သန်းခြောက်ဆယ်ထဲက စာမဖတ်သူတို့ အကြောင်း

မိတ်ဆွေ စာရေးဆရာ တစ်ယောက်ရဲ့စာအုပ် ရုပ်သံတစ်ခုရဲ့ အရောင်းရဆုံး Top Ten စာအုပ်စာရင်းမှာ ပါလာတာ တွေ့ရလို့ သူ့ကို ဝမ်းသာတဲ့ အကြောင်း မုဒိတာစကား ပြောလိုက်တော့ သူက ပြုံးပဲနေတယ်။  သူပြုံးနေတဲ့ပုံက အသက်မပါသလို ဖြစ်နေတဲ့အတွက်  ကျေးဇူးတင်ပါတယ်ဆိုတဲ့ တုံ့ပြန် စကားလေးတောင် ပြောမလာတဲ့ သူ့ကိုကြည့်ပြီး စာရေးသူမှာ အံ့သြသွားရပါတယ်။ ကိုယ့်ဆရာ ဘယ်လို ဖြစ်နေတာပါလိမ့် လို့လည်း  တွေးလိုက်မိတယ်။ “စကားလေးလည်း ပြန်ပြောစမ်းပါဦး ဆရာရယ်။ ဆရာ့ကို ကြည့်ရတာ ဝမ်းသာစရာ ပြောတာတောင် ဝမ်းမသာသလို ဖြစ်နေတယ်” လို့ စာရေးသူ ဆိုလိုက်တော့ သူကအားမပါတဲ့ လေသံနဲ့ ခပ်တိုးတိုးလေးပဲ ပြန်ပြောတယ်။  “အထင်မကြီးစမ်းပါနဲ့ဗျာ၊ ပြောရမှာတောင် ရှက်ပါတယ်” လို့ဆိုတယ်။

 

ဆက်ပြီးတော့ သူက  “ဆရာလည်း စာအုပ်တွေရေးနေ၊ ကိုယ်တိုင်လည်း ထုတ်နေတာပဲ။ သိမှာပေါ့။ အရင်က စာအုပ်ဈေးကွက်နဲ့ ဒီကနေ့ စာအုပ်ဈေးကွက် အနေအထားကို”  လို့ ပြောလိုက်တော့မှာပဲ စာရေးသူ သဘော ပေါက်သွားရတယ်။ ဒါကိုတော့ စာရေးသူ သိသလို စာအုပ် ထုတ်ဝေသူတွေလည်း သိပါတယ်။ စာအုပ်တွေ တစ်နှစ်ထက်တစ်နှစ် ရောင်းအား ကျလာတယ် ဆိုတာကို။ တချို့ဆို စာအုပ်တွေကို လျှော့ထုတ် လာကြတယ်။ ဖြစ်နိုင်မယ်လို့ ထင်တဲ့ စာအုပ်လောက်ကိုပဲ ရွေးပြီး ထုတ်ကြတယ်။ ရသလိုင်းကိုပဲ ကြည့်ကြည့်၊သုတလိုင်းကိုပဲ ကြည့်ကြည့်၊ စာအုပ် ထုတ်ဝေသူက ညည်းနေသလို စာအုပ် အငှားဆိုင်တွေလည်း တစ်ဆိုင်ပြီးတစ်ဆိုင် ဆက်မရပ်နိုင်တော့လို့ နိဋ္ဌိတံ လိုက်ရတာတွေ၊ စာအုပ်ရောင်းဆိုင် တချို့နဲ့ စာအုပ်မျိုးစုံ ဖြန့်နေတဲ့ စာအုပ် ဆိုင်ကြီးတွေပါ ရပ်သွား၊ နား သွားရတာတွေ စိတ်မကောင်းစရာ တွေ့နေမြင်နေတော့၊ မိတ်ဆွေ စာရေးဆရာကိုတော့ ဘာမှမပြောတော့ဘဲ ကိုယ့်အတွေးနဲ့ကိုယ်သာ စာရေးသူ ငြိမ်နေမိပါတော့တယ်။ အဲဒီနောက်သူက ဒီအကြောင်းကို ဆက်မပြောတော့ဘဲ တခြားအကြောင်းတွေကို ပြောင်းပြီး ပြောနေတဲ့အတွက် စာရေးသူလည်း သူပြောတာ နားထောင်ပြီး ပြန်ပြောနေရပါတယ်။ ဒါပေမဲ့ ခေါင်းထဲမှာတော့ စောစောက ပြောခဲ့ကြတဲ့ စာအုပ်ဈေးကွက်နဲ့ ပတ်သက်တာတွေကတော့ ပျောက်မသွားပါ။ သူနဲ့လမ်းခွဲလာပြီးတဲ့ နောက်မှာလည်း ဒီအကြောင်းတွေကိုပဲ ဆက်တွေးလို့မဆုံး ဖြစ်နေရပါတယ်။

 

ဟုတ်ပါတယ်။ ဒီကနေ့ စာရေးသူတို့ စာပေလောကရဲ့ အခြေအနေ၊စာအုပ်ဈေးကွက်ရဲ့ အနေအထား။ ပကတိအရှိကို အရှိအတိုင်း အမှန်ကို အမှန်တိုင်း ရေးရမယ်ဆိုရင်တော့ တော်တော်လေးကို စိတ်မကောင်းစရာ စိတ်မချမ်းသာစရာ တွေနဲ့ပါ။ ဂျာနယ်တွေမှာလည်း ဖတ်ခဲ့ရပြီးပါ ပြီ။ စာအုပ်ဆိုင်တွေကို လေ့လာချက်အရ စာအုပ် အရောင်းတွေ လေးဆယ် ရာခိုင်နှုန်းလောက် ကျသွားတယ်ဆိုတဲ့ သတင်းတွေ၊ ဆိုင်တော်တော် များများလည်း ဆိုင်ခန်းနဲ့ဝန်ထမ်းခ ကျေအောင်တောင် မနည်း လုပ်နေရတယ် ဆိုတာတွေ။ ဆရာလူထုစိန်ဝင်းကလည်း ပြီးခဲ့တဲ့ နှစ်တုန်းက ဂျာနယ်တစ်စောင်မှာ ရေးခဲ့ပါတယ်။ “စာအုပ်ရေနှစ်ရာ၊ သုံးရာကုန်အောင်တောင် အနိုင်နိုင် ရောင်းချနေတာကို စာပေခေတ် တစ်ခေတ် ဖြစ်ပြီလို့ မပြောသင့်ပါဘူး” ဆိုတဲ့ စာပေဆိုင်ရာ ဆောင်းပါး ဖြစ်ပါတယ်။ ရေးမယ်ဆိုရင် စာအုပ်တွေ ထွက်လာခဲ့ပေမယ့် ဆရာလူထုစိန်ဝင်း ရေးသလို အုပ်နှစ်ရာ၊ သုံးရာလောက်ပဲ ရောင်းရတဲ့ စာအုပ်တွေက  ရာခိုင်နှုန်းနဲ့ ကြည့်ရင် ကိုးဆယ် ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ဒီကနေ့ အချိန်မှာ အုပ်ရေကိုးရာ၊တစ်ထောင်လောက် ကုန်တဲ့စာအုပ်ဆိုရင် အောင်မြင်တယ်လို့ ဆိုရပါမယ်။ ရှားရှားပါးပါး အုပ် ထောင့်ငါးရာ၊ နှစ်ထောင်၊ နှစ်ထောင့်ငါးရာလောက် ကုန်သွားတဲ့ စာအုပ်ကိုရေးတဲ့ စာရေးဆရာ ကိုတော့  Best Seller လို့ ပြောရမှာ ဖြစ်နေပါပြီ။ သူများကြားရင် ရှက်စရာပါ။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆို ထိုင်းစာရေးဆရာတွေ ရေးတဲ့ အောင်မြင်တဲ့စာအုပ်တွေက အနည်းဆုံး အုပ်နှစ်သောင်းလောက် ကုန်တယ်လို့ လေ့လာသိရှိ ရပါတယ်။ သူတို့ဆီမှာ သတင်းစာတွေ၊ ဂျာနယ်တွေကလည်း များတယ်။ စာအုပ်တွေကလည်း များတယ်။ ဒါပေမဲ့ သူတို့တွေက သူတို့ဘာသာနဲ့ ရေးတဲ့သူတို့ စာတွေကို ဖတ်ကြပါတယ်။ ဖတ်အား ကောင်းတယ်လို့ ပြောရပါမယ်။

 

ဒီကနေ့ နိုင်ငံလူဦးရေက သန်းခြောက်ဆယ်လောက် ရှိနေပါပြီ။ ရန်ကုန်တင် လူဦးရေက ခြောက်သန်းလောက် ရှိပါတယ်။ စာအုပ်တွေကို လူတစ်သိန်း တစ်ယောက်ပဲ ဖတ်တယ်ထားဦး။ အနည်းဆုံး အုပ်ခြောက်ရာ လောက်တော့ ကုန်ရမှာပေါ့။ အခုတော့ လူတစ်သိန်းမှာ တစ်ယောက်တောင် စာမဖတ်သလို ဖြစ်နေပြီ။ လူဦးရေသာ တိုးလာတယ်။ စာဖတ်တဲ့အားက တိုးမလာဘဲ ပိုပိုကျလာတယ်လို့ ပြောရမယ်။ ဒါဟာမြစေတီက စခဲ့တဲ့ ယဉ်ကျေးမှုကို ပေးတဲ့၊ အလိမ္မာကို ပေးတဲ့၊ အသိပညာ ကြွယ်ဝမှုကို ပေးခဲ့တဲ့ မြန်မာစာပေ လောကရဲ့ ရှေ့အနာဂတ် အတွက် တွေးကြည့်ရင် စိတ်မကောင်းစရာနဲ့ ရင်လေးစရာတွေ ဖြစ်နေပြီလို့သာ ပွင့်ပွင့်လင်းလင်း ဆိုပါရစေတော့။ နိုင်ငံတစ်နိုင်ငံမှာ စာပေက အသက်ပဲ။ အမျိုးသား ယဉ်ကျေးမှုမှာ  စာပေက ထိပ်ဆုံးကပဲ။ စာပေမြင့်မှ လူမျိုးမြင့်မှာ၊ စာပေမြင့်မှ လူမျိုးဂုဏ်တင့်မှာ၊ စာအုပ်တွေကသာ လူတွေကို အသိပညာ၊ အလိမ္မာနဲ့ လူ့ဦးနှောက် အဆင့်ကို မြှင့်တင်တဲ့ ကျိုးကြောင်း မြော်မြင်နှိုင်းချိန် နိုင်တဲ့မှန်ကန်တဲ့ အတွေးအမြင်ကို ပေးမယ်။ စာမဖတ်ကြတော့ ဘာဖြစ်ပါသလဲ။ သုတဆည်းပူး ဖြည့်မှုဆိုင်ရာ သညာသိရော၊ ထိုးထွင်း သိနိုင်တဲ့ ပညာသိရော မရှိတဲ့ နလပိန်းတုံးတွေ များသထက် များလာတာပေါ့။ စကားပြောကြည့်လိုက်ရင် ဘာမှမသိ၊ အပေါ်ယံသိတာ ကြားတာလေးလောက်ကိုပဲ အဟုတ်ထင်။ ဒီနေရာမှာ ကြုံရပုံလေး တစ်ခုကိုလည်း ရေးချင်ပါသေးတယ်။ တလောက မိတ်ဆွေ ပင်စင်စား တစ်ယောက်နဲ့ တွေ့ပါတယ်။ သူကအရာရှိဘဝနဲ့ ထွက်လာတာပါ။ သူကစာရေးသူ စုဖုရားလတ် မိဖုရားနဲ့ ပတ်သက်ပြီး စာအုပ်ရေးတာသိလို့ အဲဒီမိဖုရားအကြောင်းကို သူ့မိတ်ဆွေတွေ ရှေ့မှာ ပြောလာပါတယ်။ “ကျွန်တော် သိသလောက်ကတော့ စုဖုရားလတ်က မသေခင်မှာ တော်တော် ချို့တဲ့ဆင်းရဲတာပဲနော်။ သူ့ခြံထဲက ပန်းကလေးတွေကို ခူးပြီး၊ သူကိုယ်တိုင် ဗန်းကလေးနဲ့ ထွက်ရောင်း ရတယ်ဆိုပဲ” တဲ့လေ။ သူပြောလိုက်တာ အဲဒီလို ယုတ္တိမဲ့တဲ့ စကားတွေ။

 

ရှိပါသေးတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလက၊ ရန်ကုန်လိုမြို့မှာ နေနေတဲ့ ခေတ်လူငယ် တချို့ရဲ့ဖြစ်ပုံကို ပြောတာပါ။ ဂျာနယ်တစ်စောင်က လူငယ်ဂီတသမား တစ်ဦးကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့အမြင်ကို မေးတာပါ။ သူဖြေတာက ဒီလိုပါ။ “နိုင်ငံရေးတွေ ဘာတွေတော့ ကျွန်တော်မသိဘူး။ နားလည်း မလည်ဘူး။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့က ဂီတသမားဆိုတော့ သီချင်းတွေကို လွတ်လွတ်လပ်လပ် ရေးချင်တယ်။ ဆိုချင်တယ်။ အဲဒီလို ဖြစ်လာရင်တော့ ကောင်းမယ်လို့ ထင်တာပါပဲ” တဲ့။ ကျန်တဲ့ လူတချို့ကိုတော့ ရေးမပြတော့ပါဘူး။ သူတို့တွေဟာ အနာဂတ်ကို ဦးဆောင်ရမယ့် လူငယ်တွေပါ။ ဒါပေမဲ့ စာမဖတ်ကြဘူး ဆိုတာကတော့ လူတစ်ယောက် စကားပြောလိုက်တာနဲ့ သူ့အဆင့်က သိရသလို သိသာထင်ရှား နေပါတယ်။ နယ်တွေ ရောက်သွားလည်း  ဒီအတိုင်းပါပဲ။ တော်တော် များများ နာမည်ကြီး မဂ္ဂဇင်း၊ ဂျာနယ်တွေကတောင် မသိကြပါဘူး။ မကြားဖူးကြပါဘူး။ နိုင်ငံလူဦးရေ သန်းခြောကဆယ်နဲ့ ကြည့်ရင် အိမ်ထောင်စုတွေ အများကြီးပါ။ ဒါပေမဲ့ ဘယ်အိမ်၊ ဘယ်မိသားစုတွေ စာအုပ် ဝယ်ဖတ် ပါသလဲ။ စာအုပ် ဝယ်ဖတ်တယ်ဆိုတဲ့ အိမ်အလွန်ရှားပါတယ်။

 

စာအုပ်တွေ ဈေးကြီးလို့ ဝယ်မဖတ် နိုင်တာလည်း မဟုတ်ပါဘူး။ စာအုပ် အငှားဆိုင်တွေမှာ ငှားမဖတ်နိုင်တာလည်း မဟုတ်ပါဘူး။ စာအုပ် အရောင်းဆိုင်တွေ၊ အငှားဆိုင်တွေ မှာသာ လူမစည်တယ်။ ရုပ်ရှင်ရုံတွေ၊ ဗီဒီယိုရုံတွေ၊ ဖိုးချစ်တို့၊ ဟန်ဇာမိုးဝင်းတို့ ရုံတွေမှာတော့ လူတွေ စည်နေ ပါတော့တယ်။ လိုက်ဖ်ရှိုးပွဲတွေ သီချင်းဆိုတာတွေ ကျတော့ လက်မှတ်တစ်စောင် သောင်းချီလည်း ကြည့်ကြတာပါပဲ။ စာရေးသူတို့ လူမျိုးက ဆင်းရဲ ဆင်းရဲ၊ ချမ်းသာ ချမ်းသာ အပျော်ကတော့ အလွန်မက်ပါတယ်။ မဟုတ်တာဆို အကုန် အတုယူပါတယ်။ တလောက ကွယ်လွန်သွားပြီ ဖြစ်တဲ့ စာရေးဆရာကြီး တစ်ယောက် အတွက် အမှတ်တရပွဲ ကျင်းပတာမှာ အဲဒီပွဲကို ဦးဆောင် စီစဉ်တဲ့ စာရေးဆရာက ပြောပါတယ်။ သူ့ရပ်ကွက်ထဲမှာ သူအခမဲ့ စာကြည့်တိုက်လေး တစ်ခု ဖွင့်ထားတဲ့ အကြောင်း၊ ဒီကနေ့အချိန်မှာ စာမဖတ်သူတွေ များသထက် များလာတဲ့အတွက် လုပ်ရတာ ဖြစ်ကြောင်း၊ “စာမတတ်သူ ပပျောက်ရေး” လုပ်သလို၊ “စာမဖတ်သူ ပပျောက်ရေး” တွေကိုလည်း လုပ်ကြဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောသွားတဲ့ အတွက် အဲဒီပွဲကို တက်လာကြတဲ့ စာရေးသူ အပါအဝင် စာရေးဆရာတွေ အားလုံး စိတ်မကောင်း ဖြစ်ကြရပါတယ်။ မှန်ပါတယ်။ စာမဖတ်သူ ပပျောက်ရေးပါ။ ဒါသိပ်အရေးကြီးနေပါပြီ။

 

Reference: ဟိန်းဇေ (Popular Journal)

 


Peaceangel ပေးပို့လိုက်တဲ့ audio comment file ကိုအားလုံးနားထောင်နိုင်ရန်တင်ပေးလိုက်ပါတယ်။ အခြားအသင်းဝင်များမှ audio file များပေးပို့လိုပါက myanmarnetwork.net@gmail.com သို့ mp3 format ဖြင့်ပေးပို့နိုင်ပါသည်။ (Admin Team)

 

Audio comment file အား online မှနားထောင်လိုပါက မျှားအားနှိပ်၍ နားထောင်နိုင်ပြီး mp3 အနေဖြင့် download လုပ်လိုပါက ဤနေရာတွင် ဆွဲယူနိုင်ပါသည်။

 

 

Views: 845

Reply to This

Replies to This Discussion

လူတွေ စာဖတ်ကြတာ အကြောင်း အမျိုးမျိုးရှိတယ်လေ။ ပျင်းလို့ဖတ်တာ၊ လိုအပ်လို့ဖတ်တာ၊ စိတ်ဝင်စားလို့ဖတ်တာတွေလိုမျိုးပေါ့။ တစ်နေကုန် အလုတ်များနေတဲ့ လူတွေ အတွက်ကတော့ စာဖတ်ဖို့ အချိန်ဘယ်ရှိပါ့မလဲနော်။ တစ်နေကုန် ပင်ပန်းလာတဲ့ လူတွေဟာ ဒီလိုခေတ်မျိုးမှာ ဘယ်သူက စာဖတ်နေတော့မှာလည်း။ အင်တာတိမ်းမက် မီဒီယာတွေက တစ်နေ့တခြား များလာပြီလေ။ တစ်နေ့တခြား ကမ္ဘာကြီးက ပိုပြီး ကြပ်တည်းလာလေလေ လူတွေက ပိုပြီး ကြိုးစား ပိုက်ဆံရှာရလေလေ ဖြစ်နေတော့ ဒီနေ့ခေတ်လူတွေရဲ့ စိတ်ဖိအား ပေးခံရတာတွေက ပိုကြီးလာပြီလေ။ နောက်ပြီး စာမဖတ်ဖြစ်တဲ့ လူအများစုက အောက်ခြေ လူတန်းစားတွေ မဟုတ်လား။ သူတို့ခမျာမှာလေ တစ်နေကုန်တစ်နေခမ်း လူတပါး ခိုင်းတာတွေ လုတ်ခဲ့ရလို့ ပင်ပန်းရတဲ့ကြားမှာလေ ဟိုဟာလုတ်ပါလား၊ ဒီဟာ လုတ်ပါလားနဲ့ ဆရာကြီးလုတ်လုတ်နေတတ်တဲ့ မက်ဂဇင်းတွေ စာအုပ်တွေ ဖတ်မဲ့ အစား အပင်ပန်းပြေရာပြေကြောင်းလေးပဲ ရှာဖွေတော့မှာပေါ့လေ။ စာမဖတ်သူ ပပျောက်ရေးတဲ့လား။ စာအုပ်တစ်အုပ်တန်ဖိုး မပြောနဲ့နော် အငှားခကတောင် ဒီလောက်ဈေးကြီးနေတာလေ။ အားကိုးရလောက်တဲ့ စာကြည့်တိုက်တွေလည်း လိုဦးမှာပေါ့နော်။ ကျွန်တော်ပြောတာကလေ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေရဲ့ ခံစားချက်ကလေးတွေပါ။ အမှား ပါရင်လည်း တောင်းပန်ပါတယ်နော်။

 

ချစ်တတ်တဲ့

ကြည်ဝေသော်

မှန်တယ်ဗျို့...

စာအုပ်ကောင်းတွေတော့ ဖတ်ချင်ပါတယ်... မဝယ်နိုင်တာဆိုးတယ်... အလကားပေးဖတ်ရင်တောင် အချိန်လိုသေးတယ်... မဖြစ်နိုင်ပါဘူးဗျာ

အစ်ကိုကတော့ သနားစရာဖြစ်နေပြီထင်တယ်။ ကျွန်တော့်လိုပေါ့။

မ၀ယ်နိုင်တာပဲဖြစ်မယ်ဗျ။ အလကားရတောင် ဖတ်ချိန်မရှိတာတော့ မဟုတ်လောက်ဘူး။

အရမ်းအလုပ်များတဲ့ ပြည်တွင်းပြည်ပက ပညာရှင်တွေ၊ ပါမောက္ခတွေတောင် တစ်အုပ်

ပြီးတစ်အုပ်ရေးနေကြတာကို။ ကျွန်တော်တော့ စာအုပ်ကောင်းတွေမဖထ်နိုင်လောက်အောင်မအားပေမယ့်

ကာတွန်းတို့၊ သိုင်းဝတ္ထုတို့ဖတ်ဖြစ်တယ်ဗျ။

 

 

ကိုကြည်ဝေသော်

အခုလို့ကော့မက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်...အကိုကလည်း အကို့အမြင်.အကို့ဝေဖန်ချက်အတိုင်းပြောဆိုထားသလို အကိုပြောတာလည်းမှန်သင့်သလောက်မှန်တယ်လို့ညီမ လက်ခံပါတယ်...

ညီမဒီပို့စ်ကို တင်လိုက်ရတဲ့ရည်ရွယ်ချက်က စာပေချစ်တဲ့လူတန်းစားနဲ့ ဒီအထက်ပါအကြောင်းအရာကိုဖတ်မိပြီး စာဖတ်ခြင်းရဲ့အခန်းကဏ္ဏဟာအရေးကြီးပါလားဆိုပြီး စာအုပ် စာပေတန်ဖိုးကို တန်ဖိုးထားတတ်လာမဲ့သူတွေကိုရည်ရွယ်ထားပါတယ်..မူလဒီစာကိုရေးတဲ့သူရဲ့ရည်ရွယ်ချက်ကလည်း ဒီလိုဘဲဖြစ်မယ်လို့ညီမထင်ပါတယ်...

အကိုပြောထားသလိုပါဘဲ..အခုခေတ်မှာနည်းပညာတွေတိုးတက်လာတယ်ဆိုတော့ စာအုပ်လို့ပြောပေမဲ့ စာဖတ်ဖြစ်ဖို့ကအရေးကြီးတယ်လေ..အင်တာနက်မှာဖတ်ဖတ်... စာအုပ် စာစောင်တွေကိုဘဲဖတ်ဖတ်..ကိုယ့်ရဲ့ကွန်ပျုတာထဲမှာဘဲဖတ်ဖတ် ဖတ်ဖြစ်ဖို့ကအရေးကြီးပါတယ်...ဒါလေးကိုတော့ ကိုယ့်အသိစိတ်နဲ့ကိုယ်ဖြည့်တွေးလိုက်ရင် စာရေးသူရဲ့စေတနာကို အကိုနားလည်မှာပါ...

ပြီးတော့အကိုပြောသလိုပါဘဲ..လူတွေဟာတနေ့တနေ့ ရုန်းကန်နေရတယ်..စိတ်ဖိအားပေး..စိတ်ဖိစီးမူ့တွေကြောင့် စာဖတ်ချိန်မရ..စာမဖတ်ချင်ကြတော့ပါဘူးလို့ပြောထားတယ်... ညီမ မြင်တာကတော့လေ.. စာကိုတကယ်ဖတ်ချင်ရင် အချိန်နဲ့နေရာမရွေးပါဘူး... ကုမ္ပဏီဝန်ထမ်းတွေဆိုရင်လည်း..ကားစောင့်ရင်း..ကားပေါ်မှာ (ထိုင်စရာနေရာရခဲ့ရင်ပေါ့လေ)... အလုပ် break time ယူတဲ့အချိန်မှာ... ကိုယ်ပိုင်အလုပ်လုပ်တဲ့သူတွေ...့ ဈေးရောင်းတဲ့သူတွေ..တချို့လူကြီး..လူငယ်တွေ..ဆေးလိပ်သောက်ဖို့အတွက်..ကွမ်းစားဖို့အတွက်..ဂိမ်းဆိုင်မှာဂိမ်းဆော့ဖို့အတွက် သုံးမဲ့အစား မိမိဘဝအတွက်အကျိုးရှိမဲ့စာကောင်းပေကောင်းတွေကို ဝယ်ဖတ်လိုက်ရင် သူတို့ဘဝအတွက် အကျိုးရှိလာမှာဘဲ...အရင်ဆုံးသူ့ဘဝတိုးတက်လာမယ်..ပြီးနောက်မိသားစု တိုင်းပြည်တိုးတက်လာမယ်....

မရှိလို့မဖတ်..မဖတ်တော့မသိ... ပျင်းလို့မဖတ်..မဖတ်တော့မသိ...ဒီလိုလူတွေများလာလို့ အသိဥာဏ်တွေဆုတ်ယုတ်လာပြီး အညွန့်တုန်း..အသိဥာ့ဏ်တုန်းတဲ့သူများလာရင် ဘယ်သူတွေထိခိုက်မလဲနော်အကို...

သူများနိုင်ငံမှာ တကယ်အားကျဖို့ကောင်းပါတယ်..သူတို့လောက်စိတ်ဖိစီးမူ့များပြီး အလုပ်များတဲ့သူ ဘယ်သူများရှိမလဲနော်...ကလေးလေးကမှ အစစာအုပ်လေးတွေကို အချိန်ရရင်ရသလိုဖတ်တတ်ကြတာတွေ့ရတယ်..ဒါတွေဟာ ညီမတို့လူမျိုး..ညီမတို့နိုင်ငံက တချို့သောလူတွေနဲ့ကွာဟချက်ပါဘဲ...

အကိုပြောတဲ့အထဲမှာ အားကိုးရတဲ့စာကြည့်တိုက်တွေလိုတယ်ဆိုတာကို လည်းညီမသဘောတူပါတယ်...စာပေချစ်တဲ့သူတွေ..တတ်နိုင်တဲ့သူတွေက စာဖတ်တဲ့အကျင့်ကောင်းလေးတွေရလာဖို့..မတတ်နိုင်လို့စာမဖတ်ရတဲ့သူတွေအတွက် တပိုင်တနိုင်စာကြည့်တိုက်လေးလုပ်ပေးတာတို့ ဒီလိုလေးတွေ ဖြစ်လာနိုင်အောင် ဝိုင်းဝန်းအားဖြည့်ပေးနိုင်ပါစေလို့မျှောင်လင့်ပါတယ်...

စာဖတ်ပြီး အသိပညာဗဟုသုတတွေရလို့ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးကိုခံစားစေချင်တာကိုရည်ရွယ်ပြီး သတိပေးတိုက်တွန်းတဲ့အနေနဲ့ဒီပို့စ်ကိုပြန်လည်ဝေမျှလိုက်တာပါ..အမှားများပါခဲ့ရင်လည်း ခွင့်လွတ်သည်းခံပေးပါလို့တောင်းဆိုပါတယ်...ကျေးဇူးတင်ပါတယ်ရှင်...

ကျေးဇူး အများကြီး တင်ပါတယ်။ ဟုတ်ပါတယ်။ မဖတ်လို့ မသိ၊ မသိလို့ မဖတ်နဲ့ ဒီလိုပဲ သံသယာလည်နေကြတာကို ရပ်ပစ်ဖို့ လိုပါတယ်။ ကျွန်တော် ထင်တယ်လေ လူတွေစာဖတ်စေချင်ရင် စာရေးတဲ့လူတွေကလည်း ဖတ်လို့ ကောင်းတဲ့ စာတွေကို ရေးကြရမှာပေါ့။ စာဖတ်သူတွေဘက်ကလည်း စာပေကို စိတ်ဝင်စားမှူတွေ လျော့နည်း လာခဲ့ကြရတာဟာ ခေတ်နဲ့လည်း ဆိုင်နေသလို စာရေးသူတွေနဲ့လည်း ဆိုင်မှာပေါ့နော်။ စာပေနဲ့ လူထုနဲ့၊ စာပေနဲ့ လက်တွေ့ ဘ၀နဲ့ အတိုင်းအတာ တစ်ခုအထိပဲ လွပ်လတ်မှူ ရှိနေသင့်ပါတယ်။ ရနေ့ခေတ်တွေမှာကလေ စာပေနဲ့ လူထုနဲ့ တဖြည်းဖြည်း ဝေးကွာလာနေတာကို တွေ့ကြရမှာပါ။ 

အထူသဖြင့် ကျွန်တော်တို့ နိုင်ငံမှာလေ အင်တာနက်ကဟာတွေကူးချ၊ ဂါးဒီယန်းက ဟာတွေကူးချ၊ နက်ဂျီအိုကဟာတွေကူးချ၊ နိုင်ငံခြား မက်ဂဇင်း တွေကဟာတွေ ကူးချနဲ့ လက်တွေ့ မြန်မာတွေ နေ့စဉ် ကြုံတွေ့ နေကြရတဲ့ ဘ၀တွေ နဲ့ အဖြည်းဖြည်း ဝေးလာကြပြန်ပါတယ်။ နောက်ဆုံး အပျော်ဖတ်စာပေတွေ ကတောင် နိုင်ငံခြား(အထူသဖြင့် အနောက်နိုင်ငံတွေက) ကူးခြ နေကြပြန်တော့ စာဖတ်သူတွေ ဘက်လည်း ပြန်ကြည့်ဦးလေ၊ လူထုနဲ့ မဆိုင်တဲ့ စာပေကို လူထုက ဘယ်လက်ခံ ချင်ကြတော့မလဲနော့်။ 

လူဆိုတာကလည်းလေ ခြုံငုံတွေးခေါ်တတ်ကြတဲ့ သဘောရှိတယ်လေ။ ဒီသဘောပဲလေ အရည်အခြင်း မပြည့်မှီတဲ့ စာပေတွေ များလာလေလေ လူတွေရဲ့ အတွေးတွေမှာ စာပေတွေဟာ အရည်အခြင်း ပြည့်မှီခြင်း နည်းလာလေလေ လို့ ကောက်ချက်ချကြမှာပဲလေ။ ကောင်းတဲ့ စာပေတွေ စာပေပညာရှင်ကြီးတွေကိုလည်း ယုံကြည်မှူတွေ နည်းကုန်ကြတော့တာပေါ့။ 

ကျွန်တော်ဆိုလိုတာကလေ စာပေစီစစ်ရေးတွေကိုလည်း အမျိုးသားရေး အဆင့်အနေနဲ့ တင်းကြပ်စီစစ် သင့်တယ်လို့ ဆိုလိုခြင်တာပါ။ ကျွန်တော်တို့ မြန်မာလူမျိုး တွေ စာပေနဲ့ ပို၍ပို၍ နည်းစပ်လာဖို့ကတော့ ကျွန်တော်တို့ နည်းမျိုးစုံ လိုအပ်ဦးမှာပါ။ ဘယ်သူဘယ်လိုလုတ်လေ၊ ဟိုသူကဟိုလို လုပ်ရမှာပေါ့လို့ အခြင်းခြင်း ပြောနေမဲ့အစားလေ လူတိုင်းလူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေနေကြရင်တော့ လောကကြီးဟာ ဒိထက်ပိုပြီး ကျေနပ်စရာလေး ဖြစ်နေတော့မှာပေါ့လေ။

 

ချစ်တတ်တဲ့

ကြည်ဝေသော်

 

ကိုကြည်ဝေသော် အထက်မှာဆွေးနွေးထားတဲ့အကြောင်းအရာတွေကိုလည်း ညီမလက်ခံပါတယ်....အကိုထောက်ပြထားတဲ့အချက်တွေက လက်ရှိမှာဖြစ်ပေါ်နေတဲ့အနေအထားတွေလေ..                     

ဒီစာဖတ်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကို ဆွေးနွေးမယ်ဆိုရင် အကောင်းဘက်ကနေဖြစ်ဖြစ် အဆိုးဘက်ကနေဖြစ်ဖြစ် ဆွေးနွေးရမဲ့အကြောင်းအရာတွေက များပြားလာမှာပါ.....

အကိုပြောသလိုပါဘဲစာပေရေးသားကြရာမှာ ကိုယ့်နည်းကိုယ့်ဟန် ကိုယ်ပိုင်ဥာဏ်ဖြင့်ရေးနိုင်တဲ့သူတွေတိုးပွားလာရင် အတိုင်းအထက်အလွန်ပေါ့.... ဒါပေမဲ့အကို... ကိုယ်ပိုင်နည်းလမ်းဖြင့်ရေးနိုင်တာက အကောင်းဆုံးဖြစ်သလို တချို့သောသူများကလည်း စာဖတ်သူတွေကောင်းကျိုးကိုရှေးရှူုပြီးကူးယူဖော်ပြတာကိုလည်း ဝမ်းမြောက်သင့်ပါတယ်...  နိုင်ငံအသီးသီးမှစာပေပညာရှင်..ညီမတို့နိုင်ငံက စာပေပညာရှင်တွေလောက်မရေးတတ်တဲ့သူတွေရှိပေမဲ့ အခုလို ကူးယူဖော်ပြတာဘဲဖြစ်ဖြစ်..ကိုးကားရေးသားတာဘဲဖြစ်ဖြစ် ဒါဟာလည်း သူတို့တတ်နိုင်တဲ့ဘက်က စာပေကိုအားဖြည့်ထားပေးထားတာပါဘဲ...

လောကမှာက အကောင်းနဲ့အဆိုးဟာ ဒွန်တွဲနေတာဖြစ်တဲ့အတွက် မကောင်းတဲ့စာပေတွေရှိသလို အကျိုးပြုတဲ့စာပေတွေလည်းရှိတာပါဘဲ.. ဖြစ်နိုင်မယ်ဆိုရင်တော့စာကောင်းပေကောင်းတွေကိုရွေးဖတ်ကြရမှာပေါ့နော်..စာပေမကောင်းတာကိုဖတ်ဖြစ်ရင်တောင် အဲဒီမကောင်းတဲ့အကြောင်းအရာကိုတောင်ပညာယူတတ်မယ်ဆို

ကိုယ့်အတွက် အကျိုးတော့ရှိမှာပါ....

အမရဲ့ ဆွေးနွေးချက်လေးကို ညီမလည်းလက်ခံပါတယ်....စာအုပ်ကို ဖတ်နိုင်ချင်းမဖတ်နိုင်ချင်းဆိုတာထက်

ဖတ်မိတဲ့ စာအုပ်ပေါ်ကကောင်းခြင်းဆိုးခြင်းကို...ပညာယူတတ်ဖို့ကစာဖတ်မိခြင်းရဲ့ အကျိုးကျေးဇူးပါပဲရှင်

i like your post

i read many books for my knowledge and my pleasure .

At the present, i can't read it everyday coz of my work.

whatever, i will participate your plan .

 

Really thanks for ur precious post , and i just want to advise ....

Start from ur closet one for this program "စာမဖတ်သူ ပပျောက်ရေးပါ။ ဒါသိပ်အရေးကြီးနေပါပြီ။"

;)

Sharing together

Thank you so much for your comments, Zin! I had been trying according to your advise to my closet one ...like family members ..then friends...then....so on to all our nation!!! Let's try together with all our best!! Thank you again!!

Best regards,

Peaceangel

:)

သူများနိုင်ငံမှာ တကယ်အားကျဖို့ကောင်းပါတယ်..သူတို့လောက်စိတ်ဖိစီးမူ့များပြီး အလုပ်များတဲ့သူ ဘယ်သူများရှိမလဲနော်...ကလေးလေးကမှ အစစာအုပ်လေးတွေကို အချိန်ရရင်ရသလိုဖတ်တတ်ကြတာတွေ့ရတယ်..ဒါတွေဟာ ညီမတို့လူမျိုး..ညီမတို့နိုင်ငံက တချို့သောလူတွေနဲ့ကွာဟချက်ပါဘဲ...

Read more: သန်းခြောက်ဆယ်ထဲက စာမဖတ်သူတို့ အကြောင်း - Myanmar Network http://www.myanmar-network.net/forum/topics/3423487:Topic:207019#ix...

 

Peace angel ရေးထားတာပါ။ သူများနိုင်ငံတွေဆိုတာကလေ ဘယ်နိုင်ငံတွေကို ပြောတာလဲနော်။ ကျွန်တော်က အောက်ခြေလူတန်းစားက လူတစ်ဦးပါ။ ဒါကြောင့်လည်း ဘယ်နိုင်ငံရောက်ရောက် အောက်ခြေလူတန်းစား တွေရဲ့ ဘ၀ကို နားလည်အောင် ကျွန်တော် လေ့လာခဲ့ပါတယ်။ လူတကာတွေ မသိကြတဲ့ သတိ မထား ထည့်မတွက်ကြတဲ့ လူများစု အောက်ခြေလူတန်းစားတွေ အကြောင်းလေ။ တစ်နေ့ကို သုံးလေးနာရီလောက်ပဲ အိပ်ပြီး အလုတ်လုတ်နေကြရတဲ့ သူတွေ၊ တစ်နေ့လုံး ထပ်ခါတလည်းလည်း ဒီလိုအလုပ်ကိုပဲ တစ်သက်လုံး ဒီလိုပဲ စခန်း ဆက်ကြရတော့မယ့် အတိုင်းကို အလုပ်လုပ် နေကြရတဲ့ သူတွေလေ။ တရုတ်ပြည်မှာလား၊ ကိုရီးယားမှာလား၊ နိုင်ဂျီးရီးယားမှာလား၊ အော်စတြေးလျမှာလား၊ တောင်အာဖရိကမှာလား နိုင်ငံပဲကွဲသွားတာပါ ဘ၀တွေကတော့ အတူတူပဲလေ။ 

စာဖတ်ဖို့ အချိန်ကြတဲ့လူနည်းစုလူတန်းစားကတော့ အချိန်ကြရင် ရလို ကလေးလေးကအစ စာဖတ်ကြမှာပေါ့နော်။ စာဖတ်ဖို့ လိုအပ်တဲ့သူတွေကတော့ အချိန်လုပြီးတော့ စာဖတ်ကြမှာပေါ့။ုအကောင်းကွက်ကလေးတွေကတော့ အတုယူစရာလေးတွေပေါ့။ 

လူတိုင်း စာဖတ်ဖို့ လိုတာပေါ့။ စာပေဆိုတာ ပညာနဲ့ လူသားရဲ့ကြားက ပေါင်းကူး တံတားလေးတစ်ခုပဲလေ။ စာဖတ်တဲ့ လူတွေက စာမဖတ်တဲ့ လူတွေထက်ကို ပိုပြီး ပညာတတ်ကြမှာ သဘာဝပဲလေ။

စာဖတ်ဖို့ တိုက်တွန်းပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တောင်းပန်ပါတယ်။ ကျွန်တော်တို့ အောက်ခြေလူတန်းစားတွေကို တခြားနိုင်ငံကလူတွေနဲ့ နှိုင်းနှိုင်းပြီးတော့ အပြစ်တင် ပုတ်ခတ် တာတွေ မလုပ်ကြဖို့ပါ။ မြေနိမ့်ရာ လှံစိုက်တယ် ဆိုတာ သဘာဝပဲ ဆိုပေမဲ့လေ ချို့တဲ့ မှူတွေကြောင့်အားငယ် နေကြသူတွေ(အပြင်ပန်းတော့ ဘယ်တွေ့မလဲနော့) ကိုဝိုင်းဝိုင်းပြီး ဆရာလုပ်နေကြ၊ အပြစ်ပြော နေကြတာလည်း များနေပါပြီ။ ဒါ့ကြောင့်ကျွန်တော်တို့တတွေလေ ဟိုနိုင်ငံကဟိုလို ဒီနိုင်ငံက ဒီလိုဆိုပြီး နှိုင်းယှဉ် ပြောဆိုနေကြမဲ့အစား လက်တွေ့ လုပ်အားနဲ့ပဲ ကြိုးစား ဆောင်ရွက်ကြပါဆို့နော်လို့။

 

ချစ်တတ်တဲ့

ကြည်ဝေသော်


I did really appreciate what did u mention i just wanna discuss instead of my sis .For me main things depend on someone that  how much he love the books if u really love the book u will find the way that u can read . We r also normal class people like u, there is one more thing when i was working the other country i try to observe the habit of people and then i found it our people needed to be good teamwork . As my opinion when i read the history of our country i found that our country people can't work together coz we tried to establish some of party but it would never long last they have been broken different reason no matter lower class or higher class or educated or not educated that is mean we r lack of that ability . That is without doubt  our people r intelligent but fail to learn good habit form the other people habit.Coz teamwork,group that is most important ,i have been read one book in that book author is saying like that " One grain of sand is nothing but if u collect trillion of sand that kind of amount can make gravity and can happen the tide.U know why the Israel can stand among his enemy there is only reason they team is so strong if u read about the history of Israel u become to know.Some kind of knowledge we can get form the books coz we can't go around world so we can estimate what it is happening the other side of the world how they r thinking , what is their belief that is presented by some authors.But ur right that our country need so many of library but u know what our people did even though u can read the books free of charge they don't wanna to use it nicely some try to thief and some r boring to return the book.The thing is we need to change our habit too.Anyway y r welcome . We can discuss what u r seeing what r u thinking .

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service