မကေ တင်တဲ့ ဆရာမစိုးစိုး ရဲ့မျိုးဆက်သစ်တို့တွက် တိုးတက်ရာလမ်းစများ ရှာဖွေစို့ ဆောင်းပါးနှင့် comments များနှင့်ဆက်စပ်ဖတ်ကြည့်ပါရန်။

ပထမကတော့ comment ရေးရုံဘဲတွေးတာ ရေးရင်းနဲ့ ရှည်လာတော့ သူများ post မှာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ သီးခြားပိုစ့်အဖြစ် တင်လိုက်ပါတယ်။

 

ပညာရေးနိမ့်ကျသည့်အကြောင်းကို အများသူငှာ စိတ်ပါဝင်စားစွာဆွေးနွေးကြတာ အင်မတန်မှ အားရစရာကောင်းပါတယ်။ ကျွန်တော်တို့တွေ ဘာကြောင့်-ဘာဖြစ်ဆိုတဲ့ why အဆင့်မှာတင်ရပ်နေကြပြီ။ ဘာလုပ်မလဲ-ဘယ်လိုလုပ်မလဲ what and how အဆင့်ကိုတက် ဖို့အချိန်တန်ပါပြီ။ ဟုတ်ပါသည်။ ယနေ့မျက်မှောက်ခေတ် မြန်မာ့ပညာရေးသည် မျက်နှာငယ်လူရာမ၀င်ဖြစ်အောင် နိမ့်ကျနေသည်။ မှန်သည်။ ဒါကအမှန်တရား။ လူတိုင်းသိသည်။ ဘယ်သူတွေကြောင့်၊ ဘယ်အကြောင်းတရားတွေကြောင့် ဆိုတာလည်းလူတိုင်းသိသည်။ ဒါပေမယ့် ကျွန်တော်တို့ ၄င်းအကြောင်းတရားကို ကျွန်တော်တို့အခုမပြောင်းနိုင်သေး။ ပြောင်းနိုင်သည့် လူတွေကလည်း ပြောင်းမှမပြောင်းတာ။ အခုလက်တွေ့ ကျွန်တော်တို့လုပ်နိုင်တာလေးတွေ ပဲဆွေးနွေးကြရအောင်။

(၁) ပညာရေးဆိုတာနဲ့ စာသင်ကျောင်း၊ ဆရာ၊ ကျောင်းသား စတာတွေနဲ့ပဲတွဲမြင်တတ်တဲ့ ဘောင်ကနေကျော်မြင်တတ်အောင် အများပြည်သူကို ပညာပေးနိုင်ပါတယ်။ဟောပြောပွဲ၊ စာအုပ်စာပေ၊ ဂျာနယ်တွေကတဆင့်ပေါ့။ အဲဒီအဆင့်အောင်မြင်ရင် တကယ့်အရည်အသွေးမြင့် ပညာရေးကိုတန်ဖိုးထားလာကောင်းပါရဲ့။

(၂) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပညာဒါနသင်တန်းများကို ကိုယ်နိုင်သလောက်များများအားပေးလှုဒါန်းနိုင်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျွန်တော်တို့ လုပ်နိုင်သေးမှာမဟုတ်တဲ့အတွက် ကိုယ်နေတဲ့ရပ်ကွက်၊ မြို့နယ်မှာရှိတဲ့၊ ဒါမှမဟုတ်နီးတဲ့ ဘက ကျောင်းလေးတွေကပဲစသင့်ပါတယ်။ အလှုဒါနအတွက် အခု Myanmar network မှာ group လေးများဖွဲ့သလို network တစ်ခုဖွဲ့ပြီး စေတနာရှင် အသင်းဝင်တွေထံက အလှုငွေကောက်နိုင်ပါတယ်။ လူငယ်လေး များဟာ လူမှုရေးစိတ်ဓါတ်အပြည့်ရှိတာ ကျွန်တော်ယုံကြည်ပါတယ်။ လူတစ်ယောက်အတွက် တစ်လ ၁၀၀၀ ကျပ်ဟာ ဘာမှ ပြောပလောက်မှာမဟုတ်ပါဘူး။  ဒါပေမယ့် အသင်းဝင် ၁၀၀၀ ရှိတဲ့အဖွဲ့ဆိုရင် တစ်လ ၁၀၀၀၀၀၀ ကျပ်ရနေပြီ။ ဒီငွေဟာ ဘ-က ကျောင်းတစ်ကျောင်းအတွက် အင်မတန်မှ အထောက်အကူပြုနိုင်တဲ့ငွေပမာဏပဲဖြစ်ပါတယ်။ မူလတန်းပညာရေးဟာ လူတစ်ယောက်ဘ၀အတွက် နောင်အနှစ် ၂၀ လောက်မှာ ဘယ်လိုလူဖြစ်မလဲဆိုတာပုံ သွင်းပေးတဲ့ကာလဖြစ်တဲ့အတွက် အင်မတန်မှအရေးကြီးပါတယ်။ စည်းကမ်းကောင်းတဲ့၊ စာရိတ္တကောင်းတဲ့ ကလေးငယ်တွေကို သွန်သင်ပေးဖို့ အစိုးရကျောင်းတွေကို အားမထားနိုင်သေးချိန်မှာ နီးစပ်ရာဘုန်းတော်ကြီးသင်ကျောင်းတွေပဲ သင်ကြားရေး၊ စည်းကမ်းပိုင်း ပိုအားထုတ်နိုင်အောင် ပံ့ပိုးပေးနိုင်မှာပါ။

(၃) . . . ?

(၄) . . . ?
ကျွန်တော်မတွေးမိတာတွေးထားသူများ ၀ိုင်းဝန်းဆွေးနွေးပေးကြပါဦး။
စိတ်ကူးယဉ်သလိုများဖြစ်နေပြီလားမသိဘူး။ ကြောင်ကို ချူဆွဲပေးတာတော့ဟုတ်ပြီ။ ဘယ်သူချူဆွဲမလဲ ဆိုတာအရင်မေးရမလိုဖြစ်နေမလား။ ကျွန်တော်တင်ပြသလို ဒါနပြုမည့် network ကလေးတစ်ခုဖြစ်လာရင်တော့ ကျွန်တော်အရင် အဖွဲ့ဝင် စာရင်းကြိုသွင်းထားလိုက်ပါတယ်။

 

ဇာနည်(MyWay!)

Views: 303

Reply to This

Replies to This Discussion

Very good of your ideas. I am still dreaming about improving the future education for our people, and I have no idea for now.

Put me on the list ....

I am still thinking about it seriously for our sharing together group...

At least , I can teach some people who may need my help for free or nearly free .,

that's ok for me , but i am not so sure about others of our members .

Let me know if anyone take it seriously....

Ko Zar Ni , Keep on .............. ;)

That's a great idea, bro. I would like to participate to improve our education system. I am trying to help around me as much as i can within my effort. I do hope we can develop one organization as you said with all our members effort. Kindly let us know if you have more ideas about this.

Best regards,

 That is totally great.And then we need to organize the people who is willing to do .According to you if u will be the the first team member of that group i gonna the second..................

Just bring up this post for other people who haven't read :)

yeap... you are right, M Zin.  We should bring up this post to notice all the members :)

Lead us Ko zarni! I will volunteer at teaching.I can also teach to think outside the box,not just textbooks i mean.U lead us.

Very good idea, bro. If you develop an educational social network, i would like to be one of a member and want to contribute as my best, bro.

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service