ယေဘုယျအားဖြင့် ဗန်းစကားတွေကိုလူအုပ်စုတစ်စုအတွင်းမှာသာ နားလည်တဲ့ ဝေါဟာရတွေနဲ့ တီထွင်ပြောဆိုကြလေ့ ရှိတယ်။ ဗန်းစကားဟာ စံမမှီတဲ့အဆင့်အတန်း သွတ်သွင်းခံရလေ့ရှိပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ဗန်းစကားတွေဟာ ပြောရဆိုရတာ ထိမိတယ်။ အားရစရာကောင်းတယ်။ ကျစ်လစ်တယ်။ ဒီလိုဂုဏ်ရည်တွေရှိတဲ့အတွက် အများကလိုက်ပြောဆိုရာက မူရင်း အသိုက်အ၀န်း ထက်ပိုပြီး ကျယ်ပြန့်လာပြီး စာထဲပေထဲမှာပါ နေရာပေးခံလာရတယ်။ ဒီလိုဗန်း စကားတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

Uncle Sam

အမေရိကန်အစိုးရကိုရည်ညွှန်းပြောလေ့ရှိပါတယ်။ အမေရိကန် မျိုးချစ်စိတ်ဓါတ် သင်္ကေတအဖြစ်လည်းသုံးလေ့ရှိပါတယ်။

ဥပမာ-
1) July 4th is Independence Day in the United States. Happy Birthday, Uncle Sam!

2) No matter how much money I make in a year, Uncle Sam always gets a big chunk of it.

1812 ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အမေရိကန်နှင့်အင်္ဂလန်တို့ရဲ့ စစ်ပွဲအတွင်း Samuel Wilsom ဆိုတဲ့ လူတစ်ယောက်က အမေရိကန်စစ်တပ်အတွက် စားနပ်ရိက္ခာပစ္စည်းများထောက်ပံ့တင်သွင်းပေးခဲ့တယ်။ ၀ီလ်ဆင် ကို ဦးလေးဆမ်လို့ခေါ်ကြတယ်။ သူတင်သွင်းတဲ့ ပစ္စည်းတွေမှာ သူ့ရဲ့နာမည်အတိုကောက်   US ဆိုတဲ့တံဆိပ်ရိုက်လေ့ရှိတယ်။ US ကိုအရှည်ပြန်လိုက်ရင် Uncle Sam လို့လဲပြောလို့ ရသလို၊ United States လို့လည်းပြန်လို့ရတယ်။ အဲဒီအချိန်ကစပြီး Uncle Sam ဆိုရင် အမေရိကန်နိုင်ငံရဲ့ သင်္ကေတ(အထူးသဖြင့် စစ်ဖြစ်ပွားချိန်မှာ)ဖြစ်လာပါတော့တယ်။


24/7

အချိန်ပြည့်၊ အမြဲတမ်းရရှိနိုင်သော၊ ရပ်နားခြင်းမရှိ စတဲ့အဓိပ္ပါယ်တွေနဲ့သုံးပါတယ်။

1) In New York City, a lot of stores are open 24/7.

2) I had to move because my neighbors played loud dance music 24/7.


အမေရိကား စတဲ့ ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံကြီးတွေမှာ လိုချင်တာကို လိုချင်တဲ့အချိန်မှာ အလွယ်တကူ ၀ယ်ယူနိုင်စေရန် စတိုးဆိုင်ကြီးတွေ၊ ကုန်တိုက်ကြီးတွေကို တစ်ရက်မှာ ၂၄ နာရီ၊ တစ်ပတ်မှာ ခုနှစ်ရက်လုံးလုံး အမြဲမပြတ်ဖွင့်ထားပေးတာက စပြီး သုံးလာလိုက်တာ အခုဆိုရင် အမြဲမပြတ်ရနိုင်လုပ်နိုင်တဲ့အရာတွေကို ရည်ညွှန်းပြောဆိုရာမှာ 24/7 လို့သုံးနေကြပါပြီ။ သူနဲ့အဓိပ္ပါယ် တူတဲ့နောက် စကားလုံးကတော့ Around the clock ပါပဲ။

Love Handles
စကားလုံးတွေကြည့်ပြီး အတွေးတစ်မျိုးတော့ပေါက်မသွားပါနဲ့ဦး။ အသက်ကလေးနည်းနည်းရလာလို့ပဲဖြစ်ဖြစ်၊ ဘီယာသောက်လို့ဆိုပဲဖြစ်ဖြစ် ယောက်ျားလေးတို့ ခါးတစ်ဝိုက် ထွက်လာတဲ့အဆီပိုလေးတွေကိုပြောတာပါ။
ဥပမာ-
1) I need to exercise more -- my love handles are growing!

မိန်းကလေးတွေ ကိုယ့်ချစ်သူရည်းစားကိုဖက်တဲ့အခါမှာ ခါးကိုဖက်လေ့ရှိတယ်မဟုတ်လား။ အဲဒီကစတာပေါ့။

 

ဇာနည်(MyWay!)

Read more on my blog.

Views: 3700

Reply to This

Replies to This Discussion

Thanks a lots!

thanks

thz for sharing knowledge, bro

Thanks.

Thanks u so much!

ကျေးဇူးအများကြီးတင်ပါတယ်

ကျေးဇူးတင်ပါတယ်
Thank a lot
Can send later.
thank u so much....
ကျေးဇူးတင်ပါတယ်
Thanks

Thanks

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service