မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်စကားဝိုင်းတစ်ရပ် ကျင်းပမည် ။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်စကားဝိုင်းတစ်ရပ် ကျင်းပမည် ။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ (Myanmar Youth Forum) ဖြစ်မြောက်ရေး ဆွေးနွေးပွဲကို ၁၈၊၈၊၂၀၁၂ (စနေနေ့) တွင် ရန်ကုန်မြို့၊ ဗဟန်းမြု့နယ်၊ ၀င်္ကဘာလမ်းရှိ Global Platform စည်းဝေးခန်းမတွင် လူငယ်အဖွဲ့ ၅၀ခန့်မှ ကိုယ်စားလှယ် ၉၀ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲကို နံနက်၉နာရီမှ ညနေ ၅နာရီအထိ ကျင်းပခဲ့ပြီး Myanmar Youth Forum ဖြစ်မြောက်ရေးအတွက် ကော်မတီ ၆ရပ်ကို ဆွေးနွေးပွဲတက်ရောက်လာသော လူငယ်များမှ ဖွဲ့စည်းခဲ့ပါသည်။


ထိုကော်မတီ ၆ရပ်သည် Forum ဖြစ်မြောက်ရေး ဆွေးနွေးပွဲမှ ချမှတ်ခဲ့သည့် ရည်ရွယ်ချက်များဖြစ်သော
၁။ မြန်မာနိုင်ငံတ၀န်းလုံးရှိ လူငယ်များ ပူးပေါင်း၊ ဆွေးနွေး၊ စုစည်း၊ ချိတ်ဆက် လုပ်ဆောင်နိုင်ရန်။
၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ယက်ကြီး ပေါ်ပေါက်လာစေရန်။
၃။ လူငယ်များ၏ အခွင့်အရေး၊ တာဝန်နှင့် ရပိုင်ခွင့်များကို ဖော်ထုတ်ပြီး လူငယ်ရေးရာ မူဝါဒများ ထွက်ပေါ်လာစေရန်။
၎။ လူငယ်များ၏ လက်ရှိအခြေအနေများ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ထင်ဟပ်သောအသံများကို ဖော်ထုတ်နိုင်ရန်။
စသည့်အချက်များကို ထင်ဟပ်စေမည့် Myanmar Youth Forum ပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။

ပထမအကြိမ် Myanmar Youth Forum (MYF) ကို ၁၂၊၁၂၊၂၀၁၂ တွင် စတင်ကျင်းပမည်ဟု အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြပြီး မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ လူငယ်အဖွဲ့များအား ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်သည်။ MYF လုပ်ဆောင်ချက် update များကို www.facebook.com/myanmaryouthforum (သို့) myanmaryouthforum2012@gmail.com သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

We also want to invite all of the Myanmar Youths to participate in forum and please visit to our facebook page  to show your concern by clicking "Like".

MYF 1/2012
Media Team

 

Views: 1106

Reply to This

Replies to This Discussion

I like
Like

coolllllllllllllll

MYF ကို သဘောကျတယ်...မန်ဘာဝင်ချင်ရင် ဘယ်လိုလုပ်ရမလဲ ပြောပေးပါအုံး...

လုပ်နိုင်တာတွေလုပ်ကြပါ။ သမတကြီးတစ်ဖွဲ့ထဲနဲ့မပြီးနိုင်ပါ။လူငယ်တွေကအားဖြစ်စေပါတယ်။

ကျေနပ်စရာကောင်းလှတဲ့ မြန်မာလူငယ်များရဲ့  အခွင့်အလမ်းတစ်ရပ်ပါ။ 

Super like ...

Thanks for interesting the forum.we also want to welcome all of the Myanmar Youths to participate in the forum.For further information,please contact to our website or contact with phones.

ဟုတ်ကဲ့... စိတ်တော့မရှိပါနဲ့ ဗျာ ...။ တစ်ခုလောက် သိချင်ပါတယ်...ဗျာ။ ကျွန်တော်တို့ လို ဘယ်အဖွဲ့ ကမှ မဟုတ်တဲ့ လူတွေကောတက်လို့ ရလားဗျ။

တကယ်လို့  တက်ခွင့်ရရင် ကျွန်တော်တို့ မှာ ပါဝင်ဆွေးနွေးခွင့်ကောရရှိမှာလားခင်ဗျား။

လူငယ်ထု တစ်ရပ်လုံးအတွက် အကျိုးရှိမဲ့ ဘယ်အကြောင်းအရာတွေ၊ ဘယ်လိုခေါင်းစဉ်တွေကို ဆွေနွေးခွင့်ရနိုင်မလဲ။ ဆွေးနွေးဖို့ ဘယ်လိုစီစဉ်ထားလည်း ။

အချိန်ဘယ်လောက် ဆွေးနွေးခွင့်ရနိုင်မလဲ သိချင်ပါတယ်ဗျာ...။

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service