အဂၤလိပ္စာကုိ ေလ့လာသူမ်ားရဲ့ အက်င့္ေကာင္း ၅ ခု

မိမိတု႔ိရဲ့ ရည္မွန္းခ်က္ပန္းတုိင္ကုိ ေအာင္ျမင္စြာေရာက္ရွိေအာင္ ဘယ္လုိမ်ဳိးအက်င့္ေကာင္းေတြ ေမြးျမဴသင့္သလဲဆိုတာကုိ ျဗိတိသွ်ေကာင္စီရဲ့ Teaching English blog award ဆုရွင္ Martin Sketchley က တင္ျပထားတာျဖစ္ပါတယ္။

အဂၤလိပ္စာျဖစ္ျဖစ္၊ ဘယ္ဘာသာစကားကိုဘဲျဖစ္ျဖစ္ ေလ့လာဆည္းပူးတဲ့အခါ ခက္ခဲမႈေတြရွိေပမဲ့ ေနာက္ဆံုးမွာေတာ့ ခ်ိဳျမိန္တဲ့ဆုလာဒ္ အေတြ႕အၾကံဳတစ္ခုေတာ့ ရရွိစျမဲျဖစ္ပါတယ္။ မိမိရဲ့ ေလ့လာသင္ယူမႈေရး တုိးတက္မႈေတြ ရွိိဖို႔ကေတာ့ ဇြဲလံု႔လတို႔အျပင္ ၾကိဳးစားအားထုတ္မႈရွိရံုမကဘဲ မွန္ကန္တဲ့ အက်င့္ကေလးေတြကိုလည္း လုပ္ယူလုိက္နာဖုိ႔ လုိပါတယ္။

အဲ့ဒီလုိအက်င့္ေလးေတြထဲက အက်င့္ေကာင္း ၅ မ်ိဳးကို ေဖာ္ျပလုိက္ပါတယ္။


၁။ ေလ့လာသင္ယူေရးအတြက္ အစီအစဥ္ခ်မွတ္ျပီး လက္ေတြ႕ဆန္တဲ့ ရည္မွန္းခ်က္ေတြထားပါ။


အဂၤလိပ္စာကို အခုမွစျပီး ေလ့လာဖုိ႔ ဒါမွမဟုတ္ အရင္ကေလ့လာဖူးျပီး အလုပ္ေတြမ်ားလို႕ ဆက္မလုပ္ျဖစ္ေတာ့ဘဲ ပစ္ထားရာက အခုမွျပန္ျပီး ဆက္ေလ့လာဖုိ႔ ဆံုးျဖတ္လုိက္ျပီဆုိတဲ့အခါ ဘယ္ကဘယ္လုိ စကုိင္တြယ္ရမလဲဆုိတဲ့ အခက္အခဲ ျဖစ္တတ္ပါတယ္။ ေလ့လာဖုိ႔အစီအစဥ္ခ်မွတ္တဲ့အခါ အပတ္စဥ္အခ်ိန္ဇယားကို ဆြဲဲျပီး အဲ့ဒီထဲက ၁ ရက္ကို self-study ေခၚတဲ့ ကိုယ္ပုိ္င္ စိတ္ၾကိဳက္လုပ္မယ့္ အစ္ီအစဥ္တစ္ခုနွင့္ ေလ့လာခဲ့သမွ်ကို ျပန္လည္ေလ့က်င့္ဖို႔ review အစီအစဥ္အတြက္ သတ္မွတ္ထားပါ။ အစီအစဥ္ကို ေန႔စဥ္ သို႔မဟုတ္ အပါတ္စဥ္ အစီအစဥ္အျဖစ္ဆြဲတာဟာ အလြန္ေကာင္းမြန္ျပီး မိမိရဲ့ တုိးတက္မႈကိုလည္း အလြယ္တစ္ကူ တုိင္းတာလို႔ ရပါတယ္။ ဒါေပမဲ့ ရည္မွန္းခ်က္ေတြကေတာ့ လက္ေတြ႕ဆန္ဖို႔ လုိပါလိမ့္မယ္။ ဥပမာ - ေနာက္တစ္ပတ္အတြင္း အီဒီယံ ၅ မ်ိဳးကို အဓိပၸါယ္၊ အသံုးျပဳပံု စတာေတြကုိ ေလ့လာမယ္ဆုိျပီး ရည္မွန္းခ်က္ခ်တာဟာ လက္ေတြ႕ဆန္ျပီး၊ Academic writing အေရးအသားကို တစ္ပတ္အတြင္း ကၽြမ္းက်င္ေအာင္လုပ္မယ္ဆုိတဲ့ ရည္မွန္းခ်က္မ်ိဳးကေတာ့ လက္ေတြ႕မဆန္ပါဘူး။ တိုးတက္မႈကို တုိင္းတာလုိ႔လဲ မရဘူးမဟုတ္လား။


၂။ စကားလံုးအသစ္ေတြကို ျပန္ေလ့လာရ လြယ္ကူေအာင္ ျပဳစုထားပါ။


ဘာသာစကား တစ္ခုကို ေလ့လာတဲ့အခါ သင္ခန္းစာေတြထဲက စကားလံုးအသစ္ေတြကို စာရင္းျပဳစုကာ မွတ္စုလုပ္ထားဖုိ႔ လုိအပ္ပါတယ္။ ဘာသာစကားသင္ခန္းစာေတြဟာ theme ေခါင္းစဥ္ တစ္ခုခုကို အေျခခံေရးဆြဲထားတာမ်ိဳး ျဖစ္တာမုိ႔ (ဥပမာ -shopping, music, family စသည္) စကားလံုးေတြကုိလည္း ေခါင္းစဥ္ topic အလုိက္ ျပဳစုထားတာ ေကာင္းပါတယ္။ စိတ္ဝင္စားဖြယ္ေကာင္းေအာင္ စကားလံုးေတြကိုလည္း ပံုစံအမ်ိဳးမ်ိဳးနဲ႔ မွတ္နုိ္င္ပါေသးတယ္။ ဥပမာ word cards လိုမ်ိဳး စာရြက္အေသးေလးေတြြေပၚမွာ စကားလံုးတစ္လံုးခ်င္း မွတ္သားတာမ်ိဳး၊ mind maps လုိ စကားလံုးတစ္ခုနွင့္တစ္ခု ဆက္ႏြယ္ျပီး မွတ္တာမ်ိဳးနွင့္ tables လို ဇယားဆြဲေရး မွတ္တာလိုမ်ိဳး စိတ္ဝင္စားဖြယ္လုပ္လုိ႔ရျပီး မိမိအတြက္ အသင့္ေတာ္ဆံုး ပံုစံကို အျမဲတမ္းသံုးလို႔ရပါတယ္။ စကားလံုးေတြကို မွတ္သားရာမွာ အဓိပၸါယ္နဲ႔ တြဲမွတ္ရံုသက္သက္မဟုတ္ဘဲ form ပံုစံအမ်ိဳးမ်ိဳးျဖစ္တဲ့ verb form ေတြ word form ေတြအပါအဝင္ စကားလံုးေတြရဲ့ အသံုးျပဳပံု usage နဲ႔ အသံထြက္ pronunciation ေတြပါ တြဲမွတ္သားသင့္ပါတယ္။ Learner Dictionary အဘိဓါန္ စာအုပ္ ေကာင္းေကာင္း တစ္အုပ္ကိုလည္း အျမဲတမ္းေဆာင္ထားပါေလ။


၃။ မိမိရဲ့ သင္ခန္းစာနဲ႔ self-study မွတ္စုေတြကို မွန္မွန္ ျပန္လွန္ေလ့လာပါ။


သဒၵါစည္းမ်ဥ္းစည္းကမ္းေတြ၊ စကားလံုးေတြကို ေအာင္ေအာင္ျမင္ျမင္ေလ့လာနုိင္ဖုိ႔အတြက္ မိမိရဲ့ ျပီးျပီးသား သင္ခန္းစာေတြ၊ self-study မွတ္စုေတြကုိ ပံုမွန္္ျပန္လွန္ေလ့လာဖို႔ လုိအပ္ပါတယ္။ မိမိလုပ္ျပီးခဲ့တဲ့ သင္ခန္းစာတစ္္ခုထဲက ထုတ္နႈတ္ျပဳစုထားတဲ့ မွတ္စုေတြကို ျပန္ေလ့လာျပီး အေရးၾကီးတဲ့ အသံုးေတြ၊ သဒၵါစည္းမ်ဥ္းေတြ အားလံုး ဒါမွမဟုတ္ အခ်ိဳ႕ကုိ အလြတ္က်က္မွတ္ၾကည့္ပါ။ ဒါေပမဲ့ မွန္ကန္ျပီး လက္ေတြ႕ဆန္တဲ့ ရည္မွန္းခ်က္ပန္းတုိင္ကို အရင္ခ်မွတ္ဖုိ႔ မေမ့ပါနဲ႔။ ျပီးေတာ့ က်က္မွတ္ရံုနဲ႔ ဒီအတုိ္င္းမထားဘဲ စာရြက္လြတ္ေတြေပၚမွာ ခ်ေရးတာမ်ိဳးကို အၾကိမ္ၾကိမ္ျပဳလုပ္ျပီး က်က္မွတ္ထားသမွ်ထဲက ဘယ္ေလာက္ျပန္မွတ္မိသလဲ၊ ျပန္သံုးတတ္သလဲဆုိတာကို မိမိကိုယ္ကို စမ္းသပ္ပါ။ ေလ့က်င့္ခန္းစတင္မျပဳလုပ္ခင္က မိမိခ်မွတ္ထားခဲ့တဲ့ ရည္မွန္းခ်က္ေတြ( မိမိဘယ္နွစ္ခုအရက်က္မယ္၊ ဘယ္နွစ္ခု ျပန္သံုးတတ္ေအာင္လုပ္မယ္ စသျဖင့္) အားလံုးကို ေအာင္ျမင္တဲ့အထိ အၾကိမ္ၾကိမ္ျပန္လုပ္ရပါမယ္။

၄။ တက္ၾကြမႈရွိျပီး မိမိရဲ့ သင္ယူေလ့လာမႈအေပၚ ထိန္းခ်ဳပ္နုိင္မႈရွိပါေစ။


စာသင္ခန္းမွာဆုိရင္ ပူးေပါင္းေလ့က်င့္မႈေတြ ရနု္ိင္သေလာက္ပါဝင္ participate လုပ္ေပးပါ။ ဆရာက သင္ေပးခဲ့သမွ်ေသာ စကားအသံုးအနႈန္းနဲ႕သဒၵါေတြကို ျပန္သံုးဖို႔ စိတ္အားထက္သန္မႈရွိပါေစ။ အမွားလုပ္တယ္ဆုိတာ သင္ၾကားေလ့လာေရးရဲ့ အစိတ္အပုိင္းတစ္ခုျဖစ္တာမုိ႔ ရွက္ေၾကာက္မေနဘဲ ရဲရဲေျပာဆုိိေရးသားျပီး အသံုးျပဳေပးပါ။ မွားမွာေၾကာက္လုိ႔ မသံုး၊ မေျပာဘဲ မေနပါနဲ႔။

တြန္႔ဆုတ္ျပီး passive ျဖစ္မေနဘဲ တက္တက္ၾကြၾကြနဲ႔ active ျဖစ္ေနပါေစ။ မိမိရဲ့ အားနည္းခ်က္၊ အားသာခ်က္ေတြကို ဆရာ့ဆီကေနသိဖို႔ လုပ္ေဆာင္ပါ။ မိမိရဲ့ အတန္းေဖာ္ကို မိမိရဲ့ အသံထြက္က ဘယ္လုိေနသလဲဆုိတာ တီးေခါက္ၾကည့္ပါ။ အျခားေက်ာင္းသားေတြနဲ႔ အတူပူးေပါင္းျပီး English speaking club လိုမ်ိဳး ဝါသနာတူမ်ား ကလပ္ထူေထာင္ထားျပီး စာသင္ခ်ိန္ေနာက္ပုိ္င္းေတြမွာ စုေပါင္းျပီး အဂၤလိပ္စကားေျပာ ေလ့က်င့္နိုင္ပါတယ္။ သင္ၾကားေရးမွာ တက္တက္ၾကြၾကြရွိတယ္၊ ကိုယ့္ရဲ့သင္ၾကားေရးမွာ control အထိန္းအသိမ္း ကၽြမ္းက်င္လာမယ္ဆုိရင္ ခ်ိဳျမိန္တဲ့ အသီးအပြင့္ေတြက္ု္ိ မၾကာမီခံစားရပါလိမ့္မယ္။


၅။ အဂၤလိပ္လို ၾကည့္လုိ႔၊ နားေထာင္လုိ႔၊ ဖတ္လို႔ ေကာင္းမယ့္ စိတ္ဝင္စားဖြယ္ရာေတြကို ရွာေဖြပါ။


အဂၤလိပ္စာေလ့လာေရးမွာ ေအာင္ျမင္ဖို႔ရာအတြက္ အလုိအပ္ဆံုးကေတာ့ အဂၤလိပ္ဘာသာစကားကုိ အတတ္နုိင္ဆံုးမ်ားမ်ား နားေထာင္တာဖတ္တာတို႔ လုပ္ေပးဖို႔ဘဲ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲ့ဒီလုိလုပ္တဲ့အခါ မိမိစိတ္ဝင္စားတဲ့ topic အေၾကာင္းအရာေတြျဖစ္္္္္္္္္္ဖုိ႔ လုိအပ္ပါမယ္။ ေရြးခ်ယ္ဖို႔ကလည္း ခက္ခဲမယ္မထင္ပါဘူး။ သင္စိတ္ဝင္စားတဲ့ တီဗီြအစီအစဥ္ေတြ၊ ရုပ္ရွင္ေတြ ပံုမွန္ၾကည့္တာ၊ သီခ်င္းေတြ ေရဒီယို အစီအစဥ္ေတြကို ပံုမွန္နားေထာင္တာ၊ အဂၤလိ္ပ္စာအုပ္ေတြ၊ မဂၢဇင္းေတြ ပံုမွန္ဖတ္တာမ်ိဳးေတြ လုပ္ေပးတာမ်ိိဳးေတြ ျဖစ္ပါတယ္။ အဂၤလိပ္စကားက ကမာၻသံုးျဖစ္တာမို႔လုိ႔ ဖတ္စရာ၊ ၾကည့္စရာ၊ နားေထာင္စရာကလည္း မရွားပါဘူးေပါ့ေနာ္။ ျဗိတိသွ်ေကာင္စီရဲ့ YouTube ခ်ယ္နယ္ျဖစ္တဲ့ British Council's YouTube channel မွာဆိုရင္ အဂၤလိ္ပ္စာတမ္းထုိးေပးတဲ့ ဗီဒီယိုအစီအစဥ္ေတြ ၾကည့္ရင္း နားေထာင္လုိ႔ရေၾကာင္း သတင္းေကာင္းေလးပါ ပါးလုိုက္ခ်င္ပါတယ္ခင္ဗ်ား။

Read Martin's winning blog post: 10 websites for English language students
Teachers, visit our TeachingEnglish website for more lesson plans and activities, and find out how you can become a TeachingEnglish blogger.



<Unicode> အင်္ဂလိပ်စာကို လေ့လာသူများရဲ့ အကျင့်ကောင်း ၅ ခု

မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာရောက်ရှိအောင် ဘယ်လိုမျိုးအကျင့်ကောင်းတွေ မွေးမြူသင့်သလဲဆိုတာကို ဗြိတိသျှကောင်စီရဲ့ Teaching English blog award ဆုရှင် Martin Sketchley က တင်ပြထားတာဖြစ်ပါတယ်။


အင်္ဂလိပ်စာဖြစ်ဖြစ်၊ ဘယ်ဘာသာစကားကိုဘဲဖြစ်ဖြစ် လေ့လာဆည်းပူးတဲ့အခါ ခက်ခဲမှုတွေရှိပေမဲ့ နောက်ဆုံးမှာတော့ ချိုမြိန်တဲ့ဆုလာဒ် အတွေ့အကြုံတစ်ခုတော့ ရရှိစမြဲဖြစ်ပါတယ်။ မိမိရဲ့ လေ့လာသင်ယူမှုရေး တိုးတက်မှုတွေ ရှိိဖို့ကတော့ ဇွဲလုံ့လတို့အပြင် ကြိုးစားအားထုတ်မှုရှိရုံမကဘဲ မှန်ကန်တဲ့ အကျင့်ကလေးတွေကိုလည်း လုပ်ယူလိုက်နာဖို့ လိုပါတယ်။

အဲ့ဒီလိုအကျင့်လေးတွေထဲက အကျင့်ကောင်း ၅ မျိုးကို ဖော်ပြလိုက်ပါတယ်။

၁။ လေ့လာသင်ယူရေးအတွက် အစီအစဉ်ချမှတ်ပြီး လက်တွေ့ဆန်တဲ့ ရည်မှန်းချက်တွေထားပါ။

အင်္ဂလိပ်စာကို အခုမှစပြီး လေ့လာဖို့ ဒါမှမဟုတ် အရင်ကလေ့လာဖူးပြီး အလုပ်တွေများလို့ ဆက်မလုပ်ဖြစ်တော့ဘဲ ပစ်ထားရာက အခုမှပြန်ပြီး ဆက်လေ့လာဖို့ ဆုံးဖြတ်လိုက်ပြီဆိုတဲ့အခါ ဘယ်ကဘယ်လို စကိုင်တွယ်ရမလဲဆိုတဲ့ အခက်အခဲ ဖြစ်တတ်ပါတယ်။ လေ့လာဖို့အစီအစဉ်ချမှတ်တဲ့အခါ အပတ်စဉ်အချိန်ဇယားကို ဆွဲဲပြီး အဲ့ဒီထဲက ၁ ရက်ကို self-study ခေါ်တဲ့ ကိုယ်ပို်င် စိတ်ကြိုက်လုပ်မယ့် အစ်ီအစဉ်တစ်ခုနှင့် လေ့လာခဲ့သမျှကို ပြန်လည်လေ့ကျင့်ဖို့ review အစီအစဉ်အတွက် သတ်မှတ်ထားပါ။ အစီအစဉ်ကို နေ့စဉ် သို့မဟုတ် အပါတ်စဉ် အစီအစဉ်အဖြစ်ဆွဲတာဟာ အလွန်ကောင်းမွန်ပြီး မိမိရဲ့ တိုးတက်မှုကိုလည်း အလွယ်တစ်ကူ တိုင်းတာလို့ ရပါတယ်။ ဒါပေမဲ့ ရည်မှန်းချက်တွေကတော့ လက်တွေ့ဆန်ဖို့ လိုပါလိမ့်မယ်။ ဥပမာ - နောက်တစ်ပတ်အတွင်း အီဒီယံ ၅ မျိုးကို အဓိပ္ပါယ်၊ အသုံးပြုပုံ စတာတွေကို လေ့လာမယ်ဆိုပြီး ရည်မှန်းချက်ချတာဟာ လက်တွေ့ဆန်ပြီး၊ Academic writing အရေးအသားကို တစ်ပတ်အတွင်း ကျွမ်းကျင်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်မျိုးကတော့ လက်တွေ့မဆန်ပါဘူး။ တိုးတက်မှုကို တိုင်းတာလို့လဲ မရဘူးမဟုတ်လား။


၂။ စကားလုံးအသစ်တွေကို ပြန်လေ့လာရ လွယ်ကူအောင် ပြုစုထားပါ။


ဘာသာစကား တစ်ခုကို လေ့လာတဲ့အခါ သင်ခန်းစာတွေထဲက စကားလုံးအသစ်တွေကို စာရင်းပြုစုကာ မှတ်စုလုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာသာစကားသင်ခန်းစာတွေဟာ theme ခေါင်းစဉ် တစ်ခုခုကို အခြေခံရေးဆွဲထားတာမျိုး ဖြစ်တာမို့ (ဥပမာ -shopping, music, family စသည်) စကားလုံးတွေကိုလည်း ခေါင်းစဉ် topic အလိုက် ပြုစုထားတာ ကောင်းပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းအောင် စကားလုံးတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ မှတ်နို်င်ပါသေးတယ်။ ဥပမာ word cards လိုမျိုး စာရွက်အသေးလေးတွွေပေါ်မှာ စကားလုံးတစ်လုံးချင်း မှတ်သားတာမျိုး၊ mind maps လို စကားလုံးတစ်ခုနှင့်တစ်ခု ဆက်နွယ်ပြီး မှတ်တာမျိုးနှင့် tables လို ဇယားဆွဲရေး မှတ်တာလိုမျိုး စိတ်ဝင်စားဖွယ်လုပ်လို့ရပြီး မိမိအတွက် အသင့်တော်ဆုံး ပုံစံကို အမြဲတမ်းသုံးလို့ရပါတယ်။ စကားလုံးတွေကို မှတ်သားရာမှာ အဓိပ္ပါယ်နဲ့ တွဲမှတ်ရုံသက်သက်မဟုတ်ဘဲ form ပုံစံအမျိုးမျိုးဖြစ်တဲ့ verb form တွေ word form တွေအပါအဝင် စကားလုံးတွေရဲ့ အသုံးပြုပုံ usage နဲ့ အသံထွက် pronunciation တွေပါ တွဲမှတ်သားသင့်ပါတယ်။ Learner Dictionary အဘိဓါန် စာအုပ် ကောင်းကောင်း တစ်အုပ်ကိုလည်း အမြဲတမ်းဆောင်ထားပါလေ။


၃။ မိမိရဲ့ သင်ခန်းစာနဲ့ self-study မှတ်စုတွေကို မှန်မှန် ပြန်လှန်လေ့လာပါ။

သဒ္ဒါစည်းမျဉ်းစည်းကမ်းတွေ၊ စကားလုံးတွေကို အောင်အောင်မြင်မြင်လေ့လာနိုင်ဖို့အတွက် မိမိရဲ့ ပြီးပြီးသား သင်ခန်းစာတွေ၊ self-study မှတ်စုတွေကို ပုံမှန််ပြန်လှန်လေ့လာဖို့ လိုအပ်ပါတယ်။ မိမိလုပ်ပြီးခဲ့တဲ့ သင်ခန်းစာတစ််ခုထဲက ထုတ်နှုတ်ပြုစုထားတဲ့ မှတ်စုတွေကို ပြန်လေ့လာပြီး အရေးကြီးတဲ့ အသုံးတွေ၊ သဒ္ဒါစည်းမျဉ်းတွေ အားလုံး ဒါမှမဟုတ် အချို့ကို အလွတ်ကျက်မှတ်ကြည့်ပါ။ ဒါပေမဲ့ မှန်ကန်ပြီး လက်တွေ့ဆန်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရင်ချမှတ်ဖို့ မမေ့ပါနဲ့။ ပြီးတော့ ကျက်မှတ်ရုံနဲ့ ဒီအတို်င်းမထားဘဲ စာရွက်လွတ်တွေပေါ်မှာ ချရေးတာမျိုးကို အကြိမ်ကြိမ်ပြုလုပ်ပြီး ကျက်မှတ်ထားသမျှထဲက ဘယ်လောက်ပြန်မှတ်မိသလဲ၊ ပြန်သုံးတတ်သလဲဆိုတာကို မိမိကိုယ်ကို စမ်းသပ်ပါ။ လေ့ကျင့်ခန်းစတင်မပြုလုပ်ခင်က မိမိချမှတ်ထားခဲ့တဲ့ ရည်မှန်းချက်တွေ( မိမိဘယ်နှစ်ခုအရကျက်မယ်၊ ဘယ်နှစ်ခု ပြန်သုံးတတ်အောင်လုပ်မယ် စသဖြင့်) အားလုံးကို အောင်မြင်တဲ့အထိ အကြိမ်ကြိမ်ပြန်လုပ်ရပါမယ်။


၄။ တက်ကြွမှုရှိပြီး မိမိရဲ့ သင်ယူလေ့လာမှုအပေါ် ထိန်းချုပ်နိုင်မှုရှိပါစေ။

စာသင်ခန်းမှာဆိုရင် ပူးပေါင်းလေ့ကျင့်မှုတွေ ရနု်ိင်သလောက်ပါဝင် participate လုပ်ပေးပါ။ ဆရာက သင်ပေးခဲ့သမျှသော စကားအသုံးအနှုန်းနဲ့သဒ္ဒါတွေကို ပြန်သုံးဖို့ စိတ်အားထက်သန်မှုရှိပါစေ။ အမှားလုပ်တယ်ဆိုတာ သင်ကြားလေ့လာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ ရှက်ကြောက်မနေဘဲ ရဲရဲပြောဆိုိရေးသားပြီး အသုံးပြုပေးပါ။ မှားမှာကြောက်လို့ မသုံး၊ မပြောဘဲ မနေပါနဲ့။


တွန့်ဆုတ်ပြီး passive ဖြစ်မနေဘဲ တက်တက်ကြွကြွနဲ့ active ဖြစ်နေပါစေ။ မိမိရဲ့ အားနည်းချက်၊ အားသာချက်တွေကို ဆရာ့ဆီကနေသိဖို့ လုပ်ဆောင်ပါ။ မိမိရဲ့ အတန်းဖော်ကို မိမိရဲ့ အသံထွက်က ဘယ်လိုနေသလဲဆိုတာ တီးခေါက်ကြည့်ပါ။ အခြားကျောင်းသားတွေနဲ့ အတူပူးပေါင်းပြီး English speaking club လိုမျိုး ဝါသနာတူများ ကလပ်ထူထောင်ထားပြီး စာသင်ချိန်နောက်ပို်င်းတွေမှာ စုပေါင်းပြီး အင်္ဂလိပ်စကားပြော လေ့ကျင့်နိုင်ပါတယ်။ သင်ကြားရေးမှာ တက်တက်ကြွကြွရှိတယ်၊ ကိုယ့်ရဲ့သင်ကြားရေးမှာ control အထိန်းအသိမ်း ကျွမ်းကျင်လာမယ်ဆိုရင် ချိုမြိန်တဲ့ အသီးအပွင့်တွေက်ု်ိ မကြာမီခံစားရပါလိမ့်မယ်။


၅။ အင်္ဂလိပ်လို ကြည့်လို့၊ နားထောင်လို့၊ ဖတ်လို့ ကောင်းမယ့် စိတ်ဝင်စားဖွယ်ရာတွေကို ရှာဖွေပါ။


အင်္ဂလိပ်စာလေ့လာရေးမှာ အောင်မြင်ဖို့ရာအတွက် အလိုအပ်ဆုံးကတော့ အင်္ဂလိပ်ဘာသာစကားကို အတတ်နိုင်ဆုံးများများ နားထောင်တာဖတ်တာတို့ လုပ်ပေးဖို့ဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုလုပ်တဲ့အခါ မိမိစိတ်ဝင်စားတဲ့ topic အကြောင်းအရာတွေဖြစ််််််််််ဖို့ လိုအပ်ပါမယ်။ ရွေးချယ်ဖို့ကလည်း ခက်ခဲမယ်မထင်ပါဘူး။ သင်စိတ်ဝင်စားတဲ့ တီဗွီအစီအစဉ်တွေ၊ ရုပ်ရှင်တွေ ပုံမှန်ကြည့်တာ၊ သီချင်းတွေ ရေဒီယို အစီအစဉ်တွေကို ပုံမှန်နားထောင်တာ၊ အင်္ဂလိ်ပ်စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ပုံမှန်ဖတ်တာမျိုးတွေ လုပ်ပေးတာမျိိုးတွေ ဖြစ်ပါတယ်။ အင်္ဂလိပ်စကားက ကမ္ဘာသုံးဖြစ်တာမို့လို့ ဖတ်စရာ၊ ကြည့်စရာ၊ နားထောင်စရာကလည်း မရှားပါဘူးပေါ့နော်။ ဗြိတိသျှကောင်စီရဲ့ YouTube ချယ်နယ်ဖြစ်တဲ့ British Council's YouTube channel မှာဆိုရင် အင်္ဂလိ်ပ်စာတမ်းထိုးပေးတဲ့ ဗီဒီယိုအစီအစဉ်တွေ ကြည့်ရင်း နားထောင်လို့ရကြောင်း သတင်းကောင်းလေးပါ ပါးလိုုက်ချင်ပါတယ်ခင်ဗျား။

Read Martin's winning blog post: 10 websites for English language students


Teachers, visit our TeachingEnglish website for more lesson plans and activities, and find out how you can become a TeachingEnglish blogger.

Views: 4791

Reply to This

Replies to This Discussion

Thank
Very informative and thanks :)
thanks
Good article

Thanks 

Good

Thanks
Thanks
Thank you so much

RSS

Featured Discussions

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service