လုပ်ငန်းခွင်အတွင်းမှာ ဒီလိုလူမျိုးတွေကို ရှောင်

ဘယ်အရာတွေက လုပ်ငန်းခွင်အ တွင်းမှာ ကိုယ့်ကို စိတ်ဒုက္ခပေးနိုင်သလဲ။ လုပ်ငန်းမအောင်မြင်တာ၊ စိတ်ဖိစီးတာ၊ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုအောက်မှာ လုပ်ကိုင် နေရတာစတာတွေအပြင် လုပ်ငန်းခွင်အ တွင်းမှာ တချို့လူတွေကြောင့်လည်း စိတ် ညစ်ရစေပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းခွင်ထဲ မှာ အခုဖော်ပြမယ့် လူအမျိုးအစားတွေ ရှိနေပြီဆိုရင်တော့ ဝေးဝေးက ရှောင်ရှား လိုက်ပါ။ မဟုတ်ရင် ကိုယ့်ရဲ့ ပျော်ရွှင်မှု တွေ၊ စိတ်ချမ်းမြေ့မှုတွေ အလျင်အမြန် ပျောက်ကွယ်သွားတတ်ပါတယ်။

ဘယ်လိုလူမျိုးတွေကို ရှောင်ရှားသင့် သလဲ။ ဘယ်အချက်တွေက ရှောင်ရှား သင့်တဲ့ လူအမျိုးအစားတွေအဖြစ်သတ် မှတ်ပေးထားသလဲဆိုတာ ဒီတစ်ပတ်မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။


ကြိုးကိုင်ခြယ်လှယ်သူ

လုပ်ငန်းခွင်အတွင်းမှာ သူဌေးရဲ့ ယုံ ကြည်မှုကို အလွဲသုံးစားလုပ်ပြီး ကြိုးကိုင် ခြယ်လှယ်ဖို့ ကြိုးစားတဲ့သူတွေကလည်း ရှောင်သင့်တဲ့ လူအမျိုးအစားထဲမှာပါဝင် နေပါတယ်။ လုပ်ငန်းခွင်ထဲမှာရှိတဲ့ လူတိုင်း က သူ့ရဲ့ အမိန့်တွေ၊ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာရမယ်လို့ တစ်သတ်မှတ် တည်း မျှော်လင့်ထားသူပါ။ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပရောဂျက်တွေကိုတောင် သူ့ ရဲ့ အိုင်ဒီယာအတိုင်းအကောင်အထည် ဖော်ဖို့ တောင်းဆိုတဲ့သူမျိုးလည်းဖြစ်ပါ တယ်။ သူ့ရဲ့ ဆန္ဒကို ဆန့်ကျင်သူဟူသမျှ ကိုလည်း ရန်သူလိုသတ်မှတ်ပြီး ခြိမ်း ခြောက်ဖို့ ဝန်မလေးသူတွေလည်းဖြစ်ပါ တယ်။


လိမ်လည်လှည့်စားသူ


ဒီလိုလူမျိုးကတော့ အလုပ်ခွင်တွင်း သာမက ကိုယ့်ရဲ့ လူမှုဝန်းကျင်အသိုင်း အဝိုင်းမှာပါ ရှောင်ရမယ့် လူအမျိုးအစား ဖြစ်ပါတယ်။ သူတို့တွေရဲ့ အကျွမ်းကျင်ဆုံး အရည်အချင်းကတော့ နေရာဒေသလိုက် ပြီး စိတ်နေစိတ်ထားအရောင်ပြောင်းလဲ တတ်တာပါပဲ။ တခြားသူရဲ့ ကိုယ်ပိုင် အိုင်ဒီယာတွေ၊ အလုပ်တွေ၊ နည်းပညာ တွေကို လိမ်လည်လှည့်ဖျားပြီး ခိုးယူတတ် ပါတယ်။ အဲဒီလိုလူမျိုးတွေရှိတဲ့ လုပ်ငန်း ခွင်က ပျော်ရွှင်ပြီး လုံခြုံတဲ့ လုပ်ငန်းခွင်တစ် ခု ဘယ်တော့မှ ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့် ရဲ့ အလုပ်ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးရှိနေ ပြီဆိုရင်တော့ ဝေးဝေးကရှောင်သင့်တယ် ဆိုတာ အကြံပြုချင်ပါတယ်။


စိတ်ဓာတ်တက်ကြွမှုမရှိသူ

လုပ်ငန်းခွင်အတွင်းမှာ စိတ်ဓာတ် တက်ြွကမှုမရှိသူ၊ ပျင်းရိသူတွေကြောင့် လည်း စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါ တယ်။ အဖွဲ့အစည်းလိုက် အလုပ်လုပ်ကြရ တဲ့အခါ ပျင်းရိသူတွေကြောင့် ပိုတာဝန်ယူ ရသလို၊ ပိုပြီးလည်း ပင်ပန်းတတ်ကြပါ တယ်။ ကိုယ့်အနီးအနားမှာ ပျင်းရိတတ် သူတွေ၊ တက်တက်ြွကြွကမရှိသူတွေ၊ တာ ဝန်မကျေသူတွေရှိလို့ကတော့ လုပ်ငန်းခွင် မှာ စိတ်ညစ်ရမှာ အမှန်ပါပဲ။


တိုင်တန်းသူ


လုပ်ငန်းခွင်အတွင်းမှာ ဘယ်ကိစ္စကို မဆို ညှိနှိုင်းယူဖို့ မကြိုးစားဘဲ မိမိရဲ့ အထက်လူကြီးကို ကိစ္စကြီးငယ်မဟူ Complain တက်နေတဲ့သူမျိုးကလည်း ရှောင်သင့်တဲ့ လူအမျိုးအစားထဲမှာ ပါဝင် ပါတယ်။ အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ကုမ္ပဏီပဲ ဖြစ်ဖြစ်၊ စက်ရုံအလုပ်ရုံမှာပဲဖြစ်ဖြစ် Team work ပုံစံအလုပ်လုပ်ရတာဖြစ်လို့ လူအမျိုး မျိုး၊ စိတ်ဓာတ်အမျိုးမျိုး၊ စရိုက် လက္ခဏာ အမျိုးမျိုး၊ အကျင့်စရိုက်အမျိုး မျိုးပါဝင်မှာ ပဲဖြစ်ပါတယ်။ အဲဒီလိုစုပေါင်းလုပ်ရတဲ့ အခါမျိုးမှာ တစ်ဦးနဲ့တစ်ဦး စိတ်အခန့်မ သင့်တာ၊ သဘောထားမတိုက်ဆိုင်တာဆို တာ ရှိစမြဲပါ။ ဒါတွေကို အချင်းချင်း ညှိနှိုင်း ယူဖို့ မစဉ်းစားဘဲ အမြဲလိုလို ကိစ္စတိုင်းကို တိုင်းတန်းနေသူမျိုးကလည်း လုပ်ငန်းခွင် မှာ စိတ်အနှောင့်အယှက်ဖြစ်စရာအဖြစ် ရှိနေပါတယ်။


ခေါင်းပုံဖြတ်သူ


လုပ်ငန်းခွင်ထဲမှာ ခေါင်းပုံဖြတ်တဲ့ လူအမျိုးအစားကလည်း အလွန်အန္တရာယ် ပေးပါတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု ကို အလွယ်တကူအညွန့်ခူးစားတတ်တဲ့သူ မျိုးပါ။ အထက်လူကြီးရှေ့မှာ ပဏာယူ တတ်သူ၊ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်အချင်း ချင်းကျရင် ချောက်တွန်းတတ်သူမျိုးကို လုပ်ငန်းခွင်ထဲမှာ အတတ်နိုင်ဆုံးရှောင် သင့်တဲ့ လူအမျိုးအစားဖြစ်ပါတယ်။


အတင်းအဖျင်းပြောသူ


 ပြဿနာတော်တော်များများက အဲဒီ အတင်းအဖျင်းပြောတတ်သူတွေကနေ မြစ်ဖျားခံလာလေ့ရှိပါတယ်။ ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တဲ့ စကားအရှုပ်အရှင်းတွေကစလို့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အရေးကိစ္စတွေ အထိ ထိခိုက်လာနိုင်ပါတယ်။ လုပ်ငန်းခွင် အတွင်းမှာ ရှောင်ရမယ့်အရာတွေထဲမှာ အတင်းအဖျင်းပြောတဲ့သူတွေကိုလည်း ရှောင်ရမှာဖြစ်ပါတယ်။


အတင်းအဖျင်းပြောသူတွေကြောင့် လုပ်ငန်းခွင်အတွင်းမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဆက်ဆံရေးထိခိုက်စေနိုင်ပါ တယ်။ လုပ်ငန်းခွင်အတွင်း မညီညွတ်မှု တွေ၊ တစ်ဦးနဲ့ တစ်ဦးအထင်အမြင်လွဲမှား မှုတွေ၊ အေးစက်တဲ့ လူမှုဆက်ဆံရေးတွေ စတဲ့ဆိုးကျိုးတွေက အတင်းအဖျင်းပြောသူ တွေကတဆင့် ပေါ်ပေါက်လာတတ်ပါ တယ်။


အတ္တကြီးသူ


အရာရာမှာ သူတို့သာအရေးပါ အရာရောက်တယ်၊ ကုမ္ပဏီအတွက် သူတို့ ကသာ အရေးကြီးတဲ့ကဏ္ဍမှာရှိနေတယ်၊ သူတို့လောက် ဘယ်သူမှမတော်ဘူးစသ ဖြင့် အရာရာကိုအတ္တမာနထောင်လွှားနေ သူတွေကြောင့်လည်း စိတ်လက်မချမ်းသာ ဖြစ်ရပါတယ်။ တချို့တွေအတွက် ကိုယ် လုပ်တဲ့ အလုပ်က အရေးမပါတော့ဘူး လား၊ ကိုယ်က အသုံးမဝင်တဲ့ လူဖြစ်သွား ပြီလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြတဲ့ အထိ သူတို့တွေရဲ့ အတ္တကကြောက်စရာ ကောင်းပါတယ်။ ဒါကြောင့် အလုပ်ခွင် အတွင်းမှာ စိတ်ချမ်းသာပျော်ရွှင်စွာ နေနိုင်ဖို့ဆိုရင် အတ္တမာနကြီးမားသူတွေရဲ့ စကားကိုလည်း ဥပက္ခာပြုနိုင်ရပါမယ်။


အလုပ်ခွင်မှာ အာရုံစူးစိုက်မှုမရှိသူ


ဒီလိုလူမျိုးကလည်း အလုပ်ခွင်အ တွက် အန္တရာယ်ကြီးမားစေပါတယ်။ အ ရေးကြီးတဲ့ လုပ်ငန်းဆောင်တာတိုင်းမှာ တာဝန်ပေးခြင်း မခံရပါဘူး။ လူအများနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလည်း အာ ရုံစူးစိုက်မှုမရှိတဲ့ သူ့ရဲ့အပြုအမူကြောင့် တခြားသူတွေရဲ့ ငြိုငြင်မှုကို ခံရတတ်ပါ တယ်။ လူတိုင်းက အမှားနဲ့ မကင်းကြပါ ဘူး။ အဲဒီအမှားကလည်း တစ်ကြိမ်နှစ်ကြိမ် ထက်ပိုရင်တော့ ပြန်သုံးသပ်သင့်ပါပြီ။ အလုပ်ခွင်အတွင်းမှာ အလုပ်ကိုအာရုံစူး စိုက်မှုမရှိသူက လုပ်ဖော်ကိုင်ဖက်တွေသာ မက၊ ကုမ္ပဏီအတွက်ပါ ရှောင်ကျဉ်သင့် တဲ့ လူအမျိုးအစားဖြစ်နေပါတယ်။

ကိုယ့်ရဲ့ အလုပ်ပတ်ဝန်းကျင်မှာ အခု ဖော်ပြခဲ့တဲ့ လူအမျိုးအစားတွေရှိနေသ လား၊ ရှိနေတယ်ဆိုရင်တော့ ဒီလိုလူမျိုး တွေကို အတတ်နိုင်ဆုံးရှောင်ရှားလိုက်ပါ။ ဒီလိုဆိုရင်ကိုယ့်ရဲ့အလုပ်ခွင်က လုံခြုံပျော် ရွှင်တဲ့ အလုပ်ခွင်တစ်ခုဖြစ်မှာ အသေအ ချာပါပဲ။

ကျော့ကေခိုင်


အခြားအင်္ဂလိပ်ဘာသာသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-l...


[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 3210

Reply to This

Replies to This Discussion

Absolutely Right!
Thanks

Well noted. Thanks for your post.

Thanks.
Thanks

Absolutely Right !

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service