မမကြီး ပြန်လာတဲ့အခါ

သားဖို့ မုန့်ဝယ်ခဲ့နော်လို့

မောင်ငယ်က မှာ....

ဝယ်ခဲ့မှာပေါ့လို့

အပြုံးတစ်ဖဲ့နဲ့ စကားဆိုဆဲ...

သားဖို့ ဘောလ်ပင်ဝယ်ခဲ့နော်လို့

မောင်အလတ်က ထပ်မံဆို...

အပြုံးစရဲ့ မပီပြင်ဝိုးတ၀ါးနဲ့

နံနက်ခင်း အလုပ်သွား

မောင်အကြီးက အိမ်ပေါက်ဝက ဆီးကြိုပြော

မမ သားကို မုန့်ဖိုးပေးပါဦးတဲ့။

သြော်... မပြည့်စုံတဲ့ ငါတို့ဘဝ

ရင်နာရပါဘိ

ငါ့ရဲ့မိသားစု ပြည့်စုံအောင်

ငါ မစွမ်းဆောင်နိုင်သေးပါလား

မိဘအပေါ် သားသမီးဝတ်

မကျေသေးတဲ့ ငါ့ကိုငါပဲ

စိတ်ဆိုးရမှာလား

ကံကြမ္မာကိုပဲ

အပြစ်ဖို့ရမှာလား

ငါ့ကို ငါလည်း ဝေခွဲခက်စွာ

လောကကြီးရယ်

တစ်ခွန်းလောက် ပြောလှည့်ပါဦး....

Views: 331

Reply to This

Replies to This Discussion

ယမင်းရဲ့ဘ၀အကြောင်းလေးပါ....

မယမင်း... အစ်မလိုမျိုးသော တခြားသူတွေလည်းရှိပါတယ်... မပြည့်စုံပေမယ့်လည်း အရမ်းကြီးအားမငယ်နဲ့နော်..  Fighting Ma Yamin!!!

ခုလို အားပေးတဲ့အတွက် အတိုင်းမသိ အားရှိပါပြီ။ ကျေးဇူးလည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲတင်မိပါတယ်ရှင်။

အားဆေးတစ်ခွက်ပါပဲ။ ကျတော်အသက်က 20

မိသားစုနဲနေရတာက 1 နှစ်ကနေ 4 နှစ်သားအထိ

ကျန်တဲ့ 16 နှစ်မှာကိုယ့်ဘ၀ကိုရုန်းခဲ့ရတယ်

အခုထိပဲ

ကျေးဇူးပဲလောကဓံရေ---------------------------:)

ဒို့လည်းကြိုးစာနေရပါတယ်

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service