ဘာသာစကား၊ အၾကားအာ႐ံုႏွင့္ စံုေသာအသံမ်ား

[Zawgyi]

ကၽြန္ေတာ္ သူမ်ားေရးထားတဲ့စာကို တစ္ခါမွ ကူးၿပီးမတင္ဘူးေသးပါဘူး။ ဒီတစ္ခါေတာ့ ဖတ္ရင္းနဲ႔ ႏွစ္သက္မိလို႔ သူမ်ားေတြကိုပါဖတ္ေစခ်င္တဲ့အတြက္ ကူးေပးလိုက္ပါတယ္။

တစ္ခါတစ္ခါ အေၾကာင္းအရာေတြကို ကိုယ္တိုင္ ေရးတာ ေျပာတာေကာင္းသလို သူမ်ားေရးထားတဲ့စာေကာင္းေလးေတြကို ေဖာက္သည္ခ်တာလည္းေကာင္းတာပါပဲ။ ကိုညီလင္းသစ္ေရးထားတဲ့ ေဆာင္းပါးေကာင္းေလးတစ္ပုဒ္ဖတ္ၾကည့္ၾကပါဦး။

သူ႕ရဲ႕ site ေလးကိုလဲ သြားေရာက္အားေပးဖို႔ လက္တို႔လိုက္ပါတယ္။

ဇာနည္(MyWay!)

 

ဘာသာစကား၊ အၾကားအာ႐ံုႏွင့္ စံုေသာအသံမ်ား

ဘာသာစကားမ်ားအေၾကာင္း က်ေနာ္စဥ္းစားမိသည့္အခါ အၿမဲလိုလိုပင္ အံ့ႀသျခင္း ျဖစ္ရသည္၊ လူတစ္ဦးႏွင့္ တစ္ဦးၾကားမွာဆက္သြယ္ေရးအတြက္သံုးသည့္ ဘာသာစကားတစ္ခု၏ ႂကြယ္ဝမႈက တကယ့္ကို မယံုႏိုင္စရာ၊ အေၾကာင္းအရာေပၚလိုက္လို႔ သံတူေၾကာင္းကြဲ၊ ေၾကာင္းတူသံကြဲေတြ မ်ားစြာ႐ွိတတ္သည္၊ စကားလံုးမထပ္ ေအာင္ အမ်ိဳးမ်ိဳး ေျပာင္းသံုးႏိုင္သည္၊ စကားကို တန္ဆာဆင္ ေျပာႏိုင္သည္၊ တဲ့တိုးေျပာႏိုင္သည္၊ စကားႀကီး ဆယ္မ်ိဳး ေျပာနည္းျဖင့္ ေျပာႏိုင္သည္၊ ေျပာရလွ်င္ ဘာသာစကား၏ သိမ္ေမြ႔နက္႐ွိဳင္းမႈကို ဘာသာစကားျဖင့္ ျပန္႐ွင္းျပဖို႔ပင္ ခပ္ခက္ခက္...၊

တိရိစာၦန္ေလာကမွာေတာ့ ႐ွင္းသည္၊ မႀကိဳက္ပါက ေခြးဆိုလွ်င္ မာန္ဖီျပမည္၊ ဆင္ဆိုလွ်င္ နား႐ြက္ေတြ ကားၿပီး ေ႐ွ႕တိုးေနာက္ဆုတ္ လုပ္မည္၊ ခေလာက္ေႁမြဆုိလွ်င္ အၿမီးကို တဆတ္ဆတ္ လႈပ္၍ သတိေပးမည္၊ ဆိုလိုသည္ မွာ သေကၤတႏွင့္ ေဖာ္ျပပံုသည္ တသမတ္တည္း ျဖစ္သည္၊ လူေတြအတြက္ ဘာသာစကားမွာေတာ့ ဒီစကား တစ္ခုတည္းကိုပင္ အဖိ၊ အေဖါ့၊ အေပ်ာ့၊ အမာ၊ မ်က္ႏွာထိ မ်က္ႏွာထားကိုလိုက္လို႔ အဓိပၸါယ္ ဖြင့္ဆိုခ်က္ေတြ ကြဲျပားသြားတတ္ေလသည္၊ ဒီၾကားထဲ စကားလံုး ေ႐ြးခ်ယ္ပံုကလည္း အေရးႀကီး လိုက္ေသးသည္၊ က်ေနာ္ေျပာ ခ်င္တာက စကားကို အေသးစိတ္ တြက္ခ်က္ေ႐ြးခ်ယ္၍ ေျပာမည္ဆိုလွ်င္ ကြ်မ္းက်င္မႈ၊ ႏွ႔ံစပ္မႈေပၚ မူတည္၍ လွပသိမ္ေမြ႔ ႏိုင္သလို ႐ွဳပ္ေထြးခက္ခဲမႈလည္း ျဖစ္ႏိုင္ပါသည္၊ သို႔ေသာ္ ထိုမွ်ေလာက္လည္း မလိုပါ၊ က်ေနာ္တို႔ အားလံုး ေန႔စဥ္သံုး စကားမ်ားကို စာတမ္းေရးသလို မဟုတ္ဘဲ ေပါ့ပါးသြက္လက္စြာ ေျပာတတ္ၾကပါသည္၊

က်ေနာ္ ေနထိုင္ရာ ဆြစ္ဇာလန္ ႏိုင္ငံမွာေတာ့ ဘာသာစကား၏ ႐ိုက္ခတ္ အေရးပါမႈကို ေန႔စဥ္လိုလို ထိေတြ႔ ဆက္ဆံရေလသည္၊ ဒီႏိုင္ငံမွာ တရားဝင္ ႐ံုးသံုးဘာသာစကားက ၄ မ်ိဳး႐ွိပါသည္၊ ဂ်ာမန္၊ ျပင္သစ္၊ အီတာလ်ံ ႏွင့္ ႐ိုေမာ့န္ခ်္ (Romanche) ဘာသာတို႔ ျဖစ္ပါသည္၊ လူဦးေရ၏ ၆၅% ခန္႔က ဂ်ာမန္စကားေျပာၿပီး ၂၁% ခန္႔ က ျပင္သစ္စကား ေျပာၾကသည္၊ ၇% နီးပါးခန္႔က အီတာလ်ံစကား ေျပာၿပီး ႐ိုေမာ့န္ခ်္ကေတာ့ ေျပာသူ ၁% ပင္ မျပည့္ပါ၊ ဒါေပမယ့္ သူကလည္း တရားဝင္ ႐ံုးသံုးဘာသာအျဖစ္က တျပားမွမေလွ်ာ့...၊ ဒီစကားက ဂ်ာမန္၊ ျပင္ သစ္၊ အီတာလ်ံတို႔ကို နည္းနည္းစီ ေရာသမေမႊၿပီး ေဒသသံုး ဒိုင္ယာလက္ခ္တခ်ိဳ႕ ေပါင္းထည့္ထားတာမ်ိဳး ျဖစ္ သည္၊ က်ေနာ့္မိတ္ေဆြ ဆြစ္လူမ်ိဳးမ်ားထဲမွာေတာ့ ႐ိုေမာ့န္ခ်္ ေျပာတတ္သူ တစ္ဦးတစ္ေယာက္မွ မေတြ႔ဖူးပါ၊

ဒီမွာေျပာသည့္ ဂ်ာမန္စကားကလည္း တစ္မ်ိဳးျဖစ္သည္၊ ဆြစ္ဂ်ာမန္ဟု ေခၚသည့္ထိုစကားသည္ ဂ်ာမနီမွာေျပာ သည့္ ဂ်ာမန္စကားႏွင့္ လံုးဝနီးပါး ျခားနားသည္၊ ထိုထက္ပိုသည္က ဆြစ္ဂ်ာမန္စကားသည္ ဒိုင္ယာလက္ခ္ အေျပာသက္သက္ ပံုစံသာ႐ွိ၍ အေရးပံုစံ (written form) မ႐ွိျခင္းျဖစ္သည္၊ ဒီေတာ့ ေက်ာင္းေတြမွာ standard ဂ်ာမန္စကားကို သင္ၿပီး အျပင္မွာေတာ့ ဆြစ္ဂ်ာမန္စကား ေျပာၾကသည္၊ ဂ်ာမနီမွ ဂ်ာမန္တစ္ေယာက္ ဒီကိုလာ ေသာအခါ သူ႔ဂ်ာမန္စကားကို ဆြစ္ဂ်ာမန္တို႔ နားလည္ၿပီး ၄င္းတို႔ေျပာသည့္ ဆြစ္ဂ်ာမန္စကားကိုမူ ထိုဂ်ာမန္နား မလည္ႏိုင္ပါ၊ ျပင္သစ္ဘာသာကေတာ့ အခ်ိဳ႕ေနရာတြင္ ေလယူေလသိမ္း အနည္းငယ္ကြဲသည္မွအပ ဆြစ္ဇာ လန္မွာ ေျပာသည့္စကားႏွင့္ ျပင္သစ္ျပည္မွာ ေျပာသည့္စကား အတူတူပင္ျဖစ္သည္၊ အီတာလ်ံစကားလည္း ဆြစ္အီတာလ်ံႏွင့္ အီတလီမွအီတာလ်ံ အတူတူနီးပါးပင္ ျဖစ္သည္၊ ထိုသို႔ေသာ ဘာသာစကား ျခားနားမႈမ်ား ေၾကာင့္ အ႐ြယ္အားျဖင့္ ျမန္မာျပည္ထက္ ၁၅ ဆခန္႔ ငယ္ၿပီး လူဦးေရလည္း ၇ သန္းေက်ာ္ေက်ာ္သာ ႐ွိေသာ အႏွီ ဆြစ္ဇာလန္ႏိုင္ငံသည္ တစ္ပုဒ္တည္းေသာ အမ်ိဳးသားသီခ်င္းကို အဆိုပါ ဘာသာ ၄ မ်ိဳးျဖင့္ ထားေပးရေလ သည္၊

ဆြစ္ဂ်ာမန္ကေလးေတြက မူလတန္းအဆင့္ ၃ တန္းသို႔ ေရာက္သည္ႏွင့္ ျပင္သစ္ သို႔မဟုတ္ အီတာလ်ံ တစ္ခုခု ကို ဒုတိယဘာသာအျဖစ္ သင္ၾကရၿပီး၊ က်န္ဆြစ္ျပင္သစ္ႏွင့္ ဆြစ္အီတာလ်ံ ကေလးေတြကလည္း ထိုဘာသာ ၃ ခုတြင္ မိခင္ဘာသာစကား မဟုတ္သည့္ ႏွစ္ခုအနက္ တစ္ခုကို မသင္မေနရ ေ႐ြးခ်ယ္ရေလသည္၊ ထို႔ေၾကာင့္ ဆြစ္လူမ်ိဳးအမ်ားစုသည္ အနည္းဆံုး ဘာသာစကား ၂ မ်ိဳး သို႔မဟုတ္ ၃ မ်ိဳးကုိ ေျပာတတ္ၾကသည္၊ သို႔ေသာ္ က်ေနာ္ျမင္ရသေလာက္ ဆြစ္ျပင္သစ္ေတြဂ်ာမန္စကား ေျပာႏိုင္တာထက္ ဆြစ္ဂ်ာမန္ေတြက ပိုၿပီးျပင္သစ္စကား ေျပာႏိုင္ၾကသည္၊ ပထမအခ်က္မွာ ဆြစ္ဂ်ာမန္ေတြက စည္းစနစ္၊ ဇြဲနဘဲအရာမွာ တယူသန္၊ တလမ္းသြား ပိုက် ၿပီး အစြမ္းကုန္ ႀကိဳးစားေျပာၾကေသာေၾကာင့္ ျဖစ္သည္၊ ဒုတိယအခ်က္မွာ ဂ်ာမန္စကားက ေထာင့္ေတာင့္ ေတာင့္ ၾကမ္းတမ္းတမ္း ျဖစ္၍ ဆြစ္ျပင္သစ္အမ်ားစုမွာ ေျပာရန္စိတ္မပါေသာေၾကာင့္ ျဖစ္သည္၊

ဤႏိုင္ငံေလးမွာ ၃ နာရီခန္႔ ရထားစီးမည္ဆိုလွ်င္ ႏိုင္ငံ၏တဖက္နယ္စပ္မွ အျခားတဖက္နယ္စပ္သို႔ ေရာက္ပါ လိမ့္မည္၊ ျပင္သစ္စကားေျပာ အပိုင္းျဖစ္ပါက ရထားေပၚတြင္ ျပင္သစ္စကားျဖင့္ ပထမေၾကညာၿပီးမွ ဂ်ာမန္ စကားျဖင့္ ထပ္ဆင့္ေၾကညာသည္၊ ခရီးသြားတစ္ေယာက္သည္ ျပင္သစ္စကား အရင္ၾကားရမည့္အစား ဂ်ာမန္စကားကို ပထမၾကားရပါက ဂ်ာမန္စကားေျပာသည့္ အပိုင္းသို႔ေရာက္လာၿပီ ျဖစ္ေၾကာင္း သိႏိုင္ပါသည္၊ မည္သို႔ပင္ျဖစ္ေစ ဆြစ္ဂ်ာမန္ပိုင္းကို ေရာက္ျဖစ္သည့္အခါ ၾကားေနက် ျပင္သစ္စကား ေနရာမွာ ဂ်ာမန္စကား ၾကားရေသာေၾကာင့္ အျခားႏိုင္ငံတစ္ခုကို ေရာက္သလို က်ေနာ္ မၾကာခဏ ခံစားရသည္၊ ေစ်းဝယ္သည့္အခါ ကုန္ပစၥည္းမ်ား ေပၚမွာ႐ွိသည့္ စကား ၃ မ်ိဳးအနက္မွ ကိုယ္ႏွင့္သက္ဆိုင္သည့္ စကားကို ႐ွာေဖြဖတ္႐ွဳရျခင္းအား အစပိုင္းတြင္ က်ေနာ္အထူးအဆန္း ျဖစ္ေနခဲ့ဖူးသည္၊ မၾကာခဏ ႀကံဳရသည့္ ေနာက္ထပ္တစ္ခုမွာ ဆြစ္လူမ်ိဳး အခ်င္းခ်င္း အဂၤလိပ္လို ေျပာေနၾကျခင္းျဖစ္သည္၊ ဆြစ္ဂ်ာမန္ေတြက ျပင္သစ္လို ႀကိဳးစားေျပာခ်င္ေသာ္လည္း ဆြစ္ျပင္သစ္ေတြက ဂ်ာမန္လိုျပန္မေျပာခ်င္၊ ျပန္မေျပာႏိုင္သည့္အခါ ၄င္းတို႔အခ်င္းခ်င္း ေနာက္ဆံုး၌ အဂၤလိပ္ လိုသာ ေျပာၾကေတာ့သည္၊ သို႔ေသာ္ ဘာသာစကား ကြဲျပားေသာ္လည္း သူတို႔ၿငိမ္းခ်မ္းစြာ ေပါင္းစည္းေနထိုင္ ၾကပါသည္၊

လူတစ္ေယာက္ ဘာသာစကား တစ္ခုကို ေျပာဖို႔အတြက္ အရင္ဦးဆံုး လိုအပ္သည္မွာ မည္သည့္အရာနည္းဟု တစံုတေယာက္က ေမးလာခဲ့မည္ဆိုလွ်င္ ထိုစကားကို ၾကားႏိုင္ေသာ အၾကားစြမ္းရည္ ျဖစ္သည္ဟု က်ေနာ္ေျဖ မိမည္ ထင္ပါသည္၊ မွန္ပါသည္၊ စကားတစ္ခုကို မွန္ကန္စြာ မၾကားႏိုင္ဘူးဆိုလွ်င္ ထိုစကားကို မွန္ကန္စြာေျပာ ႏိုင္ရန္ အခြင့္အလမ္း နည္းပါးသြားၿပီ ျဖစ္သည္၊ က်ေနာ္ ျမန္မာျပည္မွာ ဧည့္သည္မ်ားႏွင့္မၾကာခဏ ခရီးသြားစဥ္ အခါက ျမန္မာစကားအေၾကာင္း သူတို႔ကို ေျပာျဖစ္တိုင္း ထိုအခ်က္ကို က်ေနာ္သတိျပဳမိသည္၊ ဥပမာ- က်ေနာ္ က ‘ငပိ’ ဟုေျပာသည့္အခါ သူတို႔က ‘နပိ’ ဟုၾကားၾကသည္၊ က်ေနာ္က ထိုစကားႏွစ္ခုကို ေသေသခ်ာခ်ာ အသံ ထြက္ျပေသာ္လည္း သူတို႔ကမူ အတူတူပဲ ၾကားရသည္ဟု ဆိုသည္၊ က်ေနာ္တို႔၏ မိခင္ဘာသာႏွင့္ ဘာဆိုဘာမွ် နီးစပ္ျခင္း မ႐ွိေသာ စကားတစ္ခုကို မွန္ကန္စြာ ၾကားႏိုင္ဖို႔ ဆိုသည္မွာ အၿမဲတမ္းေတာ့ မလြယ္ကူႏိုင္ပါ၊ ကြဲျပား ေသာ စကားတစ္ခုကို မွန္ကန္စြာ မၾကားႏိုင္သည္မွာ အသာထားဦး၊ အၿမဲတသမတ္တည္း ႐ွိေနေသာ အသံတစ္ ခုကိုပင္ က်ေနာ္တို႔အားလံုး ၾကားပံုၾကားနည္းခ်င္း မတူၾကပါ၊

ထို႔ေၾကာင့္ပင္ တစ္ေကာင္တည္းေသာၾကက္၏ တစ္သံတည္းေသာ တြန္သံကိုပင္ ျမန္မာက ‘ေအာက္အီးအီး အြတ္’ ဟုၾကားစဥ္ အဂၤလိပ္က ‘ေကာ့က ဒူးဒယ္လ္ဒူး’ (cock-a-doodle-do)ဟု ၾကား၏ ျပင္သစ္တို႔ကမူ ‘ေကာ္ေကာ္ရီကို’ (cocorico) ဟုၾကားၾကသည္၊ တစ္ေကာင္တည္းေသာေၾကာင္က က်ေနာ္တို႔ေ႐ွ႕တြင္ ‘ေညာင္’ ဟုေအာ္၍ ဆြစ္တို႔ေ႐ွ႕တြင္မူ ‘ျမဦး’ (Miaou) ဟုေအာ္ေလသည္၊ အကယ္၍သာ တိရစာၦန္မ်ား စကားေျပာတတ္ ပါက က်ေနာ္တို႔အားလံုး မွားၾကသည္ဟု ေျပာေကာင္းေျပာႏိုင္ပါသည္၊ စင္စစ္ အသံတစ္သံတည္းကိုထိုသို႔အမ်ိဳး မ်ိဳးၾကားၾကျခင္းမွာ က်ေနာ္တို႔ မိခင္ဘာသာစကား၏ အသံဖြဲ႔စည္းပံုစနစ္မ်ားေၾကာင့္ ျဖစ္ပါသည္၊

ဘာသာစကား အသီးသီးတြင္ အသံထြက္အလိုက္ သတ္မွတ္ႏိုင္ေသာ Frequency range မ်ား႐ွိၾကသည္၊ အက်သံ၊ အေလးသံမ်ားေသာ ဘာသာစကားမ်ားက frequency အနိမ့္ပိုင္းမွာ ႐ွိၾကၿပီး အတက္သံ၊ ႏွာေခါင္းသံ၊ စူး႐ွသံမ်ားေသာ စကားမ်ားက အျမင့္ပိုင္းမွာ ႐ွိၾကသည္၊ Frequency ကြဲၿပားေသာ စကားကို ေျပာေသာလူႏွစ္ ေယာက္သည္ အသံတစ္သံကို ၾကားပံုခ်င္းလည္း မတူညီႏိုင္ပါ၊ ၄င္းတို႔၏ အၾကားအာ႐ံုက သက္ဆိုင္ရာ မိခင္ ဘာသာစကား၏ ဖြဲ႔စည္းပံုကိုသာ အသားက်ေနေသာေၾကာင့္ ထိုဖြဲ႔စည္းပံု frequency range အတြင္းမွမဟုတ္ ေသာအသံမ်ားကို ၾကားေသာအခါ နားစည္မွ ေပးပို႔ေသာ သတင္းအခ်က္အလက္ကို ဦးေႏွာက္မွ ကြဲလြဲစြာ ဘာသာျပန္တတ္ပါသည္၊ ဥပမာ- ျပင္သစ္စကားသည္ frequency range ၁၂၅ Hz မွ ၂၀၀၀ Hz အတြင္းသာ ႐ွိသည္၊ ဆိုလိုသည္မွာ အေလးဆံုး၊ အက်ဆံုးအသံသည္ ၁၂၅ ဟာ့ဇ္မွာ႐ွိၿပီး အတက္ဆံုးအသံသည္ ၂၀၀၀ ဟာ့ဇ္ဝန္းက်င္ခန္႔မွာ ႐ွိသည္၊ အဂၤလိပ္စကားမွာမူ ၁၂၅ မွ ၁၂၀၀၀ ဟာ့ဇ္အတြင္း ႐ွိေသာေၾကာင့္ frequency range ပိုမို က်ယ္ဝန္းပါသည္၊ အက်ိဳးဆက္အေနျဖင့္ အဂၤလိပ္ေတြ ျပင္သစ္စကား ေျပာေသာအခါ ေလသံသိပ္ မဝဲဘဲ သြက္သြက္လက္လက္ ေျပာႏိုင္ၿပီး ျပင္သစ္ေတြ အဂၤလိပ္စကား ေျပာေသာအခါ အလြန္ဝဲေသာေလသံ ျဖင့္ အာေလးလွ်ာေလး ေျပာၾကေလသည္၊ ထို႔ေၾကာင့္ ဘာသာစကားတစ္ခုသည္ အလြန္နိမ့္ေသာ အက်သံမ်ား ျဖင့္ဖြဲ႔စည္းထားသလို ျမင့္ေသာအတက္သံမ်ားလည္း ပါဝင္သည္ ဆိုပါစို႔၊ ထိုစကားကို ေျပာေသာလူမ်ိဳးမ်ားသည္ အျခားစကားမ်ားကို မွန္ကန္စြာ ၾကားတတ္ၾကၿပီး အသံထြက္လည္း မွန္ကန္စြာ ထြက္ႏိုင္ကာ အတတ္ျမန္ၾက ေလသည္၊ စကင္ဒီေနးဗီးယား ႏိုင္ငံမ်ား၊ ႐ု႐ွား၊ ပိုလန္ စေသာႏိုင္ငံမ်ားမွ လူမ်ားသည္ အျခားလူမ်ိဳးမ်ားထက္ language ပိုင္းတြင္ ပိုၿပီး တတ္လြယ္ၾကသည္၊

တကယ္ေတာ့ က်ေနာ္တို႔အားလံုးတြင္ အင္မတန္ အာ႐ံုခံစားမႈ ေကာင္းေသာအၾကားစနစ္မ်ား ေမြးကတည္းက ပါလာခဲ့ပါသည္၊ စကားေျပာတတ္ကာစ ကေလးတစ္ေယာက္သည္ ၂၀ ဟာ့ဇ္မွ ၂၀ ၀၀၀ ဟာ့ဇ္အတြင္း အသံ မ်ားအားလံုးကို မွန္ကန္စြာ ၾကားႏိုင္ပါသည္၊ အင္မတန္မွ က်ယ္ျပန္႔ေသာ frequency range ျဖစ္သည္၊ သို႔ေသာ္ ထို range မွာႀကီးလာသည္ႏွင့္အမွ် ၾကားေနက် သက္ဆိုင္ရာ မိခင္ဘာသာစကားအလိုက္ က်ဥ္းေျမာင္းေျပာင္း လဲသြားကာ က်ေနာ္တို႔၏ အၾကားအာ႐ံုမွာလည္း စူး႐ွမႈ နည္းပါးသြားေတာ့သည္၊

စင္စစ္ စကားတစ္ခုကို မွန္ကန္စြာ ၾကားၿပီဟု ဆိုသည့္တိုင္ေအာင္ ထိုစကားအတိုင္း မွန္ကန္စြာ အသံျပန္ထြက္ ႏိုင္ဖို႔ အၿမဲတမ္း မလြယ္ကူျပန္ပါ၊ က်ေနာ္ျပင္သစ္ဘာသာကို ပထမဆံုး စသင္ခဲ့သည္မွာ ေျမာက္ဥကၠလာပ႐ွိ ဘုန္းႀကီးေက်ာင္းတြင္ ျဖစ္ပါသည္၊ ထိုေက်ာင္းတြင္ ကံေကာင္းေထာက္မစြာ အင္မတန္စာသင္ေကာင္းေသာ ဆရာမႏွစ္ေယာက္ႏွင့္ သင္ၾကားခဲ့ရသည္၊ သို႔တိုင္ ေက်ာင္းစ,တက္သည္မွ ေျခာက္လၾကာသည္အထိ က်ေနာ္ တို႔မွာ စကားေျပာႏိုင္ဖို႔ေဝးလို႔၊ အသံထြက္ကိုပင္ မွန္ေအာင္မထြက္ႏိုင္ေသးပါ၊ အဂၤလိပ္ အသံထြက္ မ်ားႏွင့္ယဥ္ပါး ခဲ့ေသာ က်ေနာ္၏လွ်ာႂကြက္သားမ်ားက ခပ္ေလးေလး ျပင္သစ္အသံတို႔ၾကားမွာ တဝဲလည္လည္ ျဖစ္ေနခဲ့ရ သည္၊ ခက္ခဲေသာ သဒၵါစနစ္၊ မ်ားေျမာင္လွေသာ ခြ်င္းခ်က္မ်ား၊ ခန္႔မွန္းရခက္ေသာ အသံထြက္မ်ား၊ အရာရာ တိုင္းကို အထီးအမ ခြဲျခားထားေသာ Gender စနစ္တို႔ေၾကာင့္ ေလွာ္တိုင္းမေရာက္ေသာ ျပင္သစ္ ပင္လယ္မွာ က်ေနာ္အေတာ္စိတ္႐ွည္႐ွည္ျဖင့္ ႐ြက္စံုလႊင့္ခဲ့ရသည္၊

တခါတုန္းက ဖတ္ခဲ့ရေသာ အင္တာဗ်ဴးတစ္ခုကို သတိရမိပါသည္၊ ျပင္သစ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွာ အလုပ္ လုပ္ေသာ အစိုးရအဖြဲ႔၏ စကားျပန္တစ္ေယာက္ကို ေမးျမန္းထားျခင္းျဖစ္သည္၊ ထိုသူမွာ ဘာသာစကား ၅၃ မ်ိဳး ေျပာတတ္သည္ဟု ဆိုသည္၊ သူ၏အဆုိအရ ဘာသာစကား သင္ယူတာမ်ားလာေလေလ စကားအသစ္အတြက္ ေပးရေသာအခ်ိန္ နည္းလာေလေလျဖစ္သည္၊ ပထမစကားကို ၃ ႏွစ္သင္ရသည္ ဆိုလွ်င္ ေနာက္ထပ္စကားကို ၁ ႏွစ္ခြဲေလာက္သင္လွ်င္ တတ္ႏိုင္သည္၊ ေနာက္ထပ္စကားကို ၁ ႏွစ္၊ ေနာက္တစ္ခုကို ေျခာက္လ စသျဖင့္...၊ သူစကားသင္ယူ နည္းမွာ စိတ္ဝင္စားစရာ ေကာင္းပါသည္၊ သူက ဘာသာစကားတစ္ခုကို ဖတ္ႏိုင္ဖို႔ အရင္ဆံုး ႀကိဳးစားသည္၊ ထိုအတြက္ ေယဘုယ်အားျဖင့္ ၃ လခန္႔ၾကာသည္၊ “ ခင္ဗ်ား စကားတစ္ခုကို ဖတ္ႏုိင္ၿပီဆိုရင္ အဲဒီစကားကို ခင္ဗ်ားတတ္ၿပီလို႔ ဆိုႏိုင္တယ္ဗ်၊ ဒီလို ဖတ္တတ္ဖို႔က အၾကမ္းဖ်ဥ္း ေျပာရရင္ ၃ လေလာက္ေတာ့ ၾကာမယ္ဗ်ာ၊ အဲဒါေနာက္ပိုင္းမွာေတာ့ ခင္ဗ်ားလုပ္ရမွာက အဘိဓါန္ေကာင္းေကာင္း တစ္အုပ္႐ွာၿပီး အဲဒီစကားနဲ႔ ေရးထားတာေတြကို ရႏိုင္သေလာက္သာ ႐ွာၿပီးဖတ္ေပေတာ့...” တဲ့၊ ျဖစ္ႏိုင္ပါသည္၊ သုိ႔ေသာ္ ထိုစကားကို သြက္သြက္လက္လက္ ေျပာႏိုင္ဖို႔ဆိုလွ်င္ စာဖတ္ေသာအခါ ခပ္က်ယ္က်ယ္ အသံထြက္ဖတ္ဖို႔ေတာ့ လိုအပ္ပါ လိမ့္မည္၊ ထိုလူကေတာ့ စကားအသစ္ ထပ္သင္ဖို႔ ျပႆနာမ႐ွိဘဲ သင္ထားၿပီးသမွ်ကို ေမ့မသြားေအာင္ ပိုၿပီး အားထုတ္ ဂ႐ုစိုက္ေနရပါသည္-တဲ့၊

ယေန႔ကမာၻဟာ ႐ြာႀကီးတစ္႐ြာျဖစ္လာၿပီး ထို႐ြာႀကီးဟာလည္း ျပားသထက္ျပားလာေသာအခါ က်ေနာ္တို႔ေ႐ွ႕မွာ ဘာသာစကားတို႔ တိုးေဝွ႔တြန္းတိုက္ မိၾကတာကို တစ္ႀကိမ္ထက္ တစ္ႀကိမ္ဆိုသလို ျမင္ေနရပါသည္၊ အေရာင္စံု အေသြးစံု၊ အသံစံုေသာ စကားတို႔က ျမန္ဆန္ေသာ ဓါတ္ရထားမ်ားသဖြယ္ တစ္ေနရာမွ တစ္ေနရာသို႔ လြန္းထိုး သြားလာေနၾကသည္၊ သက္ဆိုင္ရာ ရထားတစ္စင္း,စင္းကိုသာ စီးႏိုင္မည္ဆိုလွ်င္ လိုရာခရီးကို က်ေနာ္တို႔ ပိုမို ျမန္ဆန္စြာ ေရာက္ႏိုင္ပါသည္၊ ေလာေလာဆယ္ က်ေနာ္ကေတာ့ ပီဇာရနံ႔သင္းေသာ၊ စပါဂက္တီ ရနံ႔သင္းေသာ ရထားတစ္စင္းကို စီးဖို႔ စိတ္ေစာေနမိသည္။ ။


ညီလင္းသစ္
၂၃ ဧၿပီ၊ ၂၀၀၉

 

မူရင္း site http://nyilinnthit.blogspot.com/2009/04/blog-post_23.html   ကေနကူးယူေဖာ္ျပပါတယ္။

[Unicode]

ကျွန်တော် သူများရေးထားတဲ့စာကို တစ်ခါမှ ကူးပြီးမတင်ဘူးသေးပါဘူး။ ဒီတစ်ခါတော့ ဖတ်ရင်းနဲ့ နှစ်သက်မိလို့ သူများတွေကိုပါဖတ်စေချင်တဲ့အတွက် ကူးပေးလိုက်ပါတယ်။
တစ်ခါတစ်ခါ အကြောင်းအရာတွေကို ကိုယ်တိုင် ရေးတာ ပြောတာကောင်းသလို သူများရေးထားတဲ့စာကောင်းလေးတွေကို ဖောက်သည်ချတာလည်းကောင်းတာပါပဲ။ ကိုညီလင်းသစ်ရေးထားတဲ့ ဆောင်းပါးကောင်းလေးတစ်ပုဒ်ဖတ်ကြည့်ကြပါဦး။
သူ့ရဲ့ site လေးကိုလဲ သွားရောက်အားပေးဖို့ လက်တို့လိုက်ပါတယ်။
ဇာနည်(MyWay!)
 
ဘာသာစကား၊ အကြားအာရုံနှင့် စုံသောအသံများ
ဘာသာစကားများအကြောင်း ကျနော်စဉ်းစားမိသည့်အခါ အမြဲလိုလိုပင် အံ့သြခြင်း ဖြစ်ရသည်၊ လူတစ်ဦးနှင့် တစ်ဦးကြားမှာဆက်သွယ်ရေးအတွက်သုံးသည့် ဘာသာစကားတစ်ခု၏ ကြွယ်ဝမှုက တကယ့်ကို မယုံနိုင်စရာ၊ အကြောင်းအရာပေါ်လိုက်လို့ သံတူကြောင်းကွဲ၊ ကြောင်းတူသံကွဲတွေ များစွာရှိတတ်သည်၊ စကားလုံးမထပ် အောင် အမျိုးမျိုး ပြောင်းသုံးနိုင်သည်၊ စကားကို တန်ဆာဆင် ပြောနိုင်သည်၊ တဲ့တိုးပြောနိုင်သည်၊ စကားကြီး ဆယ်မျိုး ပြောနည်းဖြင့် ပြောနိုင်သည်၊ ပြောရလျှင် ဘာသာစကား၏ သိမ်မွေ့နက်ရှိုင်းမှုကို ဘာသာစကားဖြင့် ပြန်ရှင်းပြဖို့ပင် ခပ်ခက်ခက်...၊

တိရိစာၦန်လောကမှာတော့ ရှင်းသည်၊ မကြိုက်ပါက ခွေးဆိုလျှင် မာန်ဖီပြမည်၊ ဆင်ဆိုလျှင် နားရွက်တွေ ကားပြီး ရှေ့တိုးနောက်ဆုတ် လုပ်မည်၊ ခလောက်မြွေဆိုလျှင် အမြီးကို တဆတ်ဆတ် လှုပ်၍ သတိပေးမည်၊ ဆိုလိုသည် မှာ သငေ်္ကတနှင့် ဖော်ပြပုံသည် တသမတ်တည်း ဖြစ်သည်၊ လူတွေအတွက် ဘာသာစကားမှာတော့ ဒီစကား တစ်ခုတည်းကိုပင် အဖိ၊ အဖေါ့၊ အပျော့၊ အမာ၊ မျက်နှာထိ မျက်နှာထားကိုလိုက်လို့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကွဲပြားသွားတတ်လေသည်၊ ဒီကြားထဲ စကားလုံး ရွေးချယ်ပုံကလည်း အရေးကြီး လိုက်သေးသည်၊ ကျနော်ပြော ချင်တာက စကားကို အသေးစိတ် တွက်ချက်ရွေးချယ်၍ ပြောမည်ဆိုလျှင် ကျွမ်းကျင်မှု၊ န့ှံစပ်မှုပေါ် မူတည်၍ လှပသိမ်မွေ့ နိုင်သလို ရှုပ်ထွေးခက်ခဲမှုလည်း ဖြစ်နိုင်ပါသည်၊ သို့သော် ထိုမျှလောက်လည်း မလိုပါ၊ ကျနော်တို့ အားလုံး နေ့စဉ်သုံး စကားများကို စာတမ်းရေးသလို မဟုတ်ဘဲ ပေါ့ပါးသွက်လက်စွာ ပြောတတ်ကြပါသည်၊

ကျနော် နေထိုင်ရာ ဆွစ်ဇာလန် နိုင်ငံမှာတော့ ဘာသာစကား၏ ရိုက်ခတ် အရေးပါမှုကို နေ့စဉ်လိုလို ထိတွေ့ ဆက်ဆံရလေသည်၊ ဒီနိုင်ငံမှာ တရားဝင် ရုံးသုံးဘာသာစကားက ၄ မျိုးရှိပါသည်၊ ဂျာမန်၊ ပြင်သစ်၊ အီတာလျံ နှင့် ရိုမော့န်ချ် (Romanche) ဘာသာတို့ ဖြစ်ပါသည်၊ လူဦးရေ၏ ၆၅% ခန့်က ဂျာမန်စကားပြောပြီး ၂၁% ခန့် က ပြင်သစ်စကား ပြောကြသည်၊ ၇% နီးပါးခန့်က အီတာလျံစကား ပြောပြီး ရိုမော့န်ချ်ကတော့ ပြောသူ ၁% ပင် မပြည့်ပါ၊ ဒါပေမယ့် သူကလည်း တရားဝင် ရုံးသုံးဘာသာအဖြစ်က တပြားမှမလျှော့...၊ ဒီစကားက ဂျာမန်၊ ပြင် သစ်၊ အီတာလျံတို့ကို နည်းနည်းစီ ရောသမမွှေပြီး ဒေသသုံး ဒိုင်ယာလက်ခ်တချို့ ပေါင်းထည့်ထားတာမျိုး ဖြစ် သည်၊ ကျနော့်မိတ်ဆွေ ဆွစ်လူမျိုးများထဲမှာတော့ ရိုမော့န်ချ် ပြောတတ်သူ တစ်ဦးတစ်ယောက်မှ မတွေ့ဖူးပါ၊

ဒီမှာပြောသည့် ဂျာမန်စကားကလည်း တစ်မျိုးဖြစ်သည်၊ ဆွစ်ဂျာမန်ဟု ခေါ်သည့်ထိုစကားသည် ဂျာမနီမှာပြော သည့် ဂျာမန်စကားနှင့် လုံးဝနီးပါး ခြားနားသည်၊ ထိုထက်ပိုသည်က ဆွစ်ဂျာမန်စကားသည် ဒိုင်ယာလက်ခ် အပြောသက်သက် ပုံစံသာရှိ၍ အရေးပုံစံ (written form) မရှိခြင်းဖြစ်သည်၊ ဒီတော့ ကျောင်းတွေမှာ standard ဂျာမန်စကားကို သင်ပြီး အပြင်မှာတော့ ဆွစ်ဂျာမန်စကား ပြောကြသည်၊ ဂျာမနီမှ ဂျာမန်တစ်ယောက် ဒီကိုလာ သောအခါ သူ့ဂျာမန်စကားကို ဆွစ်ဂျာမန်တို့ နားလည်ပြီး ၄င်းတို့ပြောသည့် ဆွစ်ဂျာမန်စကားကိုမူ ထိုဂျာမန်နား မလည်နိုင်ပါ၊ ပြင်သစ်ဘာသာကတော့ အချို့နေရာတွင် လေယူလေသိမ်း အနည်းငယ်ကွဲသည်မှအပ ဆွစ်ဇာ လန်မှာ ပြောသည့်စကားနှင့် ပြင်သစ်ပြည်မှာ ပြောသည့်စကား အတူတူပင်ဖြစ်သည်၊ အီတာလျံစကားလည်း ဆွစ်အီတာလျံနှင့် အီတလီမှအီတာလျံ အတူတူနီးပါးပင် ဖြစ်သည်၊ ထိုသို့သော ဘာသာစကား ခြားနားမှုများ ကြောင့် အရွယ်အားဖြင့် မြန်မာပြည်ထက် ၁၅ ဆခန့် ငယ်ပြီး လူဦးရေလည်း ၇ သန်းကျော်ကျော်သာ ရှိသော အနှီ ဆွစ်ဇာလန်နိုင်ငံသည် တစ်ပုဒ်တည်းသော အမျိုးသားသီချင်းကို အဆိုပါ ဘာသာ ၄ မျိုးဖြင့် ထားပေးရလေ သည်၊

ဆွစ်ဂျာမန်ကလေးတွေက မူလတန်းအဆင့် ၃ တန်းသို့ ရောက်သည်နှင့် ပြင်သစ် သို့မဟုတ် အီတာလျံ တစ်ခုခု ကို ဒုတိယဘာသာအဖြစ် သင်ကြရပြီး၊ ကျန်ဆွစ်ပြင်သစ်နှင့် ဆွစ်အီတာလျံ ကလေးတွေကလည်း ထိုဘာသာ ၃ ခုတွင် မိခင်ဘာသာစကား မဟုတ်သည့် နှစ်ခုအနက် တစ်ခုကို မသင်မနေရ ရွေးချယ်ရလေသည်၊ ထို့ကြောင့် ဆွစ်လူမျိုးအများစုသည် အနည်းဆုံး ဘာသာစကား ၂ မျိုး သို့မဟုတ် ၃ မျိုးကို ပြောတတ်ကြသည်၊ သို့သော် ကျနော်မြင်ရသလောက် ဆွစ်ပြင်သစ်တွေဂျာမန်စကား ပြောနိုင်တာထက် ဆွစ်ဂျာမန်တွေက ပိုပြီးပြင်သစ်စကား ပြောနိုင်ကြသည်၊ ပထမအချက်မှာ ဆွစ်ဂျာမန်တွေက စည်းစနစ်၊ ဇွဲနဘဲအရာမှာ တယူသန်၊ တလမ်းသွား ပိုကျ ပြီး အစွမ်းကုန် ကြိုးစားပြောကြသောကြောင့် ဖြစ်သည်၊ ဒုတိယအချက်မှာ ဂျာမန်စကားက ထောင့်တောင့် တောင့် ကြမ်းတမ်းတမ်း ဖြစ်၍ ဆွစ်ပြင်သစ်အများစုမှာ ပြောရန်စိတ်မပါသောကြောင့် ဖြစ်သည်၊

ဤနိုင်ငံလေးမှာ ၃ နာရီခန့် ရထားစီးမည်ဆိုလျှင် နိုင်ငံ၏တဖက်နယ်စပ်မှ အခြားတဖက်နယ်စပ်သို့ ရောက်ပါ လိမ့်မည်၊ ပြင်သစ်စကားပြော အပိုင်းဖြစ်ပါက ရထားပေါ်တွင် ပြင်သစ်စကားဖြင့် ပထမကြေညာပြီးမှ ဂျာမန် စကားဖြင့် ထပ်ဆင့်ကြေညာသည်၊ ခရီးသွားတစ်ယောက်သည် ပြင်သစ်စကား အရင်ကြားရမည့်အစား ဂျာမန်စကားကို ပထမကြားရပါက ဂျာမန်စကားပြောသည့် အပိုင်းသို့ရောက်လာပြီ ဖြစ်ကြောင်း သိနိုင်ပါသည်၊ မည်သို့ပင်ဖြစ်စေ ဆွစ်ဂျာမန်ပိုင်းကို ရောက်ဖြစ်သည့်အခါ ကြားနေကျ ပြင်သစ်စကား နေရာမှာ ဂျာမန်စကား ကြားရသောကြောင့် အခြားနိုင်ငံတစ်ခုကို ရောက်သလို ကျနော် မကြာခဏ ခံစားရသည်၊ ဈေးဝယ်သည့်အခါ ကုန်ပစ္စည်းများ ပေါ်မှာရှိသည့် စကား ၃ မျိုးအနက်မှ ကိုယ်နှင့်သက်ဆိုင်သည့် စကားကို ရှာဖွေဖတ်ရှုရခြင်းအား အစပိုင်းတွင် ကျနော်အထူးအဆန်း ဖြစ်နေခဲ့ဖူးသည်၊ မကြာခဏ ကြုံရသည့် နောက်ထပ်တစ်ခုမှာ ဆွစ်လူမျိုး အချင်းချင်း အင်္ဂလိပ်လို ပြောနေကြခြင်းဖြစ်သည်၊ ဆွစ်ဂျာမန်တွေက ပြင်သစ်လို ကြိုးစားပြောချင်သော်လည်း ဆွစ်ပြင်သစ်တွေက ဂျာမန်လိုပြန်မပြောချင်၊ ပြန်မပြောနိုင်သည့်အခါ ၄င်းတို့အချင်းချင်း နောက်ဆုံး၌ အင်္ဂလိပ် လိုသာ ပြောကြတော့သည်၊ သို့သော် ဘာသာစကား ကွဲပြားသော်လည်း သူတို့ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင် ကြပါသည်၊

လူတစ်ယောက် ဘာသာစကား တစ်ခုကို ပြောဖို့အတွက် အရင်ဦးဆုံး လိုအပ်သည်မှာ မည်သည့်အရာနည်းဟု တစုံတယောက်က မေးလာခဲ့မည်ဆိုလျှင် ထိုစကားကို ကြားနိုင်သော အကြားစွမ်းရည် ဖြစ်သည်ဟု ကျနော်ဖြေ မိမည် ထင်ပါသည်၊ မှန်ပါသည်၊ စကားတစ်ခုကို မှန်ကန်စွာ မကြားနိုင်ဘူးဆိုလျှင် ထိုစကားကို မှန်ကန်စွာပြော နိုင်ရန် အခွင့်အလမ်း နည်းပါးသွားပြီ ဖြစ်သည်၊ ကျနော် မြန်မာပြည်မှာ ဧည့်သည်များနှင့်မကြာခဏ ခရီးသွားစဉ် အခါက မြန်မာစကားအကြောင်း သူတို့ကို ပြောဖြစ်တိုင်း ထိုအချက်ကို ကျနော်သတိပြုမိသည်၊ ဥပမာ- ကျနော် က ‘ငပိ’ ဟုပြောသည့်အခါ သူတို့က ‘နပိ’ ဟုကြားကြသည်၊ ကျနော်က ထိုစကားနှစ်ခုကို သေသေချာချာ အသံ ထွက်ပြသော်လည်း သူတို့ကမူ အတူတူပဲ ကြားရသည်ဟု ဆိုသည်၊ ကျနော်တို့၏ မိခင်ဘာသာနှင့် ဘာဆိုဘာမျှ နီးစပ်ခြင်း မရှိသော စကားတစ်ခုကို မှန်ကန်စွာ ကြားနိုင်ဖို့ ဆိုသည်မှာ အမြဲတမ်းတော့ မလွယ်ကူနိုင်ပါ၊ ကွဲပြား သော စကားတစ်ခုကို မှန်ကန်စွာ မကြားနိုင်သည်မှာ အသာထားဦး၊ အမြဲတသမတ်တည်း ရှိနေသော အသံတစ် ခုကိုပင် ကျနော်တို့အားလုံး ကြားပုံကြားနည်းချင်း မတူကြပါ၊

ထို့ကြောင့်ပင် တစ်ကောင်တည်းသောကြက်၏ တစ်သံတည်းသော တွန်သံကိုပင် မြန်မာက ‘အောက်အီးအီး အွတ်’ ဟုကြားစဉ် အင်္ဂလိပ်က ‘ကော့က ဒူးဒယ်လ်ဒူး’ (cock-a-doodle-do)ဟု ကြား၏ ပြင်သစ်တို့ကမူ ‘ကော်ကော်ရီကို’ (cocorico) ဟုကြားကြသည်၊ တစ်ကောင်တည်းသောကြောင်က ကျနော်တို့ရှေ့တွင် ‘ညောင်’ ဟုအော်၍ ဆွစ်တို့ရှေ့တွင်မူ ‘မြဦး’ (Miaou) ဟုအော်လေသည်၊ အကယ်၍သာ တိရစာၦန်များ စကားပြောတတ် ပါက ကျနော်တို့အားလုံး မှားကြသည်ဟု ပြောကောင်းပြောနိုင်ပါသည်၊ စင်စစ် အသံတစ်သံတည်းကိုထိုသို့အမျိုး မျိုးကြားကြခြင်းမှာ ကျနော်တို့ မိခင်ဘာသာစကား၏ အသံဖွဲ့စည်းပုံစနစ်များကြောင့် ဖြစ်ပါသည်၊

ဘာသာစကား အသီးသီးတွင် အသံထွက်အလိုက် သတ်မှတ်နိုင်သော Frequency range များရှိကြသည်၊ အကျသံ၊ အလေးသံများသော ဘာသာစကားများက frequency အနိမ့်ပိုင်းမှာ ရှိကြပြီး အတက်သံ၊ နှာခေါင်းသံ၊ စူးရှသံများသော စကားများက အမြင့်ပိုင်းမှာ ရှိကြသည်၊ Frequency ကွဲပြားသော စကားကို ပြောသောလူနှစ် ယောက်သည် အသံတစ်သံကို ကြားပုံချင်းလည်း မတူညီနိုင်ပါ၊ ၄င်းတို့၏ အကြားအာရုံက သက်ဆိုင်ရာ မိခင် ဘာသာစကား၏ ဖွဲ့စည်းပုံကိုသာ အသားကျနေသောကြောင့် ထိုဖွဲ့စည်းပုံ frequency range အတွင်းမှမဟုတ် သောအသံများကို ကြားသောအခါ နားစည်မှ ပေးပို့သော သတင်းအချက်အလက်ကို ဦးနှောက်မှ ကွဲလွဲစွာ ဘာသာပြန်တတ်ပါသည်၊ ဥပမာ- ပြင်သစ်စကားသည် frequency range ၁၂၅ Hz မှ ၂၀၀၀ Hz အတွင်းသာ ရှိသည်၊ ဆိုလိုသည်မှာ အလေးဆုံး၊ အကျဆုံးအသံသည် ၁၂၅ ဟာ့ဇ်မှာရှိပြီး အတက်ဆုံးအသံသည် ၂၀၀၀ ဟာ့ဇ်ဝန်းကျင်ခန့်မှာ ရှိသည်၊ အင်္ဂလိပ်စကားမှာမူ ၁၂၅ မှ ၁၂၀၀၀ ဟာ့ဇ်အတွင်း ရှိသောကြောင့် frequency range ပိုမို ကျယ်ဝန်းပါသည်၊ အကျိုးဆက်အနေဖြင့် အင်္ဂလိပ်တွေ ပြင်သစ်စကား ပြောသောအခါ လေသံသိပ် မဝဲဘဲ သွက်သွက်လက်လက် ပြောနိုင်ပြီး ပြင်သစ်တွေ အင်္ဂလိပ်စကား ပြောသောအခါ အလွန်ဝဲသောလေသံ ဖြင့် အာလေးလျှာလေး ပြောကြလေသည်၊ ထို့ကြောင့် ဘာသာစကားတစ်ခုသည် အလွန်နိမ့်သော အကျသံများ ဖြင့်ဖွဲ့စည်းထားသလို မြင့်သောအတက်သံများလည်း ပါဝင်သည် ဆိုပါစို့၊ ထိုစကားကို ပြောသောလူမျိုးများသည် အခြားစကားများကို မှန်ကန်စွာ ကြားတတ်ကြပြီး အသံထွက်လည်း မှန်ကန်စွာ ထွက်နိုင်ကာ အတတ်မြန်ကြ လေသည်၊ စကင်ဒီနေးဗီးယား နိုင်ငံများ၊ ရုရှား၊ ပိုလန် စသောနိုင်ငံများမှ လူများသည် အခြားလူမျိုးများထက် language ပိုင်းတွင် ပိုပြီး တတ်လွယ်ကြသည်၊

တကယ်တော့ ကျနော်တို့အားလုံးတွင် အင်မတန် အာရုံခံစားမှု ကောင်းသောအကြားစနစ်များ မွေးကတည်းက ပါလာခဲ့ပါသည်၊ စကားပြောတတ်ကာစ ကလေးတစ်ယောက်သည် ၂၀ ဟာ့ဇ်မှ ၂၀ ၀၀၀ ဟာ့ဇ်အတွင်း အသံ များအားလုံးကို မှန်ကန်စွာ ကြားနိုင်ပါသည်၊ အင်မတန်မှ ကျယ်ပြန့်သော frequency range ဖြစ်သည်၊ သို့သော် ထို range မှာကြီးလာသည်နှင့်အမျှ ကြားနေကျ သက်ဆိုင်ရာ မိခင်ဘာသာစကားအလိုက် ကျဉ်းမြောင်းပြောင်း လဲသွားကာ ကျနော်တို့၏ အကြားအာရုံမှာလည်း စူးရှမှု နည်းပါးသွားတော့သည်၊

စင်စစ် စကားတစ်ခုကို မှန်ကန်စွာ ကြားပြီဟု ဆိုသည့်တိုင်အောင် ထိုစကားအတိုင်း မှန်ကန်စွာ အသံပြန်ထွက် နိုင်ဖို့ အမြဲတမ်း မလွယ်ကူပြန်ပါ၊ ကျနော်ပြင်သစ်ဘာသာကို ပထမဆုံး စသင်ခဲ့သည်မှာ မြောက်ဥက္ကလာပရှိ ဘုန်းကြီးကျောင်းတွင် ဖြစ်ပါသည်၊ ထိုကျောင်းတွင် ကံကောင်းထောက်မစွာ အင်မတန်စာသင်ကောင်းသော ဆရာမနှစ်ယောက်နှင့် သင်ကြားခဲ့ရသည်၊ သို့တိုင် ကျောင်းစ,တက်သည်မှ ခြောက်လကြာသည်အထိ ကျနော် တို့မှာ စကားပြောနိုင်ဖို့ဝေးလို့၊ အသံထွက်ကိုပင် မှန်အောင်မထွက်နိုင်သေးပါ၊ အင်္ဂလိပ် အသံထွက် များနှင့်ယဉ်ပါး ခဲ့သော ကျနော်၏လျှာကြွက်သားများက ခပ်လေးလေး ပြင်သစ်အသံတို့ကြားမှာ တဝဲလည်လည် ဖြစ်နေခဲ့ရ သည်၊ ခက်ခဲသော သဒ္ဒါစနစ်၊ များမြောင်လှသော ချွင်းချက်များ၊ ခန့်မှန်းရခက်သော အသံထွက်များ၊ အရာရာ တိုင်းကို အထီးအမ ခွဲခြားထားသော Gender စနစ်တို့ကြောင့် လှော်တိုင်းမရောက်သော ပြင်သစ် ပင်လယ်မှာ ကျနော်အတော်စိတ်ရှည်ရှည်ဖြင့် ရွက်စုံလွှင့်ခဲ့ရသည်၊

တခါတုန်းက ဖတ်ခဲ့ရသော အင်တာဗျူးတစ်ခုကို သတိရမိပါသည်၊ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အလုပ် လုပ်သော အစိုးရအဖွဲ့၏ စကားပြန်တစ်ယောက်ကို မေးမြန်းထားခြင်းဖြစ်သည်၊ ထိုသူမှာ ဘာသာစကား ၅၃ မျိုး ပြောတတ်သည်ဟု ဆိုသည်၊ သူ၏အဆိုအရ ဘာသာစကား သင်ယူတာများလာလေလေ စကားအသစ်အတွက် ပေးရသောအချိန် နည်းလာလေလေဖြစ်သည်၊ ပထမစကားကို ၃ နှစ်သင်ရသည် ဆိုလျှင် နောက်ထပ်စကားကို ၁ နှစ်ခွဲလောက်သင်လျှင် တတ်နိုင်သည်၊ နောက်ထပ်စကားကို ၁ နှစ်၊ နောက်တစ်ခုကို ခြောက်လ စသဖြင့်...၊ သူစကားသင်ယူ နည်းမှာ စိတ်ဝင်စားစရာ ကောင်းပါသည်၊ သူက ဘာသာစကားတစ်ခုကို ဖတ်နိုင်ဖို့ အရင်ဆုံး ကြိုးစားသည်၊ ထိုအတွက် ယေဘုယျအားဖြင့် ၃ လခန့်ကြာသည်၊ “ ခင်ဗျား စကားတစ်ခုကို ဖတ်နိုင်ပြီဆိုရင် အဲဒီစကားကို ခင်ဗျားတတ်ပြီလို့ ဆိုနိုင်တယ်ဗျ၊ ဒီလို ဖတ်တတ်ဖို့က အကြမ်းဖျဉ်း ပြောရရင် ၃ လလောက်တော့ ကြာမယ်ဗျာ၊ အဲဒါနောက်ပိုင်းမှာတော့ ခင်ဗျားလုပ်ရမှာက အဘိဓါန်ကောင်းကောင်း တစ်အုပ်ရှာပြီး အဲဒီစကားနဲ့ ရေးထားတာတွေကို ရနိုင်သလောက်သာ ရှာပြီးဖတ်ပေတော့...” တဲ့၊ ဖြစ်နိုင်ပါသည်၊ သို့သော် ထိုစကားကို သွက်သွက်လက်လက် ပြောနိုင်ဖို့ဆိုလျှင် စာဖတ်သောအခါ ခပ်ကျယ်ကျယ် အသံထွက်ဖတ်ဖို့တော့ လိုအပ်ပါ လိမ့်မည်၊ ထိုလူကတော့ စကားအသစ် ထပ်သင်ဖို့ ပြဿနာမရှိဘဲ သင်ထားပြီးသမျှကို မေ့မသွားအောင် ပိုပြီး အားထုတ် ဂရုစိုက်နေရပါသည်-တဲ့၊

ယနေ့ကမ္ဘာဟာ ရွာကြီးတစ်ရွာဖြစ်လာပြီး ထိုရွာကြီးဟာလည်း ပြားသထက်ပြားလာသောအခါ ကျနော်တို့ရှေ့မှာ ဘာသာစကားတို့ တိုးဝှေ့တွန်းတိုက် မိကြတာကို တစ်ကြိမ်ထက် တစ်ကြိမ်ဆိုသလို မြင်နေရပါသည်၊ အရောင်စုံ အသွေးစုံ၊ အသံစုံသော စကားတို့က မြန်ဆန်သော ဓါတ်ရထားများသဖွယ် တစ်နေရာမှ တစ်နေရာသို့ လွန်းထိုး သွားလာနေကြသည်၊ သက်ဆိုင်ရာ ရထားတစ်စင်း,စင်းကိုသာ စီးနိုင်မည်ဆိုလျှင် လိုရာခရီးကို ကျနော်တို့ ပိုမို မြန်ဆန်စွာ ရောက်နိုင်ပါသည်၊ လောလောဆယ် ကျနော်ကတော့ ပီဇာရနံ့သင်းသော၊ စပါဂက်တီ ရနံ့သင်းသော ရထားတစ်စင်းကို စီးဖို့ စိတ်စောနေမိသည်။ ။


ညီလင်းသစ်
၂၃ ဧပြီ၊ ၂၀၀၉
 
မူရင်း site http://nyilinnthit.blogspot.com/2009/04/blog-post_23.html   ကနေကူးယူဖော်ပြပါတယ်။

Views: 2523

Reply to This

Replies to This Discussion

ဗဟုသုတ ရပါတယ္ရွင္

ေက်းဇူးတင္ပါတယ္

ဟုတ္ပါတယ္.. ဖတ္ရတာ ေတာ္ေတာ္ ဗဟုသုတရပါတယ္... သေဘာအက်ဆံုးက ျပင္သစ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွာ အလုပ္ လုပ္ေသာ အစိုးရအဖြဲ႔၏ စကားျပန္ ဆိုသူေျပာတာပါပဲ ... သူ ့အတြက္ စကားအသစ္ ထပ္သင္ဖို႔ ျပႆနာမ႐ွိဘဲ သင္ထားၿပီးသမွ်ကို ေမ့မသြားေအာင္ ပိုၿပီး အားထုတ္ ဂ႐ုစိုက္ရပါတယ္ဆိုတဲ့အခ်က္ဟာ လူတိုင္းအတြက္အေရးၾကီးပါတယ္... ေရွ  ့ကသင္ ေနာက္ကေမ့ ျဖစ္မယ္ဆိုရင္ ဘာမွမထူးပါဘူး .. တစ္ခုနဲ ့တစ္ခု ေရာေထြးမသြားဖို ့လဲ ဂရုစိုက္ရမွာပါ... ဘာသာစကား သိပ္အမ်ားၾကီးတတ္ဖို ့ထက္ ကိုယ့္ပတ္၀န္က်င္မွာအသံုးမ်ားျပီးအက်ိဳးရွိတဲ့ ဘာသာစကားအနည္းငယ္ခန္ ့ကိုသာ ကြ်မ္းကြ်မ္းက်င္က်င္ျဖစ္ေအာင္ အရင္ဆံုးဦးစားေပးသင့္တယ္လို ့ထင္ပါတယ္ ။


အရမ္းေကာင္းတဲ႔ ေဆာင္းပါးေလး တစ္ပုဒ္ပါဘဲ ခင္ဗ်ာ.....

အခုလို ေ၀မွ်ေပးတာကို .....

ေက်းဇူး အထူးတင္ရွိပါေၾကာင္း....

ေက်းဇဴးပါေကာင္းပါတယ္

thanks

hello mingalar bar

Thank A Lot...

ႊ့Thanks for sharing this. Really appreciate it.

Thank you friend.

တင္ျပပံု အရမ္းေကာင္းပါတယ္... ရွဳပ္ေထြးတဲ့ အေၾကာင္းအရာကို စာေရးဆရာ တင္ျပထားပံုက တကယ့္ကို ရွင္းရွင္းလင္းလင္းနဲ ့ျမင္သာပါတယ္။ ေက်းဇူးတင္ပါတယ္ဗ်ာ ..

ေက်းဇူးတင္ပါတယ္

ေက်းဇူးတင္ပါတယ္

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service