လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အဆင္ေျပေအာင္ ဘယ္လိုေနမလဲ

[Zawgyi]

လုပ္ငန္းခြင္ထဲမွာ ကိုယ့္ရဲ႕ လုပ္ေဖာ္ ကိုင္ဖက္ေတြနဲ႔ အဆင္ဆင္ေျပေျပေနႏိုင္ ဖို႔ကလည္း အေရးႀကီးတဲ့ အစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ တစ္ပတ္မွာ ေလးဆယ့္ ရွစ္နာရီေလာက္က ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ ဖက္ေတြနဲ႔ အတူျဖတ္သန္းရတဲ့ အခ်ိန္ ေတြျဖစ္ပါတယ္။ အဲဒီမွာ တစ္ဦးနဲ႔တစ္ဦး အဆင္မေျပမႈေတြရွိေနရင္ အလုပ္ခြင္က စိတ္ပ်က္ဖြယ္အတိျဖစ္ေနတတ္ပါတယ္။

လုပ္ငန္းခြင္မွာ လုပ္ေဖာ္ကိုင္ဖက္ အခ်င္းခ်င္းဆိုတာ တစ္ဦးကိုတစ္ဦးအမွီ သဟဲျပဳၿပီး၊ တစ္ဦးကိုတစ္ဦး ဝိုင္းဝန္းကူညီ ၿပီး ရွင္သန္ရပ္တည္ေနၾကတာပါ။ အလုပ္ ထြက္ရျခင္းအေၾကာင္းအခ်က္ေတြထဲမွာ တစ္ခ်က္အပါအဝင္ျဖစ္တဲ့ ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္နဲ႔ အဆင္ေျပေအာင္ ဘယ္လိုေနထိုင္မလဲဆိုတာၾကမလဲဆိုတာ ဒီတစ္ပတ္မွာ ေဖာ္ျပေပးသြားပါမယ္။


ႏွစ္လိုဖြယ္ျဖစ္ေအာင္ေနထိုင္ပါ

                လုပ္ငန္းခြင္မွာ လူအမ်ိဳးမ်ိဳး၊ စ႐ိုက္ အမ်ိဳးမ်ိဳးရွိေပမဲ့ အားလံုးညီၫြတ္မွ အလုပ္ ကိုေအာင္ေအာင္ျမင္ျမင္နဲ႔ ၿပီးဆံုးေအာင္ လုပ္ႏိုင္မွာပါ။ ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ေတြကို ကိုယ့္ရဲ႕ၾကင္နာမႈ၊ အခ်င္းခ်င္း ေလးစားမႈနဲ႔ ေႏြးေထြးမႈတို႔ကို ျပသပါ။ ကိုယ္က အားလံုးကို ေႏြးေထြးမႈမရွိဘဲ ဆက္ဆံမယ္၊ ကိုယ့္ရဲ႕ အၿပံဳးတစ္ခုေပးဖို႔ ကိုေတာင္ တြန္႔တိုေနမယ္ဆိုရင္ ကိုယ္က လုပ္ငန္းခြင္မွာ အထီးက်န္စြာ ေနထိုင္သြား ရဖို႔ ေသခ်ာသေလာက္ပါပဲ။

                ၿပံဳးပါ။ ကိုယ့္ရဲ႕ ႏွစ္လိုဖြယ္အၿပံဳးတစ္ ခုက လူတိုင္းနဲ႔ အဆင္ေျပေျပေနႏိုင္ ေစတဲ့ အစြမ္းထက္တဲ့ နည္းလမ္းတစ္ခုျဖစ္ ပါတယ္။ ကိုယ့္ရဲ႕ အၿပံဳးတစ္ခုက လုပ္ေဖာ္ ကိုင္ဖက္ေတြရဲ႕ ခင္မင္မႈ၊ တစ္ဦးနဲ႔ တစ္ဦး အျပန္အလွန္ကူညီေဖးမမႈေတြ လြယ္လြယ္ ကူကူရႏိုင္မယ့္ အေကာင္းဆံုးနည္းလမ္း တစ္ခုျဖစ္ပါတယ္။


အေသးအဖြဲ႔ကိစၥေလးကအစ အေလး အနက္ထားေၾကာင္း ျပသပါ


                ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ စကားစျမည္ေျပာရင္း သူတို႔ေတြရဲ႕ အႀကိဳက္ဆံုး အစားအစာ၊ အႀကိဳက္ဆံုး အေရာင္၊ အႀကိဳက္ဆံုးစာအုပ္၊ အႀကိဳက္ ဆံုး ႐ုပ္ရွင္၊ အႀကိဳက္ဆံုးသီခ်င္းစတဲ့ သူတို႔ စိတ္ဝင္စားတဲ့အရာေတြ၊ ဝါသနာပါတဲ့ အရာေတြကို ဂ႐ုတစိုက္မွတ္သားထားၿပီး အခါခြင့္သင့္တဲ့အခါ သူႀကိဳက္ႏွစ္သက္တဲ့ အရာေတြကို ကိုယ္ကဂ႐ုတစိုက္နဲ႔ မွတ္ သားထားတယ္ဆိုတာကို ျပသျခင္းအား ျဖင့္ ခိုင္ၿမဲတဲ့ ဆက္ဆံေရးတစ္ခုကို တည္ ေဆာက္ႏိုင္မွာျဖစ္ပါတယ္။


တျခားသူရဲ႕ ေအာင္ျမင္မႈအတြက္ အသိအမွတ္ျပဳပါ


                ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္တစ္ ေယာက္ေယာက္ရဲ႕ ေအာင္ျမင္မႈ၊ ထူးခြ်န္ မႈတို႔အတြက္ အသိအမွတ္ျပဳမႈကလည္း အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ပါ။ ကိုယ့္ ရဲ႕ လုပ္ေဖာ္ကိုင္ဖက္က ရာထူးတိုးသြားလို႔ ပဲျဖစ္ျဖစ္၊ လုပ္ငန္းခြင္အတြင္းမွာ အလုပ္ ကိစၥေအာင္ျမင္သြားလို႔ပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕ ဝမ္းေျမာက္ဂုဏ္ျပဳစကားကလည္း လုပ္ ေဖာ္ကိုင္ဖက္နဲ႔ ကိုယ့္ရဲ႕ၾကားက ဆက္ဆံ ေရးကို ပိုမိုခိုင္ၿမဲေစပါတယ္။ သူ႔ရဲ႕ေအာင္ ျမင္မႈအတြက္ မနာလိုဝန္တိုျဖစ္မယ့္အစား မုဒိတာပြားႏိုင္ေအာင္ ႀကိဳးစားပါ။ ဒီအ ခ်က္က ကိုယ့္ရဲ႕ ဒုတိယအိမ္လို႔ ဆိုႏိုင္တဲ့ အလုပ္ခြင္မွာ လူေကာစိတ္ပါေပ်ာ္ရႊင္ႏိုင္ မယ့္ အခ်က္တစ္ခုျဖစ္ပါတယ္။


အခ်င္းခ်င္း အျပန္အလွန္ေလးစားပါ


                လုပ္ငန္းခြင္မွာ အခ်င္းခ်င္းေလးစား မႈက ဆက္ဆံေရးကို ခိုင္ၿမဲေစပါတယ္။ ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ကို အဆိုးျမင္တဲ့ အျပဳအမူ၊ အေျပာအဆိုေတြကို ေရွာင္ က်ဥ္သင့္ပါတယ္။ သူက ကိုယ့္ေလာက္ မေတာ္ဘူး၊ ကိုယ္ကသာ ဒီကုမၸဏီမွာ အေရးအပါဆံုး ပုဂၢိဳလ္တစ္ေယာက္စတဲ့ အေတြးေတြနဲ႔ ေမာက္ေမာက္မာမာေျပာ ဆိုဆက္ဆံမႈေတြက လုပ္ငန္းခြင္အတြင္း အျပန္အလွန္ေလးစားမႈကို ပ်က္ယြင္းေစ တာကို အထူးဂ႐ုျပဳေစလိုပါတယ္။


ပုဂၢိဳလ္ေရးေဝဖန္တာမ်ိဳးေရွာင္ပါ


                လုပ္ငန္းခြင္နဲ႔ မပတ္သက္တဲ့ လူတစ္ ဦးခ်င္းရဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာ လြတ္လပ္ခြင့္ ကို ေဝဖန္တာမ်ိဳး ေရွာင္ရပါမယ္။ ကိုယ္နဲ႔ မသက္ဆိုင္တဲ့ ပုဂၢိဳလ္ေရးဆိုင္ရာေဝဖန္ ခ်က္ေၾကာင့္ ခင္မင္မႈပ်က္ျပားေစႏိုင္ပါ တယ္။ ကိုယ့္ေနာက္ကြယ္မွာ တစ္စံုတစ္ ေယာက္က ကိုယ့္အေၾကာင္း ေျပာဆိုတာ မႀကိဳက္ဘူးဆိုရင္ ကိုယ္ကလည္း သူတစ္ ပါးေနာက္ကြယ္မွာ သူ႔အေၾကာင္း အဆိုး ျမင္တဲ့ဘက္က ေျပာဆိုေဝဖန္တာမ်ိဳး မလုပ္သင့္ပါဘူး။ 


စိတ္ေကာင္းေမြးျမဴပါ


                ဘယ္သူတစ္ဦးတစ္ေယာက္ကမွ အဆိုးျမင္တဲ့သူတစ္ေယာက္၊ မေကာင္းတဲ့ အက်င့္ရွိသူတစ္ေယာက္အနားမွာ မေန ခ်င္ၾကပါဘူး။ လုပ္ငန္းခြင္အတြင္းမွာ ကိုယ့္ ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အဆင္ေျပေျပ ေနခ်င္တယ္ဆိုရင္ေတာ့ စိတ္ေကာင္းေမြး ျမဴဖို႔ လိုအပ္ပါတယ္။ စကားကိုေျဖာင့္မတ္ မွန္ကန္စြာေျပာဆိုတတ္ၿပီး တစ္ပါးသူ အခက္အခဲႀကံဳလာခ်ိန္တိုင္း ေႏြးေထြးစြာ ေဖးမတတ္သူ၊ မွန္ကန္တဲ့ အႀကံÓဏ္ေတြ ေပးတတ္သူ၊ အရာရာတိုင္းကို မွ်ေဝခံစား ေပးသူတစ္ေယာက္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အဆင္ေျပေျပ လက္တြဲလုပ္ကိုင္ႏိုင္မွာ အေသအခ်ာပါပဲ။

 

လုပ္ငန္းကိစၥနဲ႔ပတ္သက္ၿပီး တိုင္ပင္ႏွီး ေႏွာပါ


                ကိုယ္က အဲဒီအလုပ္နဲ႔ ဘယ္ေလာက္ ပင္ အကြ်မ္းတဝင္ျဖစ္ေနေစဦး ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြကို အႀကံဉာဏ္ ေတာင္းတာမ်ိဳး၊ သူတို႔ရဲ႕ အိုင္ဒီယာကို ေမးျမန္းတာမ်ိဳးက လုပ္ေဖာ္ကိုင္ဖက္နဲ႔ ကိုယ့္ရဲ႕ ဆက္ဆံေရးကို ပိုမိုေကာင္းမြန္ဖို႔ အေထာက္အပံ့ျဖစ္ေစပါတယ္။ ဒီအလုပ္ မွာ ဒီလိုေလးေတာ့ လုပ္ထားတယ္၊ ဘာလို အပ္မလဲ ၾကည့္ေပးပါဦး..၊ ဒီပေရာဂ်က္ မွာ ဘယ္လိုအိုင္ဒီယာေလးနဲ႔ ဆန္းသစ္ ေအာင္လုပ္ရင္ေကာင္းမလဲ..စတဲ့ အႀကံ ျပဳခ်က္ေတာင္းတာမ်ိဳးက လုပ္ငန္းခြင္မွာ လုပ္ေဖာ္ကိုင္ဖက္နဲ႔ ေကာင္းမြန္တဲ့ ဆက္ ဆံေရးကို ျဖစ္ေစႏိုင္တယ္လို႔ ဆိုၾကပါ တယ္။

ေက်ာ့ေကခိုင္

[Unicode]

လုပ်ငန်းခွင်ထဲမှာ ကိုယ့်ရဲ့ လုပ်ဖော် ကိုင်ဖက်တွေနဲ့ အဆင်ဆင်ပြေပြေနေနိုင် ဖို့ကလည်း အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ တစ်ပတ်မှာ လေးဆယ့် ရှစ်နာရီလောက်က ကိုယ့်ရဲ့ လုပ်ဖော်ကိုင် ဖက်တွေနဲ့ အတူဖြတ်သန်းရတဲ့ အချိန် တွေဖြစ်ပါတယ်။ အဲဒီမှာ တစ်ဦးနဲ့တစ်ဦး အဆင်မပြေမှုတွေရှိနေရင် အလုပ်ခွင်က စိတ်ပျက်ဖွယ်အတိဖြစ်နေတတ်ပါတယ်။

လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်းဆိုတာ တစ်ဦးကိုတစ်ဦးအမှီ သဟဲပြုပြီး၊ တစ်ဦးကိုတစ်ဦး ဝိုင်းဝန်းကူညီ ပြီး ရှင်သန်ရပ်တည်နေကြတာပါ။ အလုပ် ထွက်ရခြင်းအကြောင်းအချက်တွေထဲမှာ တစ်ချက်အပါအဝင်ဖြစ်တဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်ပြေအောင် ဘယ်လိုနေထိုင်မလဲဆိုတာကြမလဲဆိုတာ ဒီတစ်ပတ်မှာ ဖော်ပြပေးသွားပါမယ်။


နှစ်လိုဖွယ်ဖြစ်အောင်နေထိုင်ပါ


                လုပ်ငန်းခွင်မှာ လူအမျိုးမျိုး၊ စရိုက် အမျိုးမျိုးရှိပေမဲ့ အားလုံးညီညွတ်မှ အလုပ် ကိုအောင်အောင်မြင်မြင်နဲ့ ပြီးဆုံးအောင် လုပ်နိုင်မှာပါ။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် တွေကို ကိုယ့်ရဲ့ကြင်နာမှု၊ အချင်းချင်း လေးစားမှုနဲ့ နွေးထွေးမှုတို့ကို ပြသပါ။ ကိုယ်က အားလုံးကို နွေးထွေးမှုမရှိဘဲ ဆက်ဆံမယ်၊ ကိုယ့်ရဲ့ အပြုံးတစ်ခုပေးဖို့ ကိုတောင် တွန့်တိုနေမယ်ဆိုရင် ကိုယ်က လုပ်ငန်းခွင်မှာ အထီးကျန်စွာ နေထိုင်သွား ရဖို့ သေချာသလောက်ပါပဲ။

                ပြံုးပါ။ ကိုယ့်ရဲ့ နှစ်လိုဖွယ်အပြံုးတစ် ခုက လူတိုင်းနဲ့ အဆင်ပြေပြေနေနိုင် စေတဲ့ အစွမ်းထက်တဲ့ နည်းလမ်းတစ်ခုဖြစ် ပါတယ်။ ကိုယ့်ရဲ့ အပြံုးတစ်ခုက လုပ်ဖော် ကိုင်ဖက်တွေရဲ့ ခင်မင်မှု၊ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ကူညီဖေးမမှုတွေ လွယ်လွယ် ကူကူရနိုင်မယ့် အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။


အသေးအဖွဲ့ကိစ္စလေးကအစ အလေး အနက်ထားကြောင်း ပြသပါ


                ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောရင်း သူတို့တွေရဲ့ အကြိုက်ဆုံး အစားအစာ၊ အကြိုက်ဆုံး အရောင်၊ အကြိုက်ဆုံးစာအုပ်၊ အကြိုက် ဆုံး ရုပ်ရှင်၊ အကြိုက်ဆုံးသီချင်းစတဲ့ သူတို့ စိတ်ဝင်စားတဲ့အရာတွေ၊ ဝါသနာပါတဲ့ အရာတွေကို ဂရုတစိုက်မှတ်သားထားပြီး အခါခွင့်သင့်တဲ့အခါ သူကြိုက်နှစ်သက်တဲ့ အရာတွေကို ကိုယ်ကဂရုတစိုက်နဲ့ မှတ် သားထားတယ်ဆိုတာကို ပြသခြင်းအား ဖြင့် ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခုကို တည် ဆောက်နိုင်မှာဖြစ်ပါတယ်။


တခြားသူရဲ့ အောင်မြင်မှုအတွက် အသိအမှတ်ပြုပါ


                ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ် ယောက်ယောက်ရဲ့ အောင်မြင်မှု၊ ထူးချွန် မှုတို့အတွက် အသိအမှတ်ပြုမှုကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ ကိုယ့် ရဲ့ လုပ်ဖော်ကိုင်ဖက်က ရာထူးတိုးသွားလို့ ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်အတွင်းမှာ အလုပ် ကိစ္စအောင်မြင်သွားလို့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဝမ်းမြောက်ဂုဏ်ပြုစကားကလည်း လုပ် ဖော်ကိုင်ဖက်နဲ့ ကိုယ့်ရဲ့ကြားက ဆက်ဆံ ရေးကို ပိုမိုခိုင်မြဲစေပါတယ်။ သူ့ရဲ့အောင် မြင်မှုအတွက် မနာလိုဝန်တိုဖြစ်မယ့်အစား မုဒိတာပွားနိုင်အောင် ကြိုးစားပါ။ ဒီအ ချက်က ကိုယ့်ရဲ့ ဒုတိယအိမ်လို့ ဆိုနိုင်တဲ့ အလုပ်ခွင်မှာ လူကောစိတ်ပါပျော်ရွှင်နိုင် မယ့် အချက်တစ်ခုဖြစ်ပါတယ်။


အချင်းချင်း အပြန်အလှန်လေးစားပါ


                လုပ်ငန်းခွင်မှာ အချင်းချင်းလေးစား မှုက ဆက်ဆံရေးကို ခိုင်မြဲစေပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို အဆိုးမြင်တဲ့ အပြုအမူ၊ အပြောအဆိုတွေကို ရှောင် ကျဉ်သင့်ပါတယ်။ သူက ကိုယ့်လောက် မတော်ဘူး၊ ကိုယ်ကသာ ဒီကုမ္ပဏီမှာ အရေးအပါဆုံး ပုဂ္ဂိုလ်တစ်ယောက်စတဲ့ အတွေးတွေနဲ့ မောက်မောက်မာမာပြော ဆိုဆက်ဆံမှုတွေက လုပ်ငန်းခွင်အတွင်း အပြန်အလှန်လေးစားမှုကို ပျက်ယွင်းစေ တာကို အထူးဂရုပြုစေလိုပါတယ်။


ပုဂ္ဂိုလ်ရေးဝေဖန်တာမျိုးရှောင်ပါ


                လုပ်ငန်းခွင်နဲ့ မပတ်သက်တဲ့ လူတစ် ဦးချင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့် ကို ဝေဖန်တာမျိုး ရှောင်ရပါမယ်။ ကိုယ်နဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာဝေဖန် ချက်ကြောင့် ခင်မင်မှုပျက်ပြားစေနိုင်ပါ တယ်။ ကိုယ့်နောက်ကွယ်မှာ တစ်စုံတစ် ယောက်က ကိုယ့်အကြောင်း ပြောဆိုတာ မကြိုက်ဘူးဆိုရင် ကိုယ်ကလည်း သူတစ် ပါးနောက်ကွယ်မှာ သူ့အကြောင်း အဆိုး မြင်တဲ့ဘက်က ပြောဆိုဝေဖန်တာမျိုး မလုပ်သင့်ပါဘူး။ 


စိတ်ကောင်းမွေးမြူပါ


                ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဆိုးမြင်တဲ့သူတစ်ယောက်၊ မကောင်းတဲ့ အကျင့်ရှိသူတစ်ယောက်အနားမှာ မနေ ချင်ကြပါဘူး။ လုပ်ငန်းခွင်အတွင်းမှာ ကိုယ့် ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေပြေ နေချင်တယ်ဆိုရင်တော့ စိတ်ကောင်းမွေး မြူဖို့ လိုအပ်ပါတယ်။ စကားကိုဖြောင့်မတ် မှန်ကန်စွာပြောဆိုတတ်ပြီး တစ်ပါးသူ အခက်အခဲကြံုလာချိန်တိုင်း နွေးထွေးစွာ ဖေးမတတ်သူ၊ မှန်ကန်တဲ့ အကြံÓဏ်တွေ ပေးတတ်သူ၊ အရာရာတိုင်းကို မျှဝေခံစား ပေးသူတစ်ယောက်ဆိုရင်တော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေပြေ လက်တွဲလုပ်ကိုင်နိုင်မှာ အသေအချာပါပဲ။

 

လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီး တိုင်ပင်နှီး နှောပါ


                ကိုယ်က အဲဒီအလုပ်နဲ့ ဘယ်လောက် ပင် အကျွမ်းတဝင်ဖြစ်နေစေဦး ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အကြံဉာဏ် တောင်းတာမျိုး၊ သူတို့ရဲ့ အိုင်ဒီယာကို မေးမြန်းတာမျိုးက လုပ်ဖော်ကိုင်ဖက်နဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဒီအလုပ် မှာ ဒီလိုလေးတော့ လုပ်ထားတယ်၊ ဘာလို အပ်မလဲ ကြည့်ပေးပါဦး..၊ ဒီပရောဂျက် မှာ ဘယ်လိုအိုင်ဒီယာလေးနဲ့ ဆန်းသစ် အောင်လုပ်ရင်ကောင်းမလဲ..စတဲ့ အကြံ ပြုချက်တောင်းတာမျိုးက လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်နဲ့ ကောင်းမွန်တဲ့ ဆက် ဆံရေးကို ဖြစ်စေနိုင်တယ်လို့ ဆိုကြပါ တယ်။

ကျော့ကေခိုင်

Views: 3463

Reply to This

Replies to This Discussion

Thanks
Thanks a lot
အလြန္ေကာင္းပါတယ္ အတုယူသင့္ပါတယ္ဗ်ာ
Special thanks ;)
တကယ့္ကို မွတ္သားစရာပါပဲ
ေက်းဇူးအမ်ားႀကီးတင္ပါတယ္
I do thank you!

good idea

ohh . thanks. everytime i read ur article i feel like u r talking about me. :D . thanks for sharing.

thanks for your comment!! :)

good advice
I'm trying to smile :-) :-) :-) :-)

Thanks

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service