A message to all members of Hein Psychosocial Support

အလုပ်အကိုင်မရှိသေးတဲ့
ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့ အတွက် မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ
ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ် .... သက်ဆိုင်ရာ ခန့်ခွဲမှု
မန်နေဂျာက သူ့ကို အင်တာဗျူး လုပ်ပါတယ်.. ပြီးတော့ ကြမ်းပြင်ကို
သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်...





စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ... မင်းရဲ့
အီးမေလ်း လိပ်စာ ထားခဲ့... မင်း အီးမေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်..
မင်းက အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ်
စ၀င်နိုင်မဲ့ရက်ကို ဖြည့်ပြီး တို့ဆီကို ပြန်ပို့လိုက် ” လို့ ပြောပါတယ်..





ကောင်လေးက “ကျွန်တော့်မှာ ကွန်ပျူတာမရှိပါဘူးခင်ဗျာ..သုံး
လဲ မသုံးတတ်ပါဘူး.. ပြီးတော့ အီမေလ်းလိပ်စာလဲ မရှိပါဘူး” လို့ ပြန်ပြော
လိုက်ပါတယ်..



“အေး .. ဒါဆိုရင်တော့ ၀မ်းနည်းပါတယ်ကွာ.. မင်းမှာ အီးမေလ်းလိပ်စာလေး တစ်ခုတောင် မရှိဘူးဆိုတဲ့ သဘောက မင်းလဲ ဒီကမ္ဘာမှာ မရှိဘူး ဆိုတဲ့ သဘော ဘဲကွာ....
ဒီကမ္ဘာလောကကြီးမှာ မရှိတဲ့ လူတစ်ယောက်ကို တို့ကုမ္ပဏီက အလုပ်ခန့်ဖို့
ရည်ရွယ်ချက် မရှိပါဘူး.. မင်း သွားလို့ ရပါပြီ..” လို့ မန်နေဂျာက သူ့ကို
ပြောလိုက်ပါတယ်..





ကောင်လေးက စိတ်ပျက် အားငယ်စွာ၊ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ မိုက်ကရိုဆောဖ့် ကုမ္ပဏီကြီးကနေ ထွက်ခွာလာပါတယ်.. သူ့လက်ထဲမှာလည်း ၁၀ တန်
ဒေါ်လာ တစ်ရွက်သာ ရှိပါတယ်.. ဒီငွေနဲ့ သူ့ဘ၀ ဘယ်လိုများ
ရှေ့ဆက်ရပ်တည်ရမှာပါလိမ့်.. လမ်းလျှောက်နေရင်း အတန်ကြာ သူ စဉ်းစား
နေမိပါတယ်.. ဘာဆက်လုပ်ရမလဲ......





စဉ်းစားလို့ရသွားပြီဖြစ်တဲ့သူ..
. သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ အတူ စူပါ မားကက်ကို သွားပါတယ်.... အဲဒီမှာ ခရမ်းချဉ်သီး ၁၀ ကီလိုဂရမ်ပါတဲ့
တစ်သေတ္တာကို ၀ယ်လိုက် ပါတယ်.. ပြီးတော့ တစ်အိမ်တက်ဆင်း အိမ်တွေမှာ
လိုက်လံရောင်းချပါတယ်.. မယုံနိုင်စရာ ၂နာရီမပြည့်ခင်လေးမှာ သူ့ငွေက ၂ဆ
ဖြစ်သွားခဲ့ပါပြီ.. ၃ကြိမ်မြောက် ၀ယ်ယူပြီး ပြန်ရောင်းချလို့ အကုန်မှာ
ဒေါ်လာ ၆၀နဲ့ အတူ အိမ်ကို ပြန်နိုင်ခဲ့ပါတယ်..





ကောင်လေး ကောင်းမွန်စွာ သဘောပေါက်သွားခဲ့ပါပြီ... သူ့ဘ၀ရပ်တည်ရေးအတွက် ဒီနည်းနဲ့ သူ လုပ်ဆောင်နိုင်တယ် ဆိုတာ ကောင်းကောင်း
နားလည်သွားပြီ.. မနက်တိုင်း မနက်တိုင်း စောစောစီးစီး ထတယ်... ဆိုင်မှာ
ခရမ်းချဉ်သီး မှအစ စားသောက်ဖွယ်ရာတွေ ၀ယ်ပြီး အိမ်တိုင်းကို
လိုက်လံရောင်းချတယ်.. ညနက်မှ အိမ်ပြန် ရောက်တယ်.. ဒီလိုနဲ့ သူ့ငွေတွေဟာ
နေ့တိုင်းနေ့တိုင်းကို ၂ဆ ၃ဆ တိုးပွားလာပါတယ်..





မကြာခင်မှာဘဲ... တွန်းလှည်းလေး တစ်စီးကို ၀ယ်ယူနိုင်ခဲ့ပြီ....... ထို့နောက်တော့ ထရပ်ကားတစ်စီး..... ထို့နောက် မှာတော့ စားသောက်စရာတွေကို
တင်ဆောင် ဖြန့်ချီ ရောင်းချနိုင်တဲ့ ကိုယ်ပိုင်ယာဉ် အုပ်စုလိုက်ကို
ပိုင်ဆိုင်သွားခဲ့ပါပြီ....





၅နှစ်အကြာမှာ... အဲဒီကောင်လေးဟာ အမေရိကားရဲ့ အစားအသောက် လက်လီရောင်းချတဲ့ အကြီးဆုံး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာ ပါတော့တယ်...
ချမ်းသာလာတဲ့ ကောင်လေးဟာ သူ့မိသားစု နောင်ရေးအတွက် အသက် အာမခံထားဖို့
ဆုံးဖြတ်လိုက်ပါတယ်..





သူဟာ အသက်အာမခံ လုပ်ငန်းက ကိုယ်စားလှယ် တစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို
မေးမြန်းစုံစမ်းပါတယ်.. စကားပြောဆို စုံစမ်းလို့ ပြီးတဲ့အခါမှာ...
ကိုယ်စားလှယ်က သူဌေးကို အီမေလ်းလိပ်စာ တောင်းပါတယ်.. သူဌေးက “ကျုပ်မှာ
ဘာအီမေလ်းလိပ်စာမှ မရှိပါဘူး.. ကွန်ပျူတာလဲ မသုံးတတ်ပါဘူး”
လို့ပြန်ပြောတယ်..





ကိုယ်စားလှယ်က အံ့အားသင့်တဲ့လေသံနဲ့ သူဌေးကို မေးပါတယ်... “ခင်ဗျားမှာ အီမေလ်း လိပ်စာမရှိ၊ ကွန်ပျူတာ မသုံးတတ်ဘဲနဲ့တောင် ဒီလောက်
အောင်မြင်တဲ့ စီးပွားရေး အင်ပါယာကို တည်ထောင် ထားနိုင်တယ်နော်..
ခင်ဗျားမှန်းကြည့်စမ်းပါ.... တကယ်လို့ ကွန်ပျူတာကို ကျွမ်းကျွမ်း ကျင်ကျင်လဲ
သုံးတတ်မယ်... လူတိုင်းနဲ့ ဆက်သွယ်လို့ရမဲ့ အီမေလ်း လိပ်စာလဲရှိခဲ့မယ်
ဆိုရင် ခင်ဗျား ဒီထက်ကို ဘယ်လောက် အောင်မြင် ကြီးကျယ်လာမလဲလို့....”





သူက ခနတော့စဉ်းစားလိုက်ပြီး အဖြေပြန်ပေးလိုက်ပါတယ်..



“ကျုပ်သာ ကွန်ပျူတာ တတ်မယ်..အီမေလ်းလိပ်စာသာရှိခဲ့မယ်ဆိုရင် ခုချိန်မှာ မိုက်ကရိုဆောဖ့်ကုမ္ပဏီမှာ ရုံးအကူဘ၀နဲ့ ရှိနေပါလိမ့်မယ်” တဲ့



ဒီ story လေးက ပေးချင်တဲ့ သင်ခန်းစာလေးကတော့ လူတွေ အရူးအမူး ဖြစ်နေကြတဲ့ အင်တာနက်တို့ ကွန်ပျူတာတို့ဆိုတာဟာ ဘ၀ရဲ့ အခက်အခဲ မှန်သမျှကို
ဖြေရှင်းပေးနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး... အထူးသဖြင့် ကျွန်မတို့
မြန်မာပြည်က လူငယ်လေးတွေမှာ လူတိုင်းလူတိုင်း ကွန်ပျူတာ အင်တာနက် ဆိုတာ
ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးလွန်း နေပါသေးတယ်.. ဒီလိုလူတွေ
အားမငယ်ကြဖို့ ဒီပို့စ်လေးကို တွန်းအားလေးတစ်ခု အနေနဲ့ ဘာသာ ပြန်ဖြစ်ပါတယ်
အင်တာနက်၊ ကွန်ပျူတာ တို့နဲ့ အလှမ်းဝေးနေသေးရင် ကိုယ်နဲ့ နီးစပ်ရာ၊
ဖြစ်နိုင်ချေရှိတဲ့ အလုပ်တွေမှာ ကြိုးကြိုးစားစား လုပ်ကိုင်မယ်ဆိုရင်
ချမ်းသာနိုင်တဲ့ အခွင့် အလမ်းတွေ ရှိနေပါသေးတယ်.. အခွင့်အလမ်းကိုတော့
မြင်တတ် တွက်တတ် ရပါမယ်.. ကြီးပွားချင်တဲ့ စိတ်ရှိဖို့ရယ်..
ကြိုးစားချင်တဲ့ စိတ်ရှိဖို့ရယ် အဓိက ကျပါတယ်.... ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့
ကြိုးစား ကြည့်ကြပါလို့ တိုက်တွန်း လိုက်ပါ



From : Fwd M@IL

မူရင်း ကနေhttp://www.funzug.com/index.php/stories/the-tomato-story.html  လက်ဆောင်အဖြစ် အင်အား တစ်ခုခု ရစေဖို့ ဒီပိုစ့်လေးကို ဘာသာပြန် ဝေမျှလိုက်ပါတယ်..


Visit Hein Psychosocial Support at: http://heinpsychosocialsupport.ning.com/?xg_source=msg_mes_network

 
To control which emails you receive on Hein Psychosocial Support, click here

Views: 189

Reply to This

Replies to This Discussion

thx for ur share...
Really really really great. You're right. The most important thing is to have a strong desire and to try hard.

“ကျုပ်သာ ကွန်ပျူတာ တတ်မယ်..အီမေလ်းလိပ်စာသာရှိခဲ့မယ်ဆိုရင် ခုချိန်မှာ မိုက်ကရိုဆောဖ့်ကုမ္ပဏီမှာ ရုံးအကူဘ၀နဲ့ ရှိနေပါလိမ့်မယ်” တဲ့

 

It goes without saying that even if he is clearly a rich man now, it is not that possible to reach out of his hand in Enterprise Business like focusing on International scope. Consumed in only local firm, his tomatoes business won't be big enough; as a result he can be merely small business owner unquestionably.

Hence, whatever you choose to begin, all things considered are depending on what you want. Yet, whether business man or not, we need the facilitating of IT in order to reach at the peak, that is also the main principle of IT department. It can be said that we didn't have any IT department before, still we can see how different our business have been improved.

Knowing that today's opportunities and speedy developments have been uplifted by technologies, not only am I here to share for the one who want to think big and I also like to implore everyone to grab both ideas of this article and upcoming-tech that we shouldn't miss. Only then, could we be able to ensure that we are, of course, utilizing any sort of ways in order to attain our goal.

 

Anyway, thz for sharing this, actually I like it.

“ကျုပ်သာ ကွန်ပျူတာ တတ်မယ်..အီမေလ်းလိပ်စာသာရှိခဲ့မယ်ဆိုရင် ခုချိန်မှာ မိုက်ကရိုဆောဖ့်ကုမ္ပဏီမှာ ရုံးအကူဘ၀နဲ့ ရှိနေပါလိမ့်မယ်” တဲ့



ဒီ story လေးက ပေးချင်တဲ့ သင်ခန်းစာလေးကတော့ လူတွေ အရူးအမူး ဖြစ်နေကြတဲ့ အင်တာနက်တို့ ကွန်ပျူတာတို့ဆိုတာဟာ ဘ၀ရဲ့ အခက်အခဲ မှန်သမျှကို
ဖြေရှင်းပေးနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး... အထူးသဖြင့် ကျွန်မတို့
မြန်မာပြည်က လူငယ်လေးတွေမှာ လူတိုင်းလူတိုင်း ကွန်ပျူတာ အင်တာနက် ဆိုတာ
ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးလွန်း နေပါသေးတယ်.. ဒီလိုလူတွေ
အားမငယ်ကြဖို့ ဒီပို့စ်လေးကို တွန်းအားလေးတစ်ခု အနေနဲ့ ဘာသာ ပြန်ဖြစ်ပါတယ်
အင်တာနက်၊ ကွန်ပျူတာ တို့နဲ့ အလှမ်းဝေးနေသေးရင် ကိုယ်နဲ့ နီးစပ်ရာ၊
ဖြစ်နိုင်ချေရှိတဲ့ အလုပ်တွေမှာ ကြိုးကြိုးစားစား လုပ်ကိုင်မယ်ဆိုရင်
ချမ်းသာနိုင်တဲ့ အခွင့် အလမ်းတွေ ရှိနေပါသေးတယ်.. အခွင့်အလမ်းကိုတော့
မြင်တတ် တွက်တတ် ရပါမယ်.. ကြီးပွားချင်တဲ့ စိတ်ရှိဖို့ရယ်..
ကြိုးစားချင်တဲ့ စိတ်ရှိဖို့ရယ် အဓိက ကျပါတယ်.... ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့
ကြိုးစား ကြည့်ကြပါလို့ တိုက်တွန်း လိုက်ပါ

Very good!

ကြိုက်သွားပြီ ကို soe hein ရေ။ ရေရေလည်လည်ပဲ။ ရေးရင်းနဲ့ ရောင်းချင်စိတ်တောင်ပေါက်လာပြီ။ အင်အားတစ်ခုခုတော့ ရလာသလိုပဲ။ အားကြမိတယ်။ ကိုယ်က အခုမှ Member အသစ်ဆိုတော့ ဘယ်ကစရမှန်းတောင်မသိဘူး။ ဒါပေမယ့် ကို soe hein ရဲ့ ဒီ Post ကို Internet ကတွေ့တာဆိုတော့ အဲဒါမရှိလို့တော့ မရဘူးထင်တယ်။ :)

လေးစားစွာဖြင့်။

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service