ကြားဖူးနားဝ အဆိုစကားများနှင့် ၎င်းတို့၏ အဓိပ္ပါယ်များ (အပိုင်း ၃)

နေ့စဉ် အင်္ဂလိပ်ဘာသာကိုသုံးစွဲရာတွင်ကျွန်တော်တို့ ရာပေါင်းများစွာသောစကားလုံးများ ၊ အဆိုများကိုအသုံးပြု၏။ ထိုကဲ့သို့ သုံးစွဲစဉ်တွင်လည်း ၎င်းစကားလုံးများ၊ အဆိုအမိန့်များမည်ကဲ့သို့ ပေါ်ပေါက်လာသည် မည်သည့် အဓိပ္ပါယ်ရှိသည်ကိုတစ်ခါတစ်လေမျှပင် စဉ်းစားမိမည် မဟုတ်ချေ။

ဘာသာစကားဆိုသည်မှာ ရှင်သန်နေသော အရာတစ်ခုဖြစ်ပြီး အစဉ်အမြဲပြောင်းလဲကာ တိုးပွားလျှက်ရှိသည်။ နေ့စဉ်သုံးစွဲလျှက်ရှိသော ဘာသာစကားတွင် စကားလုံးအသစ်များ၊ စကားရပ် အသစ်များအစဉ် ပေါ်ထွက်လျှက် ရှိသည်နှင့် အတူအချို့သောစကားလုံး ၊ စကားရပ်များသည် လည်းပြောင်းလဲ သွားသောခေတ်နှင့်အတူ အသုံးနည်းသွားကာနေ့စဉ် အသုံးများမှ မှေးမှိန်ကွယ် ပျောက်ကာ Language History Dictionary များတွင် ထာဝရ အနားယူသွားကြလေသည်။

အင်္ဂလိပ်ဘာသာကို ရေးသားပြောဆိုအသုံးပြုရာတွင် စာဖတ်သူတို့ ကြားဖူး ၊ ဖတ်ဖူး သော စကားလုံးများနှင့် အဆိုအမိန့်များ common sayings များကိုမကြာခဏသုံးလေ့ရှိရာ စိတ်ဝင်စားဖွယ် ကောင်းမည်ထင်သော familiar words and sayings အချို့၏ နောက်ခံသမိုင်းနှင့် ဖြစ်ပေါ်လာပုံ တို့ကို လေ့လာနိုင်ရန် တင်ပြ လိုက်ပါသည်။

အပိုင်း (၃) မှာတော့ an axe to grind နှင့် at the end of one's tether တို့၏ အဓိပ္ပါယ်၊ သမိုင်းနှင့် ဥပမာများကို ဖတ်ရှုရမှာပါ။

At the end of one's tether

တိုင်တစ်တိုင်မှာ ချည်ထားတဲ့ မြင်းတစ်ကောင် သို့မဟုတ် နွားတစ်ကောင်ကို မြင်ဖူးကြမှာပါ။ အဲဒီ အချည်အနှောင်ခံထားရတဲ့ တိရစ္ဆ္ဆာန်ဟာ သူ့ကိုချည်ထားတဲ့ tether လို့ခေါ်တဲ့ ကြိုးအရှည် ရှိသလောက်သာ လှုပ်ရှား သွားလာလို့ရမှာပါ။ ကြိုးအဆုံးကို ရောက်တဲ့အခါ ဘယ်လိုမှ ရှေ့ကို ဆက်သွားလို့ ရမှာမဟုတ်တော့ဘူးလေ။ အဲဒီအခါမှာ တော်တော်စိတ်ပျက်ပြီး ဒေါသထွက်နေမှာပေါ့။ ဒီအခြေအနေကိုနှိုင်းယှဉ်ပြီး လူတွေမှာလည်း သည်းခံမှု၊ စိတ်ရှည်မှုတို့ ကုန်ခမ်းပြီး စိတ်မထိမ်းနိုင်အောင် စိတ်ပျက် ဒေါသထွက်ရတဲ့ အခြေအနေ မျိုးဖြစ်လာရင် at the end of one’s tether လို့သုံးနှုန်း ပြောဆိုကြတယ်။

  • The poor man was clearly at the end of his tether.
  • She was jealous, humiliated, and emotionally at the end of her tether.
  • She said she can't cope with it anymore as she's at the end of her tether.


An axe to grind

"ပုဆိန်သွေးသူ" တွေ ဟာကိုယ့်အကျိုး အတွက်၊ ကိုယ့်အခွင့်သာဖို့အတွက် တစ်ဖက်သားကို မြှောက်ပင့် ပေါင်းသင်းတတ်သူတွေဖြစ်ပါတယ်။ ဒီအဆိုကလေးဖြစ်ပေါ်လာပုံဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အမေရိကန်မှ နာမည်ကျော် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သူ Benjamin Franklin ငယ်ရွယ်စဉ် အချိန်က "ပုဆိန်သွေးသူ" တစ်ယောက် ကလှည့်စား ပညာပေးတာခံခဲ့ရဖူးတယ်။ တစ်နေ့မှာ Benjamin ဟာ ပုဆိန်သွေးဖို့ ကျောက်စက် ဆရာတစ်ယောက်ဆီ သွားသတဲ့။ ပုဆိန်သွေးသမား ကျောက်စက် ဆရာက သူ့ကိုကြည့်ကာ သူ့ရဲ့ ခန္ဒာကိုယ် သန်စွမ်းမှုကို ချီးမွှမ်း မြှောက်ပင့်ပြောဆိုပြီး ပုဆိန်သွေးတဲ့ကျောက်စက်ကို လှည့်ခိုင်းသတဲ့။ Benjamin ခမျာ လေးလံလှတဲ့ ကျောက်စက်ကို ပင်ပင် ပမ်းပမ်း လှည့်နေချိန်မှာ ပုဆိန်သွေးသမား ကျောက်စက် ဆရာက သက်သက်သာသာဘဲ ပုဆိန်သွေး နေသတဲ့။ သွေးပြီးခါမှ ပုဆိန်သွေးသမားက Benjamin ရဲ့ ရိုးအမှုကို ဟားတော့မှ Benjamin က သူခံလိုက်ရပြီဆိုတာ သဘောပေါက်တော့တယ်။ အဲဒီအချိန် ကစပြီး Benjamin ဟာသူ့ကို မြှောက်ပင့် ပြောဆိုသူ မှန်သမျှဟာ သူ့ကိုအမြတ်ထုတ်မဲ့ နောက်ထပ် ပုဆိန်သွေးသမား တစ်ယောက် someone with an axe to grind လို့ဘဲမြင်တော့တယ်တဲ့။

Benjamin နောက်ပိုင်း နာမည်ကျော် ပုဂ္ဂိုလ် တစ်ဦး ဖြစ်တဲ့ အမေရိကန် နိုင်ငံရေးသမား Charles Miner က ဒီ saying ကိုသုံးပြီးဘယ်လိုရေးခဲ့သလဲဆိုတော့
"When I see a merchant over-polite to his customers …thinks I, that man has an axe to grind." တဲ့။

ပြုံးနေရင် သတိထား။

  • Environmentalists have no political axe to grind - they just want to save the planet.
  • They are also dependent on informers who, as we journalists know, can sometimes misinform, especially if they have an axe to grind or a political goal to pursue.


Lock Stock & Barrel: familiar sayings and their meanings စာအုပ်မှ ကိုးကားဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။


LESSONS FROM OUR ARCHIVE

အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 436

Reply to This

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service