သန်းခြောက်ဆယ်ထဲက စာမဖတ်သူတို့ အကြောင်း

မိတ်ဆွေ စာရေးဆရာ တစ်ယောက်ရဲ့စာအုပ် ရုပ်သံတစ်ခုရဲ့ အရောင်းရဆုံး Top Ten စာအုပ်စာရင်းမှာ ပါလာတာ တွေ့ရလို့ သူ့ကို ဝမ်းသာတဲ့ အကြောင်း မုဒိတာစကား ပြောလိုက်တော့ သူက ပြုံးပဲနေတယ်။  သူပြုံးနေတဲ့ပုံက အသက်မပါသလို ဖြစ်နေတဲ့အတွက်  ကျေးဇူးတင်ပါတယ်ဆိုတဲ့ တုံ့ပြန် စကားလေးတောင် ပြောမလာတဲ့ သူ့ကိုကြည့်ပြီး စာရေးသူမှာ အံ့သြသွားရပါတယ်။ ကိုယ့်ဆရာ ဘယ်လို ဖြစ်နေတာပါလိမ့် လို့လည်း  တွေးလိုက်မိတယ်။ “စကားလေးလည်း ပြန်ပြောစမ်းပါဦး ဆရာရယ်။ ဆရာ့ကို ကြည့်ရတာ ဝမ်းသာစရာ ပြောတာတောင် ဝမ်းမသာသလို ဖြစ်နေတယ်” လို့ စာရေးသူ ဆိုလိုက်တော့ သူကအားမပါတဲ့ လေသံနဲ့ ခပ်တိုးတိုးလေးပဲ ပြန်ပြောတယ်။  “အထင်မကြီးစမ်းပါနဲ့ဗျာ၊ ပြောရမှာတောင် ရှက်ပါတယ်” လို့ဆိုတယ်။

 

ဆက်ပြီးတော့ သူက  “ဆရာလည်း စာအုပ်တွေရေးနေ၊ ကိုယ်တိုင်လည်း ထုတ်နေတာပဲ။ သိမှာပေါ့။ အရင်က စာအုပ်ဈေးကွက်နဲ့ ဒီကနေ့ စာအုပ်ဈေးကွက် အနေအထားကို”  လို့ ပြောလိုက်တော့မှာပဲ စာရေးသူ သဘော ပေါက်သွားရတယ်။ ဒါကိုတော့ စာရေးသူ သိသလို စာအုပ် ထုတ်ဝေသူတွေလည်း သိပါတယ်။ စာအုပ်တွေ တစ်နှစ်ထက်တစ်နှစ် ရောင်းအား ကျလာတယ် ဆိုတာကို။ တချို့ဆို စာအုပ်တွေကို လျှော့ထုတ် လာကြတယ်။ ဖြစ်နိုင်မယ်လို့ ထင်တဲ့ စာအုပ်လောက်ကိုပဲ ရွေးပြီး ထုတ်ကြတယ်။ ရသလိုင်းကိုပဲ ကြည့်ကြည့်၊သုတလိုင်းကိုပဲ ကြည့်ကြည့်၊ စာအုပ် ထုတ်ဝေသူက ညည်းနေသလို စာအုပ် အငှားဆိုင်တွေလည်း တစ်ဆိုင်ပြီးတစ်ဆိုင် ဆက်မရပ်နိုင်တော့လို့ နိဋ္ဌိတံ လိုက်ရတာတွေ၊ စာအုပ်ရောင်းဆိုင် တချို့နဲ့ စာအုပ်မျိုးစုံ ဖြန့်နေတဲ့ စာအုပ် ဆိုင်ကြီးတွေပါ ရပ်သွား၊ နား သွားရတာတွေ စိတ်မကောင်းစရာ တွေ့နေမြင်နေတော့၊ မိတ်ဆွေ စာရေးဆရာကိုတော့ ဘာမှမပြောတော့ဘဲ ကိုယ့်အတွေးနဲ့ကိုယ်သာ စာရေးသူ ငြိမ်နေမိပါတော့တယ်။ အဲဒီနောက်သူက ဒီအကြောင်းကို ဆက်မပြောတော့ဘဲ တခြားအကြောင်းတွေကို ပြောင်းပြီး ပြောနေတဲ့အတွက် စာရေးသူလည်း သူပြောတာ နားထောင်ပြီး ပြန်ပြောနေရပါတယ်။ ဒါပေမဲ့ ခေါင်းထဲမှာတော့ စောစောက ပြောခဲ့ကြတဲ့ စာအုပ်ဈေးကွက်နဲ့ ပတ်သက်တာတွေကတော့ ပျောက်မသွားပါ။ သူနဲ့လမ်းခွဲလာပြီးတဲ့ နောက်မှာလည်း ဒီအကြောင်းတွေကိုပဲ ဆက်တွေးလို့မဆုံး ဖြစ်နေရပါတယ်။

 

ဟုတ်ပါတယ်။ ဒီကနေ့ စာရေးသူတို့ စာပေလောကရဲ့ အခြေအနေ၊စာအုပ်ဈေးကွက်ရဲ့ အနေအထား။ ပကတိအရှိကို အရှိအတိုင်း အမှန်ကို အမှန်တိုင်း ရေးရမယ်ဆိုရင်တော့ တော်တော်လေးကို စိတ်မကောင်းစရာ စိတ်မချမ်းသာစရာ တွေနဲ့ပါ။ ဂျာနယ်တွေမှာလည်း ဖတ်ခဲ့ရပြီးပါ ပြီ။ စာအုပ်ဆိုင်တွေကို လေ့လာချက်အရ စာအုပ် အရောင်းတွေ လေးဆယ် ရာခိုင်နှုန်းလောက် ကျသွားတယ်ဆိုတဲ့ သတင်းတွေ၊ ဆိုင်တော်တော် များများလည်း ဆိုင်ခန်းနဲ့ဝန်ထမ်းခ ကျေအောင်တောင် မနည်း လုပ်နေရတယ် ဆိုတာတွေ။ ဆရာလူထုစိန်ဝင်းကလည်း ပြီးခဲ့တဲ့ နှစ်တုန်းက ဂျာနယ်တစ်စောင်မှာ ရေးခဲ့ပါတယ်။ “စာအုပ်ရေနှစ်ရာ၊ သုံးရာကုန်အောင်တောင် အနိုင်နိုင် ရောင်းချနေတာကို စာပေခေတ် တစ်ခေတ် ဖြစ်ပြီလို့ မပြောသင့်ပါဘူး” ဆိုတဲ့ စာပေဆိုင်ရာ ဆောင်းပါး ဖြစ်ပါတယ်။ ရေးမယ်ဆိုရင် စာအုပ်တွေ ထွက်လာခဲ့ပေမယ့် ဆရာလူထုစိန်ဝင်း ရေးသလို အုပ်နှစ်ရာ၊ သုံးရာလောက်ပဲ ရောင်းရတဲ့ စာအုပ်တွေက  ရာခိုင်နှုန်းနဲ့ ကြည့်ရင် ကိုးဆယ် ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ဒီကနေ့ အချိန်မှာ အုပ်ရေကိုးရာ၊တစ်ထောင်လောက် ကုန်တဲ့စာအုပ်ဆိုရင် အောင်မြင်တယ်လို့ ဆိုရပါမယ်။ ရှားရှားပါးပါး အုပ် ထောင့်ငါးရာ၊ နှစ်ထောင်၊ နှစ်ထောင့်ငါးရာလောက် ကုန်သွားတဲ့ စာအုပ်ကိုရေးတဲ့ စာရေးဆရာ ကိုတော့  Best Seller လို့ ပြောရမှာ ဖြစ်နေပါပြီ။ သူများကြားရင် ရှက်စရာပါ။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆို ထိုင်းစာရေးဆရာတွေ ရေးတဲ့ အောင်မြင်တဲ့စာအုပ်တွေက အနည်းဆုံး အုပ်နှစ်သောင်းလောက် ကုန်တယ်လို့ လေ့လာသိရှိ ရပါတယ်။ သူတို့ဆီမှာ သတင်းစာတွေ၊ ဂျာနယ်တွေကလည်း များတယ်။ စာအုပ်တွေကလည်း များတယ်။ ဒါပေမဲ့ သူတို့တွေက သူတို့ဘာသာနဲ့ ရေးတဲ့သူတို့ စာတွေကို ဖတ်ကြပါတယ်။ ဖတ်အား ကောင်းတယ်လို့ ပြောရပါမယ်။

 

ဒီကနေ့ နိုင်ငံလူဦးရေက သန်းခြောက်ဆယ်လောက် ရှိနေပါပြီ။ ရန်ကုန်တင် လူဦးရေက ခြောက်သန်းလောက် ရှိပါတယ်။ စာအုပ်တွေကို လူတစ်သိန်း တစ်ယောက်ပဲ ဖတ်တယ်ထားဦး။ အနည်းဆုံး အုပ်ခြောက်ရာ လောက်တော့ ကုန်ရမှာပေါ့။ အခုတော့ လူတစ်သိန်းမှာ တစ်ယောက်တောင် စာမဖတ်သလို ဖြစ်နေပြီ။ လူဦးရေသာ တိုးလာတယ်။ စာဖတ်တဲ့အားက တိုးမလာဘဲ ပိုပိုကျလာတယ်လို့ ပြောရမယ်။ ဒါဟာမြစေတီက စခဲ့တဲ့ ယဉ်ကျေးမှုကို ပေးတဲ့၊ အလိမ္မာကို ပေးတဲ့၊ အသိပညာ ကြွယ်ဝမှုကို ပေးခဲ့တဲ့ မြန်မာစာပေ လောကရဲ့ ရှေ့အနာဂတ် အတွက် တွေးကြည့်ရင် စိတ်မကောင်းစရာနဲ့ ရင်လေးစရာတွေ ဖြစ်နေပြီလို့သာ ပွင့်ပွင့်လင်းလင်း ဆိုပါရစေတော့။ နိုင်ငံတစ်နိုင်ငံမှာ စာပေက အသက်ပဲ။ အမျိုးသား ယဉ်ကျေးမှုမှာ  စာပေက ထိပ်ဆုံးကပဲ။ စာပေမြင့်မှ လူမျိုးမြင့်မှာ၊ စာပေမြင့်မှ လူမျိုးဂုဏ်တင့်မှာ၊ စာအုပ်တွေကသာ လူတွေကို အသိပညာ၊ အလိမ္မာနဲ့ လူ့ဦးနှောက် အဆင့်ကို မြှင့်တင်တဲ့ ကျိုးကြောင်း မြော်မြင်နှိုင်းချိန် နိုင်တဲ့မှန်ကန်တဲ့ အတွေးအမြင်ကို ပေးမယ်။ စာမဖတ်ကြတော့ ဘာဖြစ်ပါသလဲ။ သုတဆည်းပူး ဖြည့်မှုဆိုင်ရာ သညာသိရော၊ ထိုးထွင်း သိနိုင်တဲ့ ပညာသိရော မရှိတဲ့ နလပိန်းတုံးတွေ များသထက် များလာတာပေါ့။ စကားပြောကြည့်လိုက်ရင် ဘာမှမသိ၊ အပေါ်ယံသိတာ ကြားတာလေးလောက်ကိုပဲ အဟုတ်ထင်။ ဒီနေရာမှာ ကြုံရပုံလေး တစ်ခုကိုလည်း ရေးချင်ပါသေးတယ်။ တလောက မိတ်ဆွေ ပင်စင်စား တစ်ယောက်နဲ့ တွေ့ပါတယ်။ သူကအရာရှိဘဝနဲ့ ထွက်လာတာပါ။ သူကစာရေးသူ စုဖုရားလတ် မိဖုရားနဲ့ ပတ်သက်ပြီး စာအုပ်ရေးတာသိလို့ အဲဒီမိဖုရားအကြောင်းကို သူ့မိတ်ဆွေတွေ ရှေ့မှာ ပြောလာပါတယ်။ “ကျွန်တော် သိသလောက်ကတော့ စုဖုရားလတ်က မသေခင်မှာ တော်တော် ချို့တဲ့ဆင်းရဲတာပဲနော်။ သူ့ခြံထဲက ပန်းကလေးတွေကို ခူးပြီး၊ သူကိုယ်တိုင် ဗန်းကလေးနဲ့ ထွက်ရောင်း ရတယ်ဆိုပဲ” တဲ့လေ။ သူပြောလိုက်တာ အဲဒီလို ယုတ္တိမဲ့တဲ့ စကားတွေ။

 

ရှိပါသေးတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလက၊ ရန်ကုန်လိုမြို့မှာ နေနေတဲ့ ခေတ်လူငယ် တချို့ရဲ့ဖြစ်ပုံကို ပြောတာပါ။ ဂျာနယ်တစ်စောင်က လူငယ်ဂီတသမား တစ်ဦးကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့အမြင်ကို မေးတာပါ။ သူဖြေတာက ဒီလိုပါ။ “နိုင်ငံရေးတွေ ဘာတွေတော့ ကျွန်တော်မသိဘူး။ နားလည်း မလည်ဘူး။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့က ဂီတသမားဆိုတော့ သီချင်းတွေကို လွတ်လွတ်လပ်လပ် ရေးချင်တယ်။ ဆိုချင်တယ်။ အဲဒီလို ဖြစ်လာရင်တော့ ကောင်းမယ်လို့ ထင်တာပါပဲ” တဲ့။ ကျန်တဲ့ လူတချို့ကိုတော့ ရေးမပြတော့ပါဘူး။ သူတို့တွေဟာ အနာဂတ်ကို ဦးဆောင်ရမယ့် လူငယ်တွေပါ။ ဒါပေမဲ့ စာမဖတ်ကြဘူး ဆိုတာကတော့ လူတစ်ယောက် စကားပြောလိုက်တာနဲ့ သူ့အဆင့်က သိရသလို သိသာထင်ရှား နေပါတယ်။ နယ်တွေ ရောက်သွားလည်း  ဒီအတိုင်းပါပဲ။ တော်တော် များများ နာမည်ကြီး မဂ္ဂဇင်း၊ ဂျာနယ်တွေကတောင် မသိကြပါဘူး။ မကြားဖူးကြပါဘူး။ နိုင်ငံလူဦးရေ သန်းခြောကဆယ်နဲ့ ကြည့်ရင် အိမ်ထောင်စုတွေ အများကြီးပါ။ ဒါပေမဲ့ ဘယ်အိမ်၊ ဘယ်မိသားစုတွေ စာအုပ် ဝယ်ဖတ် ပါသလဲ။ စာအုပ် ဝယ်ဖတ်တယ်ဆိုတဲ့ အိမ်အလွန်ရှားပါတယ်။

 

စာအုပ်တွေ ဈေးကြီးလို့ ဝယ်မဖတ် နိုင်တာလည်း မဟုတ်ပါဘူး။ စာအုပ် အငှားဆိုင်တွေမှာ ငှားမဖတ်နိုင်တာလည်း မဟုတ်ပါဘူး။ စာအုပ် အရောင်းဆိုင်တွေ၊ အငှားဆိုင်တွေ မှာသာ လူမစည်တယ်။ ရုပ်ရှင်ရုံတွေ၊ ဗီဒီယိုရုံတွေ၊ ဖိုးချစ်တို့၊ ဟန်ဇာမိုးဝင်းတို့ ရုံတွေမှာတော့ လူတွေ စည်နေ ပါတော့တယ်။ လိုက်ဖ်ရှိုးပွဲတွေ သီချင်းဆိုတာတွေ ကျတော့ လက်မှတ်တစ်စောင် သောင်းချီလည်း ကြည့်ကြတာပါပဲ။ စာရေးသူတို့ လူမျိုးက ဆင်းရဲ ဆင်းရဲ၊ ချမ်းသာ ချမ်းသာ အပျော်ကတော့ အလွန်မက်ပါတယ်။ မဟုတ်တာဆို အကုန် အတုယူပါတယ်။ တလောက ကွယ်လွန်သွားပြီ ဖြစ်တဲ့ စာရေးဆရာကြီး တစ်ယောက် အတွက် အမှတ်တရပွဲ ကျင်းပတာမှာ အဲဒီပွဲကို ဦးဆောင် စီစဉ်တဲ့ စာရေးဆရာက ပြောပါတယ်။ သူ့ရပ်ကွက်ထဲမှာ သူအခမဲ့ စာကြည့်တိုက်လေး တစ်ခု ဖွင့်ထားတဲ့ အကြောင်း၊ ဒီကနေ့အချိန်မှာ စာမဖတ်သူတွေ များသထက် များလာတဲ့အတွက် လုပ်ရတာ ဖြစ်ကြောင်း၊ “စာမတတ်သူ ပပျောက်ရေး” လုပ်သလို၊ “စာမဖတ်သူ ပပျောက်ရေး” တွေကိုလည်း လုပ်ကြဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောသွားတဲ့ အတွက် အဲဒီပွဲကို တက်လာကြတဲ့ စာရေးသူ အပါအဝင် စာရေးဆရာတွေ အားလုံး စိတ်မကောင်း ဖြစ်ကြရပါတယ်။ မှန်ပါတယ်။ စာမဖတ်သူ ပပျောက်ရေးပါ။ ဒါသိပ်အရေးကြီးနေပါပြီ။

 

Reference: ဟိန်းဇေ (Popular Journal)

 


Peaceangel ပေးပို့လိုက်တဲ့ audio comment file ကိုအားလုံးနားထောင်နိုင်ရန်တင်ပေးလိုက်ပါတယ်။ အခြားအသင်းဝင်များမှ audio file များပေးပို့လိုပါက myanmarnetwork.net@gmail.com သို့ mp3 format ဖြင့်ပေးပို့နိုင်ပါသည်။ (Admin Team)

 

Audio comment file အား online မှနားထောင်လိုပါက မျှားအားနှိပ်၍ နားထောင်နိုင်ပြီး mp3 အနေဖြင့် download လုပ်လိုပါက ဤနေရာတွင် ဆွဲယူနိုင်ပါသည်။

 

 

Views: 795

Reply to This

Replies to This Discussion

how's everyone? i want to choose 100 books we should read. i would like to get your opinion of the name of books.

my choice is no.1 autobiography and philosophy by shwe oo dawn. i m sorry for my inability of writing myanmar font. pls somebody help me write this name in myanmar font.

everybody is welcome to give the name of books.

ကျွန်တော် က မိုမိုး(အင်းလျား) ရဲ့  ညီမလေးက အချစ်ကို ကိုးကွယ်တာလား ကို ရွေးပေးလိုက်တယ်။ ၀တ္တု ဆို တော့စိတ်လည်းဝင်စားလို့ကောင်းပြီး၊ လူငယ် (အထူးသဖြင့် ဆယ်ကျော်သက် မိန်းကလေး) ပညာပေးလို့ သက်မှတ်လို့

thank u very much. i have read that book and i like it. u can choose more than a book. please post more books if u have.

DON'T READ.
IF READ,YOU KNOW.
IF KNOW,YOU MUST GO.
THIS IS THE PLACE THE THIEVES, THE LIERS AND THE STUPID STAY.
Discusssssss about reading. I'm proud of you. In South Korea, as the government knows that the public is becoming less and less in Reading, the departments place Sar,Sar,Sarrrrr at the bus-stops, stations and the other places.. We must nurture our citizens in everything. Saying is nothing. Our government is saying- fighting poverty, fighting illiteracy. The most important is freedom to write. Our literature must become full of information, ideas, experiences. If it becomes, there will become full of readers in our country.
စာအုပ်ဝယ်ဖတ်တာထက် အင်တာနက်က နေ ဒေါင်းလုပ်ချပြီးဘဲဖတ်တော့တယ် ။ အချိန်ကုန် လည်း သက်သာသလို ငွေကုန်လည်း သက်သာတာပေါ့နော်။
@brother tun lwin
If we get freedom in writing, there will be so many readers in our country? :) , I do hope your thought become true. But, I don't think so, the main reason of getting less readers is that people in nowadays have less time and not enough money. Students are busy with their studies and entertainments. Workers are busy with many work and trying to promote. I think only old people usually read books more than youths. The more developed our country, the less time the youths get. Do you know why? As the country is developed, there will be many amusement things to do, so, youths will not give much time on reading. This is just my thought. If you find any errors in my discussion, please let me know.

Be happy and healthy!

frogfis

I agree you,reading is too important.No knowledge,no more idea.No idea,no more performance.

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service