အဂၤလိပ္ဘာသာျဖင့္ သတိေပးနည္း ၁၀ မ်ိဳး

[Zawgyi]

ကၽြန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ warning ေခၚ သတိေပးခ်က္ေတြ ေနရာအနွံ႔ ရွိပါတယ္။ “သတိ၊ ေခြးကိုက္တတ္သည္။” “ကြမ္းတံေတြးမေထြးရ။” “ေခ်ာ္လဲတတ္သည္။” စသည္ျဖင့္ သတိေပး ဆိုင္းဘုတ္ေတြလုိမ်ိဳး အျပင္ သတင္းစာေတြထဲမွာ ဥပေဒအေၾကာင္းရ သတိေပး စာရွည္လိုမ်ိဳးေတြ လည္းရွိတတ္ပါသည္။ ယုတ္စြအဆံုး ကားဟြန္းတီးတာ၊ စက္ဘီး ဘဲလ္တီးတာေတြေတာင္ အသံနဲ႔ warning ေပးတာေတြ မဟုတ္ပါလားခင္ဗ်ား။ ဆိုလိုတာကေတာ့ လူေတြဟာ ေန႔စဥ္တစ္ခုခုေၾကာင့္ အခ်င္းခ်င္း ေန႔စဥ္ ပံုစံအမ်ိဳးမ်ိဳးနဲ႔ သတိေပးေနၾကတယ္ေပါ့။ အဲ့ဒီေတာ့ စကားနဲ႔ သတိေပးတာကို ဒီကေန႔ ေလ့လာ ၾကည့္လိုက္ရေအာင္ေနာ္။ အဂၤလိပ္လိုသတိေပးတဲ့နည္း ၁၀ မ်ိဳးကိုဗဟုသုတရေစဖုိ႔ အသံုးျပဳတဲ့ situation အေျခအေနအလုိက္ ေဖၚျပလုိက္ပါတယ္။

လမ္းခြဲ နႈတ္ဆက္တဲ့အခါ

၁။ Take care

“Take care on the roads. They are really icy.”
ဒီစကားကိုေတာ့ ကားေမာင္းျပီးသြားမယ့္သူက ိုလမ္းမွာနွင္းေတြဖံုးေနလို႔ သတိေပးျပီးေျပာတာပါ။ “icy” ေနရာမွာ “slippery” (ေခ်ာလုိ႔) ဆိုျပီးေျပာလို႔ရပါတယ္။ ဒါက အထူးသျဖင့္ လမ္းခြဲနႈတ္ဆက္တဲ့အခါ "good bye" နဲ႔ တြဲေျပာတာပါ။

၂။ Mind how you go

“It was great seeing you. Mind how you go, the traffic is terrible on the motorway.”
ဒါကေတာ့ “သတိထားသြားေနာ္” လို႔ ေျပာတာပါ။ အခုလို ကားေတြရႈပ္တဲ့ေခတ္မွာ ကားနဲ႔ ဘဲသြားသြား၊ ေျခလွ်င္ဘဲသြားသြား သတိရွိေနမွ ေတာ္ကာက်မွာမဟုတ္လား။ ဒါကိုလည္းလမ္းခြဲနႈတ္ဆက္တဲ့အခါ “good bye” နဲ႔ တြဲေျပာတယ္။

ရုတ္တရက္ အႏာၱရာယ္ သတိေပးတဲ့အခါ

ရုတ္တရက္ အႏာၱရာယ္ျဖစ္ေတာ့မယ္ဆိုရင္ ဒီလိုေျပာရတယ္။

၃။ Look out!

“Look out! There’s a car coming.”

၄။ Watch out!

“Watch out! The pavement is slippery.”

ေျဖးေျဖးလုပ္ဖို႔ သတိေပးတဲ့အခါ

ကြဲနုိင္တဲ့ ပစၥည္းေတြကို ေရႊ႕ေျပာင္း သယ္ယူတဲ့အခါ သယ္တဲ့ သူေတြကို ပစၥည္းေတြ မကြဲမရွေအာင္ သတိရွိရွိနဲ႔ သယ္ယူဖို႔ ဒီလုိေျပာျပီးေတာ့လည္း သတိေပးလို႔ ရပါတယ္။

၅။ Easy does it

“Ok, you’re almost there, easy does it. That’s great. Thank you so much for helping me move the sofa.” ( “ေျဖးေျဖးလုပ္…..ေျဖးေျဖးလုပ္”ဟုတ္ျပီေပါ့။)

၆။ Steady

“Steady! Are you sure you don’t want some help carrying your bags?” (“ေျဖးေျဖး…. ေျဖးေျဖး”)

အရဲမစြန္႔ဖို႔ သတိေပးတဲ့အခါ

တစ္ခ်ိဳ႕သူေတြက အရမ္း အရဲစြန္႔လြန္းရင္လဲ ကၽြန္ေတာ္တို႔ သတိေပးရပါတယ္။ အရမ္း အရဲစြန္႔တဲ့ သူေတြကို “risk junkies” လို႔ ေခၚပါတယ္။

၇။ Better safe than sorry

"You should pack a couple of torches and some blankets for your journey. Better safe than sorry". (ဒီလိုလဲေျပာလို႔ရတယ္။ "it’s better to be safe than sorry.")

၈။ You can’t be too careful

“I’ve locked all the doors and windows and padlocked the gate. You can’t be too careful these days.” (သတိဆိုတာပိုသည္မရွိ။)

၉။ Be careful

“Are you going to walk through the park at this hour? Well, be careful. You never know who’s lurking in the park.” (သတိထားေနာ္။)

ေနာက္ဆံုးအေနနဲ႔ notice ေတြမွာ အမ်ားဆံုး ေတြ႕ရတတ္တဲ့ အဓိက စကားလံုးကိုေဖၚျပရရင္ေတာ့…

၁၀။ Beware

“No entry. Beware of the guard dogs”
” Beware of the dangers of drink driving”

အေပၚမွာေဖၚျပခဲ့တဲ့ သတိေပးစကားေတြ အျပင္ ေနာက္ထပ္လည္း အမ်ားၾကီးရွိနိင္ပါတယ္။ သူ႔ေနရာနဲ႔သူအံဝင္ေအာင္ သံုးနိုင္ေအာင္ ေလ့က်င့္ဖုိ႔ေတာ့ သတိ ေပးလုိက္မယ္ေနာ္။


Englishwithatwist.com မွ Shanti ရဲ့ “10 ways to say to be careful” ကို ကိုးကားဘာသာျပန္ထားျခင္း ျဖစ္ပါတယ္။

LESSONS FROM OUR ARCHIVE

အျခားသင္ခန္းစာမ်ား ဖတ္႐ႈ ေလ့လာရန္ link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင္းဝင္ထားျခင္းျဖင့္ ရရွိမည့္ အက်ိဳးေက်းဇူးမ်ား ]

- အဂၤလိပ္စာသင္ခန္းစာႏွင့္ အလုပ္ေခၚစာအသစ္မ်ား၊ UK စာေမးပြဲ သတင္းမ်ား ႏွင့္ အဂၤလိပ္စာသင္တန္း သတင္းမ်ားကို အသင္းဝင္မ်ားထံသာလွ်င္ e-mail ျဖင့္ အေၾကာင္းၾကားေပးမွာ ျဖစ္ပါသည္။
- ျဗိတိသွ်ေကာင္စီမွ ၾကီးမႉးက်င္းပေသာ ပြဲမ်ားကို အသင္းဝင္မ်ားသာ ၾကိဳတင္သိရွိျပီး အသင္းဝင္မဟုတ္သူမ်ားထက္ေစာ၍ စာရင္းေပးသြင္းႏိုင္ပါသည္။
- Myanmar Network ဝက္ဆိုက္ဒ္တြင္ အသင္းဝင္မ်ားသာလွ်င္ like ႏွင့္ comment ေပးႏိုင္မည္ျဖစ္သည္။
- စကားဝိုင္းမ်ား (Forum မ်ားတြင္)ႏွင့္ အလုပ္ေခၚစာမ်ားကိုလည္း ကိုယ္တိုင္ဝင္ေရာက္ေရးသားႏိုင္ပါသည္။
- အသင္းဝင္မ်ားတြင္ ကိုယ္ပိုင္ Profile Page ရွိမည္ျဖစ္ျပီး မိမိ၏ ဓာတ္ပံု၊ မိမိကိုယ္တိုင္႐ိုက္ထားေသာ ဓာတ္ပံုမ်ားႏွင့္ ဗီဒီယိုမ်ားလည္း တင္ႏိုင္မည္ ျဖစ္သည္။

- Join us now at - www.myanmar-network.net/main/authorization/signUp

 

[Unicode]

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ warning ခေါ် သတိပေးချက်တွေ နေရာအနှံ့ ရှိပါတယ်။ “သတိ၊ ခွေးကိုက်တတ်သည်။” “ကွမ်းတံတွေးမထွေးရ။” “ချော်လဲတတ်သည်။” စသည်ဖြင့် သတိပေး ဆိုင်းဘုတ်တွေလိုမျိုး အပြင် သတင်းစာတွေထဲမှာ ဥပဒေအကြောင်းရ သတိပေး စာရှည်လိုမျိုးတွေ လည်းရှိတတ်ပါသည်။ ယုတ်စွအဆုံး ကားဟွန်းတီးတာ၊ စက်ဘီး ဘဲလ်တီးတာတွေတောင် အသံနဲ့ warning ပေးတာတွေ မဟုတ်ပါလားခင်ဗျား။ ဆိုလိုတာကတော့ လူတွေဟာ နေ့စဉ်တစ်ခုခုကြောင့် အချင်းချင်း နေ့စဉ် ပုံစံအမျိုးမျိုးနဲ့ သတိပေးနေကြတယ်ပေါ့။ အဲ့ဒီတော့ စကားနဲ့ သတိပေးတာကို ဒီကနေ့ လေ့လာ ကြည့်လိုက်ရအောင်နော်။ အင်္ဂလိပ်လိုသတိပေးတဲ့နည်း ၁၀ မျိုးကိုဗဟုသုတရစေဖို့ အသုံးပြုတဲ့ situation အခြေအနေအလိုက် ဖေါ်ပြလိုက်ပါတယ်။

လမ်းခွဲ နှုတ်ဆက်တဲ့အခါ

၁။ Take care

“Take care on the roads. They are really icy.”
ဒီစကားကိုတော့ ကားမောင်းပြီးသွားမယ့်သူက ိုလမ်းမှာနှင်းတွေဖုံးနေလို့ သတိပေးပြီးပြောတာပါ။ “icy” နေရာမှာ “slippery” (ချောလို့) ဆိုပြီးပြောလို့ရပါတယ်။ ဒါက အထူးသဖြင့် လမ်းခွဲနှုတ်ဆက်တဲ့အခါ "good bye" နဲ့ တွဲပြောတာပါ။


၂။ Mind how you go

“It was great seeing you. Mind how you go, the traffic is terrible on the motorway.”
ဒါကတော့ “သတိထားသွားနော်” လို့ ပြောတာပါ။ အခုလို ကားတွေရှုပ်တဲ့ခေတ်မှာ ကားနဲ့ ဘဲသွားသွား၊ ခြေလျှင်ဘဲသွားသွား သတိရှိနေမှ တော်ကာကျမှာမဟုတ်လား။ ဒါကိုလည်းလမ်းခွဲနှုတ်ဆက်တဲ့အခါ “good bye” နဲ့ တွဲပြောတယ်။

ရုတ်တရက် အန္တာရာယ် သတိပေးတဲ့အခါ

ရုတ်တရက် အန္တာရာယ်ဖြစ်တော့မယ်ဆိုရင် ဒီလိုပြောရတယ်။


၃။ Look out!

“Look out! There’s a car coming.”

၄။ Watch out!

“Watch out! The pavement is slippery.”

ဖြေးဖြေးလုပ်ဖို့ သတိပေးတဲ့အခါ

ကွဲနိုင်တဲ့ ပစ္စည်းတွေကို ရွှေ့ပြောင်း သယ်ယူတဲ့အခါ သယ်တဲ့ သူတွေကို ပစ္စည်းတွေ မကွဲမရှအောင် သတိရှိရှိနဲ့ သယ်ယူဖို့ ဒီလိုပြောပြီးတော့လည်း သတိပေးလို့ ရပါတယ်။

၅။ Easy does it

“Ok, you’re almost there, easy does it. That’s great. Thank you so much for helping me move the sofa.” ( “ဖြေးဖြေးလုပ်…..ဖြေးဖြေးလုပ်”ဟုတ်ပြီပေါ့။)

၆။ Steady

“Steady! Are you sure you don’t want some help carrying your bags?” (“ဖြေးဖြေး…. ဖြေးဖြေး”)

အရဲမစွန့်ဖို့ သတိပေးတဲ့အခါ

တစ်ချို့သူတွေက အရမ်း အရဲစွန့်လွန်းရင်လဲ ကျွန်တော်တို့ သတိပေးရပါတယ်။ အရမ်း အရဲစွန့်တဲ့ သူတွေကို “risk junkies” လို့ ခေါ်ပါတယ်။

၇။ Better safe than sorry

"You should pack a couple of torches and some blankets for your journey. Better safe than sorry". (ဒီလိုလဲပြောလို့ရတယ်။ "it’s better to be safe than sorry.")

၈။ You can’t be too careful

“I’ve locked all the doors and windows and padlocked the gate. You can’t be too careful these days.” (သတိဆိုတာပိုသည်မရှိ။)

၉။ Be careful

“Are you going to walk through the park at this hour? Well, be careful. You never know who’s lurking in the park.” (သတိထားနော်။)

နောက်ဆုံးအနေနဲ့ notice တွေမှာ အများဆုံး တွေ့ရတတ်တဲ့ အဓိက စကားလုံးကိုဖေါ်ပြရရင်တော့…

၁၀။ Beware

“No entry. Beware of the guard dogs”
” Beware of the dangers of drink driving”

အပေါ်မှာဖေါ်ပြခဲ့တဲ့ သတိပေးစကားတွေ အပြင် နောက်ထပ်လည်း အများကြီးရှိနိင်ပါတယ်။ သူ့နေရာနဲ့သူအံဝင်အောင် သုံးနိုင်အောင် လေ့ကျင့်ဖို့တော့ သတိ ပေးလိုက်မယ်နော်။


Englishwithatwist.com မှ Shanti ရဲ့ “10 ways to say to be careful” ကို ကိုးကားဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။

Views: 9647

Reply to This

Replies to This Discussion

thanks
thank you
thinks alot
Thanks
Ok
thanks

Thank you 

Good.I try as you say.
Thanks alot
thanks alot!!
thanks

words are useful. Thanks

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service