[Zawgyi]

လူဘ၀သက္တမ္း တစ္ေလွ်ာက္မွာ အေကာင္းဆံုးေတြကိုလုပ္ေဆာင္ႏိုင္မွာကေတာ႔ လူငယ္လုိ႔ သတ္မွတ္ ထားတဲ႔ အခ်ိန္ပါပဲ။ လူငယ္လို႔ ပါးစပ္ကေန ေအာ္လိုက္ရရင္ကို ေတာ္ေတာ္ေလး ခြန္အားေတြ ၿပည္႔လာသလုိပဲ။ လူငယ္ဆိုတဲ႔ ဂုဏ္ကိုေတာ႔ အလြန္တန္ဖိုးထားတယ္။ ေရွ႕ေဆာင္ပုဂၢိဳလ္ၾကီးေတြရဲ႕ လူငယ္ဘ၀ ၿဖတ္သန္းခဲ႔ၾကပံုေလးေတြကိုလည္း တတ္ႏိုင္သေလာက္ေတာ႔ေလ႔လာမိတယ္။ တကယ္ကိုထြန္းေပါက္ ေအာင္ၿမင္သြားၾကတဲ႔ ပုဂၢိဳလ္တိုင္းဟာ အခက္အခဲ ဒုကၡဆိုတာေတြကို ခက္ခက္ခဲခဲ ရင္ဆိုင္ၿဖတ္ သန္းခဲ႔ၾက တယ္ဆိုတာေလးေတာ႔ ေတြ႔ရပါ တယ္။ ဒါေလးေတြကို သာဓကၿပဳၿပီး ယေန႔လူငယ္ေတြ လက္ဖက္ရည္ ဆိုင္မွာ အခ်ိန္ေတြကို အလဟသတ္ ကုန္ဆံုးေနတာေတြ႔ ရလုိ႔ အေၾကာင္းျပဳျပီးေရးသားေဖာ္ျပျခင္းျဖစ္ပါတယ္။

 xxxxxxxxxxxxxxx

ဘ၀ဆိုတာကိုအခ်ိန္နဲ႔တည္ေဆာက္ထားတယ္ လို႔ဆရာပီမိုးနင္း စာအုပ္ေတြမွာ ေတြ႔ခဲ႔ရတယ္။ တန္ဖိုးရွိတဲ႔ အရာေတြထဲမွာ အခ်ိန္ဆိုတာကေတာ႔ ဘာနဲ႔မွာ အစားၿပန္ထိုးလို႔မရတဲ႔ အရာပဲ ၿဖစ္ပါတယ္။ ဒါကိုလူငယ္ ေလးေတြ သိၿပီးသားပါ။ တန္ဖိုးရွိတဲ႔ အခ်ိန္ေတြအတြက္ အက်ိဳးရွိရွိ အသံုးခ်ၾကဖုိ႔ ေၿပာခဲ႔တဲ႔ စာအုပ္ေပါင္း ေတြလည္း ထပ္ေနပါၿပီ။ လက္ဖက္ရည္ဆိုင္မွာ အက်ိဳးမရွိတဲ႔ စကားေတြေၿပာၿပီး အခ်ိန္ကုန္ေနၾကမယ္႔အ စား တစ္ခုခုကိုအာရံုစိုက္ၿပီး လုပ္ကိုင္ၾကမယ္ ဆိုရင္ၿဖင္႔ အဖိုးတန္လူငယ္ေတြ ၿမန္မာၿပည္မွာ အေၿမာက္အမ်ား ထြက္လာမွာပါ။

 

ဘ၀ဆိုတာကေတာ႔ အမ်ိဳးမ်ိဳးရွိပါတယ္။ ကိုယ္႔ဘ၀အက်ိဳးေပးနဲ႔ကိုယ္ ဆင္းရဲတာရွိသလုိ ခ်မ္းသာတာလည္း ရွိၾကမယ္။ ဘယ္လုိဘ၀မ်ိဳးပဲၿဖစ္ၿဖစ္ ကိုယ္ၿဖစ္ခ်င္ရာကို ၿဖစ္ခြင္႔ရွိပါတယ္။ အဓိကအက်ဆံုးကေတာ႔ ကိုယ္႔စိတ္ပါ။ ဘ၀အက်ိဳးေပးႏံုခ်ာလုိ႔ ေလာကဓံဆိုးေတြရင္ဆိုင္ၾကရတယ္။ လြတ္လပ္မႈမရွိလုိ႔ လုပ္ခ်င္ ရာလုပ္လို႔မရဘူးဆိုတာေတြလည္း ရွိပါတယ္။ ဘယ္လုိမ်ိဳး အေနအထားမွာပဲ ရွိေနပါေစ ၿဖစ္ခ်င္တယ္ဆိုရင္ အားလံုးကိုရင္ဆိုင္ေက်ာ္လႊားရဲတဲ႕သတၱိတစ္ခုပဲလုိပါတယ္။ ဘ၀အေၿခမြဲလုိ႔ ႏိုင္ငံေတာ္သမၼတ မၿဖစ္နုိင္ဘူးဆိုတဲ႕ခံယူခ်က္ရွိေနၾကမယ္ဆို ရင္ အေမရိကန္ႏိုင္ငံရဲ႕ ေမာ္ကြန္တင္ သမၼတၾကီး ေအဗရာ ဟမ္လင္ကြန္း အေၾကာင္းေလး ေလ႔လာဖတ္ရႈ႕ၾကည္႔ၾကစမ္းပါ။ ေၿပာၾကမယ္ဆိုရင္ေတာ႔ မြဲလုိက္တဲ႔ ေမာင္လုိ႔ေတာင္ဆိုရမွာပဲ။ ဒါေပမယ္႔လည္း ဒိပ္ဒိပ္ၾကဲနာမည္ၾကီးသြားတဲ႔အထိၿဖစ္သြားခဲ႔ရတာ သူ႕ရ႕ဲၿပင္းၿပ တဲ႔ ဆႏၵနဲ႔ က်ိဳးစားမႈေတြေၾကာင္႔ပဲ မဟုတ္လား။ သူ႕မွာစာအုပ္တစ္အုပ္ကို ဖတ္ခြင္႔ရဖို႔ ဘယ္ေလာက္ထိ ခက္ခဲလဲ သူ႕အေၾကာင္းကိုေလ႔လာၾကည္႔ရင္သိၾကရမွာပါ။ အလင္းေရာင္အား မွိန္တုတ္တုတ္ သာေပးႏိုင္တဲ႔ မီးလင္းဖိုအေဘးမွာ စာေတြကို ဖတ္ရင္းနဲ႔ တစ္ကမၻာလံုးက ေလးစားအားက် ရတဲ႕ သမၼတၾကီး တစ္ဦးၿဖစ္ခဲ႔ ရတာပါ။

 

ယေန႔လူငယ္ေတြမွာ အေၿခခံပညာ မသင္ရတဲ႔သူဆိုတာေတာ႔ခတ္ရွားရွားၿဖစ္ေနပါၿပီ။ ေလ႔လာ မယ္ ဖတ္ရႈမယ္ဆိုရင္ စာအုပ္စာတန္းေတြကလည္း တစ္ပံုတစ္ေခါင္းရွိပါတယ္။ ဒီလုိမ်ိဳးလုပ္ ၾကကိုင္ၾကဖို႔ေတာ႔ အခ်ိန္မေပးႏိုင္ၾကပဲ လက္ဖက္ရည္ဆိုင္ေတြမွာ ရုပ္ရွင္ၾကည္႔ တန္ဖိုးမရွိစ ကားေတြ ေၿပာၿပီးအခ်ိန္ ကုန္ေနၾကတယ္။ ဘ၀ဆိုတာကိုလြယ္လြယ္ကေလးထင္ၿပီး လြယ္ လြယ္ၿဖတ္သန္းၾကလုိ႔ကေတာ႔ လြယ္လြယ္ ကေလးပဲၿပီးသြားမွာပဲေလ။ ဒီေန႔ေခတ္ၾကီးမွာက ေလ႔လာခ်င္တယ္ဆိုရင္ ေလ႔လာစရာေတြက တစ္ပံုတစ္ ေခါင္းနဲ႔ မကုန္ႏိုင္ပါဘူး။ ဒီေလာက္ ခက္ခက္ခဲခဲၾကီးလဲမရွိေတာ႔ပါဘူး။ ေရွ႔လူတို႔က စားသံုးရန္အသင္႔စီမံေပးထားတာေတြကိုပဲ ေလ႔လာၾကည္႔ၾကပါအံုး လို႔တုိက္တြန္းခ်င္တာပါ။ ေခတ္လူငယ္ေတြ ေခတ္လူ ငယ္ေတြဆိုၿပီး အပုတ္ခ် ေၿပာဆိုေနသံေတြကို လူငယ္ေတြၾကားေနၾကမွာပါ။ ေၿပာလည္းေၿပာခ်င္စရာေတြက ၿဖစ္ေနတာဆိုေတာ႔ ေၿပာတဲ႔ လူေတြမွာ အၿပစ္မရွိဘူးလုိ႔ ပဲယံုၾကည္တယ္။

 

မိဘတိုင္းမွာ ကိုယ္ေမြးထားတဲ႔သားသမီးတိုင္းအတြက္ေမွ်ာ္လင္႔ခ်က္ထားၾကတယ္။ ကိုယ္ေမြး ထားတဲ႔ သားေလး၊ သမီးေလးကို သူမ်ားေတြေတာ္သလုိေတာ္ေစ႔ခ်င္တယ္။ အဲဒီလုိမ်ိဳးေတြခ်ိန္ ထိုးၿပရင္လည္း လူငယ္ေတြက လက္မခံခ်င္ၾကဘူး။ဘယ္သူမွားလဲစဥ္းစားၾကဖုိ႔လိုတာေပါ႔။ ဘ၀ဆိုတာက ကိုယ္တုိင္ရင္ ဆိုင္ၾကည္႔မွသိတာ။ ဘ၀ကိုတန္ဖိုးရွိရွိၿဖတ္သန္းေနၾကတဲ႔လူငယ္ ေလးေတြလည္း တစ္ပံုတစ္ေခါင္းပါပဲ။ မိသားစုရဲ႕ အေၿခအေနအရ ကိုယ္႔ဘ၀ကိုယ္ေၾကာင္းၿပီး တိုးတက္မႈ ေအာင္ၿမင္ မႈေနာက္ကုိလုိက္ေနၾကတဲ႔ လူငယ္ေလးေတြလည္းရွိတယ္။ သူငယ္ခ်င္း မိန္းခေလးထဲက ေလးစားရေလာက္တဲ႔ သူငယ္ခ်င္းတစ္ ေယာက္အေၾကာင္း အနညး္ငယ္ ေလာက္ေတာ႔ ေၿပာၿပခ်င္တယ္။

 

သူဆိုရင္ ဆယ္တန္းေအာင္ၿပီးကတည္းက အေရာင္းစာေရးမေလး အၿဖစ္နဲ႔ ပရိေဘာဂဆိုင္ တစ္ဆိုင္မွာ အလုပ္၀င္လုပ္ေနခဲ႔တာပါ။ ဆယ္တန္းမွာ အမွတ္ေကာင္းေကာင္းရခဲ႔ေပမယ္႔ ဂ်ီတီစီ တို႔ ကြန္ပ်ဴတာတုိ႔ ဆိုတာေတြကို တက္ဖို႔ အခြင္႔မသာဘူး။ေငြေၾကးအခက္အခဲေၾကာင္႔လည္း ပါတာေပါ႔။ အလုပ္လုပ္ၿပီး အေ၀းသင္ဘြဲ႔ပဲ ရေအာင္ယူေတာ႔မယ္လုိ႔ဆံုးၿဖတ္ထားသူတစ္ ေယာက္ပါ။ အခုအေၿခအေနမွာေတာ႔ မန္ေနဂ်ာေလး အဆင္႔ထိၿဖစ္ေနပါၿပီ။ အလုပ္အေပၚမွာ အာရံုစိုက္မႈ၊ အလုပ္ကိုေလးစားမႈတို႔ေၾကာင္႔ အလုပ္ရွင္ကလက္မလႊတ္ခ်င္ေတာ႔ပါဘူး။ သူ႕ကို ၾကည္႔လုိက္ရင္ အလုပ္ကအားတယ္မရွိဘူး။ အေရာင္းဆိုင္ဆိုေတာ႔ သူမ်ားေတြ အလုပ္ပိတ္လို႔ လည္း သူ႕မွာမပိတ္ရဘူး။ တစ္ခါတစ္ရံသူငယ္ခ်င္းေတြက ဟုိနားသည္နားလည္ဖို႔ ပတ္ဖို႔ေခၚ ရင္ေတာင္ အလုပ္မအားပါဘူးဆိုတဲ႔ အသံပဲၾကားေနရတယ္။ က်ဴရွင္ကုိလည္း ပိုက္ဆံအပိုကုန္ မွာဆိုးတဲ႔အတြက္မတက္ဘူး။ က်ဴရွင္တက္ေနၾကတဲ႔ သူငယ္ခ်င္းေတြဆီက စာကိုရေအာင္ယူ ၿပီးက်ိဳးစားလာတာ အခုဆိုရင္ ဘြဲ႔ေတာင္ရခါနီးေနပါၿပီ။ သူငယ္ခ်င္းေတြကလည္း သူ႕အ ေၾကာင္းသိေနေတာ႔ တက္ႏိုင္သေလာက္ ကူညီၾကပါတယ္။

 

ဒီလုိမ်ိဳး ဘ၀ကိုအက်ိဳးရွိရွိ ရင္ဆိုင္ေနၾကတဲ႔ လူငယ္ေလးေတြအမ်ားအၿပားရွိပါတယ္။ ေခတ္နဲ႔ စနစ္န႔ဲ တိုးတက္ေနပါတယ္ဆိုတဲ႔ ေခတ္မွာ အေပ်ာ္အပါးေတြနဲ႔ အခ်ိန္ကုန္ေနၾကတဲ႔လူငယ္ ေတြကလည္း ေတာ္ေတာ္မ်ားမ်ားရွိေနတယ္ေလ။ မိဘရဲ႕အရိပ္ေအာက္မွာေတာ႔ လုပ္ခ်င္ရာ လုပ္လို႔ ရၾကေပမယ္႔ ေရွ႕ၿဖတ္သန္းရမယ္႔ ဘ၀က ဘယ္ေလာက္အတုိင္းအတာထိရွည္ၾကအံုး မယ္ဆိုတာ သိရတာမဟုတ္ဘူး။ ပညာသင္ရမယ္႔အခ်ိန္မွာ ပညာ သင္ အလုပ္လုပ္ရမယ္႔အ အခ်ိန္မွာ အလုပ္လုပ္ၾကမွသာလွ်င္ ေနာင္ေရး အတြက္ စိတ္ေအးရမယ္။ ဒါနဲ႔ ပတ္သတ္ၿပီး ေတာ႔ လူငယ္ေတြ ကို တရားစကား ေလးနည္းနည္း ထည္႔ေၿပာခ်င္တယ္။ “ လုပ္တိုင္းမၿဖစ္ စိတ္မညစ္နဲ႔” ဆိုတာေလး ေတာ႔ သတိထားၾကပါ။ ကိုယ္ေတြက က်ိဳးစားပါတယ္။ ဒါေပမယ္႔ ဘာမွ ၿဖစ္မလာဘူး လို႔ စိတ္ဓာတ္က်ကုန္တဲ႕ လူငယ္ေတြလည္း ရွိတယ္။ က်ိဳးစားဖို႔က ကိုယ္႔တာ၀န္ ပါ။ အခ်ိန္တန္ရင္ က်ိဳးစားထားသမွ် အက်ိဳးေပးလာပါလိမ္႔မယ္။

 

ဘၾကီးတစ္ေယာက္ကို ကန္ေတာ႔တုိင္း ဘၾကီးေပးတဲ႔ဆုက “ လုံလစိုက္၊ ၀ရိယထုတ္၊ ၿဖစ္ေအာင္ က်ိဳးစား” လုိ႔ ဘၾကီးက အၿမဲတမ္းဆုေပးေလ႔ရွိတယ္။ တုိးတက္ေနတဲ႔ေခတ္မွာ တိုး တက္ရာတိုးတက္ေၾကာင္းကိုလုိခ်င္ရင္ လုိခ်င္သေလာက္ရႏိုင္ပါတယ္။ ဒြိဟေတြမမ်ားပဲ လမ္းေၾကာင္းတစ္ခုကိုေရြး ၿပီး ဒိပ္ဒိပ္ၾကဲပုဂၢိဳလ္ တစ္ေယာက္ၿဖစ္ေအာင္ လုပ္လုိ႔ရပါတယ္။ ကိုယ္တ ကယ္၀ါသနာပါရာလမ္းေၾကာင္းကို အစြန္းစံုထိ ေရကုန္ ေရခန္းလိုက္ၾကစမ္းပါ။ ဘယ္ကိစၥမဆို အခက္အခဲဆိုတာေတာ႔ ရွိတတ္ပါတယ္။ အခက္အခဲဘယ္ ေလာက္ပဲမ်ားေနေန ရင္ဆိုင္ေက်ာ္ လႊားရဲတဲ႔ သတၱိတစ္ခုပဲလုိပါတယ္။ ၿမက္ပင္ေလးေတြ ဆိုရင္နင္း သြားလုိက္ ၊ စူးေညွာင္႔ခလုတ္ နဲ႔ ေတြ႔ ရင္ဖယ္ရွားပစ္လုိက္ ၊ တားဆီးပိ္တ္ပင္ထားၿပီဆိုရင္ေတာ႔ တြန္းဖြင္႔သြား လုိက္ပါလို႔ တုိက္တြန္းခ်င္တာပါ။ လူငယ္တိုင္းမွာ စိတ္ကူးယဥ္အိမ္ဆိုတာေလးေတြရွိတယ္ေလ။ အဲဒီစိတ္ ကူးယဥ္အိမ္မက္ေတြ အေကာင္အထည္ေဖာ္ဖို႔ လက္ဖက္ရည္ဆိုင္မွာထိုင္ေနလို႔မၿဖစ္ဘူး။

 

စိတ္ကူးယဥ္အိမ္မက္ေတြ လက္ေတြ႔ၿဖစ္လာဖို႔ ဆိုရင္ ဘယ္လုိအခက္အခဲမ်ိဳးမဆိုရင္ဆုိင္မွ လက္ေတြ႔ၿဖစ္ လာမွာပါ။ အသက္ၾကီးလာတဲ႔ အခ်ိန္ဘယ္လုိေနရာမ်ိဳးမွာ ရပ္တည္ႏိုင္တယ္ လို႔ ဆံုးၿဖတ္ဖို႔အတြက္ လူငယ္ဘ ၀မွာ ဘယ္လုိလုပ္ခဲ႔တယ္ဆိုတာနဲ႔ ပဲဆိုင္တယ္။ အခ်ိန္ေကာင္း အခါေကာင္းကို ေကာင္းေကာင္း အသံုးခ်ၾကပါလုိ႔ ယေန႔ေခတ္လူငယ္မ်ားအားလံုးကို ဆႏၵၿပဳ တုိက္တြန္းၿခင္းျဖင့္................။

[Unicode]

လူဘ၀သက်တမ်း တစ်လျှောက်မှာ အကောင်းဆုံးတွေကိုလုပ်ဆောင်နိုင်မှာကတော့ လူငယ်လို့ သတ်မှတ် ထားတဲ့ အချိန်ပါပဲ။ လူငယ်လို့ ပါးစပ်ကနေ အော်လိုက်ရရင်ကို တော်တော်လေး ခွန်အားတွေ ပြည့်လာသလိုပဲ။ လူငယ်ဆိုတဲ့ ဂုဏ်ကိုတော့ အလွန်တန်ဖိုးထားတယ်။ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီးတွေရဲ့ လူငယ်ဘ၀ ဖြတ်သန်းခဲ့ကြပုံလေးတွေကိုလည်း တတ်နိုင်သလောက်တော့လေ့လာမိတယ်။ တကယ်ကိုထွန်းပေါက် အောင်မြင်သွားကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အခက်အခဲ ဒုက္ခဆိုတာတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ် သန်းခဲ့ကြ တယ်ဆိုတာလေးတော့ တွေ့ရပါ တယ်။ ဒါလေးတွေကို သာဓကပြုပြီး ယနေ့လူငယ်တွေ လက်ဖက်ရည် ဆိုင်မှာ အချိန်တွေကို အလဟသတ် ကုန်ဆုံးနေတာတွေ့ ရလို့ အကြောင်းပြုပြီးရေးသားဖော်ပြခြင်းဖြစ်ပါတယ်။
 xxxxxxxxxxxxxxx

ဘ၀ဆိုတာကိုအချိန်နဲ့တည်ဆောက်ထားတယ် လို့ဆရာပီမိုးနင်း စာအုပ်တွေမှာ တွေ့ခဲ့ရတယ်။ တန်ဖိုးရှိတဲ့ အရာတွေထဲမှာ အချိန်ဆိုတာကတော့ ဘာနဲ့မှာ အစားပြန်ထိုးလို့မရတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒါကိုလူငယ် လေးတွေ သိပြီးသားပါ။ တန်ဖိုးရှိတဲ့ အချိန်တွေအတွက် အကျိုးရှိရှိ အသုံးချကြဖို့ ပြောခဲ့တဲ့ စာအုပ်ပေါင်း တွေလည်း ထပ်နေပါပြီ။ လက်ဖက်ရည်ဆိုင်မှာ အကျိုးမရှိတဲ့ စကားတွေပြောပြီး အချိန်ကုန်နေကြမယ့်အ စား တစ်ခုခုကိုအာရုံစိုက်ပြီး လုပ်ကိုင်ကြမယ် ဆိုရင်ဖြင့် အဖိုးတန်လူငယ်တွေ မြန်မာပြည်မှာ အမြောက်အများ ထွက်လာမှာပါ။
 
ဘ၀ဆိုတာကတော့ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ဘ၀အကျိုးပေးနဲ့ကိုယ် ဆင်းရဲတာရှိသလို ချမ်းသာတာလည်း ရှိကြမယ်။ ဘယ်လိုဘ၀မျိုးပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်ရာကို ဖြစ်ခွင့်ရှိပါတယ်။ အဓိကအကျဆုံးကတော့ ကိုယ့်စိတ်ပါ။ ဘ၀အကျိုးပေးနုံချာလို့ လောကဓံဆိုးတွေရင်ဆိုင်ကြရတယ်။ လွတ်လပ်မှုမရှိလို့ လုပ်ချင် ရာလုပ်လို့မရဘူးဆိုတာတွေလည်း ရှိပါတယ်။ ဘယ်လိုမျိုး အနေအထားမှာပဲ ရှိနေပါစေ ဖြစ်ချင်တယ်ဆိုရင် အားလုံးကိုရင်ဆိုင်ကျော်လွှားရဲတဲ့သတ္တိတစ်ခုပဲလိုပါတယ်။ ဘ၀အခြေမွဲလို့ နိုင်ငံတော်သမ္မတ မဖြစ်နိုင်ဘူးဆိုတဲ့ခံယူချက်ရှိနေကြမယ်ဆို ရင် အမေရိကန်နိုင်ငံရဲ့ မော်ကွန်တင် သမ္မတကြီး အေဗရာ ဟမ်လင်ကွန်း အကြောင်းလေး လေ့လာဖတ်ရှု့ကြည့်ကြစမ်းပါ။ ပြောကြမယ်ဆိုရင်တော့ မွဲလိုက်တဲ့ မောင်လို့တောင်ဆိုရမှာပဲ။ ဒါပေမယ့်လည်း ဒိပ်ဒိပ်ကြဲနာမည်ကြီးသွားတဲ့အထိဖြစ်သွားခဲ့ရတာ သူ့ရ့ဲပြင်းပြ တဲ့ ဆန္ဒနဲ့ ကျိုးစားမှုတွေကြောင့်ပဲ မဟုတ်လား။ သူ့မှာစာအုပ်တစ်အုပ်ကို ဖတ်ခွင့်ရဖို့ ဘယ်လောက်ထိ ခက်ခဲလဲ သူ့အကြောင်းကိုလေ့လာကြည့်ရင်သိကြရမှာပါ။ အလင်းရောင်အား မှိန်တုတ်တုတ် သာပေးနိုင်တဲ့ မီးလင်းဖိုအဘေးမှာ စာတွေကို ဖတ်ရင်းနဲ့ တစ်ကမ္ဘာလုံးက လေးစားအားကျ ရတဲ့ သမ္မတကြီး တစ်ဦးဖြစ်ခဲ့ ရတာပါ။
 
ယနေ့လူငယ်တွေမှာ အခြေခံပညာ မသင်ရတဲ့သူဆိုတာတော့ခတ်ရှားရှားဖြစ်နေပါပြီ။ လေ့လာ မယ် ဖတ်ရှုမယ်ဆိုရင် စာအုပ်စာတန်းတွေကလည်း တစ်ပုံတစ်ခေါင်းရှိပါတယ်။ ဒီလိုမျိုးလုပ် ကြကိုင်ကြဖို့တော့ အချိန်မပေးနိုင်ကြပဲ လက်ဖက်ရည်ဆိုင်တွေမှာ ရုပ်ရှင်ကြည့် တန်ဖိုးမရှိစ ကားတွေ ပြောပြီးအချိန် ကုန်နေကြတယ်။ ဘ၀ဆိုတာကိုလွယ်လွယ်ကလေးထင်ပြီး လွယ် လွယ်ဖြတ်သန်းကြလို့ကတော့ လွယ်လွယ် ကလေးပဲပြီးသွားမှာပဲလေ။ ဒီနေ့ခေတ်ကြီးမှာက လေ့လာချင်တယ်ဆိုရင် လေ့လာစရာတွေက တစ်ပုံတစ် ခေါင်းနဲ့ မကုန်နိုင်ပါဘူး။ ဒီလောက် ခက်ခက်ခဲခဲကြီးလဲမရှိတော့ပါဘူး။ ရှေ့လူတို့က စားသုံးရန်အသင့်စီမံပေးထားတာတွေကိုပဲ လေ့လာကြည့်ကြပါအုံး လို့တိုက်တွန်းချင်တာပါ။ ခေတ်လူငယ်တွေ ခေတ်လူ ငယ်တွေဆိုပြီး အပုတ်ချ ပြောဆိုနေသံတွေကို လူငယ်တွေကြားနေကြမှာပါ။ ပြောလည်းပြောချင်စရာတွေက ဖြစ်နေတာဆိုတော့ ပြောတဲ့ လူတွေမှာ အပြစ်မရှိဘူးလို့ ပဲယုံကြည်တယ်။
 
မိဘတိုင်းမှာ ကိုယ်မွေးထားတဲ့သားသမီးတိုင်းအတွက်မျှော်လင့်ချက်ထားကြတယ်။ ကိုယ်မွေး ထားတဲ့ သားလေး၊ သမီးလေးကို သူများတွေတော်သလိုတော်စေ့ချင်တယ်။ အဲဒီလိုမျိုးတွေချိန် ထိုးပြရင်လည်း လူငယ်တွေက လက်မခံချင်ကြဘူး။ဘယ်သူမှားလဲစဉ်းစားကြဖို့လိုတာပေါ့။ ဘ၀ဆိုတာက ကိုယ်တိုင်ရင် ဆိုင်ကြည့်မှသိတာ။ ဘ၀ကိုတန်ဖိုးရှိရှိဖြတ်သန်းနေကြတဲ့လူငယ် လေးတွေလည်း တစ်ပုံတစ်ခေါင်းပါပဲ။ မိသားစုရဲ့ အခြေအနေအရ ကိုယ့်ဘ၀ကိုယ်ကြောင်းပြီး တိုးတက်မှု အောင်မြင် မှုနောက်ကိုလိုက်နေကြတဲ့ လူငယ်လေးတွေလည်းရှိတယ်။ သူငယ်ချင်း မိန်းခလေးထဲက လေးစားရလောက်တဲ့ သူငယ်ချင်းတစ် ယောက်အကြောင်း အနညး်ငယ် လောက်တော့ ပြောပြချင်တယ်။
 
သူဆိုရင် ဆယ်တန်းအောင်ပြီးကတည်းက အရောင်းစာရေးမလေး အဖြစ်နဲ့ ပရိဘောဂဆိုင် တစ်ဆိုင်မှာ အလုပ်၀င်လုပ်နေခဲ့တာပါ။ ဆယ်တန်းမှာ အမှတ်ကောင်းကောင်းရခဲ့ပေမယ့် ဂျီတီစီ တို့ ကွန်ပျူတာတို့ ဆိုတာတွေကို တက်ဖို့ အခွင့်မသာဘူး။ငွေကြေးအခက်အခဲကြောင့်လည်း ပါတာပေါ့။ အလုပ်လုပ်ပြီး အေ၀းသင်ဘွဲ့ပဲ ရအောင်ယူတော့မယ်လို့ဆုံးဖြတ်ထားသူတစ် ယောက်ပါ။ အခုအခြေအနေမှာတော့ မန်နေဂျာလေး အဆင့်ထိဖြစ်နေပါပြီ။ အလုပ်အပေါ်မှာ အာရုံစိုက်မှု၊ အလုပ်ကိုလေးစားမှုတို့ကြောင့် အလုပ်ရှင်ကလက်မလွှတ်ချင်တော့ပါဘူး။ သူ့ကို ကြည့်လိုက်ရင် အလုပ်ကအားတယ်မရှိဘူး။ အရောင်းဆိုင်ဆိုတော့ သူများတွေ အလုပ်ပိတ်လို့ လည်း သူ့မှာမပိတ်ရဘူး။ တစ်ခါတစ်ရံသူငယ်ချင်းတွေက ဟိုနားသည်နားလည်ဖို့ ပတ်ဖို့ခေါ် ရင်တောင် အလုပ်မအားပါဘူးဆိုတဲ့ အသံပဲကြားနေရတယ်။ ကျူရှင်ကိုလည်း ပိုက်ဆံအပိုကုန် မှာဆိုးတဲ့အတွက်မတက်ဘူး။ ကျူရှင်တက်နေကြတဲ့ သူငယ်ချင်းတွေဆီက စာကိုရအောင်ယူ ပြီးကျိုးစားလာတာ အခုဆိုရင် ဘွဲ့တောင်ရခါနီးနေပါပြီ။ သူငယ်ချင်းတွေကလည်း သူ့အ ကြောင်းသိနေတော့ တက်နိုင်သလောက် ကူညီကြပါတယ်။
 
ဒီလိုမျိုး ဘ၀ကိုအကျိုးရှိရှိ ရင်ဆိုင်နေကြတဲ့ လူငယ်လေးတွေအများအပြားရှိပါတယ်။ ခေတ်နဲ့ စနစ်န့ဲ တိုးတက်နေပါတယ်ဆိုတဲ့ ခေတ်မှာ အပျော်အပါးတွေနဲ့ အချိန်ကုန်နေကြတဲ့လူငယ် တွေကလည်း တော်တော်များများရှိနေတယ်လေ။ မိဘရဲ့အရိပ်အောက်မှာတော့ လုပ်ချင်ရာ လုပ်လို့ ရကြပေမယ့် ရှေ့ဖြတ်သန်းရမယ့် ဘ၀က ဘယ်လောက်အတိုင်းအတာထိရှည်ကြအုံး မယ်ဆိုတာ သိရတာမဟုတ်ဘူး။ ပညာသင်ရမယ့်အချိန်မှာ ပညာ သင် အလုပ်လုပ်ရမယ့်အ အချိန်မှာ အလုပ်လုပ်ကြမှသာလျှင် နောင်ရေး အတွက် စိတ်အေးရမယ်။ ဒါနဲ့ ပတ်သတ်ပြီး တော့ လူငယ်တွေ ကို တရားစကား လေးနည်းနည်း ထည့်ပြောချင်တယ်။ “ လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့” ဆိုတာလေး တော့ သတိထားကြပါ။ ကိုယ်တွေက ကျိုးစားပါတယ်။ ဒါပေမယ့် ဘာမှ ဖြစ်မလာဘူး လို့ စိတ်ဓာတ်ကျကုန်တဲ့ လူငယ်တွေလည်း ရှိတယ်။ ကျိုးစားဖို့က ကိုယ့်တာ၀န် ပါ။ အချိန်တန်ရင် ကျိုးစားထားသမျှ အကျိုးပေးလာပါလိမ့်မယ်။
 
ဘကြီးတစ်ယောက်ကို ကန်တော့တိုင်း ဘကြီးပေးတဲ့ဆုက “ လုံလစိုက်၊ ၀ရိယထုတ်၊ ဖြစ်အောင် ကျိုးစား” လို့ ဘကြီးက အမြဲတမ်းဆုပေးလေ့ရှိတယ်။ တိုးတက်နေတဲ့ခေတ်မှာ တိုး တက်ရာတိုးတက်ကြောင်းကိုလိုချင်ရင် လိုချင်သလောက်ရနိုင်ပါတယ်။ ဒွိဟတွေမများပဲ လမ်းကြောင်းတစ်ခုကိုရွေး ပြီး ဒိပ်ဒိပ်ကြဲပုဂ္ဂိုလ် တစ်ယောက်ဖြစ်အောင် လုပ်လို့ရပါတယ်။ ကိုယ်တ ကယ်ဝါသနာပါရာလမ်းကြောင်းကို အစွန်းစုံထိ ရေကုန် ရေခန်းလိုက်ကြစမ်းပါ။ ဘယ်ကိစ္စမဆို အခက်အခဲဆိုတာတော့ ရှိတတ်ပါတယ်။ အခက်အခဲဘယ် လောက်ပဲများနေနေ ရင်ဆိုင်ကျော် လွှားရဲတဲ့ သတ္တိတစ်ခုပဲလိုပါတယ်။ မြက်ပင်လေးတွေ ဆိုရင်နင်း သွားလိုက် ၊ စူးညှောင့်ခလုတ် နဲ့ တွေ့ ရင်ဖယ်ရှားပစ်လိုက် ၊ တားဆီးပိ်တ်ပင်ထားပြီဆိုရင်တော့ တွန်းဖွင့်သွား လိုက်ပါလို့ တိုက်တွန်းချင်တာပါ။ လူငယ်တိုင်းမှာ စိတ်ကူးယဉ်အိမ်ဆိုတာလေးတွေရှိတယ်လေ။ အဲဒီစိတ် ကူးယဉ်အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ လက်ဖက်ရည်ဆိုင်မှာထိုင်နေလို့မဖြစ်ဘူး။
 
စိတ်ကူးယဉ်အိမ်မက်တွေ လက်တွေ့ဖြစ်လာဖို့ ဆိုရင် ဘယ်လိုအခက်အခဲမျိုးမဆိုရင်ဆိုင်မှ လက်တွေ့ဖြစ် လာမှာပါ။ အသက်ကြီးလာတဲ့ အချိန်ဘယ်လိုနေရာမျိုးမှာ ရပ်တည်နိုင်တယ် လို့ ဆုံးဖြတ်ဖို့အတွက် လူငယ်ဘ ၀မှာ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာနဲ့ ပဲဆိုင်တယ်။ အချိန်ကောင်း အခါကောင်းကို ကောင်းကောင်း အသုံးချကြပါလို့ ယနေ့ခေတ်လူငယ်များအားလုံးကို ဆန္ဒပြု တိုက်တွန်းခြင်းဖြင့်................။

Views: 3110

Reply to This

Replies to This Discussion

Thanks a lot for your article Ko Myo Myint Kyaw :) 

စိတ္ထားကတကယ္ကိုေလးစားစရာပါ
လူငယ္ေတြအတြက္အလြန္တန္ဖုိးရွိပါတယ္

Thanks a million.

Action and reaction are mutually perpendicular.

If you try hard, you will get a great achievement.

Sometime you fail, please analysis. Something will be wrong.

Life looks like saving money.

After saving so long period, you will get back your saving money.

It means cause and effect.

You will get the same effect which depends on your effort.

Don't complain any more, like fortune, luck and etc.

Youth don't go to tea shop anymore. They go to Beer station, computer game & internet shop to waste time. 

Very good article. Keep it up!

That's also right!

စာေရးသူကိုေက်းဇူးတင္ပါတယ္ေနာ္...ေရးထားတာအရမ္းေကာင္းပါတယ္..

.ဒီစာကိုဖတ္မိတဲ႔လူငယ္ေတြလည္းအသိတရားေတြရလိိမ္႔မယ္ထင္ပါတယ္

ေက်းဇူးအထူးတင္ပါတယ္

သိပ္ကိုတန္ဖိုးရွိတဲ႕စကားေတြပါဘဲ

တကယ္႕ကိုအားတက္မိပါတယ္..

Such a great article! really nice job :)

u r nice man!!!!!!

Super Like........... Thanks for that.......................

ေက်းဇူးပါ

 one day ,we will reach our goal if we try hard .

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service