သုတဆောင်းပါးများဖတ်ရင်း စာဖတ်စွမ်းရည်မြှင့်ကြရအောင် (၇)

ယနေ့ စာဖတ်စွမ်းရည်မြှင့်ကြရအောင် အစီအစဉ်မှာ learnenglishteens.britishcouncil.org မှ "Flexible Screen Technology" လို့ခေါ်တဲ့ ပျော့ပြောင်းသော ဖန်သားပြင်နည်းပညာ အကြောင်းကို ရှင်းပြထားတဲ့ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်သားဖွယ် ဝေါဟာရအချို့ကိုလေ့လာကြပါမယ်။

ဘာသာစကားအနေနှင့်သာမက ဗဟုသုတပါရစေမဲ့ သင်ခန်းစာဖြစ်ပါတယ်။ ဖတ်လို့အဆင်ပြေစေဖို့ အင်္ဂလိပ်ဘာသာတစ်ပိုဒ် မြန်မာဘာသာတစ်ပိုဒ် ရေးပြထားပါတယ်။


Flexible Screen Technology (ပျော့ပြောင်းသော ဖန်သားပြင်နည်းပညာ)


Can you imagine having flexible computer screens and mobile phones which change shape to tell you when you have a new message? It sounds like a crazy idea, but in fact it's already been invented! 

ပျော့ပြောင်းတဲ့ ဖန်သားပြင် (screen) ကို ပုံသဏ္ဍာန်ပြောင်းခြင်းဖြင့် စာတို message ရောက်ကြောင်း အသိပေးနိုင်တဲ့ လက်ကိုင်ဖုန်းတွေ ပိုင်ဆိုင်နိုင်မယ်လို့ စိတ်ကူးယဉ်ကြည့်ကြဖူးပါလား? ကြားရတာ ရူးတဲ့စိတ်ကူးလို့ ထင်မိမှာပဲ။ ဒါပေမဲ့ အဲဒီအရာတွေကို တကယ်ပဲ တီထွင်ခဲ့ပါပြီ။


As thin as paper (စက္ကူကဲ့သို့ပါးလှပ်ခြင်း)

In the future, the mobile phone will be our flexible friend. It will be able to change shape to tell us when we receive a message. A model called MorePhone has been created by scientists at the Human Media Lab in Canada. It’s based on flexible plastic technology developed in Cambridge in the UK by an organisation called Plastic Logic. Rachel Lichten, who works at Plastic Logic, describes how the scientists there have developed a process for manufacturing flexible plastic displays which are as thin as paper. They copy the appearance of writing on paper and use a type of plastic to create layers of electronic transistors.

အနာဂတ်မှာဆိုရင်တော့ လက်ကိုင်ဖုန်းတွေဟာ ကျွန်ုပ်တို့အတွက် ပြုလွယ်ပြောင်းလွယ်ပြီး ပျော့ပြောင်းတဲ့ သူငယ်ချင်းတွေ ဖြစ်လာတော့မှာပါ။ Message ရောက်တဲ့အကြောင်းကို ၎င်း၏ ပုံသဏ္ဍာန်ကိုပြောင်းပြီး အသိပေးတော့မှာ ဖြစ်ပါတယ်။ ကနဒါ (Canada) နိုင်ငံရှိ Human Media Lab မှ သိပ္ပံပညာရှင်များက More Phone လို့ ခေါ်တဲ့ လက်ကိုင်ဖုန်းပုံစံအသစ်ကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ ၎င်းဟာ Plastic Logic လို့ အမည်ရှိတဲ့ အဖွဲ့အစည်းကနေပြီး UK က Cambridge မှာ ထုတ်လုပ်ခဲ့တဲ့ ပျော့ပြောင်းတဲ့ ပလပ်စတစ်နည်းပညာပေါ်မှာ အခြေခံထားပါတယ်။ Plastic Logic မှာ အလုပ်လုပ်တဲ့ Rachel Lichten က ဒီလို စက္ကူကဲ့သို့ ပါးလွှာပြီး ပျော့ပြောင်းတဲ့ ပလပ်စတစ် ပစ္စည်းတွေကို ထုတ်လုပ်ပုံကို ရှင်းပြခဲ့ပါတယ်။ စက္ကူရဲ့ ပုံသဏ္ဍာန်ကို အတုယူပြီး အီထက်ထရွန်းနစ် ထရန်စစ္စတာ အလွှာများပြုလုပ်နိုင်မဲ့ ပလပ်စတစ်မျိုးကို အသုံးပြုခဲ့ပါတယ်။


Screens you can jump on (တက်၍ခုန်နိုင်သော ဖန်သားပြင်)

The flexible screens can be any size, and are easy to read in direct sunlight. They can be black and white or colour and are very thin and light – Lichten says you can even jump on them. They use very little power, so there is no need for large batteries, and this makes them easy to carry around. Lichten says this technology could be used for heart monitoring, smart-watches, second screens for mobile phones – because the image does not disappear, your phone can keep your boarding card details for a flight for example even when your phone’s battery is dying. Plastic Logic is also working with a Japanese company who make giant electronic signs.

ဒီပျော့ပြောင်းတဲ့ ဖန်သားပြင်တွေဟာ အရွယ်အမျိုးမျိုးရှိနိုင်ပြီး နေရောင်ခြည်တိုက်ရိုက်ထိုးနေစေကာမူ ဖတ်ရတာ လွယ်ကူပါတယ်။ ၎င်းတို့သည် အမည်းနှင့် အဖြူ၊ အပြင် အခြားအရောင်နဲ့လည်း ဖြစ်နိုင်ပြီး လွန်စွာမှ ပါးလှပ်ပြီး ပေါ့ပါးလှပါတယ်။ Lichten ပြောပုံအရတော့ ၎င်းတို့အပေါ် တက်ပြီးတောင်မှ ခုန်နိုင်တယ်တဲ့။ ၎င်းတို့သည် လျှပ်စစ်ဓါတ်အား အနည်းငယ်သာ အသုံးပြု၍ ဓာတ်ခဲအကြီးကြီးမလိုတာကြောင့် သယ်ရတာ လွယ်ကူပါတယ်။ ဒီနည်းပညာကို နှလုံးစောင့်ကြည့်ခြင်း၊ စမတ်နာရီတွေ (smart-watches) ၊ လက်ကိုင်ဖုန်းတွေအတွက် ဒုတိယ ဖန်သားပြင်တွေမှာ အသုံးပြုနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့  ပုံရိပ်ဟာ ပျောက်ကွယ်သွားခြင်းမရှိလို့ ဖြစ်ပါတယ်။ ဥပမာ သင့်ရဲ ဖုန်းက ဓါတ်ခဲအားနည်းနေရင်တောင်မှ သင့်လေယာဉ်ခရီးစဉ်အတွက် လေယာဉ်ပေါ်တက်ခွင့် လက်မှတ် ရဲ့ အချက်အလက်တွေကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။ Plastic Logic ဟာ ကြီးမားတဲ့ အီလက်ထရွန်းနစ် ဆိုင်းဘုတ် တွေ ထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီတစ်ခုနဲ့လည်း ပူပေါင်း ဆောင်ရွက်နေပါတယ်။


Next generation of electronic gadgets (အီလက်ထရွန်းနစ် ကိရိယာအသေးစားလေးတွေ၏ နောက်မျိုးဆက်သစ်)

Plastic Logic have spent 13 years developing this new technology. Their challenge now is to help customers to think of new ways to use it. Lichten says it is always the same with new technologies. She says ‘bringing new technology to the market is a challenge, especially because it is revolutionary. However, for the next generation of products, you have to know what the next generation of products will be.’ Working with mobile phones or laptops that can roll up like a piece of paper could turn hardware into ‘flexi-ware’. 

ဒီနည်းပညာအသစ်ကို ထုတ်လုပ်ရာတွင် Plastic Logic အနေဖြင့် (၁၃)နှစ်ကြာခဲ့ပါတယ်။ အခုအခါမှာ သူတို့အတွက် စိန်ခေါ်မှုကတော့ သုံးစွဲသူတွေကို ဘယ်လိုနည်းတွေနဲ့ သုံးစွဲရင် ကောင်းမလဲဆိုတာကို ကူညီပြီးစဉ်းစားပေးဖို့ပဲ ဖြစ်ပါတယ်။ နည်းပညာ သစ်အားလုံးဟာ ဒီအတိုင်းပါပဲ-လို့ Lichten ကပြောပါတယ်။ နည်းပညာအသစ်တွေဟာ တော်လှန်မှုတစ်ရပ်ဖြစ်တဲ့အတွက် ဈေးကွက်ပေါ် ရောက်အောင် တင်ရတာကလည်း စိန်ခေါ်မှုတစ်ရပ်ပါပဲလို့ သူက ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အနာဂတ် မျိုးဆက်သစ်ထုတ်ကုန်တွေ အတွက်ကတော့ နောက်လာမည့် ကုန်ပစ္စည်းအသစ်တွေဟာ ဘာတွေလဲဆိုတာကို သိထားဖို့ လိုပါတယ်။ စက္ကူကဲ့သို့ လိပ်နိုင်သော လက်ကိုင်ဖုန်းများ၊ လက်ဆွဲကွန်ပျူ တာများနဲ့ အလုပ်လုပ်ခြင်းသည် hardware ကို ပျော့ပြောင်းပစ္စည်း (Flexi-ware) အဖြစ်သို့ ပြောင်းလဲပစ်နိုင်ပါတယ်။


မှတ်သားဖွယ် ဝေါဟာရအချို့

  • flexible (adj) - ပျော့ပြောင်းသော။ ကွေးနိုင် ဆန့်နိုင်သော။ 
  • organisation (n) - အဖွဲ့အစည်း။
  • manufacturing (n) - ကုန်ထုတ်လုပ်မှု။
  • technology (n) - နည်းပညာ။ အသုံးချသိပ္ပံပညာ။
  • challenge (n) - စိန်ခေါ်မှု။ စွမ်းရည် သတိကို စမ်းသပ်ခြင်း။ အခက်အခဲ။ 
  • revolutionary (adj) - တော်လှန်သော။ လုံးလုံးလျားလျား ပြောင်းလဲပစ်သော။ ထူးခြားဆန်းသစ်သော။ 
  • generation (n) - မျိုးဆက်တစ်ဆက်။ မျိုးဆက်။

Related Links:

သုတဆောင်းပါးများဖတ်ရင်း စာဖတ်စွမ်းရည်မြှင့်ကြရအောင် (၁)

သုတဆောင်းပါးများဖတ်ရင်း စာဖတ်စွမ်းရည်မြှင့်ကြရအောင် (၂)

သုတဆောင်းပါးများဖတ်ရင်း စာဖတ်စွမ်းရည်မြှင့်ကြရအောင် (၃)

သုတဆောင်းပါးများဖတ်ရင်း စာဖတ်စွမ်းရည်မြှင့်ကြရအောင် (၄)

သုတဆောင်းပါးများဖတ်ရင်း စာဖတ်စွမ်းရည်မြှင့်ကြရအောင် (၅)

သုတဆောင်းပါးများဖတ်ရင်း စာဖတ်စွမ်းရည်မြှင့်ကြရအောင် (၆)

သုတဆောင်းပါးများဖတ်ရင်း စာဖတ်စွမ်းရည်မြှင့်ကြရအောင် (၇)

သုတဆောင်းပါးများဖတ်ရင်း စာဖတ်စွမ်းရည်မြှင့်ကြရအောင် (၈)

သုတဆောင်းပါးများဖတ်ရင်း စာဖတ်စွမ်းရည်မြှင့်ကြရအောင် (၉)




Views: 1008

Reply to This

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service