လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်… အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ

လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့
ထင်နေကြသူတွေအတွက်…
အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ

1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို ဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို ဝယ်လို့ရလိမ့်မယ်၊ ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို  ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို ဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို
ဝယ်လို့မရဘူး။
5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကိုဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို
ဝယ်လို့မရဘူး။
6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကိုဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။
7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို ဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို
ဝယ်လို့မရဘူး။
8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကိုဝယ်လို့မရဘူး။
9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)ကို ဝယ်လို့မရဘူး။
10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန် (Time) ကို ဝယ်လို့မရဘူး။
11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို ဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။
12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances)  ဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကိုဝယ်လို့မရဘူး။
13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant)  ထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကို
ဝယ်လို့မရဘူး။
14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို  ဝယ်လို့ရချင် ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကို
ဝယ်လို့မရဘူး။

15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို  ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။

16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။
17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး
သိက္ခာဆည်လို့မရဘူး။
18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင်တားနိုင်လိမ့်မယ်၊ လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်
ပြန်ကာလို့မရဘူး။
19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။

20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလိုသုံးချင်သူ။

(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။

--
အားလုံးပျော်ရွင်ပါစေ

Ref:www.gmail.com

Views: 367

Reply to This

Replies to This Discussion

very very good

Right

I like it very much,

thank you so much.

Thank you very much

Thanks for all of your comments for the post.

၂၀။ လောကတွင် ငွေရလျှင် ဘာမဆိုလုတ်မည်၊ အရာအားလုံးကို ရင်းနိုင်သည် ဟူသော သူ နှစ်မျိုးသာ ရှိတယ်။

နှစ်မျိုး မကလောက်ပါဘူး။ ကျွန်တော် ဥပမာလေး တစ်ခု ပေးပါ့မယ်။ ကိုယ့်ရဲ့ ချစ်သူ ကင်ဆာ ဖြစ်နေလို့ တန်ဖိုးကြီးလွန်းတဲ့ ဆေးသွင်းဖို့ လိုနေတဲ့ အခြေအနေလေးပေါ့။ သူ့ရဲ့ နောက်ဆုံ့း အချိန်လေးမှာ ကိုယ့်ဘက်က သူ့အတွက် လိုအပ်နေတဲ့ ငွေကို ဘာပဲ လုတ်ရလုတ်ရ၊ ဘာပဲ ဖြစ်ဖြစ် ရင်းပြစ်တော့မှာပဲလေ။ အချစ်၏ ကောင်းကျိုး ဆိုးပြစ်ကို မပြောပါဘူး။ အခြေအနေလေး တစ်ခုကိုပါ။

၂၀။ ငွေရလျှင် ဘာမဆို လုတ်နေမည့်သူ နှစ်မျိုးသာရှိတယ်။ လို့လေးပဲ ပြန်ပြောင်းရေးပေးပါလားဟာ။ တချို့ တချို့တွေ ဟာ အမြဲတမ်း မဟုတ်တောင် တစ်စုံတစ်ရာအတွက် အချိန်ကာလ တစ်ခုမှာ အရာအားလုံးကို ငွေအတွက် အလဲအထပ် လုတ်ခဲ့ကြရပါတယ်။ ကိုယ့်အတွက် မဟုတ်ခဲ့တောင်မှ ကိုယ်ချစ်ခဲ့ရသော သူတွေ အတွက်၊ ကိုယ်ချစ်ခဲ့ရသော ပါတ်ဝန်းကျင်အတွက်။ ကျွန်တော် တောင်းပန်ပါတယ်နော်။ အနှောက်အရှက်ဖြစ်သွားခဲ့ရင်ပါ။

ငွေမရှိပါက ဆင်းရဲချိုတဲ့သူများအား ဝေငှပေးကမ်းခြင်းအားဖြင့် ကူညီနိုင်မည် မဟုတ်ပါ

ငွေမရှိပါက သင့် သားသမီးများအား ပညာတတ်ဖြစ်အောင် ပြုစုပျိုးထောင်နိုင်မည် မဟုတ်ပါ

ငွေမရှိပါက သင့် ကျန်းမာရေးအတွက် အားဖြစ်စေမည့် အစားအစာများ စားသုံးနိုင်မည် မဟုတ်ပါ

ငွေမရှိပါက သင့် ဘ၀အတွက် အကျိုးရှိမည့် စာအုပ်စာပေများ ၀ယ်ယူဖတ်ရှုနိုင်မည် မဟုတ်ပါ

ငွေမရှိပါက သင့်ချစ်သူ မွေးနေ့တွင် သူ/သူမ နှစ်သက်သော လက်ဆောင်အား သင် ၀ယ်ပေးနိုင်မည် မဟုတ်ပါ

ငွေမရှိပါက သင့် စိတ်ကူးထားသော မိသားစုဘ၀ တည်ဆောက်ရန် အိမ်မြေခြံများ ၀ယ်ယူနိုင်မည် မဟုတ်ပါ

ငွေမရှိပါက သင် ကျန်းမားရေးချို့တဲ့သောအခါ ထိရောက်သော ဆေးဝါးကုသမှု ခံယူနိုင်မည် မဟုတ်ပါ

ငွေမရှိပါက အကျွန်ုပ်လည်း Reply မလုပ်နိုင်သလို သင်လည်း Online တက်ကာ ၀င်ရောက်ဖတ်ရှုနိုင်မည် မဟုတ်ပါ

လောကတွင် လေသည်ပင်လျှင် အလကား မရတော့ပါ။

လေတစ်ခါထိုးလျှင် ၁၀၀ ကျပ် ပေးရသော ခေတ်သို့ရောက်နေပါပြီ။

ထို့ကြောင့် သင် ငွေရှိအောင် ကြိုးစားပါ။

ငွေကို အကျိုးရှိရှိသုံးပါ။

မဖြုန်းပါနှင့်။

That's great!

ကျွန်တော်တို့ မြန်မာနိုင်ငံကြီး နိုင်ငံတကာမှာ ပွဲ မတိုးနိုင်တာ
နိုင်ငံသားတွေ ဆင်းရဲလို့ ...
နိုင်ငံနဲ့ ချီပြီး ဆင်းရဲလို့ ဗျ...
နည်းမှန် လမ်းမှန် နဲ့ ကြီးပွါး တိုးတက်ရေး ...
အောင်မြင်ရေး ...ချမ်းသာရေးတွေ ...
နိုင်ငံနဲ့ချီပြီး ပြောနေရမယ်... စိတ်ဓာတ်မြှင့်တင်နေရမယ် အချိန်မှာ...
ဒီလို ရသေ့စိတ်ဖြေ စကားတွေ ...
ပစ္ဇည်းမဲ့ ဒေါသသံ ပါတဲ့ စကားတွေ ...
ဆင်ခြေပေးလို့ ကောင်းတဲ့ စကားတွေ သိပ်မပြောပါနဲ့ဗျာ ...

ငွေနဲ့ ဝယ်လို့ မရတယ် အရာတွေ ရှိမှန်း လူတိုင်း နားလည်ပြီးသားပါ...
ငွေနဲ့ ဝယ်လို့ ရတဲ့ အရာတွေ စာရင်း ချပြရင် အခု ၂၀ မကဘူး ...
အခု ၂ သန်း လောက် ရလာလိမ့်မယ်...

ငွေ အကြောင်း မကောင်းဖြစ်အောင် ပြောနေတာဟာ
ကိုယ့်တိုးတက်မှု ကိုယ် ပြန်သတ်နေသလိုပဲဗျ ...
ငွေမရှိ ရင် လက်တွေ့မှာ ဘာသာရေး သာသနာရေးတောင် လုပ်လို့ မရဘူး....

စဉ်းစားကြပါဦး...
ဆင်ခြေ ပေးတဲ့ ဝါဒ မထွန်းကားပါစေနဲ့...
အမှန်မြင်ပါ လက်တွေ့ကျပါ ...
ကိုယ့် တာဝန် ကိုယ်ယူပါ...
ကျွန်တော်တို့တွေ နိုင်ငံနဲ့ချီပြီး အမှီလိုက်ဖို့ ကျုံးရုံး လုပ်ကြရဦးမှာ...

https://www.facebook.com/sharingtogethergroup

https://www.facebook.com/groups/218947391560961/
အမြဲ သင်ယူ သင်ကြားလိုစိတ် ပြည့်ဝနေတဲ့....
မြန်မာ လူငယ် တွေရဲ့ စုဝေးရာ ဖြစ်နိုင်အောင်
ကြိုးစားသွားပါမယ်...

အချင်း ချင်း အကြံဉာဏ်ပေးကြမယ် ...
နွေးနွေး ထွေးထွေး ဆွေးနွေး ကြမယ် ...
ရင်ဘတ်နဲ့ နားထောင်ပေးကြမယ်လေ ...

ဘဝ ခရီးလမ်း ဆိုတာ တစ်ယောက်တည်း လှမ်းရင် ကြမ်းတယ် မဟုတ်လား ...

( ဒီ Group လေးကို မြန်မာ လူငယ်တွေ အတွက် အကြိုးရှိမယ်လို့ ယုံကြည်တဲ့ သူငယ်ချင်းတွေ
ကျေးဇူးပြူပြီး ဒီထက်ပို ပြန့်ပွါး လူသိများလာအောင် ကူညီပေးကြပါ.... )

Great good!

Good idea.

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service