ကိုယ့္ရဲ႕ကုမၸဏီမွာ၊ အဖြဲ႔အစည္းမွာ ဝန္ထမ္းၿမဲေအာင္ ဘယ္လိုဆြဲေဆာင္ၾကပါ သလဲ။ ပံုစံအမ်ိဳးမ်ိဳး၊ နည္းလမ္းအမ်ိဳးမ်ိဳး ရွိၾကပါလိမ့္မယ္။ ထင္သာျမင္သာရွိတဲ့ အဓိကအခ်က္ကိုေဖာ္ျပရမယ္ဆိုရင္ေတာ့ Comfort Zone (သက္ေသာင့္သက္သာ ေနရာ)တစ္ခုဖန္တီးေပးျခင္းလို႔သတ္မွတ္ ခ်င္ပါတယ္။ ဒီအခ်က္က အဓိကအေရး အႀကီးဆံုးအခ်က္တစ္ခုပါပဲ။ ဝန္ထမ္းၿမဲ ေအာင္ လစာေတြ၊ ခံစားခြင့္ေတြ၊ ရာထူး အခြင့္အလမ္းေတြနဲ႔ဆြဲေဆာင္တာေတြလည္း ရွိေကာင္းရွိမွာပါ။ ဒါေပမဲ့ သက္ေသာင့္ သက္သာရွိတဲ့အလုပ္ပတ္ဝန္းက်င္အေျခ အေနေလာက္ေတာ့ ဘယ္အရာကမွ မဆြဲ ေဆာင္ႏိုင္ပါဘူး။
Comfort Zoneအလုပ္ပတ္ဝန္းက်င္
လူေတာ္ေတာ္မ်ားမ်ားက Comfort Zone ကေနထြက္ဖို႔ မဝံ့မရဲျဖစ္ၾကပါတယ္။ လက္ရွိေအးေအးလူလူအေျခအေနကေန စြန္႔ခြာဖို႔ သတၲိအေတာ္ေမြးျမဴၾကရပါတယ္။ တကယ္ေတာ့ Comfort Zoneဆိုတာ ေအာင္ျမင္မႈေတြအတြက္၊ ေအာင္ျမင္ခ်င္ သူေတြအတြက္ေနရာေကာင္းတစ္ခုမဟုတ္ ပါဘူး။
Comfort Zoneဆိုတာေအာင္ျမင္ တဲ့ေနရာတစ္ခုမဟုတ္ပါဘူး။ တည္ၿငိမ္တဲ့ အေျခအေနတစ္ခုမွ်သာျဖစ္ပါတယ္။ ဒီေနရာကေန လူေတာ္ေတာ္မ်ားမ်ား မစြန္႔ခြာႏိုင္ၾကတာက တည္ၿငိမ္တဲ့ေနရာ၊ သက္ေသာင့္သက္သာအေျခအေနတစ္ခု ျဖစ္ေနလို႔ပါပဲ။ ဒါေၾကာင့္ပဲ လုပ္ငန္းရွင္ ေတာ္ေတာ္မ်ားမ်ားက ဝန္ထမ္းေတြကို Comfort Zoneတစ္ခုဖန္တီးေပးတတ္ၾက ပါတယ္။ ဒါကအဓိကအခ်က္ပါ။
ေပ်ာ္ရႊင္တဲ့အလုပ္ပတ္ဝန္းက်င္
ဒါကလည္း Comfort Zoneနဲ႔နည္း နည္းဆင္ပါတယ္။ လုပ္ငန္းခြင္မွာ ဘာဖိ အားမွမရွိဘဲ လြတ္လြတ္လပ္လပ္လုပ္ခြင့္ ေပးထားတာပါ။ ေပါ့ေပါ့ပါးပါးျဖတ္သန္းၿပီး အလုပ္မွာေပ်ာ္ရႊင္ေစတာပါ။ အလုပ္မွာ ေခါင္းေဆာင္ဆိုသူက ႀကိဳးကိုင္ျခယ္လွယ္ ေနတာမဟုတ္ဘဲ ဝန္ထမ္းအားလံုးကို ရာထူးအလိုက္ကိုယ္ပိုင္လုပ္ပိုင္ခြင့္ေပးထား တာပဲျဖစ္ပါတယ္။ အလုပ္ရွင္ကတစ္ခ်ိန္ လံုးမ်က္စိေဒါက္ေထာက္ၾကည့္ၿပီး စီမံခန္႔ခြဲ ေနတာမဟုတ္ဘဲ ဝန္ထမ္းေတြကို လြတ္ လပ္ခြင့္ေပးထားတာပဲျဖစ္ပါတယ္။ ဒီလို ေနရာမ်ိဳးမွာရွိတဲ့ဝန္ထမ္းေတြအေနနဲ႔ ဒီေပ်ာ္ရႊင္တဲ့အလုပ္ပတ္ဝန္းက်င္ကေန ထြက္ခြာဖို႔စဥ္းစားမိမွာမဟုတ္ပါဘူး။
လစာ၊ ရာထူး၊ အခြင့္အလမ္းေတြေပးတာ
ေမွ်ာ္လင့္ခ်က္ရွိတဲ့အလုပ္ပတ္ဝန္း က်င္လို႔ဆိုႏိုင္ပါတယ္။ ဝန္ထမ္းေတြကို ေမွ်ာ္လင့္ခ်က္နဲ႔ဆြဲေဆာင္ထားတာပါ။ အဲဒီေမွ်ာ္လင့္ခ်က္ေတြက ဝန္ထမ္းေတြရဲ႕ လိုအပ္ခ်က္ေတြျဖစ္တဲ့ လစာေတြ၊ ရာထူး ေတြ၊ အခြင့္အလမ္းေတြပဲျဖစ္ပါတယ္။ ဒီလို ေနရာမ်ိဳးကိုေရာက္သြားတဲ့ ဝန္ထမ္းေတာ္ ေတာ္မ်ားမ်ားက တျခားအလုပ္ကိုေျပာင္း ဖို႔ မစဥ္းစားမိၾကေတာ့ပါဘူး။
တခ်ိဳ႕အလုပ္ရွင္ေတြက ဒီနည္းလမ္း ေတြနဲ႔ဝန္ထမ္းေတြကိုဆြဲေဆာင္ၾကပါတယ္။ ဝန္ထမ္းၿမဲတယ္ဆိုတဲ့ အလုပ္ေတာ္ေတာ္ မ်ားမ်ားကိုၾကည့္လိုက္ရင္ ခုနေျပာခဲ့တဲ့ အခ်က္ေတြထဲက တစ္ခုမဟုတ္တစ္ခုနဲ႔ ကိုက္ညီေနလို႔သာ အဲဒီအလုပ္မွာဝန္ထမ္း ေတြၿမဲေနၾကတာကိုေတြ႕ရမွာပါ။ အခုတင္ ျပတဲ့အခ်က္ကေတာ့ ဝန္ထမ္းေတြရဲ႕အဓိ ကေမွ်ာ္လင့္ခ်က္ပါပဲ။ မက္ေလာက္စရာ ေကာင္းတဲ့လစာ၊ တိုးတက္ႏိုင္မယ့္အခြင့္ အလမ္းေတြ၊ ဂုဏ္ျပဳတဲ့အစီအစဥ္ေတြ နဲ႔ ဝန္ထမ္းေတြကိုဆြဲေဆာင္ၾကတဲ့ ကုမၸဏီ ေတြကသိပ္အမ်ားႀကီးမရွိေသးပါဘူး။
ဂုဏ္ရွိတဲ့အလုပ္ျဖစ္တာ
ေနာက္ထပ္ဝန္ထမ္းေတြကိုဆြဲ ေဆာင္ႏိုင္ဆံုးအလုပ္ကေတာ့ ဂုဏ္ရွိတဲ့ အလုပ္ပါ။ လစာနည္းတာမ်ားတာအပ ထား၊ ဂုဏ္ရွိတယ္ဆိုရင္ လူေတာ္ေတာ္ မ်ားမ်ားက သေဘာက်ႏွစ္သက္ၾကပါ တယ္။ ဥပမာအေနနဲ႔ေျပာရင္ ဘဏ္လုပ္ ငန္းလိုမ်ိဳးပါ။ ဘဏ္ဝန္ထမ္းလို႔ေျပာလိုက္ ရင္ ဂုဏ္သိကၡာအေနနဲ႔သံသယျဖစ္ဖြယ္ မရွိေအာင္ကိုျပည့္စံုေနတဲ့သူတစ္ေယာက္ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဂုဏ္ရွိတဲ့ အလုပ္ကလည္း ဝန္ထမ္းေတြအတြက္ ဆြဲေဆာင္မႈတစ္ခုျဖစ္ပါတယ္။
အေတြ႕အႀကံဳေပးတာ
အႏွစ္ခ်ဳပ္ဆိုရရင္ ဝန္ထမ္းၿမဲဖို႔ အဓိကဆြဲေဆာင္ေစတဲ့အခ်က္ကေတာ့ သက္ေသာင့္သက္သာအလုပ္ပတ္ဝန္းက်င္ တစ္ခုပါ။ ဒီအလုပ္ပတ္ဝန္းက်င္က ေအာင္ ျမင္မႈမဟုတ္သလို၊ က်႐ံႈးေနတာလည္းမ ဟုတ္ပါဘူး။ ဒါေပမဲ့ဒီပတ္ဝန္းက်င္မွာ ေအာင္ျမင္မႈကိုရွာေဖြလို႔မရႏိုင္သလို ကိုယ့္ ဘဝရဲ႕တက္လမ္းအတြက္စဥ္းစားမယ္ဆိုရင္ ဒီလိုေနရာမ်ိဳးမ်ာ ေရရွည္မေနသင့္ပါဘူး။ အခ်ိန္ကာလတစ္ခုအတြင္းမွာ ဒီေနရာက ေန႐ုန္းထြက္ႏိုင္ဖို႔လိုပါတယ္။
ဒီေနရာမွာ ေနာက္ထပ္ဆယ္ႏွစ္ေန ရင္ဘာျဖစ္မလဲ၊ ေနာက္ထပ္ငါးႏွစ္ေနရင္ ကိုယ့္လစာဘယ္ေလာက္ရမလဲ။ ေနာက္ ထပ္ဆယ္ႏွစ္ေနရင္လည္း ကိုယ္ကဒီေနရာ မွာပဲရွိေနဦးမယ္၊ ကိုယ့္လစာကလည္း ထင္ သေလာက္တိုးတက္လာဖို႔မရွိဘူးဆိုတဲ့ေနရာ မ်ိဳးမွာ အခ်ိန္ဘယ္ေလာက္အထိဆက္ေန ဦးမလဲ။ ဒီအခ်က္ကိုစဥ္းစားရမွာပါ။
အေျပာင္းအလဲကိုေၾကာက္ရင္၊ စိန္ေခၚမႈကိုေၾကာက္ရင္ ေအာင္ျမင္မႈက ကိုယ့္ဆီဘယ္ေတာ့မွေရာက္လာမွာမဟုတ္ ပါဘူး။ ေနာက္ထပ္အလုပ္သစ္တစ္ခုမွာ အဆင္ေျပပါ့မလားဆိုတဲ့အေတြးထက္ လက္ရွိေနရာမွာေနၿပီးေအာင္ျမင္မႈမရမွာ ကိုေၾကာက္ပါ။ သက္ေသာင့္သက္သာဝန္း က်င္ကေနဘယ္လိုထြက္ရမလဲစဥ္းစားပါ။ ေအာင္ျမင္မႈကေတာ့ သင့္ကိုတံခါးလာ ေခါက္မွာမဟုတ္ပါဘူး။ သင္ကိုယ္တိုင္ တံခါးသြားေခါက္ရမွာပါ။ အခြင့္အလမ္းကို ေစာင့္ေနတာထက္ အခြင့္အလမ္းရွိတဲ့ဆီ ကိုသြားလိုက္ပါ။ ဒါကအခြင့္အလမ္းရဖို႔ ပိုျမန္တဲ့နည္းလမ္းျဖစ္ေနလို႔ပါ။ Comfort Zoneမွာေအာင္ျမင္ခ်င္တဲ့လူေတြအတြက္ ေနရာမရွိပါဘူး။
ေက်ာ့ေကခုိင္
https://www.24jobs.com.mm/articles/1509343900
[Unicode]
ကိုယ့်ရဲ့ကုမ္ပဏီမှာ၊ အဖွဲ့အစည်းမှာ ဝန်ထမ်းမြဲအောင် ဘယ်လိုဆွဲဆောင်ကြပါ သလဲ။ ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုး ရှိကြပါလိမ့်မယ်။ ထင်သာမြင်သာရှိတဲ့ အဓိကအချက်ကိုဖော်ပြရမယ်ဆိုရင်တော့ Comfort Zone (သက်သောင့်သက်သာ နေရာ)တစ်ခုဖန်တီးပေးခြင်းလို့သတ်မှတ် ချင်ပါတယ်။ ဒီအချက်က အဓိကအရေး အကြီးဆုံးအချက်တစ်ခုပါပဲ။ ဝန်ထမ်းမြဲ အောင် လစာတွေ၊ ခံစားခွင့်တွေ၊ ရာထူး အခွင့်အလမ်းတွေနဲ့ဆွဲဆောင်တာတွေလည်း ရှိကောင်းရှိမှာပါ။ ဒါပေမဲ့ သက်သောင့် သက်သာရှိတဲ့အလုပ်ပတ်ဝန်းကျင်အခြေ အနေလောက်တော့ ဘယ်အရာကမှ မဆွဲ ဆောင်နိုင်ပါဘူး။
Comfort Zoneအလုပ်ပတ်ဝန်းကျင်
လူတော်တော်များများက Comfort Zone ကနေထွက်ဖို့ မဝံ့မရဲဖြစ်ကြပါတယ်။ လက်ရှိအေးအေးလူလူအခြေအနေကနေ စွန့်ခွာဖို့ သတ္တိအတော်မွေးမြူကြရပါတယ်။ တကယ်တော့ Comfort Zoneဆိုတာ အောင်မြင်မှုတွေအတွက်၊ အောင်မြင်ချင် သူတွေအတွက်နေရာကောင်းတစ်ခုမဟုတ် ပါဘူး။
Comfort Zoneဆိုတာအောင်မြင် တဲ့နေရာတစ်ခုမဟုတ်ပါဘူး။ တည်ငြိမ်တဲ့ အခြေအနေတစ်ခုမျှသာဖြစ်ပါတယ်။ ဒီနေရာကနေ လူတော်တော်များများ မစွန့်ခွာနိုင်ကြတာက တည်ငြိမ်တဲ့နေရာ၊ သက်သောင့်သက်သာအခြေအနေတစ်ခု ဖြစ်နေလို့ပါပဲ။ ဒါကြောင့်ပဲ လုပ်ငန်းရှင် တော်တော်များများက ဝန်ထမ်းတွေကို Comfort Zoneတစ်ခုဖန်တီးပေးတတ်ကြ ပါတယ်။ ဒါကအဓိကအချက်ပါ။
ပျော်ရွှင်တဲ့အလုပ်ပတ်ဝန်းကျင်
ဒါကလည်း Comfort Zoneနဲ့နည်း နည်းဆင်ပါတယ်။ လုပ်ငန်းခွင်မှာ ဘာဖိ အားမှမရှိဘဲ လွတ်လွတ်လပ်လပ်လုပ်ခွင့် ပေးထားတာပါ။ ပေါ့ပေါ့ပါးပါးဖြတ်သန်းပြီး အလုပ်မှာပျော်ရွှင်စေတာပါ။ အလုပ်မှာ ခေါင်းဆောင်ဆိုသူက ကြိုးကိုင်ခြယ်လှယ် နေတာမဟုတ်ဘဲ ဝန်ထမ်းအားလုံးကို ရာထူးအလိုက်ကိုယ်ပိုင်လုပ်ပိုင်ခွင့်ပေးထား တာပဲဖြစ်ပါတယ်။ အလုပ်ရှင်ကတစ်ချိန် လုံးမျက်စိဒေါက်ထောက်ကြည့်ပြီး စီမံခန့်ခွဲ နေတာမဟုတ်ဘဲ ဝန်ထမ်းတွေကို လွတ် လပ်ခွင့်ပေးထားတာပဲဖြစ်ပါတယ်။ ဒီလို နေရာမျိုးမှာရှိတဲ့ဝန်ထမ်းတွေအနေနဲ့ ဒီပျော်ရွှင်တဲ့အလုပ်ပတ်ဝန်းကျင်ကနေ ထွက်ခွာဖို့စဉ်းစားမိမှာမဟုတ်ပါဘူး။
လစာ၊ ရာထူး၊ အခွင့်အလမ်းတွေပေးတာ
မျှော်လင့်ချက်ရှိတဲ့အလုပ်ပတ်ဝန်း ကျင်လို့ဆိုနိုင်ပါတယ်။ ဝန်ထမ်းတွေကို မျှော်လင့်ချက်နဲ့ဆွဲဆောင်ထားတာပါ။ အဲဒီမျှော်လင့်ချက်တွေက ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ လစာတွေ၊ ရာထူး တွေ၊ အခွင့်အလမ်းတွေပဲဖြစ်ပါတယ်။ ဒီလို နေရာမျိုးကိုရောက်သွားတဲ့ ဝန်ထမ်းတော် တော်များများက တခြားအလုပ်ကိုပြောင်း ဖို့ မစဉ်းစားမိကြတော့ပါဘူး။
တချို့အလုပ်ရှင်တွေက ဒီနည်းလမ်း တွေနဲ့ဝန်ထမ်းတွေကိုဆွဲဆောင်ကြပါတယ်။ ဝန်ထမ်းမြဲတယ်ဆိုတဲ့ အလုပ်တော်တော် များများကိုကြည့်လိုက်ရင် ခုနပြောခဲ့တဲ့ အချက်တွေထဲက တစ်ခုမဟုတ်တစ်ခုနဲ့ ကိုက်ညီနေလို့သာ အဲဒီအလုပ်မှာဝန်ထမ်း တွေမြဲနေကြတာကိုတွေ့ရမှာပါ။ အခုတင် ပြတဲ့အချက်ကတော့ ဝန်ထမ်းတွေရဲ့အဓိ ကမျှော်လင့်ချက်ပါပဲ။ မက်လောက်စရာ ကောင်းတဲ့လစာ၊ တိုးတက်နိုင်မယ့်အခွင့် အလမ်းတွေ၊ ဂုဏ်ပြုတဲ့အစီအစဉ်တွေ နဲ့ ဝန်ထမ်းတွေကိုဆွဲဆောင်ကြတဲ့ ကုမ္ပဏီ တွေကသိပ်အများကြီးမရှိသေးပါဘူး။
ဂုဏ်ရှိတဲ့အလုပ်ဖြစ်တာ
နောက်ထပ်ဝန်ထမ်းတွေကိုဆွဲ ဆောင်နိုင်ဆုံးအလုပ်ကတော့ ဂုဏ်ရှိတဲ့ အလုပ်ပါ။ လစာနည်းတာများတာအပ ထား၊ ဂုဏ်ရှိတယ်ဆိုရင် လူတော်တော် များများက သဘောကျနှစ်သက်ကြပါ တယ်။ ဥပမာအနေနဲ့ပြောရင် ဘဏ်လုပ် ငန်းလိုမျိုးပါ။ ဘဏ်ဝန်ထမ်းလို့ပြောလိုက် ရင် ဂုဏ်သိက္ခာအနေနဲ့သံသယဖြစ်ဖွယ် မရှိအောင်ကိုပြည့်စုံနေတဲ့သူတစ်ယောက် ဖြစ်စေပါတယ်။ ဒါကြောင့် ဂုဏ်ရှိတဲ့ အလုပ်ကလည်း ဝန်ထမ်းတွေအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။
အတွေ့အကြုံပေးတာ
အနှစ်ချုပ်ဆိုရရင် ဝန်ထမ်းမြဲဖို့ အဓိကဆွဲဆောင်စေတဲ့အချက်ကတော့ သက်သောင့်သက်သာအလုပ်ပတ်ဝန်းကျင် တစ်ခုပါ။ ဒီအလုပ်ပတ်ဝန်းကျင်က အောင် မြင်မှုမဟုတ်သလို၊ ကျရှုံးနေတာလည်းမ ဟုတ်ပါဘူး။ ဒါပေမဲ့ဒီပတ်ဝန်းကျင်မှာ အောင်မြင်မှုကိုရှာဖွေလို့မရနိုင်သလို ကိုယ့် ဘဝရဲ့တက်လမ်းအတွက်စဉ်းစားမယ်ဆိုရင် ဒီလိုနေရာမျိုးမျာ ရေရှည်မနေသင့်ပါဘူး။ အချိန်ကာလတစ်ခုအတွင်းမှာ ဒီနေရာက နေရုန်းထွက်နိုင်ဖို့လိုပါတယ်။
ဒီနေရာမှာ နောက်ထပ်ဆယ်နှစ်နေ ရင်ဘာဖြစ်မလဲ၊ နောက်ထပ်ငါးနှစ်နေရင် ကိုယ့်လစာဘယ်လောက်ရမလဲ။ နောက် ထပ်ဆယ်နှစ်နေရင်လည်း ကိုယ်ကဒီနေရာ မှာပဲရှိနေဦးမယ်၊ ကိုယ့်လစာကလည်း ထင် သလောက်တိုးတက်လာဖို့မရှိဘူးဆိုတဲ့နေရာ မျိုးမှာ အချိန်ဘယ်လောက်အထိဆက်နေ ဦးမလဲ။ ဒီအချက်ကိုစဉ်းစားရမှာပါ။
အပြောင်းအလဲကိုကြောက်ရင်၊ စိန်ခေါ်မှုကိုကြောက်ရင် အောင်မြင်မှုက ကိုယ့်ဆီဘယ်တော့မှရောက်လာမှာမဟုတ် ပါဘူး။ နောက်ထပ်အလုပ်သစ်တစ်ခုမှာ အဆင်ပြေပါ့မလားဆိုတဲ့အတွေးထက် လက်ရှိနေရာမှာနေပြီးအောင်မြင်မှုမရမှာ ကိုကြောက်ပါ။ သက်သောင့်သက်သာဝန်း ကျင်ကနေဘယ်လိုထွက်ရမလဲစဉ်းစားပါ။ အောင်မြင်မှုကတော့ သင့်ကိုတံခါးလာ ခေါက်မှာမဟုတ်ပါဘူး။ သင်ကိုယ်တိုင် တံခါးသွားခေါက်ရမှာပါ။ အခွင့်အလမ်းကို စောင့်နေတာထက် အခွင့်အလမ်းရှိတဲ့ဆီ ကိုသွားလိုက်ပါ။ ဒါကအခွင့်အလမ်းရဖို့ ပိုမြန်တဲ့နည်းလမ်းဖြစ်နေလို့ပါ။ Comfort Zoneမှာအောင်မြင်ချင်တဲ့လူတွေအတွက် နေရာမရှိပါဘူး။
ကျော့ကေခိုင်
https://www.24jobs.com.mm/articles/1509343900
Tags:
အစ္မေရ
အားေပးတယ္ေနာ္
ႀကီးပြားတိုးတက္ခ်င္တဲ့လူေတြအတြက္ေတာ့ အခြင့္အလမ္းသစ္ေတြကို ရွာေဖြ ၾကံဆေနတာပါပဲ
ဘယ္ေတာ့မွရပ္မေနဘူးေနာ္
Comfort zone မွာ ေနေနသ၍ ႀကိဳးစားမႈမရွိရင္ေတာ့ ဒီဘဝ ဒီမွ်နဲ႔ပဲ ၿပီးသြားေတာ့မယ္
ဟုတ္ကဲ့ အားေပးတာ ေက်းဇူးပါ အစ္ကုိ...
အစ္ကုိ႔ေဆာင္းပါးေတြလည္း ေကာင္းပါတယ္။ ဖတ္ျဖစ္ပါတယ္။
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Follow us on Twitter | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |