လက်ကမ်းဖြန့်ဝေမှုလေးပြုပေးစေလို

မင်္ဂလာပါခင်ဗျာ
ဒီစကားလေးကို မြန်နိုင်ငံသားတိုင်းလိုလိုကြားဖူးကြသလို ကြားတဲ့သူတိုင်းလည်းနှစ်သက်မြတ်နိုးကြပါတယ်
ကျွန်တော့် အမြင်အရ Myanmar Network ဆိုတာကိုလည်း
ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံးကို အကျွမ်းတဝင် ရင်းနှီးနားလည်စေချင်ပါတယ်။ဘွဲ့ အထပ်ထပ် ပညာအရပ်ရပ်နှံ့ စပ်တက်မြောက်ထားသူတွေကိုမဆိုလိုပါဘူး။ ကျွန်တော်တို့ လို
ဘဝတိုးတက်မှုအတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ လူငယ်လူရွယ်
ရည်ရွယ်ချက်ကြီးမားသော မြန်မာနိုင်ငံသားအားလုံးအတွက်ပါ။
ဒီစကားကိုကျွန်တော်ပြောတဲ့အခါ ကျွန်တော့် အလုပ်အကိုင်
ပညာအရည်အချင်း ဘဝဖြတ်သန်းနေရ ပုံတို့ ကိုအနည်းငယ်ထည့်သွင်းပြောပြဖို့ လိုမယ်ထင်ပါတယ်၊
ကျွန်နော် အမည် စိုးမင်းနိုင် ပါ
အသက်က ၂၂ နှစ်ပါ
ကျွန်တော် ဆယ်တန်းကိုဂုဏ်ထူးသုံးဘာသာနဲ့အောင်ထားပါတယ်
(ဝိဇ္ဇာအတွဲ နဲ့ပါ) ကွန်တော် ဆယ်တန်းအောင်စာရင်းထွက်တော့
ရန်ကုန်ရောက်နေပါပြီ ။ မိသားစုအတွက် ရုန်းကန်နေရင်းပေါ့
ကျွန်တော် ထောက်ပံတဲ့ငွေကြေးက မိသားစုဘဝလှစေတာမို့ ကျွန်တော်ဘဝကို ကျွန်တော်ကိုတိုင်ပဲပုံဖော်နေပါတယ်
ကျွန်တော် ဟိုတယ်လုပ်ငန်းမှာ စတင်ဝင်ရောက်ခဲ့ရင်း
ယနေ့ခေတ်ပညာရေးတွင်အရေးကြီးသော အင်္ဂလိပ်စာဘာသာရပ်ကို
လေ့လာဆည်းပူးခဲ့ပါတယ်(လေ့လာဆည်းပူးနေဆဲပါပဲ).ကျွန်တော် Myanmar Network နဲ့ချိတ်ဆက်မိသွားတဲ့နောက်ပိုင်း
ပြောမပြနိုင်လောက်အောင်ကျွန်တော့်အတွက် ကျေနပ်စရာတွေ
ဝမ်းသာစရာတွေ ပညာရေးတိုးတက်မှုတွေ ဗဟုသုတတိုးပွားမှုတွေ ရခဲ့ပါတယ် (ဥပမာ လုပ်ငန်းသုံး Englishစကားလုံးတွေ Englishစကားပြောတွေ အခွင့်အလန်းတွေ
)အများကြီးပါပဲခင်ဗျာ. စဉ်းစားကြည့်ကြပါဗျာ လစာအတွက် ရက်မပျက်အလုပ်လုပ်နေသောဝန်ထမ်းတစ်ယောက်အတွက် (ကျွန်တော့်အတွက်)ဖုန်းတစ်လုံးဟာ အကောင်းဆုံး တက္ကသိုလ်ပါပဲ
အဲ့ဒီအေကာင်းဆုံးတက္ကသိုလ် ရဲ့ အကောင်းဆုံးကျွန်တော်ဆရာဟာ
Myanmar Network ပါပဲ ဘယ်လောက်ထိအကြိုးရှိလည်းဆိုတာ ကျွန်တော့် လိုရှာဖွေလေ့လာနေသူတွေကိုသိစေချင်ပါတယ်
လူအများသိအောင် Myanmar Network ဆိုတာကို မြို့နယ်
ရပ်ကွက် ကျေးရွာ ကပါအစ သိကြစေချင်ပါတယ်
အရေးကြီးသော သင်ကြားပို့ ချမှု အသိပညာ အတက်ပညာမျှဝေမှုတွေကို စာရွက်စာတန်း များနှင့်သော်လည်းကောင်း အင်တာနက် မှသော်လည်း
TV လိုင်းများမှသော်လည်းကောင်း
Radio လိုင်းများမှသော်လည်းကောင်း လွယ်ကူစွာသိရှိနားလည်းနိုင်မည့် သင်ကြားပို့ ချမှုများကိုပို့ ချစေချင်ပါတယ်. Myanmar Network ရဲ့အရည်အချင်းကိုမြန်မာတွေသိရင်း အကျိုးရှိကြစေချင်၍ပါ
ကျွန်တော် မှတ်သားလေ့လာကူးယူထားသောစးကားလုံးများ
ပညာရပ်များကိုလကျွန်တော်လုပ်ငန်းခွင်တွင် အဖက်ဖက်မှအသုံးပြုရင်း တိုးတက်ချင်းအကျိုးကျေးဇူးများခံစားနေရပါပြီ
ဒီထက်ပိုသော ထင်မြင်ယူဆချက်များထပ်မံတင်ပြသွားဦးမယ်
Myanmar Network ကိုမြန်မာတွေသိရင်း အရည်အချင်းတွေမြှင့်တင်နိုင်ကြပါစေ
ကျေးဇူးတင်ပါသည်

Views: 145

Reply to This

Replies to This Discussion

Thank you for your wonderful feedback Ko Soe Min Naing. We are glad that you find the lessons useful :)

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service