ကျွန်​မက အထက်​တန်း​ကျောင်းသားများကို အဂ်​လိပ်​ဘာသာကိုသင်​ကြား​ပေးရ​သော အစိုးရ​ကျောင်းဆရာမတစ်​​ယောက်​ပါ။ လူမှုကွန်​ယက်​များစွာက ကျွန်​မ၏အားလပ်​ချိန်​များ ကိုအ​တော်​လွှမ်းမိုးခဲ့ပါတယ်​။ ဒါ​ပေမယ့်​ British Council ကဖွင့်​လှစ်​သင်​ကြား​ပေး​သော Teaching Knowledge Test TKT course တက်​​ရောက်​ပြီး​နောက်​ပိုင်းမှာ Myanmar Network အ​ကြောင်းသိလာရပြီး အချိန်​​တိုင်းမှာအကျိုးရှိ​အောင်​ အသင်းဝင်​ခဲပါတယ်​။ အစပိုင်း​တော့ ကျွန်​မသိပ်​ပြီးရင်းနှီးကျွမ်းဝင်​မှုမရှိခဲ့​ပေမယ့်​ တဖြည်းဖြည်းသိလာတဲ့အခါ ​သေချာမ​လေ့လာမိတဲ့ ကိုယ့်​ကိုကိုယ်​​တောင်​အပြစ်​တင်​ချင်​မိလာပါတယ်​။ ယခုဆိုရင်​​တော့ ​နေ့စဉ်​​ရောက်​ရှိလာမည့်​ ​ဆောင်းပါး​တွေ၊ သုတပ​ဒေသာစာ​ပေ​တွေ၊ ​လုပ်​ငန်း​ဆောင်​တာ​တွေ နှင့်​ အလုပ်​အကိုင်​ ​​အခွင့်​အလမ်းကောင်း​တွေကို ​​စောင့််​စား​လေ့လာသုတရှာဖြစ်​​နေပါပြီ။ ယခုလို Knowledge Age ကြီးထဲမှာ ဆရာတစ်​​ယောက်​အ​နေနဲ့ မိမိတပည့်​​တွေထက်​ ​ခေါတ်​မီ​နေ​အောင်​ မိမိ​လေ့လာခဲ့​သော ဘာသာရပ်​နယ်​ပယ်​မှာကျွမ်းကျင်​လာ​အောင်​ ကူညီ​ပေးခဲ့တဲ့အတွက်​လည်း အလွန်​​ကျေးဇူးတင်​မိပါတယ်​။ သင်​ကြားသင်​ယူမှုဖြစ်​စဉ်​ကို အများကြီးကူညီ ​ပေးသည်​ဟု ယူဆပါတယ်​။ အသံထွက်​နည်း၊ တွဲသုံး​လေ့ရှိ​သော usage နှင့်​ collocation များ၊ သံတူ​ကြောင်းကွဲ homonym များ၊ အဓိပ္ပာယ်​တူ Synonym မျာ၊ ဆန့်​ကျင်​ဘက်​ antonym များ နှင့်​ အခြား English ဘာသာစကားအပြင်​ အခြားသိမှတ်​ဖွယ်​ရာများကိုမိမိအားလပ်​ချိန်​မှာ လူကြီးလူငယ်​မ​ရွေး ​လေ့လာနိုင်​​သော​ကြောင့်​ အလွန်​ပင်​ဝမ်းသာမိပါတယ်​။
Future Land Free online course မှ သင်​တန်းများကို တက်​​ရောက်​ရန်​အခွင့်​အလမ်းများလည်းရရှိခဲ့တဲ့အတွက်​Myanmar Network ဆို​သော သုတသိုက်​ကြီးကို ကျွန်​မအသင်းဝင်​ခွင့်​ရ​သော​ကြောင့်​ အင်​တာဗျူး၊ စီမံ​ရေးရာ၊ ဘာသာ​ဗေဒမကျန်​​အောင်​အချိန်​ရှိခိုက်​လုံ့လစိုက်​နိုင်​ပါပြီ။ ​ရှေ့ဆက်​ပြီး မိမိဘဝတိုးတက်​​ရေးအတွက်​ British Council မှ ဖွင့်​လှစ်​​သော သင်​တန်းများ ကို အခါအား​လျော်​ပါကတက်​​ရောက်​​လေ့လာဖို့ စိတ်​ပိုင်း ဖြတ်​ထားပါသလို တပည့်​များကိုလည်းအကျိုးရှိရှိ အချိန်​ကိုသုံးနိုင်​​စေဖို့
ဆုံးမ​ပေးခြင်းဖြင့်​ ​ကျေးဇူးကို​ပေးဆပ်​ရန်​စိတ်​ကူးထားပါတယ်​။ Thanks a million, Myanmar Network.
Daw Thu Zar Kyi Kyi.
Senior Assistant Teacher
Insein. Yangon, Myanmar.



Views: 71

Reply to This

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service