးခဲ့တယ်ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ For နှင့် တွဲသုံးရသော ကြိယာများကတော့ cook, find, make, order, save အစရှိသည်တို့ပဲ ဖြစ်ပါတယ်။
2. By (မှာ) နှင့် Until (အထိ)
တချို့သောသူများသည် by (မှာ) နှင့် until (အထိ) တို့ အသုံးပြုပုံကို သိပ်မကွဲပြားလှပါ။ အောက်ပါဝါကျများ ကို နှိုင်းယှဉ်ကြည့်ပါ။
By May 15 ဆိုတာကတော့ မေ ၁၅ ရက်မှာ (သို့) မေလ ၁၅ ရက်မတိုင်ခင် (သို့) မေလ ၁၅ ရက်ထက် နောက်မကျဘဲ လို့ အဓိပ္ပါယ်ရပါတယ်။ Until 15 May က မေ ၁၅ ရက်နေ့အထိ လန်ဒန်မှာ ဆက်နေမှာဖြစ်ပြီး ထိုနေ့ ကျရင်တော့ လန်ဒန်မှ ထွက်ခွာမှာဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
နောက်ထပ် ဥပမာများကို ဆက်လက် လေ့လာကြည့်ပါ။
Until ကို ဆန့်ကျင်သော သဘောဆောင်သော ၀ါကျများ (Negative Sentences) မှာ အသုံးပြုပါတယ်။
3. On / in the market (ဈေးပေါ်တွင် / ဈေးထဲတွင်)
'Grammar to go' စာဖတ်သူတစ်ဦးက on the market နှင့် in the market ဆိုတဲ့ အသုံးအနှုန်းနှစ်ခု ခြားနားမှုရှိပါသလားလို့ မေးလာပါတယ်။ ဒါကိုတော့ ရှိပါတယ်လို့ပဲ ဖြေရမှာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း (၂)ခုကို အသုံးပြုရာမှာ အဓိပ္ပါယ်ကွဲပြားပါ။ On the market ကတော့ ဈေးကွက်ထဲမှာ ၀ယ်ယူလို့ရနိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ In the market ကတော့ ၀ယ်ယူချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။
အောက်ပါ ဥပမာများကို လေ့လာကြည့်ပါ။
သင့်အနေဖြင့် အရာတစ်ခုခုကို in the market ဖြစ်နေရင် အဲဒီအရာကို ၀ယ်ယူဖို့ စိတ်ဝင်စားတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။
In the market ကို ကုမ္ပဏီနဲ့တွဲသုံးရင်တော့ ၀ယ်သူအတန်းအစားတစ်မျိုးတည်းကို ကြိုးစားပြီး ရောင်းချခြင်းကို ပြောတာဖြစ်ပါတယ်။
"In the market" ကို ဈေးကွက်များရဲ့ ယေဘုယျအခြေအနေတွေကို ဖော်ပြတဲ့အခါမှာလည်းသုံးပါတယ်။
အသားငါး၊ ဟင်းသီးဟင်းရွက် ကုန်ပစ္စည်းဝယ်လို့ရတဲ့ နေရာဖြစ်တဲ့ "ဈေး"အနေနဲ့ အသုံးပြုရာမှာလည်း in the market ကို အသုံးပြုပါတယ်။
4. By train / on the train / in the train (ရထားဖြင့် / ရထားပေါ်မှာ / ရထားထဲမှာ)
စာဖတ်သူ နောက်တစ်ဦးကတော့ train (ရထား) နဲ့ တွဲပြီး အသုံးပြုတဲ့ ၀ိဘတ် (prepositions) တွေ အကြောင်းကို မေးလာပါတယ်။
Train ကို သယ်ယူပို့ဆောင်ရေးနည်းလမ်းအဖြစ် ဖော်ပြလိုတဲ့အခါမှာတော့ အညွှန်းစကားလုံး (article) မပါဘဲ by နှင့် တွဲသုံးပါသည်။
တစ်စုံတစ်ရာသော ခရီးစဉ်အတွက်ဆိုရင် by (သို့) on ကို တွဲသုံးနိုင်ပါတယ်။
တစ်စုံတစ်ယောက်ဟာ ခရီးသည်ဖြစ်ပြီး တကယ်ပဲရထားထဲမှာရှိနေတယ်ဆိုတာကို ပြောလိုတဲ့အခါ သိပ်မဆီလျော်ပေမဲ့လည်း ပုံမှန်အားဖြင့် on the train လို့ အသုံးပြုပါတယ်။ ရထားပေါ်ကနေပြီး ဖုန်းပြောသူများကလည်း I'm on the train လို့ ပြောကြပါတယ်။
In the train ဟူသော အသုံးအနှုန်းက ပုံမှန်အသုံးအနှုန်းသိပ်မဟုတ်ပေမဲ့ ရထားအတွင်းမှာရှိတဲ့ အခြေအနေများကို ဖော်ပြတဲ့အခါမှာတော့ အသုံးပြုနိုင်ပါတယ်။
5. University နှင့်တွဲ သုံးသော ၀ိဘတ်များ (Prepositions with university)
နောက် 'Grammar to go' ဖတ်သူတစ်ဦးကတော့ အောက်ပါ ၀ါကျများ မှန်ကန်ကြောင်း အတည်ပြုပေး စေလိုတာ ဖြစ်ပါတယ်။
ဒီဝါကျတွေဟာ တကယ်ပဲ မှန်ပါတယ်။ ဗြိတိသျှ အင်္ဂလိပ်စကား (British English) မှာတော့ တစ်စုံတစ်ယောက်ဟာ တက္ကသိုလ်မှာ ကျောင်းသားတစ်ယောက်အနေဖြင့် တက်နေတယ်ဆိုတာကို ရည်ညွှန်းလိုတဲ့အခါ to နှင့် at တို့နောက်က the ကို ဖြုတ်ခဲ့ပါတယ်။ (အမေရိကန် အင်္ဂလိပ်စကားမှာ တော့ ဒီလိုမဟုတ်ပါ။) ဆိုလိုချင်တာကတော့ ဒီတစ်စုံတစ်ယောက်ဟာ တိတိကျကျ ဘယ်တက္ကသိုလ်မှာ တက်နေတယ်ဆိုတာကို မပြောဘဲ ရည်ညွှန်းတဲ့အခါမှာ ဖြစ်ပါတယ်။ the ကိုတော့ ပြောသူက ဘယ် တက္ကသိုလ်ကို ရည်ညွှန်းတယ်ဆိုတာကို သိတဲ့အခါမှာ ထည့်သုံးရပါတယ်။ တခြားသော အခြေအနေမှာတော့ the ကို ထည့်သုံးရပါမယ်။
6. On / In the list (စာရင်းထဲမှာ)
On the list နှင့် in the list တို့ရဲ့ အသုံးပြုပုံနဲ့ ပတ်သက်ပြီး စာဖတ်ပရိသတ်တစ်ဦးဟာ အတွေးရခက်နေပါတယ်တဲ့။ on the list ရဲ့ အဓိပ္ပါယ်ကတော့ "စာရင်းထဲမှာ ပါဝင်တယ်" ပဲဖြစ်ပါတယ်၊
ဒီနေရာမှာ in အသုံးပြုလို့ရနိုင်ပေမဲ့လည်းသိပ်တော့ ပုံမှန်မဟုတ်ပါ။ In သည် ပို၍ ဆီလျော်ပေမဲ့လည်း ဘာသာစကားဆိုတာမျိုးက ယုတ္တိဗေဒရဲ့စည်းမျဉ်းဥပဒေသ (rules of logic) ကို အမြဲတမ်းလိုက်နာခြင်းမရှိပါ။
In ကို အများအားဖြင့် included ဖြင့် တွဲ သုံးလေ့ရှိပါသည်။
7. In / On the last chapter (နောက်ဆုံးအခန်းမှာ)
အခန်း (chapter / unit) နဲ့ ပတ်သက်လာရင် in သုံးပါသလား (သို့) on ကို သုံးပါသလား? အဖြေကတော့ in ကို ပဲသုံးပါတယ်။
အထက်ဝါကျတွေမှာ on ကို အသုံးပြုလို့မရပါဘူး။ ဒါပေမဲ့ "about" (နဲ့ ပတ်သက်လို့) ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောတဲ့အခါမှာတော့ on ကို အသုံးပြုရပါတယ်။
8. The tallest in /of the class (အတန်းထဲမှာ အရပ်အရှည်ဆုံး)
Italy က ဆရာမတစ်ဦးကတော့ တစ်စုံတစ်ယောက်ဟာ စာသင်ခန်းထဲမှာ အရပ်အရှည်ဆုံးဖြစ်နေရင် the tallest in the class ကို သုံးပါသလား ဒါမှမဟုတ် the tallest of the class လို့ သုံးရပါသလား လို့ မေးထားပါတယ်။ သဒ္ဒါ (grammar) သည် ရှင်းလင်းပြတ်သားမှုမရှိပါ လို့လည်း ညည်းညူထားပါသေးတယ်။ တကယ်တော့လည်း သူပြောတာ မှန်နေပါတယ်။ Grammar ရဲ့ တစ်ချို့ကဏ္ဍတွေဟာ သုံးနေကျ ဥပဒေများနဲ့ ရှင်းပြလို့ မရနိုင်ပါဘူး။ တစ်ချို့သော grammar ကတော့ သူ့အလိုလိုခြုံငုံ၍ ကောက်ချက်ချနိုင်ပါတယ်။ ဥပမာ တတိယပုဂ္ဂိုလ်နာမ်စားရဲ့ ရိုးရိုးပစ္စုပန်ကာလ အနည်းကိန်း (the present simple third person singular) ဟာ အဆုံးသတ်မှာ 's' ထည့်ပေးရတာမျိုးပေါ့။ ဒါပေမယ့် ၀ိဘတ်တွေနဲ့ကျတော့ အများအားဖြင့် အီဒီယမ် (idioms) များကို ကျက်မှတ်ထားရမှာ ဖြစ်ပါတယ်။ ဒီ in the class (သို့) of the class ဆိုတာနဲ့ ပတ်သက်လို့ အုပ်စုတွေ (groups) (သို့)နေရာတွေ (places) အကြောင်းပြောတာဆိုရင်တော့ in သည် သတ်မှတ်ထားတဲ့စံပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကျောင်းသားများက of ကို အသုံးပြုကြပါတယ်။ အဓိပ္ပါယ်အားဖြင့် ရှင်းလင်းပေမယ့် ဒီလိုအခြေအနေမှာ of ကို သုံးခြင်းဟာ တော်တော်လေးထူးဆန်းပါတယ်။ သို့သော်လည်း ကြီးမားတဲ့ အမှားတော့မဟုတ်ပါ။ ဒါပေမယ့် of ကိုသုံးတဲ့ အခြေအနေများလည်း ရှိပါတယ်။
Of ကို အချိန်ပြပုဒ်များ (Phrases of fine)၊ အများကိန်းများ (plurals)နှင့် all တို့နှင့် တွဲသုံးလေ့ရှိပါတယ်။
9. At / On platform 2 (စင်္ကြ (၂) မှာ)
Grammar to go စာဖတ်ပရိတ်သတ်တစ်ဦးကတော့ the train at Platform 2 နဲ့ the train on Platform 2 အသုံးအနှုန်း ၂ ခုကြားမှာ ချီတုံချတုံ ဖြစ်နေပါတယ်။ British English မှာဆိုရင်တော့ at က ပိုပြီး ဖြစ်နိုင်တယ်လို့ ဆိုချင်ပါတယ်။
အသုံးအနှုန်းအနေနှင့်ကတော့
ဒီနေရာမှာ အသုံးပြုတဲ့အသုံးအနှုန်းကတော့ နေရာကို ဖေါ်ပြတဲ့ ၀ိဘတ်အဖြစ်သုံးထားတဲ့ at နဲ့ on တို့ရဲ့ ပုံမှန် အဓိပ္ပါယ်နဲ့ ကိုက်ညီပါတယ်။
Tags:
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |