လုပ်ငန်းခွင်ဝင်နေသူများအတွက်

လုပ်ငန်းခွင်ဝင်နေသူတွေအတွက်
(၁)တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ ကိုယ့်ကိုနာကျင်အောင်လုပ်ခဲ့ ပါစေ
သူ့ ကိုခွင့် လွှတ်တတ်ရမယ်။လက်လွတ်တတ်ရမယ်။ဒါမှတကယ့်ပျော်ရွှင်မှုကိုရနိုင်မှာဖြစ်တယ်။

(၂)ပျော်ရွှုင်ချိန်မှာဒီပျော်ရွှင်မှုဟာထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလိုစိတ်ပျက်အားငယ်ချိန်မှာလည်း
ဒီအားငယ်မှုတွေဟာအမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

(၃)ဒီနေ့ ရဲ့ တဇွတ်ထိုးကမနက်ဖြန်အတွက်နောင်တကိုဖြစ်စေတယ်။

(၄)စကားတစ်ခွန်းတည်းနဲ့လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။
စကားအခွန်းတစ်ထောင်သုံးမှလူတစ်ယောက်ကိုပြုစုပျိုးထောင်နိုင်တယ်။
ဒါကြောင့် သင့် ပါးစပ်ဖျားမှာကိုယ်ချင်းစာတရားကိုချိတ်ဆွဲထားပါ။

(၅)ကိုယ့်ရဲ့အသိဥာဏ်ပညာကြားမှာစိတ်ကြီးဝင်တဲ့ပေါင်းမြက်တွေစိုက်ပျိုးမထားပါနဲ့ ။
ကိုယ့်ရဲ့ မဝင့် ဝါတဲ့ စိတ်ကြောင့် အသိဥာဏ်တွေမယုတ်လျော့သွားစေနဲ့ ။

(၆)သူ့ ကိုမနာလိုဖြစ်တိုင်းကိုယ့်အတွက်ဘာကောင်းကျိုးမှမဖြစ်စေဘူး။
သူ့ ကိုမနာလိုဖြစ်တိုင်းသူ့ အောင်မြင်မှုတွေလျော့သွားမှာမဟုတ်ဘူး။

(၇)အခွင့်အရေးကိုဖန်တီးသူဟာထက်မြက်သူ
အခွင့် အရေးကိုစောင့် မျှော်သူဟာတုံးအသူ

(ဂ)သူတစ်ပါးရဲ့ အထင်အမြင်ကိုအရင်နားထောင်ပါ။
ကိုယ့်အယူအဆကိုထုတ်ပြောဖို့ မလောပါနဲ့ ။

(၉)ပုလင်းချင်းအတူတူဘာကြောင့် ကိုယ့်ပုလင်းထဲအဆိပ်တွေထည့်ရမှာလဲ။
ခံစားတတ်တဲ့စိတ်ချင်းအတူတူဘာကြောင့် ကိုယ့်စိတ်ထဲမပျော်ရွှင်မှုတွေထည့် ရမှာလဲ။

(၁၀)ကိုယ့်ကိုကိုယ်ရိုးသားမှုရှိလာတဲ့ အခါလောကမှာဘယ်သူမှကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

(၁၁)သူတစ်ပါးကိုထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ် ကိုယ့် ဆိုးကျိုးကိုဖုံးကွယ်တတ်တဲ့ 
လူလောက်ရှက်ဖို့ ကောင်းတာမရှိဘူး။

(၁၂)လောကမှာဘယ်သူမှသွားပုပ်လေလွင့် အပြောမခံရတဲ့ သူမရှိသလို အမြဲတမ်း
အချီးကျူးခံနေရသူလဲမရှိဘူး။ကိုယ်စကားများရင်အပြစ်ပြောမယ်။ကိုယ်စကားနည်းရင်လဲ
အပြစ်ပြောမယ်။ကိုယ်စကားလုံးဝမပြောဘဲဆိတ်ဆိတ်နေရင်လဲအပြစ်ပြောမယ်။
ဒါကြောင့် လောကမှာအပြောမခံရတဲ့ သူဆိုတာမရှိဘူး။

(၁၃)ဆိတ်ဆိတ်နေခြင်းဟာမဟုတ်မမှန်သွားပုပ်လေလွင့် သတင်းတွေအတွက်
အကောင်းဆုံးအဖြေဖြစ်တယ်။

(၁၄)လူတွေကကိုယ့်ကိုကြောက်တယ်။ဒါဂုဏ်ယူစရာမဟုတ်ဘူး။
လူတွေကကိုယ့်ကိုနှိမ်တယ်။ဒါရှက်စရာမဟုတ်ဘူး။

(၁၅)တခြားသူကကိုယ့်ကိုစိတ်အနှောင့် အယှက်ဖြစ်စေတာမဟုတ်ဘူး။
ကိုယ်ကတခြားသူရဲ့ စကားကိုယူပြီးကိုယ့်ကိုကိုယ်စိတ်အနှောင့် အယှက်ပေးနေတာ။

Views: 641

Reply to This

Replies to This Discussion

သူငယ်ချင်းရဲ့စာလေးတွေကိုသဘောကျပါတယ်

တစ်ကယ်လက်တွေ့ ဆက်ဆံရေးနယ်ပယ်မှာ အဆိပ်ရှိတဲ့မြွေပွေးလို မပေါက်ပဲ ပါးပျဉ်းထောင်တာက အဆိပ်မရှိတဲ့ရေမြွေလို ပေါက်ဖို့ပါးပျဉ်ထောင်တာထက်  ပိုပြီးသာပါတယ်။

ကျေးဇူးတင်ပါတယ် မှန်ကန်တဲ့ရွေးချယ်တင်ပြမှုလေးတွေအတွက်

                                                                                                                              jazzcot

ခုလို ကျမဝေမျှတဲ့စာလေးတွေကိုသဘောကျတဲ့အတွက် ကျမကလဲ ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင် ပါတယ် နော်

Tks a lot!

သူငယ်ချင်း

ဒီလိုစာတွေကို ဖတ်သိရတဲ့အတွက် ကျေးဇူးတင်ပါတယ် .... နောက်လည်း များများရေးစေချင်တယ်....

အလွန်းကောင်းပါတယ်...ကျေးဇူး

ဒီစာလေးကို အရင်ကတစ်ခါတွေ့ဖူးပါတယ် ။ဘယ်သူကမူရင်းဆိုတာမသိပေမယ့် Share လုပ်လိုက်ပါတယ်...ရေးထားတဲ့သူ ခွင့်ပြုမယ်လို့ထင်ပါတယ်။သိပ်ကောင်းတြ့စိတ်ထားတွေပါပဲ။

ကျေးဇူးတင်ပါတယ်

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service