ဆုံခဲ့ဖူးတဲ့ ဖူးစား နဲ့ လွဲချော်ခဲ့တဲ့ ရေစက်မှာ
ငါ … အခါခါ သေဆုံးခဲ့နေတယ်
တမိုးအောက်မှာ ၂ ယောက်အတူနေပေမယ့်
ဝေးကွာခြား တံတိုင်းနဲ့ခြားနားထားပြီး ဖြစ်နေပြန်တယ်လေ။

 

ထပ်တူမကျနိုင်(တော့)တဲ့ ဘဝမှာ
ပေါင်းစပ်ခွင့်အတွက် ငါ အယူခံဝင်မိနေပြန်သေးတယ်
ဒါပေမယ့်လည်း ……
မဖြစ်သင့်တော့တဲ့ ဘဝ ၂ ခုမှာ
မေ့ပစ်လိုက်ခြင်း ကို ငါ အသုံးပြုလိုက်သလို
နင်လည်း ငါ့ကို မေ့ပစ်လိုက်ပါတော့ …….

 

တိုတောင်းလှတဲ့ ဘဝလေးမှာ
တွေ့ .. ဆုံ .. ကြုံ .. ကွဲ
ဒီ ၄-မျိုးဟာ ကြုံရမှာမို့
ငါ … ဖြစ်ပျက်သမျှ အစမှ အဆုံး
အရာအားလုံးကို နားလည်ပေးလိုက်ပါတယ် ။

 

နင် လည်း နင်ပျော်အောင် နေပါ
*ဆုံ* ဖူးလို့သာ *ကွဲ* ခဲ့ရတာမို့
*ဖြစ်* ဖူးလို့သာ *ပျက်* ခဲ့ရတာပါ
*ငါတို့* လည်း ဝေးသွားခဲ့ကြပေမယ့်
ချစ်ခဲ့ဖူး ကြပါတယ်။

 

တိုက်ဆိုင်မှူ ရှိလို့တောင်
ငါ့ကို သတိမရလိုက်ပါနဲ့
ငါလည်း နင့်ကို မျက်နှာချင်းဆိုင် တွေ့မိခဲ့လျင်တောင်
့ခြေလှမ်းတို့ကို  ရှေ့သို့သာ ဆက်လျှောက်သွားမှာမို့ပါ။

 

နင်ဟာ ……….
*အရင်းနှီးရဆုံးသော သူစိမ်းဖြစ်သွားသူမို့ပါ။*

 

(၂-၈-၂ဝ၁၁)

Views: 323

Reply to This

Replies to This Discussion

နားလည်တယ်ဆိုပြီး
ဘာ့ကြောင့်မေ့ခိုင်းရတာလဲ
ခုထိလွှမ်းမိုးချင်ဆဲလား

ဟုတ်..ေ၇းထားတဲ့ သဘောတ၇ားက ကိုယ့်ဘက်က အားလုံးကို နားလည်ပေးလိုက်သလို..သူ့ဘက်ကိုလည်း ကိုယ့်ကို မေ့ပစ်ခိုင်းလိုက်တာပါ။ (လွဲချော်သွားတဲ့ ကံကြမ္မာကြောင့်)

 

ကျေးဇူးပါ၇ှင်။ :)

အ၇မ်းကောင်းတဲ့ကဗျာလေးပါပဲ။

ကြိုက်လို့ facebook wall မှာ copy လုပ်ထားမယ်နော်။

Hello! Ma

 

Very good poem.I am feel. Thank u so much

ကဗျာလေးက ခံစားလို့ကောင်းပါတယ်။

ကဗျာထဲကလို ဖြစ်နေရင်

တိုက်ဆိုင်မှူ ရှိလို့တောင်
ငါ့ကို သတိမရလိုက်ပါနဲ့

ဒီစာသားက နဲနဲ မာတဲ့ သဘောပဲ

သတိရဖို့ မရဖို့ဆိုတာ

တစ်ဖက်လူနဲ့ ဆိုင်လို့ ကိုယ်ဘက်က ပြောခွင့်မရှိဘူးလို့ ထင်မိပါတယ်

နောက် မေ့လိုက်လို့ပြောမယ့်အစား

မမေ့နဲ့ ပြောကြည့်ပါ

လုံးဝကို တစ်ဖက်လူ မေ့သွားစေမယ်လေး

ကိုယ်က တကယ်မေ့စေချင်ရင်ပေါ့။

ချစ်သူအချင်းချင်း မပေါင်းရခြင်း ကင်းရှင်းကြပါစေလို့

 

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service