အီးေမးလ္နဲ႔ မိတ္ဆက္ေပးတဲ့အခါ သတိထားရန္အခ်က္မ်ား

[Zawgyi]

အကယ္လို႔ သင္ဟာ လူနွစ္ဦးကို ၾကားဝင္ျပီး အီးေမးလ္နဲ႔ မိတ္ဆက္ေပးတဲ့အခါ double opt-in intro ဆိုတဲ့ ၾကိဳတင္ မိတ္ဆက္ထားတာမ်ိဳး မလုပ္ဖူး/ မသံုးဖူးဆုိရင္ သင္ဟာအေတာ့္ကို ဆိုးရြားတဲ့ လူတစ္ဦးလို႕ အထင္ခံရႏိုင္ပါတယ္။ ဒီအေၾကာင္းဆက္မေျပာခင္ single opt-in intro ဆုိတာဘာလဲဆုိတာ ၾကည့္ရေအာင္။

Single opt-in intro ဆိုုတာ မိမိက သက္ဆုိင္ရာ မိတ္ဆက္ေပးမဲ့သူကို ဘယ္သူ ဘယ္ဝါနဲ႔ေတာ့ မိ္တ္ဆက္ေပးပါ့မယ္ ဆုိျပီး ၾကိဳတင္ အေၾကာင္းၾကားကာ သူ႔ရဲ့ သေဘာထား ခြင့္ျပဳခ်က္ ရယူျပီးေတာ့မွ ေနာက္တစ္ဖက္ကသူနဲ႔ မိတ္ဆက္ေပးတာ ျဖစ္ပါတယ္။ ပိုျပီးရွင္းလင္းေအာင္ ဥပမာေလးနဲ႔ ရွင္းျပပါမယ္။

Joe က သူ႔သူငယ္ခ်င္း Jack ကို Mary နဲ႔ မိတ္ဆက္ေပးခ်င္တယ္။ သူက Mary ကို ခပ္တည္တည္ဘဲ အီးေမးလ္တစ္ေစာင္ လႊတ္လိုက္တယ္။ Jack ကိုလည္း cc (copy) လုပ္ထားလုိက္ေသးတယ္။

Hey Mary,

Wanted to introduce you to Jack (cc’d) who runs Gruber.com an “Uber for granite countertops”. They’re killing it and are really disrupting the granite space. They’re also making the world a better place.

Think you guys are doing similar things, tackling similar problems, etc. so you should chat.
I’ll leave it to you to connect.

Hope all is well.

Best,
Joe


Joe ရဲ့ အီးေမးလ္ကို ၾကည့္ရင္ ေတာ္ေတာ္ဆုိးရြားတဲ့ မိတ္ဆက္ပံုကိုေတြ႕ရလိမ့္မယ္။ ဘာေၾကာင့္လဲ ၾကည့္လိုက္ရေအာင္………..

  • အခ်ိန္အတြက္ အေလးမထားျခင္း။ ။ ဒီစာေရးဘုိ႔ Joe အတြက္ စကၠန္႔ ၃၀ ေလာက္သာ ၾကာျမင့္ေပမဲ့ Mary ရဲ့ တန္ဖုိးရွိတဲ့အခ်ိန္ကို ထည့္မစည္းစားထားပါဘူး။ Joe က ေတြ႕သင့္တယ္ဆုိတာနဲ႔ Mary က Jack ကိုေကာက္ခါ ငင္ကာ ေကာ္ဖီဆုိင္ကိုဘဲ ခ်ိန္းရေတာ့မလိုလုိ၊ ဖုန္းဆက္ျပီးေတာ့ဘဲ မိတ္ဆက္စကားေျပာရမလိုလုိဘဲေနာ္။
  • ဘာအေၾကာင္းအရာမွလဲမပါျခင္း။ ။ ဒီအီးေမးလ္ကို ေသေသျခာျခာၾကည့္ေတာ့ ဘာအေၾကာင္းအရာကိုမွလည္း ရွင္းမျပထားပါဘူး။ ေရးထားတာေတြအားလံုး ေဝေဝဝါးဝါး၊ ေျပာင္ေျပာင္ရွင္းရွွင္းၾကီးနဲ႔ ပ်င္းရိစရာေကာင္းပါတယ္။ အီးေမးလ္ကိုဖတ္ျပီး Mary ကဘဲ Jack ကုိ ဆက္သြယ္ျပီး သူဘာေတြစိတ္ဝင္စားဖြယ္ လုုပ္ကိုိင္ေနလဲဆုိတာ စံုစမ္းရေတာ့မလုိ။
  • Mary ကိုေရာ Jack ကိုပါ မ်က္နွာပူစရာျဖစ္ေစျခင္း။ ။ အကယ္လို႔ Mary က ဒီအီးေမးလ္ကို ဘာမွ အေရးတယူမလုပ္ေတာ့ဘဲ Jack ကိုလည္းမဆက္သြယ္ဖူးဆုိရင္ Mary က ရုိင္းစုိုင္းရာက်ေတာ့မယ္။ တစ္ခ်ိန္တည္းမွာဘဲ Jack ကလည္းသူ႔ကို Mary က ဆက္သြယ္မွာလား။ သူကဘဲ ဆက္သြယ္လုိက္ရမလား ဇေဝဇဝါျဖစ္ျပီး ငေၾကာင္ၾကီး ျဖစ္ရေတာ့မယ္။ ဒါေၾကာင့္ ဒီအီးေမးလ္ရဲ့ ရည္ရြယ္ခ်က္ အထမေျမာက္ပါဘူး။

ဒါေၾကာင့္မို႔လုိ႔ ဒီလို အီးေမးလ္မ်ိဳးနဲ႕ သင့္ခင္မင္ရသူေတြ မ်က္နွာပ်က္ေအာင္ မလုပ္လုိက္ပါနဲ႔။


ကဲ……..ဒီေတာ့ကာ double opt-in introduction ကိုဘယ္လိုသံုးရသလဲ? Double opt-in intro ဆုိတာအလြန္ေကာင္းမြန္ျပီး၊ စိတ္ဝင္စားစရာလည္း ေကာင္းကာ မိမိ မိတ္ဆက္ေပးမယ့္ သူေတြကိုလည္း တေလးတစား ရွိေစပါတယ္။ သင္လည္း လူဆုိးမျဖစ္ေတာ့ဘူး။ ေအာက္မွာေဖၚျပမယ့္ အီးေမးလ္ကို ၾကည့္လုိက္ရေအာင္။


Mary,

My friend Jack runs Gruber.com, an Uber for granite countertops. They are doing things with data visualizations in d3.js which are pretty amazing.

Given all that your company is doing with d3.js, I thought connecting you might be useful so you can talk shop. In addition, Jack has found a really good way to source talented d3.js developers and I know this was a pain point for you.

He’d love to chat with you about your content marketing success and how he might apply it to the granite countertop industry.

Let me know if an introduction via email would be useful, and I’ll make that happen. If not or just too busy, no worries.

We should catch up soon.

Best,
Joe

ဒီတစ္ေခါက္ အီးေမးလ္မွာေတာ့ Jack ကို cc (copy) မလုပ္ေတာ့ပါဘူး။
ဒီအီးေမးလ္ကဘာေၾကာင့္ ပိုေကာင္းရသလဲ။

  • Joe က Jack ဘာေၾကာင့္ စိတ္ဝင္စားဖြယ္ ျဖစ္ေစမွာလဲဆုိတာ ေသေသျခာျခာ ရွင္းျပထားပါတယ္။ ျပီးေတာ့လဲ ျပီးျပီးေရာဆုိျပီးက်န္တာ Mary က ဆက္လႈပ္ရွားပေစေတာ့ ဆုိျပီး တာဝန္မဲ့ လႊဲေပးလုိက္တာမ်ိဳးမရွိဘူး။ ဆန္႔က်င္ဖက္အေနနဲ႔ Joe က Mary နဲ႔ Jack နွစ္ဦး နွစ္ဖက္စလံုး အက်ိဳးရွိေစမဲ့ အေၾကာင္းအရာေတြကို ေသျခာစြာ အခ်ိ္န္ေပးေလ့လာသံုးသပ္ျပီးမွ သူတုိ႔ကို မိတ္ဆက္ေပးဖုိ႔ စိတ္ကူးတာေတြ႕ရပါတယ္။
  • Joe က Mary ကို opt-in ေခၚ ေရြးစရာ လမ္းေပါက္လည္း ဖြင့္ေပးထားတယ္။ Mary ကို လက္မခံ ခံေအာင္ တုိက္တြန္း ဖိအားေပးတာမ်ိဳး မလုပ္ထားဘဲ အကယ္လုိ႔ စိတ္မဝင္စားဖူး၊ မအားေသးဖူး ဆုိရင္လဲ ဒီအတိုင္းထားလုိ႔ရတယ္။ စိတ္မပူဖုိ႔ လမ္းဖြင့္ထားလိုက္ပါေသးတယ္။


ဒါေၾကာင့္ လူ ၂ ေယာက္ကို ၾကားကေနဝင္ျပီးမိတ္ဆက္ေတာ့မယ္ဆိုရင္ double opt-in ကိုသံုးတတ္ေအာင္ က်င့္ထားလိုက္ပါစို႔ေနာ္။

qz.com မွ Anand Sanwal ၏ "You’re probably doing email introductions wrong" ေဆာင္းပါးအား ဘာသာျပန္ဆိုထားျခင္းျဖစ္သည္။


[ Myanmar Network အသင္းဝင္ထားျခင္းျဖင့္ ရရွိမည့္ အက်ိဳးေက်းဇူးမ်ား ]

- အဂၤလိပ္စာသင္ခန္းစာႏွင့္ အလုပ္ေခၚစာအသစ္မ်ား၊ UK စာေမးပြဲ သတင္းမ်ား ႏွင့္ အဂၤလိပ္စာသင္တန္း သတင္းမ်ားကို အသင္းဝင္မ်ားထံသာလွ်င္ e-mail ျဖင့္ အေၾကာင္းၾကားေပးမွာ ျဖစ္ပါသည္။
- ျဗိတိသွ်ေကာင္စီမွ ၾကီးမႉးက်င္းပေသာ ပြဲမ်ားကို အသင္းဝင္မ်ားသာ ၾကိဳတင္သိရွိျပီး အသင္းဝင္မဟုတ္သူမ်ားထက္ေစာ၍ စာရင္းေပးသြင္းႏိုင္ပါသည္။
- Myanmar Network ဝက္ဆိုက္ဒ္တြင္ အသင္းဝင္မ်ားသာလွ်င္ like ႏွင့္ comment ေပးႏိုင္မည္ျဖစ္သည္။
- စကားဝိုင္းမ်ား (Forum မ်ားတြင္)ႏွင့္ အလုပ္ေခၚစာမ်ားကိုလည္း ကိုယ္တိုင္ဝင္ေရာက္ေရးသားႏိုင္ပါသည္။
- အသင္းဝင္မ်ားတြင္ ကိုယ္ပိုင္ Profile Page ရွိမည္ျဖစ္ျပီး မိမိ၏ ဓာတ္ပံု၊ မိမိကိုယ္တိုင္႐ိုက္ထားေသာ ဓာတ္ပံုမ်ားႏွင့္ ဗီဒီယိုမ်ားလည္း တင္ႏိုင္မည္ ျဖစ္သည္။

- Join us now at www.myanmar-network.net/main/authorization/signUp

[Unicode]


အကယ်လို့ သင်ဟာ လူနှစ်ဦးကို ကြားဝင်ပြီး အီးမေးလ်နဲ့ မိတ်ဆက်ပေးတဲ့အခါ double opt-in intro ဆိုတဲ့ ကြိုတင် မိတ်ဆက်ထားတာမျိုး မလုပ်ဖူး/ မသုံးဖူးဆိုရင် သင်ဟာအတော့်ကို ဆိုးရွားတဲ့ လူတစ်ဦးလို့ အထင်ခံရနိုင်ပါတယ်။ ဒီအကြောင်းဆက်မပြောခင် single opt-in intro ဆိုတာဘာလဲဆိုတာ ကြည့်ရအောင်။

Single opt-in intro ဆိုတာ မိမိက သက်ဆိုင်ရာ မိတ်ဆက်ပေးမဲ့သူကို ဘယ်သူ ဘယ်ဝါနဲ့တော့ မိ်တ်ဆက်ပေးပါ့မယ် ဆိုပြီး ကြိုတင် အကြောင်းကြားကာ သူ့ရဲ့ သဘောထား ခွင့်ပြုချက် ရယူပြီးတော့မှ နောက်တစ်ဖက်ကသူနဲ့ မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ ပိုပြီးရှင်းလင်းအောင် ဥပမာလေးနဲ့ ရှင်းပြပါမယ်။

Joe က သူ့သူငယ်ချင်း Jack ကို Mary နဲ့ မိတ်ဆက်ပေးချင်တယ်။ သူက Mary ကို ခပ်တည်တည်ဘဲ အီးမေးလ်တစ်စောင် လွှတ်လိုက်တယ်။ Jack ကိုလည်း cc (copy) လုပ်ထားလိုက်သေးတယ်။

Hey Mary,

Wanted to introduce you to Jack (cc’d) who runs Gruber.com an “Uber for granite countertops”. They’re killing it and are really disrupting the granite space. They’re also making the world a better place.

Think you guys are doing similar things, tackling similar problems, etc. so you should chat.
I’ll leave it to you to connect.

Hope all is well.

Best,
Joe


Joe ရဲ့ အီးမေးလ်ကို ကြည့်ရင် တော်တော်ဆိုးရွားတဲ့ မိတ်ဆက်ပုံကိုတွေ့ရလိမ့်မယ်။ ဘာကြောင့်လဲ ကြည့်လိုက်ရအောင်………..
အချိန်အတွက် အလေးမထားခြင်း။ ။ ဒီစာရေးဘို့ Joe အတွက် စက္ကန့် ၃၀ လောက်သာ ကြာမြင့်ပေမဲ့ Mary ရဲ့ တန်ဖိုးရှိတဲ့အချိန်ကို ထည့်မစည်းစားထားပါဘူး။ Joe က တွေ့သင့်တယ်ဆိုတာနဲ့ Mary က Jack ကိုကောက်ခါ ငင်ကာ ကော်ဖီဆိုင်ကိုဘဲ ချိန်းရတော့မလိုလို၊ ဖုန်းဆက်ပြီးတော့ဘဲ မိတ်ဆက်စကားပြောရမလိုလိုဘဲနော်။
ဘာအကြောင်းအရာမှလဲမပါခြင်း။ ။ ဒီအီးမေးလ်ကို သေသေခြာခြာကြည့်တော့ ဘာအကြောင်းအရာကိုမှလည်း ရှင်းမပြထားပါဘူး။ ရေးထားတာတွေအားလုံး ဝေဝေဝါးဝါး၊ ပြောင်ပြောင်ရှင်းရှှင်းကြီးနဲ့ ပျင်းရိစရာကောင်းပါတယ်။ အီးမေးလ်ကိုဖတ်ပြီး Mary ကဘဲ Jack ကို ဆက်သွယ်ပြီး သူဘာတွေစိတ်ဝင်စားဖွယ် လုပ်ကိိုင်နေလဲဆိုတာ စုံစမ်းရတော့မလို။
Mary ကိုရော Jack ကိုပါ မျက်နှာပူစရာဖြစ်စေခြင်း။ ။ အကယ်လို့ Mary က ဒီအီးမေးလ်ကို ဘာမှ အရေးတယူမလုပ်တော့ဘဲ Jack ကိုလည်းမဆက်သွယ်ဖူးဆိုရင် Mary က ရိုင်းစိုင်းရာကျတော့မယ်။ တစ်ချိန်တည်းမှာဘဲ Jack ကလည်းသူ့ကို Mary က ဆက်သွယ်မှာလား။ သူကဘဲ ဆက်သွယ်လိုက်ရမလား ဇဝေဇဝါဖြစ်ပြီး ငကြောင်ကြီး ဖြစ်ရတော့မယ်။ ဒါကြောင့် ဒီအီးမေးလ်ရဲ့ ရည်ရွယ်ချက် အထမမြောက်ပါဘူး။

ဒါကြောင့်မို့လို့ ဒီလို အီးမေးလ်မျိုးနဲ့ သင့်ခင်မင်ရသူတွေ မျက်နှာပျက်အောင် မလုပ်လိုက်ပါနဲ့။

ကဲ……..ဒီတော့ကာ double opt-in introduction ကိုဘယ်လိုသုံးရသလဲ? Double opt-in intro ဆိုတာအလွန်ကောင်းမွန်ပြီး၊ စိတ်ဝင်စားစရာလည်း ကောင်းကာ မိမိ မိတ်ဆက်ပေးမယ့် သူတွေကိုလည်း တလေးတစား ရှိစေပါတယ်။ သင်လည်း လူဆိုးမဖြစ်တော့ဘူး။ အောက်မှာဖေါ်ပြမယ့် အီးမေးလ်ကို ကြည့်လိုက်ရအောင်။


Mary,

My friend Jack runs Gruber.com, an Uber for granite countertops. They are doing things with data visualizations in d3.js which are pretty amazing.

Given all that your company is doing with d3.js, I thought connecting you might be useful so you can talk shop. In addition, Jack has found a really good way to source talented d3.js developers and I know this was a pain point for you.

He’d love to chat with you about your content marketing success and how he might apply it to the granite countertop industry.

Let me know if an introduction via email would be useful, and I’ll make that happen. If not or just too busy, no worries.

We should catch up soon.

Best,
Joe
ဒီတစ်ခေါက် အီးမေးလ်မှာတော့ Jack ကို cc (copy) မလုပ်တော့ပါဘူး။
ဒီအီးမေးလ်ကဘာကြောင့် ပိုကောင်းရသလဲ။
Joe က Jack ဘာကြောင့် စိတ်ဝင်စားဖွယ် ဖြစ်စေမှာလဲဆိုတာ သေသေခြာခြာ ရှင်းပြထားပါတယ်။ ပြီးတော့လဲ ပြီးပြီးရောဆိုပြီးကျန်တာ Mary က ဆက်လှုပ်ရှားပစေတော့ ဆိုပြီး တာဝန်မဲ့ လွှဲပေးလိုက်တာမျိုးမရှိဘူး။ ဆန့်ကျင်ဖက်အနေနဲ့ Joe က Mary နဲ့ Jack နှစ်ဦး နှစ်ဖက်စလုံး အကျိုးရှိစေမဲ့ အကြောင်းအရာတွေကို သေခြာစွာ အချိ်န်ပေးလေ့လာသုံးသပ်ပြီးမှ သူတို့ကို မိတ်ဆက်ပေးဖို့ စိတ်ကူးတာတွေ့ရပါတယ်။
Joe က Mary ကို opt-in ခေါ် ရွေးစရာ လမ်းပေါက်လည်း ဖွင့်ပေးထားတယ်။ Mary ကို လက်မခံ ခံအောင် တိုက်တွန်း ဖိအားပေးတာမျိုး မလုပ်ထားဘဲ အကယ်လို့ စိတ်မဝင်စားဖူး၊ မအားသေးဖူး ဆိုရင်လဲ ဒီအတိုင်းထားလို့ရတယ်။ စိတ်မပူဖို့ လမ်းဖွင့်ထားလိုက်ပါသေးတယ်။

ဒါကြောင့် လူ ၂ ယောက်ကို ကြားကနေဝင်ပြီးမိတ်ဆက်တော့မယ်ဆိုရင် double opt-in ကိုသုံးတတ်အောင် ကျင့်ထားလိုက်ပါစို့နော်။

qz.com မှ Anand Sanwal ၏ "You’re probably doing email introductions wrong" ဆောင်းပါးအား ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

Views: 2366

Reply to This

Replies to This Discussion

so applicable and pretty wonderful post for me because I have never know about the double opt-in. Thanks for your post and expect for another ones!!!

Thanks a lot
Thank you
Thank you

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service