ကိုယ်တိုင်ကစပြီး ပြင်ကြရမယ် ထင်ပါတယ်။

တစ်ကယ်ဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံအဖြစ် ထင်ရှားခဲ့ဘူးပါတယ်၊

1959 ခုနှစ်လောက်က ဖွင့်ခဲ့တဲ့ မင်္ဂလာဒုံလေဆိပ်ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးလို့ နာမည်ကျော်ခဲ့ပါတယ်. အဆောက်အဦးတစ်ခုလုံး လေးအေးစက်တွေနဲ့ ပန်းချီဆရာကြီး ဦးဘကြည်ရဲ့ ပန်းချီလက်ရာတွေဟာ ပြောမဆုံးအောင်   ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်၊

ကျနော်တို့ ငယ်ငယ်တုန်းက လေအေးစက်ကြောင့် အေးနေတဲ့ လေယာဉ်ကွင်းအဆောက်အဦးကြီးထဲကို ၀င်ပြီး တအံ့တသြဖြစ်ခဲ့ရပါတယ်။

ကျနော်တို့တင် မဟုတ်ပါဘူး ......   အဲဒီတုန်းက ယိုးဒယားဝန်ကြီးချုပ် ကစ်တီကာချွန်း မြန်မာပြည်ကို ချစ်ကြည်ရေးနဲ့ လေ့လာရေးလာပြီး အပြန်မှာ ဘန်ကောက်လေဆိပ်ရောက်တော့ သူ့လူတွေကို “မြန်မာပြည်ကို မှီဖို့ နောက်ထပ် နှစ်(၅၀)လောက် ကြိုးစားရမယ်”လို့ ပြောသွားခဲ့ဘူးပါတယ်၊ 

မလေးရှားနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် တွန်ကူအပ်ဗဒူရာမန်း လည်း မြန်မာပြည်ကို လာပြီးလေ့လာခဲ့တယ်၊ အပြန်ကျတော့ ဖဆပလတိုက်ခန်းပုံစံတွေ ယူပြီး ဆောက်တယ်၊ 1960ခုနှစ်လောက်တုန်းက ထင်ပါတယ်၊

အင်ဒိုနီးရှားက မလေးရှားပိုင် ဆာဘားနဲ့ ဆာရာဝတ်ကို ၀င်သိမ်းမယ်လုပ်တော့ မြန်မာနိုင်ငံသား ကမ္ဘာကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်က ၀င်ဖြန်ဖြေပေးခဲ့လို့   ငြိမ်းချမ်းရေးရသွားတယ်၊ အဲဒီတော့ မလေးရှားဝန်ကြီးချုပ်က ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကွာလာလမ်ပူက လမ်းမကြီးတစ်ခုကို ဦးသန့်လမ်းလို့ နာမည်ပေးခဲ့ပါတယ်၊

မလေးတွေကတော့ ယူသန့်(U Thant)လို့ ခေါ်ကြပါတယ်၊ စင်ကာပူမှာလည်း ရန်ကုန် လမ်းမကြီး (Rangoon Street )ဆိုပြီး မြန်မာပြည်ကို ဂုဏ်ပြု ခေါ်ဝေါ်ခဲ့ကြပါတယ်၊ 

1960 ခုနှစ် ၀န်းကျင်မှာ မြန်မာနိုင်ငံက ဟန်သာအေးနိုင်လွန်တို့၊ BPI က ဆေးတို့၊ ကြယ်စင်ဖဲထီးတို့၊ ဗန္ဓုလစောင်တို့၊ “တိုက်” ဆပ်ပြာမှုံ့တို့၊ ပေါ်ဆန်းမွှေးဆန်တို့ အရှေ့တောင်အာရှတစ်ဝိုက်မှာ နာမည် အကြီးဆုံး ဖြစ်ခဲ့ပါတယ်။ 

ပညာရေးကို ကြည့်ဦးမလား.... အရှေ့တောင်အာရှမှာ နာမည်အကြီးဆုံး တက္ကသိုလ်ဟာ ရန်ကုန်တက္ကသိုလ်ပါ၊ ရန်ကုန်တက္ကသိုလ်ကို ၀င်ခွင့်ရဘို့ကလည်း မလွယ်ဘူး၊ ပီနန်အစိုးရ ၀န်ကြီးတစ်ဦးဖြစ်တဲ့ ဒါတွတ်ဒေါက်တာတိန်းဟုတ်နန်းက “ကျနော်တို့ခေတ်က ရန်ကုန် တက္ကသိုလ် ဆေးကျောင်းဟာ အဆင့်အတန်း မြင့်လွန်းလို့ ၀င်ခွင့်မရခဲ့ပါဘူး၊ ဒါကြောင့် ကျနော်တို့ အိန္ဒိယကိုသွားပြီး ဆေးကျောင်းတက်ခဲ့ရတယ်၊” လို့ ပြောဘူးတယ်၊ 

အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်က အင်္ဂလိပ်စာဌာန ပါမောက္ခဟာ မြန်မာနိုင်ငံသား (Thirty Burmese Tales ကိုရေးခဲ့တဲ့) ဒေါက်တာထင်အောင်ပါဆိုရင် ခုခေတ်လူငယ်တွေက ယုံတမ်းစကားလို့များ ထင်လေမလား။ 

အဲဒီလို အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ပြီး အိမ်နီးချင်းနိုင်ငံတွေထက် နှစ်ပေါင်း ၅၀ လောက် ရှေ့ရောက်နေရာက အခုဆိုရင် တန်းတူမဟုတ်ရုံမက အဲဒီနိုင်ငံတွေရဲ့ နောက်မှာနှစ်ပေါင်း ၅၀ လောက် နောက်ကျကျန်နေခဲ့တာ တွေ့ရတော့ ရင်မနင့်ပဲ နေမလား၊ 

အရင်က တရုတ်၊ လောနဲ့ သီဟိုနိုင်ငံတွေကို နှစ်စဉ် ဆန်လှူခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် တဲ့ ..... 

  ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းထဲက စကားလေးနဲ့ အဆုံးသတ်ပါရစေ ......   “ ခင်ဗျားတို့ေ-ာက်ကျင့်တွေကို ပြင်ဖို့ အချိန်တန်ပြီ” လို့ ....     

မှတ်ချက် = မလေးရှားမှာ ထုတ်ဝေတဲ့ အပြင်စီးမဂ္ဂဇင်း(ဧပြီလထုတ်)မှ ၀င်းမောင်ရဲ့   “ရွှေနိုင်ငံသို့” အမည်ရ ဆောင်းပါးကို ပြန်လည်ကူး၍ ထုတ်နှုတ်ဖေါ်ပြပါသည်။

ကျွန်တော်တို့တစ်တွေ ရှာရမဲ့အဖြေဟာ ကျွန်တော်တို့ ကိုယ်တိုင်မှာပဲ တည်နေသလား။ စဉ်းစားကြရအောင်...။ကိုယ်တိုင်ကစပြီး ပြင်ကြရမယ် ထင်ပါတယ်။

Reference: Ko Yoo ၏ ဘလောဂ့် မှတဆင့် ပြန်လည်ဝေမျှသည်။

Views: 384

Reply to This

Replies to This Discussion

အရမ်းကောင်းတဲ့ ပိုစ်တစ်ခုပါ။ အခုလို တန်ဖိုးရှိတဲ့  ဗဟုတသုတလည်း ရတဲ့ စာပေတွေကို တင်ပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။

ကျန်တော်တို့ ကြိုးစားရမှာပါ

ဒါပေမယ့် အစိုးရက ပညာရေးကို တော်တော် နှိမ့်ချလိုက်တယ်ဗျ

ဘယ်လိုလုပ် မြန်မာနိုင်ငံေ၇ှ့ေ၇ာက် နိုင်မှာလဲ???????

(5)တန်းက ရည်းစားထား...(6)တန်းက ဆေးလိပ်သောက်....(7)တန်းက ကျောင်းလစ်.....အို...ရေးရင် ကုန်မှာ မဟုတ်ပါဘူး

ကျောင်းဝင်ခွင့်ကလည်း ပိုက်ဆံ မရှိ မရ....(နာမည်ကြီးကျောင်းတွေ)

စဉ်းစားလေ ရင်မောလေပါပဲဗျာ

 

ဟုတ်တယ်ဗျပြီးတော့ school lab တွေဆိုလဲဘာမှကျောင်းသားတွေမလုပ်ရဘူး။ဆရာတွေကပဲပြ ပြီးရင်ကျောင်းသားတွေကပဲအလွတ်မှတ်။ ၁၀တန်းကလွဲလို့ ကျန်တဲ့အတန်းတွေဆိုကျောင်းဆရာမပေးတာအလွတ်ကျက်။ စစ်ဆေးရေးလာမယ်ဆိုဘာတွေမှန်းမသိလုပ်ခိုင်း။

ကျောင်းသားတွေမှာ သူတို့ ကျက်နေရတာဘာမှန်းမသိ၊ဘယ်မှာအသုံးချလို့ ရမှန်းမသိ။ပြီးတော့ လူမှုရေးအချိန်တွေဆိုလည်း ကျောင်းသားတွေ social ပိုင်းမှာကောင်းလာအောင် လုပ်ပေးရမယ့်အစား ပုံပြင်တွေဖတ်ခိုင်း စာတွေရေးခိုင်းနဲ့ ။စိတ်ပျက်စရာပါ။ Self study ဆိုတာလဲမရှိ၊ကျောင်းစာကြည့်တိုက်ကစာအုပ်တွေကလည်းဗီရိုထဲသော့ခတ်သိမ်း။Science ပြိုင်ပွဲ တွေဘာတွေလဲမရှိ။ကျောင်းသားတွေမှာ တီထွင်မှုလဲမရှိ brain ကတုံးလာပြီ။

ပြီးတော့ကျောင်းသားတွေထိတွေ့ နေရတဲ့ media တွေကလဲစိတ်ပျက်စရာပါ။ရုပ်ရှင်တွေပဲကြည့်ပါ။

ထိခိုက်ဒဏ်ရာရလို့ သွေးထွက်မလွန်အောင်လုပ်၊အရေးပေါ်ပြုစုပြီးဆေးရုံပို့ ။အဲဒီလိုအခန်းတွေပါရမယ့်အစား ဒဏ်ရာရတာနဲ့ ဘေးက၀ိုင်းငို၊ ကယ်ပါအုံးအော်။ကြည့်တဲ့ ကလေးတွေ၊လူငယ်တွေကဘယ်လိုအတုယူရမှာလဲဗျာ။

Korea ကားတွေကလဲလွန်ပါတယ်။ကလေးတွေကိုမဟုတ်တာတွေဘက်တွန်းပို့ နေသလိုပဲ။

အနောက်တိုင်းfashionတွေကြောင့်အခုခေတ်မှာကြောက်စရာလန့် စရာ ၀တ်စားလာတယ်ဆိုပေမယ့် ဗျာ

အနောက်နဲ့  အရှေ့ က မတူပါဘူး။ပြီးတော့တော်တော်များများက အနောက်တိုင်းစတိုင်ဝတ်ဖို့ မရဲပါဘူး။

အရှေ့ ကအရှေ့ ကိုကူးတာပါ။

အနောက်တိုင်းဇာတ်ကားတွေမှာမိန်းကလေးတွေ Jean အရှည်နဲ့ coat နဲ့ ဝတ်နေတဲ့အချိန်မှာ Korea , China , စတဲ့နိုင်ငံတွေကဇာတ်လမ်းတွေမှာတော့မိန်းကလေးတွေက ပေါင်လောက်ရောက်နေတဲ့ စကတ်တွေ၊ဘောင်းဘီတိုတွေနဲ့ လေဗျာ။

ဘယ်ဟာကကိုယ့်လူမျိုးကိုဖျက်ဆီးနေလဲသိသင့်ပါတယ်ဗျာ။

ပြောနေကုန်မှာမဟုတ်ပါဘူး။

ဒီလိုအရမ်းကောင်းတဲ့post တင်ပေးတဲ့အတွက်ကျေးဇူးပါ။

ကိုယ်တိုင်ကလည်း ပြင်ရမယ်။ သူများတွေကိုလည်း ပြင်အောင် လုတ်ပြရမယ်၊ ပြောပြကြရမယ်။ ဖြစ်နိုင်ရင် အမိနိုင်ငံတော် ကြီပွား တိုးတက်လာဖို့ အတွက် နိုင်ငံသားတိုင်း အမျိုး သားရေး စိတ်ဓါတ် အပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် တာဝန်ပေးကြရမယ်။ တာဝန်ယူရဲ ကြရမယ်။ အတိတ်ရ အရိပ်ဆိုးတွေကြောင့် ကျွန်တော်တို့ တတွေ ဆိုးမွေတွေ တသီကြီး လူကြီးတွေ စီက ရခဲ့ ကြပြီး ကြပြီ။ ကျွန်တော်တို့ ရဲ့ နောင်လာနောင်သားတွေအတွက် ပိုကောင်းတဲ့ အနာဂါတ်ကို ကျွန်တော်တို့ က အမွေအဖြစ် ချန်ခဲ့ကြမလား။ တခြား လူကြီးတွေနည်းတူ မလုတ် မရှုတ် မပြုတ် ဆိုပြီး မသိချင်ရောင် ဆောင်ပြီး တာဝန်မဲ့ ပြည်သူတွေ အဖြစ် အသက်ဆက်ရှင်ကြမှာလား။ ကျွန်တော်က ဒီလောက် အရေးမကြီးပါဘူး။ ခင်ဗျားတို့တွေက ကျွန်တော့်ထက်ပိုပြီး အရေးကြီးပါတယ်။ ပိုပြီးလည်း အရေးပါကြပါတယ်။

 

ချစ်တတ်တဲ့

ကြည်ဝေသော်

Yep.....We Must Change without doubt if we fail to change our generation will suffer more than that we expect.....
post ဖတ်ရင်းနဲ့ ငိုချင်လာပြီး မျက်ရည်တောင် ၀ဲမိပါတယ် .......
ကျွန်တော်တို့တစ်တွေ ရှာရမဲ့အဖြေဟာ ကျွန်တော်တို့ ကိုယ်တိုင်မှာပဲ တည်နေသလား။ စဉ်းစားကြရအောင်...။ကိုယ်တိုင်ကစပြီး ပြင်ကြရမယ် ထင်ပါတယ်။

သိပ်ကိုမှန်ပါတယ်


ကိုယ်တိုင်ကစပြီး ပြင်ကိုပြင်ကြမှရတော့မှာပါ



``အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်က အင်္ဂလိပ်စာဌာန ပါမောက္ခဟာ မြန်မာနိုင်ငံသား (Thirty Burmese Tales ကိုရေးခဲ့တဲ့) ဒေါက်တာထင်အောင်ပါဆိုရင် ခုခေတ်လူငယ်တွေက ယုံတမ်းစကားလို့များ ထင်လေမလား။ ´´

 

ဆိုတဲ့စာကြောင်းအရ ဒေါက်တာထင်အောင်ဟာ အောက်စဖို့တက္ကသိုလ်ရဲ့ အင်္ဂလိပ်စာဌာနမှာ ပါမောက္ခ လုပ်ခဲ့တယ်လို့ယူဆရ မလိုဖြစ်နေပါတယ်။

Wikipedia မှာ ဒီလိုရေးထားပါတယ်။


ဒီမှာ အောက်စဖို့တက္ကသိုလ်မှာ ပညာသင်ခဲ့တာပဲပါပြီး အလုပ်လုပ်ခဲ့တာမပါပါ။ ကိုလံဘီယာတက္ကသိုလ်မှာတော့ ဧည့်ကထိကလုပ်ခဲ့တယ်လို့ ရေးထားပါတယ်။ သူတို့တက္ကသိုလ်တွေမှာ မြန်မာပြည်က ကထိကလိုရာထူးမျိုးကို professor လို့သုံးပါတယ်။

"

Career

Dr. Htin Aung was born to a Burmese aristocratic family in 1909. He was a great-great-grandson of Maha Minhla Mindin Raza, a military officer in the Konbaung court, who fought in the First Anglo-Burmese War.[1][2] He was the youngest brother of Tin Tut, Myint Thein and Kyaw Myint.

Htin Aung graduated from Yangon's elite St. Paul's English High School.[3] He went on to receive a Bachelor of Laws from Cambridge University, a Bachelor in Civil Law from Oxford University, and doctorates in Anthropology and Literature.[4] Dr. Htin Aung was the Rector of Rangoon University (Yangon University) from 1946 to 1958 and Vice Chancellor in 1959. He was appointed Ambassador to Sri Lanka from 1959 to 1962. He later became a visiting professor at Columbia University and then at Wake Forest University."

 


ဒါတစ်ခုတည်းနဲ့ မသေချာလောက်သေးဘူးထင်လို့ လိုက်ရှာပြီး ဖတ်လိုက် တော့ဒီ လင့်တွေမှာလည်း ဒီလိုပဲရေးထားတာတွေ့ရပါတယ်။
ဒီတော့ ဒေါက်တာထင်အောင် အောက်စဖို့တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာ ပါမောက္ခ လုပ်ခဲ့သလားဆိုတာ စဉ်းစားစရာပါ။ ကျွန်တော် source တွေကို လက်လှမ်းမမှီတာလဲဖြစ်နိုင်ပါတယ်။ သိတဲ့သူများ ပြင်ဆင်ချက်ထုတ်သင့်ပါတယ်
အမှား ထောက်ပြတာမဟုတ်ပါ။ ရေးသူရဲ့စေတနာကို လေးစားအားပေးပါတယ်။ ဒါပေမယ့် စာဖတ်တဲ့ ညီငယ် ညီမငယ် တွေ (ကိုယ့်ထက်ကြီးသူတွေကိုတော့မပြောရဲပါ) စာဖတ်တဲ့အခါမှာ စူးစမ်းဝေဖန်စိတ်ကလေးနဲ့ ဖတ်စေချင်လို့ လိုအပ်လို့ရှိရင် အချက်အလက်တွေ ကို ကိုးကားစေချင်တဲ့ ဆန္ဒနဲ့ ဆွေးနွေးမိပါတယ်။ စာဖတ်ရုံနဲ့မပြီးပါ။ စာကိုစိစစ်ဖတ်တတ်ဖို့လည်းအရေးကြီးပါတယ်။
ဒေါက်တာထင်အောင်ဟာ အင်မတန်မှ လေးစားအားကျစရာ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
အင်္ဂလန်မှာ ပါမောက္ခ လုပ်ခဲ့သူကို ညွှန်းချင်ရင်တော့ ဒေါက်တာလှဖေကို ညွှန်းနိုင်ပါတယ်။ သူဟာလန်ဒန်တက္ကသိုလ်ရဲ့  School of Oriental and African Studies အရှေ့တိုင်းနှင့်အာဖရိကလေ့လာရေးဌာန မှာ ၁၉၄၈ ခုနှစ်က စပြီး မြန်မာစာပေပို့ချခဲ့ပါတယ်။ ၁၉၆၆ ကနေ ၁၉၈၀ အထိ ပါမောက္ခ  chair person လုပ်ခဲ့ပါတယ်။
လေးစားလျက်

ကိုဇာနည်ရှင့်...

ညီမပြန်လည်းဖော်ပြပေးထားတဲ့ ပိုစ်မှာ အကြောင်းအရာလွှဲနေတာကို အမှန်ပြင်ပေးတဲ့အတွက်ရော... စာဆိုတာဖတ်ရုံနဲ့မပြီးဘဲ...သေချာစီစစ်ပြီးမှဖတ်သင့်ဆိုတဲ့ အချက်ကို စေတနာနဲ့ အခုလို ပြောဆိုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်... အကို့ရဲ့ အမှန်ပြင်ဆင်ပေးမူ့ဟာ ညီမအတွက် အရမ်းကိုအရေးကြီးပြီး အဖိုးတန်ပါတယ်... ကျေးဇူးအများကြီးတင်ပါတယ်နော် အကို...

လေးစားစွာဖြင့်

Peaceangel

:)

ဒီဆောင်းပါးလေးဖတ်တော့ အမတို့ရွှေလီသွားတုန်းက အကြောင်းသွားစဉ်းစားမိတယ် .....ကျယ်ဂေါင် နဲ့မူဆယ်လိုပေါ့ နယ်နိမိတ်လေးတစ်ခုရဲ့ ဟိုဖက်ဒီဖက်မှာတင်...ခြားနားချင်းတွေက .....အထက်က ဆောင်းပါးရှင်ပြောသလိုပါပဲ.........နောင်အနှစ် ၅၀ ဆိုရင်တောင်........

ကျောင်းပြင်ပ ပညာရေးကနေ မိဘတွေကနေသားသမီး သားသမီဆီကနေမိဘာ အပြန်အလှန်သင်ယူဖို့လိုသလို ပတ်ဝန်းကျင်ကလဲ ပြုပြင်ဖို့ လိုပါတယ်။

ပညာရေးတစ်ခုတည်းနဲ့ မလုံလောက်တောါတဲ့အခြေအနေကို ရောက်နေပါပြီး။ ကောင်းစေချင်တဲ့စိတ်ဓာတ်လေးတွေပြင်ဖို့နဲ့ ကလေးငယ်ကောင်းလေးများ ပြုစုဖို့ အရင်ဆုံးလုပ်ကြရင် ပိုကောင်းလာမယ်ထင်ပါတယ်။ ကောင်းလာရင် တော်လာမှာပဲ တော်လာရင် ........

ဆက်စဉ်းစားကြပေါ့။

 

:) . After I have read this post, I was so surprised. :) . To be honest, that history is just like a fiction for me because it's totally different from this situation. I do hope Myanmar can be developed one day like in that post.

Looking forward to the success of Burma!

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service