ကျွန်တော့် post comment ထဲက တစ်ခုဖတ်လိုက်ရလို့ ဒီအကြောင်းလေးလည်း နည်းနည်းပြောချင် လို့ ရေးဖြစ်လိုက်ပါပြီ။ ရန်ကုန်မြို့တော်ကြီးရဲ့ အင်္ဂလိပ်စာသင်တန်းသင်တန်းကျောင်းတွေမှာ course  တွေအမျိုးမျိုးသင်ပေးကြောင်း ကြော်ညာတွေထဲကမှ phonetics သင်တန်းဆိုတာတွေမကြာခဏတွေ့နေ ရပါတယ်။  အင်္ဂလိပ်စာကို လေ့လာလိုက်စားချင်တဲ့ လူငယ်တွေအတွက်ကတော့ တကူးတက ငွေပေးပြီးတက်ရဖို့ဖြစ်နေပါတယ်။ ဒီတော့ phonetics သင်တန်းတက်သင့်မသင့်  တက်ဖို့ လို/မလို ဆိုတာ သုံးသပ်ကြည့်ရအောင်ပါ။

 

Phonetics ဆိုတာဘာလဲ

အရင်ဆုံး Phonetics ဆိုတာဘာလဲသိထားမှဖြစ်ပါမယ်။ Phonetics ဆိုတာ Linguistics ဆိုတဲ့ ဘာသာစကားကိုလေ့လာတဲ့ သိပ္ပံပညာရပ်ရဲ့ အကိုင်း အခက်ကလေးတစ်ခုဖြစ်ပါတယ်။ ၀ီကီ မှာတော့ ဒီလိုဆိုထားပါတယ်။

 

"Phonetics (from the Greek: φωνή, phōnē, "sound, voice") is a branch of linguistics that comprises the study of the sounds of human speech.[1] It is concerned with the physical properties of speech sounds (phones): their physiological production, acoustic properties, auditory perception, and neurophysiological status."

 

Phonectics (s ပါတာကိုသတိပြုပါ။ )သည် လူတို့၏အသံနဲ့ စကားသံတို့ကိုလေ့လာသောဘာသာရပ်ဖြစ်သည်။ စကားသံတို့၏ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိတွေကိုလေ့လာမှုနှင့်ဆိုင်သည်။

ဒီတော့ ယျေဘုယျအားဖြင့် အရပ်စကားနှင့်ပြောရလျှင် လူတို့၏ပါးစပ်မှထွက်ပေါ်လာသောအသံ (တခြားနေရာကထွက်တဲ့အသံတွေမပါဘူးနော်) နှင့် စကားသံ တို့ကိုလေ့လာသောပညာရပ်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိဆိုတာကတော့ စကားသံတစ်ခု ဘယ်လိုဖြစ်ပေါ်လာသလဲ၊ ခံတွင်းရဲ့ ဘယ်အင်္ဂါတွေကို အသုံးပြုသလဲ၊ ဘယ်နေရာကနေထွက်လာသလဲ၊ စတာတွေကို လေ့လာပါတယ်။ နောက်ပြီး ထွက်ပေါ်လာတဲ့ အသံရဲ့ တုန်ခါမှု၊ ၄င်းအသံကိုပဲ လူတွေရဲ့နားထဲမှာ ဘယ်လိုလက်ခံကြားယောင်သလဲ၊ အဲဒီအချိန်မှာ ဦးနှောက်အာရုံကြောရဲ့ လုပ်ဆောင်မှုအခန်းကဏ္ဍ တွေကိုပါလေ့လာတဲ့ ဘာသာရပ်တစ်ခုပါ။

 

 

Phonetics မှာ အဓိကအားဖြင့် နယ်ပယ်သုံးခုရှိပါတယ်။

  • Articulatory phonetics (စကားသံဖြစ်ပေါ်ရာအင်္ဂါတို့ကိုလေ့လာတယ်)

ဆယ်တန်းတုန်းက မြန်မာသဒ္ဒါမှာ ဌာန် နဲ့ ကရိုဏ်း သင်ရခဲ့ဖူးတာမှတ်မိမလား မသိဘူး။ စကားသံဖြစ်ပေါ်ရာအင်္ဂါ (ရင်း၊ နောက်၊ လယ်၊ ရှေ့၊ ဖျား၊ ခမ်း၊ ခင်) လျှာရင်း၊ လျှာနောက်၊ လျှာလယ်၊ လျှာရှေ့၊ လျှာဖျား၊အောက်နှုတ်ခမ်း၊ လျှာခင်) နဲ့ စကားသံဖြစ်ပေါ်ရာနေရာ (ချောင်း၊ ပြော့၊ မာ၊ ထိပ်၊ သွား၊ ခမ်း၊ ခေါင်း) လည်ချောင်း၊ အာခေါင်ပျော့၊ အာခေါင်မာ၊ အာခေါင်ထိပ်၊ သွား၊ အထက် နှုတ်ခမ်း၊ နှာခေါင်း ဆိုတာတွေလေ။ စာမေးပွဲအောင်အောင်တော့ ကျက်ခဲ့တာပဲ။ မနည်းမှတ်ခဲ့ရတယ်။

Phonetics မှာတော့ place of articulation, manner of articulation ဆိုပြီး လေ့လာရတယ်။
  • Acoustic phonetics (စကားသံတို့ရဲ့ ရုပ်ဂုဏ်သတ္တိနဲ့ အသံကိုနားထောင်သူသို့ ပို့ဆောင်ပေးမှုကိုလေ့လာတယ်)
  • Auditory Phonetics (လူတွေ အသံကိုဘယ်လိုနားထောင်လက်ခံသလဲဆိုတာလေ့လာတယ်)

နောက်တစ်ခု Phonology ဆိုတာလဲရှိသေးတယ်။ ဒါတွေတော့အကျယ်မရေးပြတော့ပါဘူး။ ဆောင်းပါးကနေ thesis ဖြစ်သွားမှာစိုးလို့ပါ။ ကျွန်တော်လည်းမကျွမ်းကျင်ပါဘူး။

တက္ကသိုလ်မှာ အင်္ဂလိပ်မေဂျာကျောင်းသားတွေ အလွန်ကြောက်ကြတဲ့ဘာသာထဲမှာ Phonetics ကထိပ်ဆုံးမှာပါတယ်လေ။

အဲဒီလို စကားသံတွေကိုလေ့လာတဲ့အခါမှာ သူတို့ကို စာပေါ်မှာဘယ်လိုရေးပြမလဲ။ ရေးပြနိုင်ဖို့ စနစ်တစ်ခုလိုအပ်လာပါတယ်။ ၁၈၈၆ ခုနှစ်မှာ ဗြိတိန်နဲ့ ပြင်သစ် ဆရာတစ်စုကနေ စပြီး တည်ထောင်လိုက်တဲ့

International Phonetic Association (IPA)   အဖွဲ့ကနေ စနစ်တစ်ခုတည်ဆောက်ပြီးကျင့်သုံးလာလိုက်တာ အခု Phonetics လို့ကျွန်တော်တို့ အရပ်သားတွေနားလည်ထားတဲ့  Phonetic transcription စနစ်ဖြစ်လာပါတယ်။

 

ဒီလောက်ဆိုရင် Phonetics ဆိုတာဘာလဲသိလောက်ပါပြီ။ တက္ကသိုလ်မှာ major တစ်ခုအနေနဲ့ သီးသန့်လေ့လာရတဲ့ အင်မတန်မှ ကျယ်ပြန့်တဲ့ ဘာသာရပ်တစ်ခုကို တစ်လ နှစ်လလောက်နဲ့ ဘယ်လိုမှ လေ့လာလို့၊ သင်ပေးလို့ မရနိုင်ပါဘူး။

 

ဒီနေ့သင်တန်းကျောင်းတွေမှာသင်ပေးတယ်ဆိုတဲ့ Phonetics သင်တန်းများဟာ ပညာရပ်ပေတံနဲ့တိုင်းတာရင်တော့ ဘယ်လိုမှ Phonetics ဘာသာရပ်မဖြစ်နိုင်ပါဘူး။ အဘိဓါန်မှာပါတဲ့ Phonemic Script (/æ/, /Ә/, /Ө/, /Ʒ/, /dʒ/ စသည်ဖြင့်) တွေကိုကြည့်ပြီး အသံဘယ်လိုထွက်မလဲ နည်းလမ်းပေးတဲ့အဆင့်သာ လျှင်ဖြစ်ပါတယ်။  ဒီထက်ပို သင်ပေးဖို့လည်း ဆရာများ အချိန်ပေးနိုင်မှာမဟုတ်ပါ။ ကျောင်းသားများလည်း တစ်ပတ်လောက်နှင့် ထွက်ပြေး ဖို့များပါသည်။ ကျွန်တော်ဆိုရင်တော့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနဲ့ အဘိဓါန် အသံထွက်ဖတ်နည်း ဆိုပြီးပဲ ကြော်ညာချင်ပါတယ်။

 

မိတ်ဆွေတို့အနေနဲ့ အသံထွက်အမှန်သိချင်လို့ အဘိဓါန်ထဲရှာရုံလောက် ဆိုရင်တော့ ဟောဒီ လင့် ကနေပြီး ကိုယ်တိုင် လေ့လာကြည့်နိုင်ပါပြီ။ ငွေကုန်သက်သာသွားတာပေါ့။

http://www.oupchina.com.hk/dict/phonetic/home.html

http://audio-class.ru/english-phonetics.html

 

ဒါမှမကျေနပ်သေးဘူး ငွေကုန်ခံနိုင်တယ်၊ ဆရာသင်ပေးတာမှ လိုချင်ရင်တော့လည်း ကိုယ့်ထက်ပိုတတ်တဲ့ဆရာထံ သွားတက်တာ ကန့်ကွက်စရာမရှိပါဘူး။

 

ဇာနည် (MyWay!)

Views: 2138

Reply to This

Replies to This Discussion

မှန်ပါ ကိုဇာနည်ရေ

မှတ်သားအားပေးသွားပါတယ်။

Thank you for another great post.
အခုလို ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ မှတ်သားအားပေးနေပါတယ်နော်။
ကဲကိုဇာနည်ရေလိုတိုရှင်းပါပဲဗျာကျေးဇူးပါပဲ
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သိချင်နေခဲ့တာ။ အခုလိုရှင်းပြပေးထားတာ ကျေးဇူးတင်ပါတယ်။

Thank you very much!

 

လင့်  လေးရလို့ ကျေးဇူးနော်
thanks for that!

   ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်
Saya ဇာနည် (MyWay!)

Thanks a lot.
ကျေးဇူး ပါ

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service