[Zawgyi]
Eat up (အကုန်စားပါ)
Chew (on) (၀ါးစားသည်။)
LESSONS FROM OUR ARCHIVE
[Unicode]
ယနေ့သင်ခန်းစာမှာ Macmillandictionaryblog.com မှ Kerstin Johnson ရဲ့ အစားအစာစားတာတွေ နဲ့ပါတ်သက်ပြီး ပြောဆိုသုံးစွဲတဲ့ အင်္ဂလိပ်စာအသုံးအနှုံးတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ပုံမှန် နံနက်စာ/ နေ့လယ်စာ/ ညစာစားတာတွေ သုံးစွဲခေါ်ဝေါ်တာတွေအပြင် သရေစာစားတာ၊ အမြန်စားတာ၊ နည်းနည်းချင်းစားတာ၊ အသံမြည်အောင်စား နဲ့ အဝအပြဲစားတာတွေကို ဘယ်လိုမှန်ကန်စွာသုံးနှုန်းရတယ်ဆိုတာကို ဖတ်ရှုချိန် (၅) မိနစ်အတွင်းမှာ လေ့လာနိုင်မှာပါ။
Have breakfast / lunch / dinner (နံနက်စာ / နေ့လယ်စာ / ညစာစားသည်)
အချိန်သတ်မှတ်ပြီးစားရသော အစားအစာကို စားခြင်းနှင့် ပတ်သက်၍ ပြောဆိုသောအခါ “have” ကို အသုံးပြုပါသည်။
Have you had breakfast yet? (ခင်ဗျားနံနက်စာ စားပြီးပြီလား?)
He phoned while we were having lunch. (ကျွန်တော်တို့ နေ့လယ်စာ စားနေတုန်း သူ ဖုန်းဆက်တယ်။)
Have something to eat (တစ်ခုခုစားသည်။)
စားစရာတစ်ခုခု (သို့) အစားတစ်နပ်စားသောအခါ အသုံးပြုပါသည်။
We’ll stop and have something to eat when we get to Newcastle. (နယူးကာဆယ်(လ်) ရောက်တဲ့အခါ ရပ်ပြီး တစ်ခုခုစားကြတာပေါ့။)
Snack / have a snack (အဆာပြေ / သရေစာစားသည်။)
အဓိက အစာစားချိန်တွေကြားမှာ အဆာပြေ/သရေစာ စားသောအခါတွင် အသုံးပြုပါသည်။
We usually have a drink and a snack around 11. (၁၁ နာရီလောက်ဆိုရင် ကျွန်တော်တို့ သောက်စရာတစ်ခုခုနဲ့ အဆာပြေတစ်ခုခု စားလေ့ရှိတယ်။)
No snacking on the bus, kids! (ကလေးတို့ ဘတ်စကားပေါ်မှာ သရေစာ မစားရဘူး။)
Grab a bite (to eat) (စားစရာတစ်ခုခုကို အမြန်စားသည်။)
အချိန်မရသည့်အတွက် အဆာပြေတစ်ခုခု (သို့) ထမင်းနည်းနည်းကို အမြန်အချိန်လု စားသောအခါ အသုံးပြုပါသည်။
Maybe we could grab a bite at Charlie’s before the film. (ရုပ်ရှင်မစခင် ချာလီ့ဆိုင်မှ တစ်ခုခုကို မြန်မြန်စားကြတာပေါ့။)
Eat up (အကုန်စားပါ)
မိမိ ကျွေးထားသည့် အစားအသောက်ကို ကုန်အောင်စားစေလိုသည့်အခါ အသုံးပြုပါသည်။
Eat up! There’s plenty more. (စားသာစားပါ။ အများကြီး ကျန်ပါသေးတယ်။)
Nibble (at) (နည်းနည်းချင်း တစ်တိတစ်တိစားသည်။)
အစားအစာကို နည်းနည်းချင်းစီ ကိုက်စားသည်။
She nibbled at her sandwich politely, waiting for the others to arrive. (သူဟာ တခြား သူတွေရဲ့ အလာကို စောင့်ရင်းနဲ့ အသားညှပ်ပေါင်မုန့်ကို တစ်တိတစ်တိစားနေသည်။)
Chew (on) (ဝါးစားသည်။)
Chew ၏ အဓိပ္ပါယ်သည် အစားအစာကို ဝါးစားသည်ဟု ဖြစ်ပါသည်။
He was chewing on a piece of celery. (သူသည် တရုတ်နံနံပင်တစ်ပင်ကို ဝါးစားနေသည်။)
Munch / munch at (အသံမြည်အောင်စားသည်။)
Munch / munch at သည် အစားအစာတစ်ခုခုကို အားရပါးရ အသံမြည်အောင် စားသည်ဟု အဓိပ္ပါယ်ရပါသည်။
The kids were munching crisps in front of the TV. (ကလေးတွဟာ TV ရှေ့မှာ အားလူး ကြော်ကို တကျွတ်ကျွတ်ဝါးစားနေကြတယ်။)
Stuff yourself (အဝအပြဲစားခြင်း)
အရပ်သုံး(သို့) ရင်းနှီးသော အသုံးအနှုန်းဖြစ်သည်။ ရင်ပြည့်အောင်၊ နေမကောင်းဖြစ်အောင် အလွန် အကျူးစားခြင်းကို ဆိုလိုသည်။
I’m not surprised you feel sick, the way you stuffed yourself last night. (ညက မင်းအဝအပြဲ စားပုံနဲ့ဆိုရင် မင်းနေမကောင်းဖြစ်တာ ငါမအံ့သြပါဘူး။)
Macmillandictionaryblog.com မှ Kerstin Johnson ၏ Language tip of the week: eat မှ မှီငြမ်းဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။
Tags:
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Follow us on Twitter | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |