လေ့ကျင့်ခန်းလုပ်ခြင်းသည် ကျွန်မ၏စိတ်ကြိုက် ၀ါသနာအရလုပ်သည့်အလေ့အထ တစ်ခုတော့ မဟုတ်ပါ။ သို့သော် ကျွန်မအတွက်အကျိုးရှိသည်ကိုတော့ သိပါသည်။ ဒါကြောင့် နေ့စဉ် အပြင်ထွက်ပြီး ၂ မိုင်ခန့်လမ်းလျောက်ဖြစ်ရန် ကျွန်မကြိုးစားလေ့ရှိပါသည်။ အခါများစွာတွင်လည်း ပတ်ဝန်းကျင်တစ်လျောက် ငေးရင်းတွေးရင်း ပေါ်ထွက်လာသည့်အဖိုးတန်စိတ်ကူးလေးများကို ရေးမှတ်ရန် မှတ်စုစာအုပ်နှင့်ဘောပင် ကိုဆောင်ထားလေ့ရှိသည်။

လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်က လမ်းလျောက်ထွက်ရာ ခရီးတစ်ဝက်ခန့် လမ်းချိုးတစ်ခုအတွင်းဝင်မိချိန်တွင် လမ်းပေါ်ရှိ ငါးပြားစေ့ကလေးတစ်စေ့ အား သတိပြုမိလိုက်ပါသည်။ ကျွန်မလည်း ငါးပြားစေ့ကလေးအားလျစ်လျူရှုကာ တမင်ကျော်ခွသွားခဲ့ပါသည်။ ခြေလှမ်းအနည်းငယ်ကြာလျှောက်လှမ်းခဲ့ပြီးနောက် အကြွေစေ့ကလေးများကို ကောက်ယူလေ့ရှိသော သမီးကလေး အကြောင်းတွေးမိသည်။ သမီးကလေးသာဆိုရင် ဒီလို ကျော်သွားခဲ့မှာမဟုတ်ပါ။ ကျွန်မလည်း အဆိုပါငါးပြားစေ့ကလေးအား ပြန်လှည့်ကောက်ယူချင်ကစိတ်တစ်ဝက်၊ ကောက်နေတုန်း တစ်ယောက်ယောက်ကမြင်သွားမှဖြင့်ဟူသော ရှက်စိတ်ကတစ်ဝက်နှင့်စိတ်လွနှ်ဆွဲနေမိသည်။


မကြာမီကလေးတွင် အဆိုပါ ငါးပြားစေ့ကလေးမှတစ်ဆင့် ကျွန်မလက်လွှတ်ခဲ့ရသော မျက်မှောက်ရှေ့မှ အခွင့်အလမ်းလေးများဆီသို့ စိတ်ကူးများလွင့်ပျံသွားခဲ့ပါသည်။ ဘာမှအရေးမပါ ဟူသောအတွေးဖြင့် မျက်စိလျှမ်းသွားမိတာ ဘယ်နှစ်ခါများရှိနေပါလိမ့်။ ဘယ်နှစ်ခါများ ရှက်စိတ်ကြောင့် မလုပ်မိခဲ့တာများရှိခဲ့ပါလိမ့်။ ကျွန်မစိတ်ဘ၀င်ကို မစွဲဆောင်နိုင်ပါဟုလောကကြီးကိုသက်သေပြရန် ဘယ်နှစ်ခါလောက်များ ဖြတ်နင်းခဲ့မိပါလိမ့်။


အဲဒီနေ့ပြန်ရောက်သည့်အချိန်မှာ သမီးလေးကို ထိုအကြောင်းပြောပြခဲ့မိပါသည်။ ထိုသို့မပြောမိလျှင် လည်း ကျွန်မစိတ်တွင် ထိုအကြောင်းက လေးလံဖိစီးနေမည့်အတွက်ကြောင့်ပင်။ သမီးက "သောကရောက်မနေပါနဲ့မေမေရယ်။ ငါးပြားစေ့ကလေးပဲဟာ။" ဟု မနှစ်သိမ့်ခဲ့ပါ။ " သမီးသာဆိုရင် ကောက်ခဲ့မှာပဲ။ မေမေသိလား။ တစ်ခါတုန်းက သမီးလေ ကျောင်းကကြမ်းပြင်မှာ တစ်ရာတန်တစ်ရွက် တောင် ကောက်ရခဲ့ဖူးတယ်။" ဟုမှတ်ချက်ပေးပါသည်။


သမီးလေးဟာ သေးငယ်သည်ဟုထင်ရသည့်အခွင့်အလမ်းလေးများအား ကောင်းစွာ အသုံးချခဲ့ပါသည်။ သေးငယ်သည့်အရာများပေါင်းစုသည့်အခါ ထိုက်ထိုက်တန်တန်တစ်ခု ဖြစ်လာခဲ့သည်။ ထိုပိုက်ဆံလေးများစုကာ သူမ ရသည့်မုန့်ဖိုးထက်များစွာ တန်ဖိုးရှိသည့် အရုပ်ကလေးတစ်ခု သူမ၀ယ်နိုင်ခဲ့ပါသည်။


နောက်တစ်နေ့တွင်တော့ ကျွန်မ ထိုလမ်းလေးအတိုင်းလျှောက်ချိန်မှာ သတိဖြင့်လျှောက်နေမိတော့သည်။ ထို ငါးပြားစေ့ကလေးကို ထပ်တွေ့လျှင် ကောက်ဖြစ်အောင် ကောက်မည်ဟု စိတ်ပိုင်းဖြတ်ထားပါသည်။ သို့ရာတွင်. . . ပါ . . . သွားပါပြီ. . . . ။ အံ့သြစရာမရှိပါ . . .။ တစ်စုံတစ်ယောက်သည် အခြားသောလူတစ်ယောက် မျက်နှာလွှဲခဲ့သည့် အခွင့်အရေးလေးတစ်ခုကို ယူသွားခဲ့ပါပြီ။ ထိုအခွင့်အရေးကို ကျွန်မရယူဖို့ ဆုံးဖြတ်မိချိန်တွင်တော့ အခွင့်အရေးသည်  ထိုနေရာမှာ ရှိမနေတော့ပါ။


ကျွန်မသိပါသည်။ အခွင့်အရေးတိုင်းကိုတော့ ကျွန်မ ရပ်ပြီးမကောက်ချင်ပါ။ ကျွန်မ၏ပန်းတိုင်ကိုရယူနိုင်သည့်အရာနှင့်တူသည့် အယောင်ဆောင်အခွင့်အလမ်း တစ်ချို့လည်းရှိကောင်းရှိနိုင်ပါသည်။ ဥပမာ အဝေးကကြည့်လျှင် ဒင်္ဂါးပြားနှင့်တူသည့် ပုလင်းအဖုံးကဲ့သို့အရာမျိုးပေါ့။ သို့ရာတွင် တစ်ချို့သောအရာများကိုတော့ မြင်လျှင်မြင်ချင်း တန်ဖိုးရှိမှန်းသိပါလျက် မျက်နှာလွှဲနေမိတတ်သည်။


ငါးပြားစေ့ကလေးအား ကျော်ခွသွားခဲ့မိသည့်ထိုနေ့မှစ၍ ကျွန်မသည် ပတ်ဝန်းကျင်ရှိ တွေ့ကြုံသမျှ အခွင့်အလမ်းလေးများအား ပို၍ ဂရုစိုက်နေမိပါတော့သည်။ အကျိုးသိပ်မရှိဟု ရုတ်တရက် တန်ဖိုးဖြတ်သတ်မှတ်မည့်အစား ရေရှည်အားပိုပုံဖော်နေမိတော့သည်။ ကျွန်မတွင်လက်ရှိ ရထားသည့် အရာများအပေါ် မည်သို့သော သေးငယ်သည့် အခွင့်အလမ်းလေးများက ကြီးမားသည့်ရလာဒ်တစ်ခုပေါင်းထည့်နိုင်မည်နည်း။ သေးငယ်သောအခွင့်အလမ်းလေးတစ်ခုသည် ကြီးမားသည့်အောင်မြင်မှုတစ်ခု၏ အစအဖြစ် မည်သို့အကျိုးကျေးဇူးပြုမည်နည်း။


ဘ၀အတွက် တန်ဖိုးရှိလှသည့်သင်ခန်းစာပါလား။ ကျွန်မအတွက်တော့ ငါးပြားပဲ ဆုံးရှုံးခဲ့ရပါသည်။

တန်ဖိုးတစ်စုံတစ်ရာရှိလျက်နှင့် ကျော်ခွမသွားမိစေရန်ဆန္ဒပြုလျက်

 

Donna Doyon ၏ A Nickel In The Road

Seeing opportunities without appreciating their value.

အားဘာသာပြန်ဖော်ပြပါသည်။

ဇာနည်(MyWay!)

Views: 1201

Reply to This

Replies to This Discussion

ဆိုလိုရင်းကို နားလည်​သ​ဘော​ပေါက်​မိပါတယ်​။ တခြားနည်း​တွေးခဲ့​သော်​ တန်​ဖိုးကြီးပိုက်​ဆံ​​တွေ့ရင်​ ဘယ်​လိုလုပ်​မလဲ။ ​မေတ္တာရှင်​​(​ရွှေပြည်​သာ)စာအုပ်​ထဲက' သူခိုးမရှိတဲ့ တိုင်းပြည်​ ' ထဲက သူခိုးများမှာ စိုးရိမ်​ရပါတယ်​။

Thanks

@zawwinhlaing ကျွန်တော့ အမြင်ကတော့ စာရေးသူက ဒီစာကို ဖတ်ပြီး အခွင့်အရေးအသေးအမွှားလေးတွေကအစ လက်လွှတ်မခံသင့်ကြောင်းကို ငါးပြားစေ့  ကို မရလိုက်တဲ့ ဥပမာတစ်ခုနဲ့ နှိုင်းယှဉ်ပြီးမြင်သာအောင် ရေးသားပြတာလို့ ထင်ပါတယ်။ ဒီဇာတ်လမ်းမှာ အခွင့်အရေး အသေးလေးတွေကနေ အခွင့်အရေး ကြီးကြီးမားမားအဖြစ် ဆင့်ကဲ့ ပြောင်းလဲတတ်ပုံကို အလေးပေးထားခြင်းဖြစ်ပြီး ကိုယ်ကျင့်တရားနဲ့ ရိုးသားမှုကို ရှုထောင့်ပေးဖော်ပြလိုခြင်းမဟုတ်ဟုထင်မိပါတယ်။

yes, you are right Little Frog !

Upton Sinclair wrote in Cosmopolitan Magazine in October 1906 about The Jungle: "I aimed at the public's heart, and by accident I hit it in the stomach."
@ဖားက​လေး ဒီလိုဖြစ်​မှာ စိုးလို့ပါ။ ကျွန်​​တော်​၏တခြားနည်းသည်​ ဆင်​ကလဲ ​ပြောသလို ၀မ်းဗိုက်​ထဲ ကျမှာ စိုးရိမ်​မိပါတယ်​။ I see translator & your views. I love thought. Bro
အခွင့်အရေးကိုရယူတတ်ဖို့သတိပေးတယ်လို့ဃူဆပါတယ်။တန်ဖိုးထားတတ်ဖို့လည်းသင်ပြထားတယ်။Thanks

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service