စိတ္တဇ ဆေးရုံတစ်ခုဟာ အလွန်ဆိုးတဲ့လူနာတွေကိုအခြားဆေးရုံ ပြောင်းဖို့ လေယာဉ်နဲ့ ခေါ်ဆောင်လာ ပါတယ်။ ဆရာဝန်ကတော့ လေယာဉ်မှုးဘေးမှာ ထိုင်နေပြီး လူနာတွေကိုတော့ လေယာဉ်နောက်ခန်းထဲမှာ ထားပြီးခေါ်လာခဲ့ကြတာပေါ့။ အဲဒီချိန်မှာ လေယာဉ်ထဲ ကနေ အသံတွေကို ဆူညံနေအောင်ကြားရပါတယ်။ ဆရာဝန်လည်း စိတ်ပူပြီး အရူးခေါင်းဆောင်ကို ဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။
"ဟေ့ကောင် မင်းတို့ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ"
"ဘောလုံးကန်နေကြတာပါ။"
ဆရာဝန်လည်း စိတ်ညစ်ညစ်နဲ့ ညည်းညူရင်း "ဟာာာာာ........ဒီကောင်တွေတော့ကွာ လေယာဉ်ပေါ်မှာ ဘောလုံးမကန်ရဘူး ဆိုတာမသိဘူးလား.. သွား သွားပြောစမ်း"
"ဟုတ်ကဲ့ပါဆရာ"
အရုးခေါင်းဆောင်ထွက်သွားပြီးနာက်ပိုင်း တိတ်ဆိတ်သွားတယ်။ ဆရာဝန်လည်း သဘောကျသွားပြီး အရူးခေါင်းဆောင် ထိန်းနိုင်သားပဲပေါ့ ဆိုပြီးတွေးနေတာပေါ့။ ဒီကောင် ဘယ်လို ထိန်းထားလဲ စဉ်းစားရင်း ဘဲလ် နှိပ်ပြီး အရုးခေါင်းဆောင်ကို လှမ်းခေါ်လိုက်တယ်။ "မင်းတော်တယ်....ဘယ်လိုထိန်းလိုက်တာလဲကွ.....ပြောပြစမ်းပါအုံး.....တိတ်ဆိတ်သွားတာပဲ"
"ဆရာပဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို.....အဲဒါနဲ့ ကျွန်တော်လည်း လေယာဉ်တံခါးပေါက်ကို
ဖွင့်ပေးလိုက်တာပါ အခု သူတို့ ဘောလုံးကန်ဖို့ ဆင်းသွားကြပြီ ကျွန်တော်တောင် အခုသွားတော့မှာ ဆရာလိုက်အားပေးပါလား"

" ဘ.....ဘ....ဘာဖြစ်တယ်"

Site တစ်ခုကရလို့ ပြန်လည်ဝေငှပေးတာပါခင်ဗျာ

Views: 1050

Reply to This

Replies to This Discussion

တေရော

Oh! all people are crazy..................

ကောင်းကြတေးရဲလား ဂျာ

ha ha :D :D

nice joke

 

မိုက်တယ်း)

:P

အော်ဒုက္ခ။

ဟား..........ဆရာဝန်ထိန်းရတဲ့တာဝန်ပေါ့သွားပြီ။

စိတ်ညစ်တဲ့အချိန်ဖတ်လိုက်လို့လားမသိဘူး ငိုချင်တာကို ရယ်လိုက်တော့ဘယ်လိုကြီးမှန်းမသိတော့ဘူးဒါပေမယ့်အားရပါးရအော်ရယ်လိုက်တယ် ကျေးဇူးတင်ပါတယ်

ဖတ်ရတာကောင်းပါတယ်ခင်းဗျာ

ဟာသဆိုတာလူတိုင်းစားသုံးသင့်တဲ့ထမင်းပါ။

ကျေးဇူးပါခင်ဗျာ။

အရမ်းကောင်းတာပဲ စိတ်ညစ်နေတာတွေတောပျောက်သွားပြီ

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service