Jonathan Seagull ဆိုတဲ့ စာအုပ်လေး အကြောင်း ဖတ်ဖူးတဲ့ လူများရှိကြရင်လေ ဆွေးနွေးပြန်ချင်လွန်းလို့ပါ။ အကြောင်းပြန်ကြပါအုန်းနော်။
ငှက်ဆိုတာ ပျံရင်နဲ့ သေရတယ်လေ။ လူဆိုတာ ကြံရင်းနဲ့ သေကြတယ်လေ။ ဇင်ယော်လေးခမျာမှာ တဂီးဂီး အဂါးဂါး အော်မည်နေကြတဲ့ မီးခိုရောင်မှိုင်းမှိုင်း အစာ အတွက် ဇင်ယော်ဆိုတာ ပျံတယ်ဆိုတဲ့ ဇင်ယော်အုပ်ကြီး ရဲ့ သင်းကွဲငှက် ဖြစ်ခဲ့ပြီးမှလေ။ လူတွေကလည်း စားဝတ်နေရေး ကလွဲလို့ ဘာအတွက်များ တွေးခေါ်ကြံစည်ကြလို့တုန်း။ ယော်နသံရေ မင်းလည်း ပျံ ပေါ့ကွာ။ ငါလည်း ပျံမယ်လေ။ အတူတူပေါ့နော်။
ကျွန်တော်တို့နဲ့ အတူတကွ ပျံသန်းကြဖို့လဲ ဖိတ်ခေါ်ပါတယ်နော်။

ချစ်တတ်တဲ့
ကြည်ဝေသော်

Views: 522

Reply to This

Replies to This Discussion

e-book လေးပါ တစ်ခါတည်း Attach လုပ်ပေးထားတယ်နော်။
Attachments:
ကောင်းတယ်ဗျာ ..ဒီစာအုပ်လေးကို ငယ်ငယ်ထဲက ဖတ်ဖူးတယ် ..ခုပြန်ဖတ်လိုက်အုံးမယ်နော် နောက်မှဆွေးနွေးတာပေါ့ဗျာ ။။။

မကြည်ဝေသော်..ဖိုင်လေးက ဒေါင်းလော့  မရဘူးဗျ။ waiphyo369@gmail.com ကို ပို့ပေးနိုင်မလား။အားတော့နာပါတယ်

စာအုပ်တော့မဖတ်ဖူးပေမဲ့ နဲနဲပါးပါးတော့ သူငယ်ချင်းကပြောလို့ကြားဖူးပါတယ်။ စာပေကိစ္စတွေဆွေးနွေးရတာကျွန်တော်လဲဝါသနာပါပါတယ်။

 

ယောနသန်ကို ပြောကြတယ်လေ။ ပျံတယ်ဆိုတာ အစာရဖို့ပဲတဲ့လေ။ ကျန်တဲ့ဇင်ယော်တွေ အတွက်ကတော့ ယောနသန် လုတ်နေတာတွေဟာ အပိုတွေပဲပေါ့။ နောက်ဆုံး အချိန်အထိတိုင်အောင်ပါပဲ၊ ဇင်ယော်တွေ တော်တော်များများ ဟာ ယောနသန်ကို လက်မခံချင်ခဲ့ကြပါဘူး။ 

ဒါပေမဲ့လေ ကျွန်တော်လဲ ယောနသန်ပြန်အလာကို စောင့်နေတဲ့ အထဲမှာ တစ်ယောက်ပဲပေါ့။

NIce......... But.. What will we discuss about?? U start something U R interested in and I will follow. OK.... shoot first...

 

i like that book

 

it is good

 

before you discuss what is your idea for why the author gives the name "Jonathan"

ကျေးဇူးတင်တယ်ဗျာ။ ယခုလိုကောင်းတာတွေကိုတင်ပေးတဲ့အတွက်ပါ။

နောင်လဲ ရှိတာလေးတွေကိုထပ်တင်ပေးစေချင်ပါတယ်။

                ကျွှန်တော်အကြိုက်ဆုံးစာအုပ်လေးပါ ။ ဆွေးနွေးခွင့်ရမယ်ဆိုရင်ဆွေးနွေးချင်ပါတယ်။

 

ခေါင်းဆောင်ဆိုတာတစ်ခါတစ်လေ သင်းကွဲ ဖြစ်တတ်တယ်။ ရှေ့ရောက်လွန်းလို့ပါ။နေမြဲ နေလိုတဲ့စိတ်

ပါတာပေါ့။

လူဆိုတာလေ ကြံရင်းနဲ့ သေကြသတဲ့

ငှက်ဆိုတာလေ ပျံရင်းနဲ့ သေကြသတဲ့

လူတွေ ဘာတွေကို ဘာကြောင့် ကြံစည်တွေးတောနေကြရတာလဲနော်။ ငှက်တွေကကော ဘာအတွက်ကြောင့်များ ဟိုး ကောင်းကင်ကြီးထဲမှာ ပျံသန်း နေကြရတာလည်းလေ။ ဇင်ယော်တွေ ပျံသလို လူတွေ ကြံနေကြတုန်းမှာ ယောနသန် ပျံတယ်လေ။ နေ့နေ့ ညည သူပျံတယ်လေ။ သူပျံတာလေ အစာအတွက်လည်း မဟုတ်ဘူးတဲ့။ နေရာ အတွက်လည်း မဟုတ်ဘူးတဲ့။ သူဘာလို့များ ပျံသလဲနော်။ လူတွေလည်း ဘာထူးလို့တုန်း အစားအစာအတွက်လား၊ နေရာထိုင်ခင်း အတွက်လား၊ အခြားသော ရူပက အလင်္ကာတွေ အတွက်လား။ ကြံကြတာလေ။ တွေးကြတာလေ။ လောဘမပါတဲ့ အကြံ၊ မောဟမပါတဲ့ အကြံ၊ ဒေါသမပါတဲ့ အကြံ တွေကို ယောနသန်လေး ပျံသလို ဘယ်သူတွေများ ကြံကြမလဲနော်။ ကုသိုလ် အတွေးလေးတွေပေါ့။ ယောနသန်နဲ့ အတူ ကျွန်တော် ပျံနေတုန်း အားလုံးကိုလည်း ပျံစေချင်တယ်လေ။

 

ချစ်တတ်တဲ့

ကြည်ဝေသော်

PS- ကျွန်တော်၏ အရေးအသား ပျောပျောင်းမှူတို့ကြောင့် ဖုန်းကညာတပါး လုံးရာက ပျားခဲ့ရပါသည်။ အမှန်စင်စစ် ကြည်ဝေသော်သည် အမျိုးကောင်းသား တစ်ဦး ဖြစ်ပါသည်။ ပြင်ပနာမည် အရင်းလည်း ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။

thanks,for your poem.

the old information is before ago.

now i forget it.........:P

that why, i'm sorry.

i can't discussion for u.

be happy all friends.

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service