Myanmar Network အသင်းဝင်အသစ်များအား ကြိုဆိုသောအားဖြင့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှင့် မတ်လ အတွင်း အသင်းဝင်သူများ အတွင်းမှ တစ်ဦးကို MSI (EX465) အမျိုးအစား Laptop အား ကံစမ်းမဲအနေဖြင့် ပေးမည်ဖြစ်ပါသည်။

အသင်းဝင်ဟု ဆိုရာတွင် အောက်ပါအချက်အလက်များနှင့် ပြည့်စုံသော အသင်းဝင်များကိုသာ ဤအစီအစဉ်တွင် ထည့်သွင်း စဉ်းစားမည်ဖြစ်ပါသည်။

  1. နာမည်အမှန်ဖြင့်ဝင်ရောက်သူ။
  2. မိမိကိုယ်ပိုင်ဓါတ်ပုံတင်ထားသူ။
  3. Account တစ်ခုထက်ပို၍ နာမည်အမျိုးမျိုး ဖြင့်ဝင်ရောက်သောသူများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
  4. ဗြိတိသျှကောင်စီမှ ဝန်ထမ်းနှင့် မိသားစုဝင်များ မဖြစ်ရပါ။

  • ပေါက်မဲအား ကျပန်းစံနစ်ဖြင့် အများရှေ့တွင် ရွေးချယ်သွားမည်ဖြစ်ပါသည်။
  • မဲပေါက်သူ ၏ အမည် နှင့် ဓါတ်ပုံကို ဧပြီလပထမပါတ်အတွင်းတွင် Myanmar Network ပေါ်တွင် ကြော်ငြာပေးထားမည်ဖြစ်သည်။
  • မဲပေါက်သူသည် ရန်ကုန်မှဖြစ်ပါက ကိုယ်တိုင် မှတ်ပုံတင်ပြသ၍ လာရောက်ထုတ်ယူရမည်ဖြစ်သည်။
  • အခြားမြို့ (သို့မဟုတ်) နိုင်ငံမှဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ ဖြင့်ထုတ်ယူနိုင်ပါသည် ။
  • ဆုမဲကို ( ၁၄ ) ရက် အတွင်းလာရောက်ထုတ်ယူရမည်ဖြစ်ပြီး ထုတ်ယူရန် ပျက်ကွက်ပါက အခြားအသင်းဝင်တစ်ဦးကို ထပ်မံ ရွေးချယ် ပေးသွားမည် ဖြစ်ပါသည်။
  • ကံစမ်းမဲ ပေါက်သူသည် Myanmar Network မှပြုလုပ်သော Marketing Activity တွင် ပါဝင်ရန် Admin Team မှမေတ္တာရပ်ခံပါက ပါဝင်ပေးရမည်ဖြစ်ပါသည်။
  • ဤကံစမ်းမဲ နှင့် ပတ်သက်သော ကိစ္စအဝဝအတွက် Myanmar Network Admin Team မှဆုံးဖြတ်ချက် များသာအတည်ဖြစ်ပါသည်။

----------------------------------------------------------------

1 April 2011


Myanmar Network အသင်းဝင်အသစ်များအား ကြိုဆိုသော အထူးအစီအစဉ်မှကံထူးသူ

ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှင့် မတ်လ အတွင်း အသင်းဝင်သူများ အတွင်းမှ တစ်ဦးကို MSI (EX465) အမျိုးအစား Laptop အား ကံစမ်းမဲဖောက်ပေးသည့် အထူးအစီအစဉ်မှ မဲပေါက်သူ ကံထူးရှင်မှာ မချိုမာဝင်း ဖြစ်ပါသည်။

 

ပေါက်မဲအား ကျပန်းနံပါတ်ထုတ်ပေးသော ကွန်ပျူတာစံနစ်ဖြင့်ရွေးချယ်ခဲ့၍ Myanmar Network အား အမြဲအားပေးနေသော အသင်းဝင် ကိုတေဇာမြင့်မောင် မှ ပေါက်မဲနံပါတ်ကို ခလုပ်နှိပ်၍  ကူညီပေးပါသည်။ ဆုမဲကို ( ၁၄ ) ရက် အတွင်း မှတ်ပုံတင်ကဒ်ပြားနှင့် အကြောင်းကြားစာတို့ကို ယူဆောင်လာ၍ လာရောက်ထုတ်ယူရမည်ဖြစ်ပြီး ထုတ်ယူရန် ပျက်ကွက်ပါက အခြားအသင်းဝင်တစ်ဦးကို ထပ်မံ ရွေးချယ် ပေးသွားမည် ဖြစ်ပါသည်။

 

Connection မကောင်းသည့်ကြားမှ ယခုလို Myanmar Network အား အားပေးကူညီသော အသင်းဝင်ညီအစ်ကို မောင်နှမများအားလုံးကို Myanmar Network မှအထူးကျေးဇူးတင်ရှိပါသည်။ နောက်လများတွင်လည်း ပျော်စရာကံစမ်းမဲအစီအစဉ်များကို ဆက်လက်ပြုလုပ်ပေးမှာဖြစ်ပါသည်။

 

----------------------------------------------------------------

 

6 April 2011

Laptop မဲပေါက်သူ မချိုမာဝင်း နှင့် Myanmar Network တို့တွေ့ဆုံမေးမြန်းချက်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အမေး - အခုလို Laptop ကံစမ်းမဲပေါက်တာ ဘယ်လိုခံစားရပါလဲ?

 

အဖြေ - ကျွန်မအရမ်းပျော်ပါတယ်။ ထင်လည်းလုံးဝမထင်ထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ဒီလို ကံစမ်းမဲပေါက်ဖို့ဆိုတာက သိပ်လွယ်တဲ့ ကိစ္စ္စမဟုတ်ဘူးလေ၊ နောက်ဒီမှာ ကျွန်မဆိုရင် ဒီကံစမ်းမဲပေါက်ဖို့ကှို ဒီ British Council ကိုလာပြီးတော့ sign up လုပ်တာ လည်းမရှိဘူး။ ကျွန်မဘာသာကျွန်မ Internet ပေါ်မှာ Myanmar Network Website လေးကိုဝင်ပြီး  ဒီလိုလေးဝင်လိုက်တာပေါ့နော်။ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ ဒီလိုပေါက်တဲ့အတွက် အရမ်းပျော်တယ်။ နောက်ပြီးတော့ ကျွန်မလုပ်တဲ့ ကျောင်းမှာ ကျွန်မက ICT Teacher ပေါ့နော်။ ICT teacher တစ်ယောက်အနေနဲ့တော့ Computer ကလိုအပ်တာပေါ့နော်။ အဲဒီအတွက်ကြောင့်အရမ်းလည်းပျော်တယ်။ ဒီကလူတွေကို အရမ်းလည်းကျေးဇူးတင်ပါတယ်။

 

အမေး - မဲပေါက်မယ်လို့ ထင်မိပါသလား?

 

အဖြေ - လုံးဝမထင်ထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမဲမပေါက်ခင်လည်း ကြေညာတယ်လေ။ Myanmar Network ပေါ်မှာ အသင်းဝင်တွေကို မဲဖောက်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် အသင်းဝင်တွေက ကျွန်မ အထင် သိန်းကျော် ၊ သောင်းကျော်ရှိမယ်ဆိုတော့ ကိုယ်ရမယ်လို့တော့ လုံးဝမထင်ထားဘူး။ ရရင်ရတဲ့လူက အင်မတန်ကံကောင်းတယ့်လူလို့ပဲထင်တာပေါ့နော်။ နောက်ပြီးတော့ ဒီမဲဖောက်မယ်ကြေငြာတော့ လာကြည့်ခွင့်ရပါတယ်ဆိုပြီး ဖိတ်တဲ့ အချိန်ကြတော့ ကျွန်မ မအားတော့ မလာနိုင်ဖူး။ အဲဒီတော့ ပေါက်မယ်လို့ကို လုံးဝမထင်ထားတော့ဘူး ရုတ်တရက်ကြီး mail ကနေ ကျွန်မဆီ Message ပို့လာတဲ့ အခါကျတော့ တစ်အားပျော်ပြီးတော့ လုံးဝမထင်ထားတဲ့ အတွက်ကြောင့် တစ်ခြားရတဲ့ဆုတွေထက်ကို ဒီဟာကို ပိုပြီးတော့ စိတ်ထဲမှာ အလေးအနက်ခံစားရတယ်ရှင့်။

 

အမေး - အသင်းဝင်တာ ဘယ်လောက်ကြာပြီလဲ။ Myanmar Network အကြောင်းကို ဘယ်လို သိရလို့ဝင်လိုက်တာလဲ?

 

အဖြေ - ကျွန်မအသင်းဝင်တာ (၂) လကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။ Myanmar Network အကြောင်းကိုတော့ ကျွန်မတို့ကျောင်းက ကလေးတွေက British Council က ကျင်းပတဲ့ ဥာဏ်စမ်းပဟေဋ္ဌိတွေလာဖြေတဲ့ အချိန်မှာ Myanmar Network ထဲကို ဝင်ကြည့်ပြီးလုပ်ရတယ်ဆိုတော့ ကျွန်မက ကလေးတွေကို ကူညီရင်း နဲ့ ဒီ Website အကြောင်းသိသွားတာပါ။ သိသွားတော့ အဲဒီ Myanmar Network ထဲ ဝင်ကြည့်လိုက်တော့ Teaching Resources တို့နောက် entertainment programme တွေ နောက် တစ်ခြား Forum တွေကို စိတ်ဝင်စားလို့ နည်းနည်းပါးပါး ဝင်းကြည့်ရင်းနဲ့ အရမ်း စိတ်ဝင်စားပြီးနောက်ပိုင်း လဲကျရော အမြဲတမ်းသုံးဖြစ်တာပေါ့လေ။ နောက်အဲဒီမှာ Sign up လုပ် ၊ ဓာတ်ပုံတွေ ဘာတွေတင် ၊ သူငယ်ချင်းတွေ နဲ့ အချင်းချင်း ဖလှယ်ကြတဲ့ အခါကျတော့ အခု တော်တော်များများ အချင်းချင်းသိနေကြပါပြီ ပေါ့နော်။

 

အမေး - မဲပေါက်တဲ့ ကံထူးသူ တစ်ယောက်အနေနှင့် ဘာများ ပြောခြင်းပါသလဲ?

 

အဖြေ - မဲပေါက်တဲ့ကံထူးရှင်တစ်ယောက်အနေနဲ့ တစ်ခြားအသင်းဝင်တွေကို ပြောချင်တာကတော့ ကျွန်မ အသင်းဝင်တဲ့အချိန်ကစပြီး Myanmar Network သုံးတဲ့အချိန်မှာ အရမ်းကောင်းပြီး တစ်ခြား Website တွေမှာဆိုရင်  Chat လုပ်လို့ပဲရတာပေါ့နော်။  Myanmar Network ကျတော့ အဲဒီလို Entertainment Programme တစ်ခုတည်းအနေနဲ့ မဟုတ်တော့ပဲ Teaching နဲ့ပတ်သက်ပြီး ဖလှယ်လို့ရတယ်။ ဥပမာ ကျွန်မဆိုရင် IT field ကလာတာဆိုတော့ IT နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို Forum တွေမှာတွေ့ပြီး Idea တွေဖလှယ်ရတော့ အရမ်းကိုအကျိုးထူးပါတယ်။ နောက်အခုလို ကံစမ်းမဲဖောက်တဲ့ အစီအစဉ်တွေက အသင်းဝင်တွေအတွက် အကျိုးရှိပါတယ်။ ဒီအစီအစဉ်မှာ ကျွန်မ သူငယ်ချင်းတွေရောနောက် အသင်းမဝင်ရသေးတဲ့သူငယ်ချင်း တွေကိုပါ ဒီ Myanmar Network ထဲဝင်လေ့လာပြီးတော့ ဖြစ်နိုင်ရင် Sign up လုပ်ပြီး တစ်ခြား သူငယ်ချင်းတွေကို တက်နိုင်သလောက် ဖိတ်ခေါ်ပေးပါလို့ကျွန်မပြောချင်ပါတယ်။

 

အမေး - Myanmar Network ပေါ်မှာ မချိုမာရဲ့ ထင်မြင်ချက်ကို ပြောပြပေးပါ။

 

အဖြေ - Myanmar Network ပေါ်ကအသင်းဝင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ထင်မြင်ချက်ကတော့ Myanmar Network ကအရမ်းကောင်းပါတယ်။ ကျွန်မတို့လည်းအခြား social network website တွေကိုဝင်ကြည့်တာပေါ့နော်။ဒါပေမဲ့ သူတို့တွေကျတော့ Chat လုပ်တာတွေ ၊ အချင်းချင်းဖလှယ်ကျတာတွေ အဲလောက်ပဲ၊ ဒါပေမဲ့ Myanmar Network ကျတော့ British Council ကနေခွဲထွက်တဲ့ Website တစ်ခုလည်းဖြစ်တယ် နောက်သူ့မှာပါတဲ့ Programme တွေကလည်း ဒီနယ်ပယ်အသီးသီး ကလူတွေ အတွက် အရမ်းအကျိုးရှိတဲ့ အစီအစဉ်ပေါ့နော်။ နောက်ပြီး Teachers တွေအတွက်ဆိုရင်တော့ပိုပြီးအကျိုးရှိတယ်။ English Language သင်နေတဲ့ဆရာမတွေကော  Teaching နယ်ပယ်ထဲကလူတွေအတွက်ပါ သူတို့ရဲ့ Field မှာ အသုံးဝင်မယ့် Idea တွေကို ဒီကနေအများကြီးရပါတယ်။ နောက်သူငယ်ချင်းတွေကို ဖလှယ်လို့ရတယ်။ နောက်ဒီလိုကံစမ်းမဲအစီအစဉ်တွေ ရှိတဲ့ အတွက်ကြောင့် ကျွန်မအနေနဲ့ကတော့ Myanmar Network ကိုအရမ်း ကြိုက်ပါတယ်။

 

Views: 688

Reply to This

Replies to This Discussion

reply by me ko on march24,2011 at 1:00am

thank you.

ဟုတ်ကဲ့ပါ အခုလိုဖတ်ခွင့်ရတဲ့ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်
ဂုဏ်ယူပါတယ်ရှင်။ ရရှိတဲ့သူအတွက် ၀မ်းသာလှိုက်လှဲမိပါတယ်။ နောက်ထပ်လည်း ထပ်မံရရှိပါစေနော်

Entertainment Programme တွေကိုစိတ်ဝင်စားပါတယ်ဒါပေမယ့် ဘယ်ထဲသွားပြီးလေ့လာ၇မှန်းမသိလို့......လမ်းပြပေးပါအုံး

ကျနော်လဲဒီ Myanmar Networkထဲကိုဝင်တာမကြာသေးတော့.......သိပ်ပြီးကောင်းကောင်းနားမလည်သေးလို့ပါ....ကျေးဇူးတင်ပါသည်

စာပေတော့လေ့လာပါ ......လူတိုင်းပျော်နိုင်သည် ........ ဒါပေမယ့် နိုင်ငံရေးကိုတော့ မပါဝင်ပဲမနေပါနဲ့ .................
ငါလည်းပေါက်ချင်တယ်

me too happy for you

ma cho mar

မချိုမာ လိုကံကောင်းချင်လိုက်တာ....:P

 

Congratulation Ma cho mar! , I happy for you ! I had been see you in myanmar network gathering member meeting. You are very lucky girl.  And then we are like hobbies and field. I live in Dawei. May I friend you. I am Hay Man Saung.
I just see it now. Today date is 19.11.2015.
So, it longed for four years. I am with you Ma Cho Mar. Congratulations for your luck.

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service