<Zawgyi font version>
[ နေရာနှင့် ဆက်သွယ်ရန် ]
<Unicode version>
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီးသူများအတွက် ဗြိတိသျှကောင်စီစာကြည့်တိုက်၏ အထူးအစီအစဉ်
ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီးသူများအတွက် ဗြိတိသျှကောင်စီစာကြည့်တိုက် (ရန်ကုန်) တွင်အသင်းဝင်ပါက ကျပ် ၅၀၀၀ တန် service ticket တစ်ခုအခမဲ့ရရှိမည်ဖြစ်ပါသည်။ ဤအစီအစဉ်သည် ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အတွင်းအသင်းဝင်သူများအတွက်သာဖြစ်ပြီး ၂၀၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်သူဖြစ်ကြောင်း အထောက်အထားတစ်ခုပြရမည်ဖြစ်သည်။ စာကြည့်တိုက်အသင်းဝင်ပြီး လေ့လာဖတ်ရှုခြင်းဖြင့် စာကြည့်တိုက်သုံးသည့်အလေ့အထရရှိလာမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသောစာအုပ်များကို မှန်မှန်ဖတ်ရှုသွားပါက အင်္ဂလိပ်စာစွမ်းရည် တိုးတက်လာနိုင်စေကာ နိုင်ငံတကာအသိအမှတ်ပြု ယူကေစာမေးပွဲများ နှင့် အခြားစာမေးပွဲများကို ဆက်လက် ဖြေဆိုရာတွင် အထောက်အကူရမည် ဖြစ်သည်။
စိတ်ဝင်စားသူများ ဗြိတိသျှကောင်စီစာကြည့်တိုက်အကြောင်းကို www.britishcouncil.org.mm/english/libraries/rangoon-library တွင် လေ့လာနိုင်ပါသည်။
[ နေရာနှင့် ဆက်သွယ်ရန် ]
ဗြိတိသျှကောင်စီစာကြည့်တိုက် (ရန်ကုန်)
၇၈၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း - ၉၅ (၁) ၃၇၀၉၃၃၊ ၃၇၀၉၄၄၊ ၃၇၀၈၂၉၊ ၃၇၀၈၃၀
အီးမေးလ် - library.enquiries@mm.britishcouncil.org
Facebook messenger - http://m.me/BritishCouncilMyanmar
** ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်သူဖြစ်ကြောင်း အထောက်အထားအနေဖြင့် ကျောင်းသားကာဒ်ဖြစ်စေ၊ မိမိအမည်ပါသည့် အောင်စာရင်းကို မိုဘိုင်းဖုန်း ဖြင့်ရိုက်ထားသည့် ဓာတ်ပုံဖြစ်စေ တစ်ခုခုပြလျှင်ရပါသည်။
*** ဗြိတိသျှကောင်စီစာကြည့်တိုက် (ရန်ကုန်) သည် ဗြိတိသျှသံရုံး အဆောက်အအုံအတွင်းတွင်ရှိသောကြောင့် လာရောက်သူတိုင်း ဓာတ်ပုံပါသည့် ကျောင်းသားကာဒ်၊ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် စသည်ဖြင့် တစ်ခုခုယူလာရန်လိုပါသည်။
Tags:
© 2018 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Follow us on Twitter | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Our privacy and copyright statements. Our commitment to freedom of information. © Copyright 2015 Myanmar Network |