အဂၤလိပ္စာေလ့လာသူတို႔ရင္ဆိုင္ရမည့္အႀကီးမားဆံုးစိန္ေခၚမႈ ၃ ရပ္

[ Zawgyi ]

antimoon website က Tomasz P. Szynalski ေရးတဲ့  Three biggest challenges facing an English learner ကိုဘာသာျပန္ေပးထားပါတယ္။ ကၽြန္ေတာ့္ရဲ႕အျမင္မွတ္ခ်က္တစ္ခ်ိဳ႕ကို စာလံုးေစာင္းနဲ႔ကြင္းခတ္ၿပီးထည့္ေပးထားပါတယ္။

 

၁။ အဂၤလိပ္ဘာသာစကားေလ့လာခ်င္စိတ္ပ်ိဳးေထာင္ျခင္း
အဂၤလိပ္ဘာသာစကားေလ့လာသူအားလံုးကေတာ့အဂၤလိပ္စကားေကာင္းေကာင္းေျပာတတ္ခ်င္ၾကပါသည္။ သူတို႔ဟာအဂၤလိပ္စကားနဲ႔သြက္သြက္လက္လက္ ဆက္သြယ္ေျပာဆိုႏိုင္မယ္ဆိုတဲ့ အေတြးနဲ႔တက္ၾကြေနတတ္ပါတယ္။ သို႔ေသာ္လည္း သူတို႔ဟာအဂၤလိပ္စာေလ့လာမႈျဖစ္စဥ္ကိုယ္၌ကိုက်ေတာ့ စိတ္၀င္တစားမရွိတတ္ၾကပါဘူး။ စာသင္သားအမ်ားစုအတြက္ အဂၤလိပ္စာေလ့လာခ်င္း ဆိုတာဟာ မလုပ္မျဖစ္လုပ္ရမယ့္ တာ၀န္ႀကီးတစ္ရပ္လိုျဖစ္ေနပါတယ္။အဂၤလိပ္စာေလ့လာမႈမွာ ေပ်ာ္စရာမေတြ႕ တတ္ၾကပါဘူး။

အတိုခ်ံဳ႕ေျပာရရင္ေတာ့ ေလ့လာသူအမ်ားစုဟာ အဂၤလိပ္လိုေျပာတတ္ခ်င္ေပမယ့္ အဂၤလိပ္စာမေလ့လာခ်င္ၾကပါဘူး။ ဒါဟာ စာသင္သားေတြရဲ႕ နံပါတ္တစ္ အႀကီးမားဆံုးျပႆနာတစ္ခုပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ စာမသင္ခ်င္တဲ့လူအတြက္ စာတတ္ဖို႔မလြယ္ပါဘူး။ အဂၤလိပ္စာကိုသင္ကမခ်စ္ရင္ အဂၤလိပ္စာကလည္း သင့္ကိုျပန္ခ်စ္မွာမဟုတ္ဘူးေလ။

(ဒါဟာတကယ့္အမွန္တရားပါပဲ။ ကၽြန္ေတာ္စာသင္ခဲ့သမွ်တစ္ေလွ်ာက္လံုးေက်ာင္းသားေတြကိုစိတ္ဓါတ္ျမင့္တင္ေပးရ
တဲ့အလုပ္ဟာအခက္ခဲဆံုးပါပဲ။ဘယ္ေလာက္ပဲသူတို႔ကို အဂၤလိပ္စာတတ္ျခင္းရဲ႕အက်ိဳးေက်းဇူးေတြရွင္းျပရွင္းျပ သူတို႔ဟာ ဆရာတစ္ေယာက္သင္တဲ့အတန္းထဲလာထိုင္တာနဲ႔ အဂၤလိပ္စာေျပာတတ္ေရးတတ္မယ္ ထင္ေနၾကတုန္းပါပဲ။တစ္ခ်ိဳ႕ေက်ာင္းသားေတြကေတာ့ မိဘကတက္ခိုင္းလို႔၊ ကိုယ့္ရည္းစား၊ သူငယ္ခ်င္းရွိတဲ့အတန္းမို႔လို႔ အေပ်ာ္လာတက္ၾကသူေတြလည္းရွိပါရဲ႕။ သူတို႔ကေတာ့ နဂိုတည္းက စာတတ္ခ်င္စိတ္မရွိတာမို႔ ကၽြန္ေတာ့္ရဲ႕ ျမင္ဆရာၾကားဆရာ
ကိုေက်ာ္သူရိန္ေျပာသလို I don't care for losers. လို႔ပဲေျပာရမယ္ထင္ပါတယ္။ တစ္ခါတစ္ရံက်ေတာ့လည္း learning must be fun ဆိုလို႔ ရယ္ရဖို႔ေလာက္ပဲအားထုတ္ေနရင္လည္းအဓိကလမ္းေၾကာင္းက လြဲသြားႏိုင္ပါတယ္။)



ေအာင္ျမင္တဲ့စာသင္သားတစ္ေယာက္ျဖစ္ဖို႔ စာသင္တာကိုႏွစ္သက္ႏိုင္ရပါမယ္။ အဂၤလိပ္စာနဲ႔ပတ္သက္လို႔ ေပ်ာ္စရာနဲ႔သက္ေတာင့္သက္သာျဖစ္မယ့္ အခ်ိန္တစ္ခုေတာ့ေပးဖို႔လိုပါလိမ့္မယ္။ ဥပမာအားျဖင့္

  •  အဂၤလိပ္စာေၾကာင္းေတြဖတ္ၿပီးသူတို႔ရဲ႕ဖြဲ႕စည္းတည္ေဆာက္ထားပံုကိုစဥ္းစားၾကည့္ျခင္း
  •  အဘိဓါန္မွစကားလံုးအသစ္မ်ားေလ့လာျခင္း
  •  အဘိဓါန္၊ သဒၵါစည္းကမ္းလမ္းညႊန္စာအုပ္မ်ား နဲ႔အင္တာနက္စာမ်က္ႏွာမ်ားကိုေလ့လာၿပီး အဂၤလိပ္စာေၾကာင္းတစ္ခုေလာက္မွန္မွန္ကန္ကန္ခ်ေရးၾကည့္ျခင္း

စတာေတြေလာက္ကိုေတာ့ႏွစ္သက္ႏိုင္ရပါမယ္။

၂။ ကိုယ့္ဘ၀မွာပထမဆံုးအေျပာင္းအလဲတစ္ခုျပဳလုပ္ျခင္း
အဂၤလိပ္ဘာသာစကားေလ့လာမႈလုပ္ေတာ့မယ္လို႔ ဆံုးျဖတ္မယ္ဆိုရင္ ကိုယ့္ဘ၀ပံုစံကိုေျပာင္းလဲပစ္ဖို႔လိုပါတယ္။ ဥပမာအားျဖင့္ တစ္ေယာက္ေယာက္ဟာ အဂၤလိပ္စာနဲ႔ေရးထားတဲ့စာအုပ္တစ္အုပ္ကို တစ္ေန႔ နာရီ၀က္ဖတ္မယ္လို႔ ဆံုးျဖတ္ၿပီး ၄င္းဆံုးျဖတ္ခ်က္အတိုင္းျဖစ္ေျမာက္ေအာင္လုပ္ျခင္း ျဖစ္ပါတယ္။ ဘ၀မွာဒီလိုမ်ိဳး အေသးအဖြဲကိစၥ၊ ဒါေပမယ့္ အၿမဲတမ္းတည္ျမဲေနမယ့္အေျပာင္းအလဲ ေလးတစ္ခုလုပ္ရတာ အင္မတန္ခက္ခက္ခဲလွပါတယ္။ အထူးသျဖင့္အဂၤလိပ္စာ ေလ့လာရတာ ေပ်ာ္စရာမေကာင္းဘူးလို႔အျမင္ရွိထားရင္ေပါ့။ ဒါေပမယ့္စာသင္သားတို႔မေမ့သင့္တာက ေန႔စဥ္ ၁၅ မိနစ္ေလာက္အဂၤလိပ္စာေလ့လာတာဟာ တစ္လမွာတစ္ခါေလာက္ တစ္ေနကုန္ေလ့လာတာထက္ ပိုရလာဒ္ေကာင္းေတြျဖစ္ထြန္းႏိုင္တယ္ဆိုတာပါပဲ။

၃။ ကိုယ့္ဘ၀ကို ပိုၿပီးေျပာင္းလဲမႈထပ္လုပ္ျခင္း
ပထမဆံုးကိုယ့္ကိုယ္ကိုေျပာင္းလဲရတာအခက္ဆံုးဆိုရင္ ေနာက္ကလိုက္လာရတဲ့အေျပာင္းအလဲေတြဟာလည္းခက္တာပါပဲ။ စာသင္သားအမ်ားစုဟာ ပထမအဆင့္ေျခလွမ္းလွမ္းၿပီးရင္အဲဒီေနရာမွာတင္ရပ္ေနတတ္ၾကတယ္။ ဆိုပါစို႔။ေန႔တိုင္းအဂၤလိပ္စာအုပ္တစ္အုပ္ဖတ္တယ္ဆိုရင္ စာဖတ္႐ံုအဆင့္ပဲရပ္ေနၾကတယ္။ တျခား အဂၤလိပ္စာတိုးတက္မယ့္ အလုပ္ေတြေတြအမ်ားႀကီးကိုဆက္မလုပ္ၾကေတာ့ဘူး။ စာသင္သားေကာင္းတစ္ေယာက္မွာ လုပ္ရမယ့္ activities ေတြစုစည္းထားသင့္တယ္။ (စာဖတ္ျခင္း၊ ႐ုပ္ျမင္သံၾကားၾကည့္ျခင္း၊ အသံထြက္ေလ့က်င့္ျခင္း၊ နားေထာင္ျခင္း စတာေတြ) ကေန မိမိရဲ႕စိတ္ခံစားမႈအေျခအေနေပၚမူတည္ၿပီးတစ္ခုမဟုတ္တစ္ခုေရြးခ်ယ္ရပါမယ္။ ေလ့လာမႈပံုစံတစ္ခုတည္းနဲ႔မလုံေလာက္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ (၁) သင္ခဏေလးနဲ႔ပ်င္းသြားပါလိမ့္မယ္။ (၂) ေလ့လာရတဲ့ဘာသာစကားစြမ္းရည္နယ္ပယ္ဟာအင္မတန္က်ဥ္းေျမာင္းလြန္းပါတယ္။ ဥပမာ စာဖတ္မယ္ဆိုရင္  သဒၵါ၊ ေ၀ါဟာရ၊ နားလည္ႏိုင္စြမ္းနဲ႔အေရးအသားမွာ တိုးတက္လာေပမယ့္အသံထြက္မွာတိုးတက္လာမွာမဟုတ္ပါဘူး။


(ဖိုရမ္ေတြမွာခဏခဏေတြ႕ရတတ္တဲ့ “အဂၤလိပ္စာကိုဘယ္လိုေလ့လာရမလဲ။ အႀကံဥာဏ္ေပးၾကပါ” ဆိုတဲ့မွတ္ခ်က္ေလးေတြျမင္ရရင္ေတာ္ေတာ္ေလးစိတ္မသက္မသာျဖစ္မိပါတယ္။ ဒီဖိုရမ္မွာလို အဂၤလိပ္စာဘယ္လိုေလ့လာရမလဲ နည္းလမ္းေတြေရးေပးေနတဲ့သူေတြ ေရးထားတာေတြအမ်ားႀကီးရွိပါလ်က္နဲ႔ ကိုယ္တိုင္ ရွာဖတ္ဖို႔လံု႔လေလးေတာင္မထုတ္ႏိုင္တဲ့သူဟာ အဂၤလိပ္စာ (ဘာသာစကားတစ္ခု၊ အတတ္ပညာတစ္ခု)ကိုတတ္လာဖို႔ဘယ္လို႔မွ လမ္းစမျမင္မိပါဘူး။ တကယ္တတ္ခ်င္တဲ့သူဟာ အဲဒီလိုေမးေနမွာမဟုတ္ပါဘူး။ ကိုယ့္မွာရွိေနတဲ့အဆင့္ကေလးနဲ႔ တင္ ဗဟုသုတ ရွာေဖြစုေစာင္းရင္းနဲ႔တစ္ေန႔ထက္တစ္ေန႔တိုးတက္လာရမွာပါ။ တစ္ကယ္တမ္းခ်ဳပ္ၾကည့္လိုက္ေတာ့ ဘ၀မွာ ကိုယ္လိုခ်င္တာကိုရဖို႔ လံုလ၀ိရိယက အလြန္အေရးႀကီးပါတယ္။ ဘယ္နယ္ပယ္ဘယ္ေလာကမွာပဲၾကည့္လိုက္ၾကည့္လိုက္ ေအာင္ျမင္တဲ့သူေတြဆိုတာ ကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္ႏိုင္တဲ့(Self-control)သူေတြျဖစ္တယ္ဆုိတာေတြ႕ရမွာပါ။ ဒါေပမယ့္ကိုယ့္ကိုယ္ကိုထိန္းခ်ဳပ္ႏိုင္ဖို႔ဆိုတာ အင္မတန္ခက္ခဲလွတယ္မဟုတ္လား။ ဒါေၾကာင့္ နည္းနည္းထိန္းခ်ဳပ္ႏိုင္တဲ့သူက နည္းနည္းေအာင္ျမင္ၿပီး မ်ားမ်ားထိန္းခ်ဳပ္ႏိုင္တဲ့သူက မ်ားမ်ားေအာင္ျမင္ၾကတာေပါ့။ သင္ winner လုပ္ခ်င္သလား loser လုပ္ခ်င္သလား။ သင္ျဖစ္ခ်င္တာျဖစ္ရမွာမလြဲပါဘူး။  စိုင္းထီးဆိုင္ရဲ႕သီခ်င္းစာသားေလးလို “+ + +ထိုက္တန္တဲ့ရင္းႏွီးမႈေတာ့ရွိရမယ္။ မယုတ္မလြန္တဲ့က်ိဳးစားမႈေတာ့ရွိရမယ္။ နတ္စီတဲ့အိပ္မက္လွလွမ်ား လြယ္လြယ္နဲ႔မရ . . + + +” ဆိုသလိုေပါ့။)

ဇာနည္(MyWay!)

mywayenglish.multiply.com/

[ Unicode ]

antimoon website က Tomasz P. Szynalski ရေးတဲ့  Three biggest challenges facing an English learner ကိုဘာသာပြန်ပေးထားပါတယ်။ ကျွန်တော့်ရဲ့အမြင်မှတ်ချက်တစ်ချို့ကို စာလုံးစောင်းနဲ့ကွင်းခတ်ပြီးထည့်ပေးထားပါတယ်။
 
၁။ အင်္ဂလိပ်ဘာသာစကားလေ့လာချင်စိတ်ပျိုးထောင်ခြင်း
အင်္ဂလိပ်ဘာသာစကားလေ့လာသူအားလုံးကတော့အင်္ဂလိပ်စကားကောင်းကောင်းပြောတတ်ချင်ကြပါသည်။ သူတို့ဟာအင်္ဂလိပ်စကားနဲ့သွက်သွက်လက်လက် ဆက်သွယ်ပြောဆိုနိုင်မယ်ဆိုတဲ့ အတွေးနဲ့တက်ကြွနေတတ်ပါတယ်။ သို့သော်လည်း သူတို့ဟာအင်္ဂလိပ်စာလေ့လာမှုဖြစ်စဉ်ကိုယ်၌ကိုကျတော့ စိတ်ဝင်တစားမရှိတတ်ကြပါဘူး။ စာသင်သားအများစုအတွက် အင်္ဂလိပ်စာလေ့လာချင်း ဆိုတာဟာ မလုပ်မဖြစ်လုပ်ရမယ့် တာဝန်ကြီးတစ်ရပ်လိုဖြစ်နေပါတယ်။အင်္ဂလိပ်စာလေ့လာမှုမှာ ပျော်စရာမတွေ့ တတ်ကြပါဘူး။

အတိုချုံ့ပြောရရင်တော့ လေ့လာသူအများစုဟာ အင်္ဂလိပ်လိုပြောတတ်ချင်ပေမယ့် အင်္ဂလိပ်စာမလေ့လာချင်ကြပါဘူး။ ဒါဟာ စာသင်သားတွေရဲ့ နံပါတ်တစ် အကြီးမားဆုံးပြဿနာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ စာမသင်ချင်တဲ့လူအတွက် စာတတ်ဖို့မလွယ်ပါဘူး။ အင်္ဂလိပ်စာကိုသင်ကမချစ်ရင် အင်္ဂလိပ်စာကလည်း သင့်ကိုပြန်ချစ်မှာမဟုတ်ဘူးလေ။

(ဒါဟာတကယ့်အမှန်တရားပါပဲ။ ကျွန်တော်စာသင်ခဲ့သမျှတစ်လျှောက်လုံးကျောင်းသားတွေကိုစိတ်ဓါတ်မြင့်တင်ပေးရ
တဲ့အလုပ်ဟာအခက်ခဲဆုံးပါပဲ။ဘယ်လောက်ပဲသူတို့ကို အင်္ဂလိပ်စာတတ်ခြင်းရဲ့အကျိုးကျေးဇူးတွေရှင်းပြရှင်းပြ သူတို့ဟာ ဆရာတစ်ယောက်သင်တဲ့အတန်းထဲလာထိုင်တာနဲ့ အင်္ဂလိပ်စာပြောတတ်ရေးတတ်မယ် ထင်နေကြတုန်းပါပဲ။တစ်ချို့ကျောင်းသားတွေကတော့ မိဘကတက်ခိုင်းလို့၊ ကိုယ့်ရည်းစား၊ သူငယ်ချင်းရှိတဲ့အတန်းမို့လို့ အပျော်လာတက်ကြသူတွေလည်းရှိပါရဲ့။ သူတို့ကတော့ နဂိုတည်းက စာတတ်ချင်စိတ်မရှိတာမို့ ကျွန်တော့်ရဲ့ မြင်ဆရာကြားဆရာ
ကိုကျော်သူရိန်ပြောသလို I don't care for losers. လို့ပဲပြောရမယ်ထင်ပါတယ်။ တစ်ခါတစ်ရံကျတော့လည်း learning must be fun ဆိုလို့ ရယ်ရဖို့လောက်ပဲအားထုတ်နေရင်လည်းအဓိကလမ်းကြောင်းက လွဲသွားနိုင်ပါတယ်။)


အောင်မြင်တဲ့စာသင်သားတစ်ယောက်ဖြစ်ဖို့ စာသင်တာကိုနှစ်သက်နိုင်ရပါမယ်။ အင်္ဂလိပ်စာနဲ့ပတ်သက်လို့ ပျော်စရာနဲ့သက်တောင့်သက်သာဖြစ်မယ့် အချိန်တစ်ခုတော့ပေးဖို့လိုပါလိမ့်မယ်။ ဥပမာအားဖြင့်
 အင်္ဂလိပ်စာကြောင်းတွေဖတ်ပြီးသူတို့ရဲ့ဖွဲ့စည်းတည်ဆောက်ထားပုံကိုစဉ်းစားကြည့်ခြင်း
 အဘိဓါန်မှစကားလုံးအသစ်များလေ့လာခြင်း
 အဘိဓါန်၊ သဒ္ဒါစည်းကမ်းလမ်းညွှန်စာအုပ်များ နဲ့အင်တာနက်စာမျက်နှာများကိုလေ့လာပြီး အင်္ဂလိပ်စာကြောင်းတစ်ခုလောက်မှန်မှန်ကန်ကန်ချရေးကြည့်ခြင်း
စတာတွေလောက်ကိုတော့နှစ်သက်နိုင်ရပါမယ်။

၂။ ကိုယ့်ဘဝမှာပထမဆုံးအပြောင်းအလဲတစ်ခုပြုလုပ်ခြင်း
အင်္ဂလိပ်ဘာသာစကားလေ့လာမှုလုပ်တော့မယ်လို့ ဆုံးဖြတ်မယ်ဆိုရင် ကိုယ့်ဘဝပုံစံကိုပြောင်းလဲပစ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် တစ်ယောက်ယောက်ဟာ အင်္ဂလိပ်စာနဲ့ရေးထားတဲ့စာအုပ်တစ်အုပ်ကို တစ်နေ့ နာရီဝက်ဖတ်မယ်လို့ ဆုံးဖြတ်ပြီး ၄င်းဆုံးဖြတ်ချက်အတိုင်းဖြစ်မြောက်အောင်လုပ်ခြင်း ဖြစ်ပါတယ်။ ဘဝမှာဒီလိုမျိုး အသေးအဖွဲကိစ္စ၊ ဒါပေမယ့် အမြဲတမ်းတည်မြဲနေမယ့်အပြောင်းအလဲ လေးတစ်ခုလုပ်ရတာ အင်မတန်ခက်ခက်ခဲလှပါတယ်။ အထူးသဖြင့်အင်္ဂလိပ်စာ လေ့လာရတာ ပျော်စရာမကောင်းဘူးလို့အမြင်ရှိထားရင်ပေါ့။ ဒါပေမယ့်စာသင်သားတို့မမေ့သင့်တာက နေ့စဉ် ၁၅ မိနစ်လောက်အင်္ဂလိပ်စာလေ့လာတာဟာ တစ်လမှာတစ်ခါလောက် တစ်နေကုန်လေ့လာတာထက် ပိုရလာဒ်ကောင်းတွေဖြစ်ထွန်းနိုင်တယ်ဆိုတာပါပဲ။

၃။ ကိုယ့်ဘဝကို ပိုပြီးပြောင်းလဲမှုထပ်လုပ်ခြင်း
ပထမဆုံးကိုယ့်ကိုယ်ကိုပြောင်းလဲရတာအခက်ဆုံးဆိုရင် နောက်ကလိုက်လာရတဲ့အပြောင်းအလဲတွေဟာလည်းခက်တာပါပဲ။ စာသင်သားအများစုဟာ ပထမအဆင့်ခြေလှမ်းလှမ်းပြီးရင်အဲဒီနေရာမှာတင်ရပ်နေတတ်ကြတယ်။ ဆိုပါစို့။နေ့တိုင်းအင်္ဂလိပ်စာအုပ်တစ်အုပ်ဖတ်တယ်ဆိုရင် စာဖတ်ရုံအဆင့်ပဲရပ်နေကြတယ်။ တခြား အင်္ဂလိပ်စာတိုးတက်မယ့် အလုပ်တွေတွေအများကြီးကိုဆက်မလုပ်ကြတော့ဘူး။ စာသင်သားကောင်းတစ်ယောက်မှာ လုပ်ရမယ့် activities တွေစုစည်းထားသင့်တယ်။ (စာဖတ်ခြင်း၊ ရုပ်မြင်သံကြားကြည့်ခြင်း၊ အသံထွက်လေ့ကျင့်ခြင်း၊ နားထောင်ခြင်း စတာတွေ) ကနေ မိမိရဲ့စိတ်ခံစားမှုအခြေအနေပေါ်မူတည်ပြီးတစ်ခုမဟုတ်တစ်ခုရွေးချယ်ရပါမယ်။ လေ့လာမှုပုံစံတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ (၁) သင်ခဏလေးနဲ့ပျင်းသွားပါလိမ့်မယ်။ (၂) လေ့လာရတဲ့ဘာသာစကားစွမ်းရည်နယ်ပယ်ဟာအင်မတန်ကျဉ်းမြောင်းလွန်းပါတယ်။ ဥပမာ စာဖတ်မယ်ဆိုရင်  သဒ္ဒါ၊ ဝေါဟာရ၊ နားလည်နိုင်စွမ်းနဲ့အရေးအသားမှာ တိုးတက်လာပေမယ့်အသံထွက်မှာတိုးတက်လာမှာမဟုတ်ပါဘူး။

(ဖိုရမ်တွေမှာခဏခဏတွေ့ရတတ်တဲ့ “အင်္ဂလိပ်စာကိုဘယ်လိုလေ့လာရမလဲ။ အကြံဉာဏ်ပေးကြပါ” ဆိုတဲ့မှတ်ချက်လေးတွေမြင်ရရင်တော်တော်လေးစိတ်မသက်မသာဖြစ်မိပါတယ်။ ဒီဖိုရမ်မှာလို အင်္ဂလိပ်စာဘယ်လိုလေ့လာရမလဲ နည်းလမ်းတွေရေးပေးနေတဲ့သူတွေ ရေးထားတာတွေအများကြီးရှိပါလျက်နဲ့ ကိုယ်တိုင် ရှာဖတ်ဖို့လုံ့လလေးတောင်မထုတ်နိုင်တဲ့သူဟာ အင်္ဂလိပ်စာ (ဘာသာစကားတစ်ခု၊ အတတ်ပညာတစ်ခု)ကိုတတ်လာဖို့ဘယ်လို့မှ လမ်းစမမြင်မိပါဘူး။ တကယ်တတ်ချင်တဲ့သူဟာ အဲဒီလိုမေးနေမှာမဟုတ်ပါဘူး။ ကိုယ့်မှာရှိနေတဲ့အဆင့်ကလေးနဲ့ တင် ဗဟုသုတ ရှာဖွေစုစောင်းရင်းနဲ့တစ်နေ့ထက်တစ်နေ့တိုးတက်လာရမှာပါ။ တစ်ကယ်တမ်းချုပ်ကြည့်လိုက်တော့ ဘဝမှာ ကိုယ်လိုချင်တာကိုရဖို့ လုံလဝိရိယက အလွန်အရေးကြီးပါတယ်။ ဘယ်နယ်ပယ်ဘယ်လောကမှာပဲကြည့်လိုက်ကြည့်လိုက် အောင်မြင်တဲ့သူတွေဆိုတာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်တဲ့(Self-control)သူတွေဖြစ်တယ်ဆိုတာတွေ့ရမှာပါ။ ဒါပေမယ့်ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲလှတယ်မဟုတ်လား။ ဒါကြောင့် နည်းနည်းထိန်းချုပ်နိုင်တဲ့သူက နည်းနည်းအောင်မြင်ပြီး များများထိန်းချုပ်နိုင်တဲ့သူက များများအောင်မြင်ကြတာပေါ့။ သင် winner လုပ်ချင်သလား loser လုပ်ချင်သလား။ သင်ဖြစ်ချင်တာဖြစ်ရမှာမလွဲပါဘူး။  စိုင်းထီးဆိုင်ရဲ့သီချင်းစာသားလေးလို “+ + +ထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ်။ မယုတ်မလွန်တဲ့ကျိုးစားမှုတော့ရှိရမယ်။ နတ်စီတဲ့အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ . . + + +” ဆိုသလိုပေါ့။)

ဇာနည်(MyWay!)
mywayenglish.multiply.com/

Views: 8799

Reply to This

Replies to This Discussion

Very Thank you!

Thank you so much !

Thank you very much sayar

Thanks for your precious advice ,Sir.

Thanks Sir.

Thank

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service