အင်္ဂလိပ်စကားပြောတက်ချင်တယ်၊ပြောတက်ချင်တယ်ဆိုပြီး အိမ်မက်ထဲမှာပဲ ယောင်နေတဲ့ ကျွန်တော်တို့လို သူငယ်ချင်းများအတွက်

သင်တန်းတွေအများကြီးတက်ပေမဲ့ အင်္ဂလိပ်စကားမပြောတက်ဘူးလို့ တော်တော်များများပြောကြပါတယ်။

မှန်ပါတယ်။မတက်ပါဘူး။သင်တန်းတက်ရုံနဲ့ ဘယ်တော့မှ မတက်နိုင်ပါဘူးဆိုတာ သိသလောက်ပြောပါရစေ။

အင်္ဂလိပ်စာမှာ input နဲ့ outputဆိုပြီးနှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့ငယ်စဉ်ကတည်းက သင်လာခဲ့တဲ့ သဒ္ဒါတွေ၊ဝေါဟာရတွေ၊ဝါကျဖွဲ့စည်းပုံတွေ စသည်ဖြင့် အားလုံးပာာ  inputတွေပါ။

အဲဒါတွေကို ပြန်အသုံးချတာကို outputလို့ခေါ်ပါတယ်။outputထုတ်အောင်၊သို့မဟုတ်ပြန်သုံးနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ ဖြေရလွယ်ပြီး လုပ်ရခက်တဲ့ မေးခွန်းပါ။

နေ့စဉ်အသုံးချရပါမယ်။အရှက်အကြောက်မရှိဘဲ တွေ့သမျှစကားအားလုံးကို ဘာသာပြန်ကြည့်ရပါ့မယ်။ကျွန်တော်တို့ တော်တော်များများငယ်စဉ်မှာ သင်ခဲ့ရတာက မြန်မာလိုတွေး၊အင်္ဂလိပ်လိုရေး လို့သင်ခဲ့ရတာကြောင့် အများစုက ဗမာလိုတွေး၊အင်္ဂလိပ်လိုရေးတက်ပါတယ်။အဲဒီမှာတင်

သေပန်းပွင့်-die flower open

လွမ်းရက်ရှည်ရှည်အင်းလျားမြေ-miss day long long inya ground

လေးလေးနက်နက်ပြောရရင်--heavy heavy black and black

အရိပ်သုံးပါးနားမလည်--three shadow no understand

တို့ကဲ့သို့ လူပြတ်တွေ ပြောတဲ့ ဟာသတွေဖြစ်ကုန်ပါတယ်။

ဒါကြောင့် ဗမိာလိုတွေး၊အင်္ဂလိပ်လိုရေးလို့ မရပါဘူး။အင်္ဂလိပ်စာရဲ့ အခြေခံဝါကျဖွဲ့စည်းပုံက subject verb object

မြန်မာစာက ပြုလုပ်သူ၊ခံရသူ၊တြိယာ မို့လို့ ဝါကျဖွဲ့စည်းပုံခြင်းမတူသလို စဉ်းစားပုံခြင်းမတူပါဘူး။

အဲဒါဆို ဘယ်လိုလုပ်ရမလဲ။

ခေတ်ကြီးက အင်္ဂလိပ်စာလေ့လာဖို့ အရမ်းကောင်းတဲ့ခေတ်ပါ။ငွေလေးရာရှိရင် အင်္ဂလိပ်ဇာတ်ကား(၄)ကားပါတဲ့ အခွေဝယ်လို့ရပါပြီ။အဲဒီခွေကို မြန်မာစာတမ်းမထိုးပဲ ပညာရှာတဲ့အနေနဲ့ ကြည့်လိုက်ပါ။ဆိုလိုတာက ဇာတ်ကား အရသာ မခံဘဲ အဘိဓာန်တအုပ်ဘေးချပြီး မသိတဲ့စာလုံးပါရင် လိုက်ရှာ၊ဘာသာပြန်၊အသံထွက်ကြည့်။ပြီးမှ ဆက်ကြည့်။အဲဒီလိုကြည့်ရင် ဇာတ်ကားတကားကို ၁၀နာရီလောက်ကြည့်ရပါလိမ့်မယ်။ကျွန်တော်ရည်ရွယ်တဲ့သူများက ခုမှ စလေ့လာတဲ့ အခြေခံနဲတဲ့လူတွေကို ပြောတာပါ။နဲနဲပါးပါး သိတဲ့လူများကို မရည်ရွယ်ပါဘူး။အဲဒီတိုင်းကြည့်မယ်ဆိုရင် တလလောက်နေရင် နဲနဲဘာသာပြန်တက်လာပါလိမ့်မယ်။အဲဒီကျမှ နောက်တဆင့်တက်ပါ။အဲဒါကတော့ ကိုယ်နဲ့တွေ့တိုင်း အင်္ဂလိပ်လိုပြောမဲ့ သူငယ်ချင်းရှာပါ။ကျွန်တော့်အတွေ့အကြုံအရ မန္တလေးမြို့ကျောင်းသားတွေထဲမှာ( ဆေးကျောင်း၊စက်မှု၊ကွန်ပျူတာ၊ရတနာပုံ၊မိန်းတက္ကသိုလ် အကုန်ပါပါတယ်။)အင်္ဂလိပ်စကားပြောမလား။မြွေကိုက်ခံမလားဆိုရင် မြွေကိုက်ခံမယ့်လူ ပဲ များပါတယ်။အများစုက အင်္ဂလိပ်စာလေ့လာပေမဲ့ လူကြားထဲမှာ ပြောဖို့ သေမလောက်ဝန်လေးပါတယ်။ဒါကြောင့် တော်တော်ခက်ခက်ခဲခဲရှာရပါလိမ့်မယ်။တွေ့ရင် သူနဲ့ညှိလိုက်ပါ။အမြဲတမ်း အင်္ဂလိပ်လိုပြောဖို့၊မပြောနိုင်ရင် မုန့်ဝယ်ကျွေးဖို့စသည်ဖြင့်ပေါ့။တွေ့တိုင်းပြောနေမယ်ဆိုရင် သုံးလလောက်နေရင် တိုးတက်လာတာ သိသာပါတယ်။နောက်ပိုင်းအဆင့်တွေကိုတော့ နောက်တပိုင်းမှ ပြောပါရစေတော့။မန္တလေးသားဆိုတော့ စကားပြောတာ နဲနဲ ရိုင်းသလိုဖြစ်ပါတယ်။ခွင့်လွှတ်ပေးကြပါ။အကျင့်ပါနေလို့ပါခင်ဗျ။

Views: 1265

Reply to This

Replies to This Discussion

Tks a lot.

Good! Good Advice!

ပွင့်ပွင့်လင်းလင်းဝေဖန်ရေးသားပေးလို့ တကယ်လေးစားရပါတယ်

That's  good.

That's  very  good.

ဟုတ်ပါတယ်...ကျနော် တောင်မှ အားအားယားယား အိမ်မှာ တစ်ယောက်တည်း အင်္ဂလိပ်လိုလေ့ကျင့်ရင် အိမ်ကလူတွေကတော့ ရူးနေတယ်လို့

အပြောခံနေရတယ်..

thanks, friend. that's true.

( စကားပြောတာ နဲနဲ ရိုင်းသလိုဖြစ်ပါတယ်။ခွင့်လွှတ်ပေးကြပါ။အကျင့်ပါနေလို့ပါခင်ဗျ )Never mind,Bro.... I know how's yur good-will on all,bro MMS...Thanks a lot for yur nice advice :D

thank you all.

hello

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service