ထိထိရောက်ရောက် ချီးမွမ်းရေးသားတတ်တဲ့ ကျွမ်းကျင်မှုတွေကို ဘယ်လို ရနိုင်ပါမလဲ။ အလွယ်တကူ ရနိုင်တယ်လို့ ဖြေပါရစေ။ စာအုပ်တစ်အုပ် ဒါမှမဟုတ် အနုပညာလက်ရာတစ်ခုကို ချီးမွမ်းရေးသား ရတော့မယ်ဆိုရင် ထိထိရောက်ရောက် ချီးမွမ်းရေးသားတတ်ဖို့ လိုပြီပေါ့။ ချီးမွမ်းထောမနာပြုတယ် ဆိုတာကလည်း အပြစ်ဒေါသမသင့်အောင်၊ အများယုံကြည်ဖွယ်ဖြစ်အောင် ရေးရတာဖြစ်တယ်။ လေ့ကျင့်ယူဖို့ မခက်ဘူး။ ဆွဲဆောင်ရေးသားတဲ့ အရေးအသားမျိုးကို စူးစူးစိုက်စိုက် လေ့လာလိုက်ပြီး မိမိကိုယ်ကို နှိမ့်ချတဲ့စိတ်နဲ့ ရေးမယ်ဆိုရင် ချီးမွမ်းစာက ယုံကြည်ဖွယ်ရာ ဖြစ်သွားတတ်ပါတယ်။
ချီးမွမ်းရေးသားခြင်း
အပြုသဘောအားကောင်းစေခြင်း ပုံစံတစ်မျိုးဆိုပြီး ချီးမွမ်းတဲ့အရေးအသားမျိုးကို အများလေးစား တတ်ကြတယ်။ သာမန်အားဖြင့် ချီးမွမ်းတဲ့အရေးအသားကို စာအုပ် အဖုံးမှာ စာလုံးရေ ၁၀၀ နဲ့ ၁၀၀ အောက် ရေးသားထားတာကို တွေ့ရတတ်တယ်။ သုံးသပ်ချက်အဆင့်လည်း မရောက်ဘဲ အနုပညာလက်ရာ တစ်ခုကို ချီးမွမ်းတာဖြစ်တယ်။ စာအုပ်အပြင် ရုပ်ရှင်၊ မိန့်ခွန်း၊ သီချင်း၊ ပန်းချီကား စသည်ဖြင့် ဖြစ်နိုင်တယ်။ လူတစ်ဦးချင်းအနေနဲ့ ချီးမွမ်းတာကို ကိုးကားဖော်ပြထားတဲ့ သဘောဖြစ်တယ်။
ဝက်ဘ်ဆိုက် အသီးသီးမှာလည်း ချီးမွမ်းရေးသားထားတာတွေကို ဖတ်ရမှာဖြစ်တယ်။ တစ်ခါတစ်ရံ အထက်လူကြီးဆီက ချီးမွမ်းတဲ့စာကိုလည်း ရဖူးမှာပေါ့။ အမြင်အားဖြင့် အပြင်အဆင်နဲ့ ပတ်သက်ပြီး ချီးမွမ်းရေးသားရာမှာ ပုံစံအမျိုးမျိုး ရှိနိုင်ပေမယ့် မြင်ရင် ချက်ချင်း သိသာပါတယ်။
ထိရောက်စွာ ချီးမွမ်းရေးသားသော ကျွမ်းကျင်မှု နမူနာလက်ရာများ
နေ့စဉ် အခြေအနေတွေမှာ အသုံးပြုတဲ့ ထိရောက်တဲ့ ချီးမွမ်းစာ နမူနာအချို့ကို ဖော်ပြလိုက်ပါတယ်။ ဘယ်ချီးမွမ်းစာတွေကို အလုပ်ထဲမှာ သုံးပြီး ဘယ်ချီးမွမ်းစာတွေကို အနုပညာနယ်ပယ်မှာ သုံးသလဲ ဖော်ထုတ်ကြည့်ပါ။
နမူနာ ၁
When the company had a twelve hour turnaround to produce a brand new set of major initiatives for corporate, your efforts made all the difference because you grabbed the bull by the horns and served in a team leader capacity for our IT department. By organizing priorities, setting realistic goals, and motivating your fellow employees we were able to get the job done. I am happy to have you on our team.
ကုမ္ပဏီရေးရာဌာနအတွက် လုပ်ငန်းသစ်များကို ၁၂နာရီအတွင်းဖော်ထုတ်ရန် လိုအပ်ချက် ပေါ်ပေါက်လာသောအခါ အိုင်တီဌာနအတွက် အစုအဖွဲ့ ခေါင်းဆောင်နေရာမှ တာဝန်ယူပြီး ပြဿနာကို ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့ပါသည်။ ဝှေ့ရန်လာသည့် နွားသိုးကို ချိုမှကိုင်၍ ထိန်းချုပ်နိုင်သကဲ့သို့ပင် ဖြစ်ပါသည်။ ဦးစားပေးများ စုစည်းသတ်မှတ်ခြင်း၊ ဖြစ်နိုင်သော ရည်မှန်းချက်ပန်းတိုင်များ သတ်မှတ်ခြင်းနှင့် လုပ်ဖော်ကိုင်ဖက်များကို စိတ်ဓာတ်တက်ကြွစေခြင်းဖြင့် အလုပ်ကိုအောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါသည်။ အစုအဖွဲ့အတွင်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ပေးသည့်အတွက် ကျေနပ်ဝမ်းမြောက်မိပါသည်။
နမူနာ ၂
I will never forget your drive to go above and beyond the call of duty for our charity fair. Organizing the Wii competition for our charity drive really boosted the company’s annual giving donations. Your example is a great lesson for us. Thank you for your assistance.
ပရဟိတရန်ပုံငွေ ပွဲလမ်းအခန်းအနားအတွက် တာဝန်ရှိသည်ထက် ပိုလွန်ကျော်လွန်၍ ကြိုးပမ်းဆောင်ရွက် ခဲ့ခြင်းကို မေ့လျော့နိုင်မည်မဟုတ်ပါ။ Wii ဂိမ်းစက် ပြိုင်ပွဲ စီစဉ်ပြုလုပ်ခဲ့သည့်အတွက် ကုမ္ပဏီ၏ နှစ်ပတ်လည် အလှူဒါန များစွာ မြင့်တက်လာပါသည်။ လုပ်ငန်းဆောင်ရွက်ပုံ ဥပမာကို တွေ့ရသည့်အတွက် သင်ခန်းစာများစွာ ရရှိခဲ့ပါသည်။ အကူအညီပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
နမူနာ ၃
“Corky’s Song” the debut cd of K.D. Bissell is a one of a kind sound that evokes all things blissfilled.
K.D. Bissell ၏ ပထမဆုံး စီဒီဖြစ်သော “Corky’s Song” မှာ ပီတိသုခနှင့်ပြည့်ဝသည့် အရာဟူသမျှကို စိတ်တွင် ရိုက်ခတ်လာစေနိုင်သည့် ပြိုင်စံရှားသော အသံမျိုး ဖြစ်ပါသည်။
နမူနာ ၎
The latest novel by C.J. Write is the much needed breath of fresh air. C.J. really knows how to make people feel appreciated.
C.J. Write နောက်ဆုံးရေးသားလိုက်တဲ့ ၀တ္တုမှာ အထူးလိုအပ်နေသော လေကောင်းလေသန့်သဖွယ် ဖြစ်ပါသည်။ တစ်ဖက်သားတွင် နားလည်တန်ဖိုးထားခံရသည်ဟူသော စိတ်ခံစားမှု ဖြစ်ပေါ်စေရန် အမှန်တကယ် ရေးဖွဲ့တတ်ပါသည်။
အထက်ဖော်ပြပါ ချီးမွမ်းစာတွေကတော့ ချီးမွမ်းတဲ့အရေးအသားကို နမူနာအတိုကလေးတွေ ထုတ်ပြထားတာ ဖြစ်ပါတယ်။ ဘယ်ပုံစံနဲ့ ဖန်တီးထားပါစေ ချီးမွမ်းစာရေးသားလို့ ရပါတယ်။ အခြေခံ အပိုင်းတွေကတော့ အပြုသဘောဘက်က မြင်ခြင်း၊ ဘာကြောင့် သက်ဆိုင်ရာပုဂ္ဂိုလ်ကို ချီးမွမ်းကြောင်း တစ်ဘက်သား သိစေနိုင်ခြင်းတို့ဘဲ ဖြစ်ပါတယ်။ သက်ဆိုင်သူရဲ့ အပြုသဘော ကိုယ်ရည်ကိုယ်သွေးတွေ၊ အထူးကြိုးပမ်းအားထုတ်မှုနဲ့ အောင်မြင်မှုတွေကိုလည်း ထင်ရှားအောင် ဖော်ပြသင့်တယ်။ အဲဒီအပြင် ချီးမွမ်းခံသူကို ကျေးဇူးတင်ကြောင်းကိုလည်း ဖော်ပြရမယ်၊ ယုံကြည်မှုရှိအောင်လည်း ပြောင်ပြောင်တင်းတင်း ဖြစ်စေ၊ သိမ်သိမ်မွေ့မွေ့ဖြစ်စေ ရေးဖွဲ့နိုင်ရမယ်။ အခု ပြန်နွှေးကြည့်ရအောင်။
ချီးမွမ်းသော အရေးအသား
ချီးမွမ်းရေးသားတဲ့အခါ ရုံးတွင်းစာ သို့မဟုတ် ပေးစာကို ချီးမွမ်းစကားနဲ့ စတင်သင့်တယ်။ ဥပမာ အဖွင့် ၀ါကျအနေနဲ့ ကောင်းမွန်တဲ့ နမူနာ ချီးမွမ်းစကားတစ်ကို ဖော်ပြလိုက်တယ်။
“I just wanted to tell you that you are an amazing worker.” အလွန်တော်တဲ့ ၀န်ထမ်းဖြစ်ကြောင်း သိစေလိုတဲ့အတွက် ဒီစာကို ရေးလိုက်ပါတယ်။
ဆက်လက်ပြီး အပြုသဘော အရည်အသွေးတွေ၊ အထူး ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြု ၀န်ခံဖို့ လိုအပ်တယ်။ ဥပမာ အသေးစိတ်ဖော်ပြတဲ့ ၀ါကျအနေနဲ့ ဒီလိုဆက်ရေးနိုင်တယ်။
“You always manage to perform at peak levels daily.” နေ့စဉ် အလုပ်လုပ်ရာမှာ အမြဲတစေ အဆင့်အမြင့်ဆုံး လုပ်နိုင်တာကို တွေ့ရပါတယ်။
ချီးမွမ်းခံရသူကို ကျေးဇူးတင်ကြောင်း ဆက်ပြောနိုင်တယ်။ ဥပမာ
“Thank you so much for your helpful contributions.”
အလွန်အထောက်အကူပြုတဲ့ ပါဝင်ကူညီဆောင်ရွက်မှုများအတွက် အထူးကျေးဇူးတင်ပါတယ်လို့ ရေးနိုင်တယ်။
အဲဒီအစိတ်အပိုင်းတွေအားလုံးကို အဆင်ပြေပြေ စုစည်းရေးသားလိုက်မယ်ဆိုရင် ထိရောက်တဲ့ ချီးမွမ်းစာ ရလာမှာ ဖြစ်တယ်။ ချီးမွမ်းတဲ့ ရုံးတွင်းစာတွေ ဆက်လက် ရေးသား လေ့ကျင့်လိုက်မယ်ဆိုရင် မကြာခင် ချီးမွမ်းရေးသားရာမှာ ထူးချွန်ပြောင်မြောက်လာမှာ ဖြစ်တယ်။
You can read other lessons posted by me here.
Tags:
Thanks for this lesson
Thank you for the lesson and wish you post many more!
thanks for your lessons
In this lesson,I have learned a lot of Idioms. Thanks you xo xo much.
thank you so much
I get knowledge from this discussion.
Thank you
Thanks
Thanks for lessons .
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |