[Zawgyi]
ကၽြန္ေတာ္တို႔အားလံုးကံေကာင္းၾကပါတယ္။ သင္ဤစာကိုဖတ္ေနႏိုင္ပါက သင္လည္းကံေကာင္းသည့္အထဲတြင္ပါပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔အားလံုးမွာ ပံုမွန္အလုပ္လုပ္ႏိုင္သည့္ဦးေႏွာက္တစ္စံုကိုပိုင္ဆိုင္ထားလို႔ပါပဲ။ ဒီဦးေႏွာက္ကိုအသံုးျပဳၿပီး ကၽြန္ေတာ္တို႔ဘ၀တက္လမ္းရွာၾကရပါသည္။ ျပႆနာေတြေျဖရွင္းရသည္။ မွတ္သားစရာေတြမွတ္ၾကသည္။ ေျပာင္ေျမာက္သည့္အႏုပညာလက္ရာေတြ၊ သီခ်င္းေတြ၊ တီထြင္ဖန္တီးမႈေတြ ကမၻာႀကီးအား႐ိုက္ခတ္လႊမ္းမိုးသည့္အေတြးအေခၚေတြအားလံုးဟာ သည္လူသားဦးေႏွာက္ကိုအသံုးျပဳၿပီး ထြက္ေပၚလာၾကသည္။
တစ္ခ်ိန္တုန္းကထင္ထားခဲ့သည္ကအရြယ္ေရာက္ၿပီးလူတစ္ေယာက္ရဲ႕ဦးေႏွာက္ဟာအျပည့္အစံုဖြံ႕ၿဖိဳးၿပီးျဖစ္လို႔ေနာက္ထပ္ဖြံ႕ၿဖိဳးမႈမရွိေတာ့ဘူးဟူ၍ျဖစ္သည္။ ဒါေပမယ့္ေနာက္ပိုင္းေတြ႕ရွိခ်က္မ်ားအရ ဥာဏ္ကစားရတဲ့ေလ့က်င့္ခန္းေတြဟာ ဦးေႏွာက္ရဲ႕ တည္ေဆာက္ပံုနဲ႔လုပ္ငန္းေဆာင္တာေတြကို ေျပာင္းလဲႏိုင္ေၾကာင္းညႊန္ျပေနၾကပါတယ္။ မသံုးဘဲၾကာလာလွ်င္ သံေခ်းတက္လာတဲ့ဓါးလို ဦးႏွာက္ဟာလဲသံုးေလေလ ထက္ျမက္လာေလေလသေဘာရွိပါတယ္။ အမ်ားတကာသိၿပီးသား ဟာသလို ဦးေႏွာက္ေတြတန္းစီၿပီးေရာင္းတဲ့ေနရာမွာ တို႔ျမန္မာဦးေႏွာက္က ေစ်းအႀကီးဆံုး။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ခါမွမသံုးရေသးတဲ့အသစ္စက္စက္မို႔တဲ့ေလ။ အာ႐ံုေၾကာ သုေတသနေလာကမွာေခတ္စားတဲ့ use it or loose it သံုးရင္သံုး၊ မသံုးရင္ ဆံုး ဆိုတဲ့သီအိုရီကလည္း ဒါကိုေထာက္ခံေပးထားပါတယ္။
လူအမ်ားစုႀကီးကေတာ့ဦးေႏွာက္သံုးရမွာ၀န္ေလးတတ္ပါတယ္။ ေက်ာင္းသားဘ၀မွာ စာက်က္ရမယ္၊ သခ်ၤာတြက္ရမယ္၊ စာစီစာကံုးေရးရမယ္ဆိုရင္ မလုပ္ခ်င္ၾကပါဘူး။ ေရတစ္တိုင္ကီသြားထမ္းဆိုထမ္းလိုက္ခ်င္တယ္။ တစ္အိမ္လံုးတံမ်က္စည္းလွည္းဆိုရင္လွည္းလိုက္ခ်င္တယ္။ စာမလုပ္ခ်င္ၾကပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ဦးေႏွာက္ကိုအသံုးျပဳရတာဟာ ကာယကိုအသံုးျပဳရတာထက္ပင္ပန္းလို႔ပါပဲ။ တစ္နာရီႏွစ္နာရီေလာက္ ထိုင္ၿပီး စိတ္ကို တစ္စံုတစ္ရာထဲမွာႏွစ္ျမွဳပ္ခ်ဳပ္ေႏွာင္ထားရတာ အင္မတန္ပင္ပန္းတယ္လို႔ထင္ၾကပါတယ္။ တကယ္ေတာ့ ဒါဟာကၽြန္ေတာ္တို႔ရဲ႕ေၾကာက္စိတ္ေၾကာင့္ပါ။ အလုပ္တစ္ခုကိုမလုပ္ရေသးဘဲနဲ႔ စိတ္ကႀကိဳတင္ၿပီး ပင္ပန္းမွာ၊ က်႐ံႈးမွာ စတာေတြကိုပူပန္ေနတတ္လို႔ပါပဲ။
Virgil Garnett Thomson ဆိုတဲ့ပုဂၢိဳလ္က ကိုယ္မလုပ္ဖူးတဲ့အရာတစ္ခုကိုအနည္းဆံုးသံုးႀကိမ္ေတာ့ စမ္းႀကည့္ပါလို႔ေျပာတယ္။ “အဲဒီအလုပ္ကိုလုပ္ရမွာေၾကာက္တဲ့စိတ္ကိုေက်ာ္လႊားႏိုင္ဖို႔ပထမဦးဆံုးအႀကိမ္စမ္းလုပ္ၾကည့္ပါ။ ။ ဒုတိယအႀကိမ္စမ္းလုပ္ၾကည့္တာကေတာ့ အဲဒါကို ဘယ္လိုလုပ္ရသလဲဆိုတာသိေအာင္ပါ။ တတိယအႀကိမ္လုပ္ရင္ေတာ့ အဲဒါကို ကိုယ္ေရရွည္ႏွစ္သက္ႏိုင္မႈရွိမရွိသိေအာင္လို႔လုပ္ပါ” တဲ့။ ဒီစကားေလးဟာ ကၽြန္ေတာ္လူငယ္ဘ၀ကအျဖစ္အပ်က္တစ္ခုကိုသြားသတိရေစပါတယ္။ တိုက္ေခါင္မိုးေပၚမွာ ပန္းရံအလုပ္သမားေတြေနပူႀကီးထဲလုပ္ေနၾကတာပူလိုက္မယ့္ျဖစ္ခ်င္းလို႔ေတြးမိတယ္။ ကိုယ္ကအရိပ္ထဲကေနၿပီးစဥ္းစားမိေနတာကိုး။ ဒါေပမယ့္ ကိုယ္တစ္ကယ္လက္ေတြ႕၀င္လုပ္ရတဲ့အခါမွာေတာ့ ကိုယ္ထင္သေလာက္မပူဘူး ဆိုတာနားလည္လာခဲ့တယ္။ ေနေရာင္ေအာက္ကို၀င္စအခ်ိန္မွာသာ အပူဒဏ္ကိုျပင္းျပင္းခံစားရေပမယ့္ ၾကာလာတဲ့အခါ ခံႏိုင္ေရတက္လာပါတယ္။ အလုပ္ထဲစိတ္ေရာက္သြားတဲ့အခါ ပူလို႔ပူမွန္းေတာင္သတိမရေတာ့ပါဘူ။
ဦးေႏွာက္ကိုသံုးၿပီးအလုပ္လုပ္မယ့္ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ ဦးေႏွာက္ကိုစြမ္းရည္တိုးျမွင့္ႏိုင္တဲ့ နည္းလမ္းေတြအမ်ားႀကီးရွိပါတယ္။ ေငြကုန္ေၾကးက်စရာမလိုဘူး။ အနည္းဆံုးေတာ့ အခုေဖာ္ျပသြားမယ့္ အေလ့အထေလးမ်ားဟာ သင့္ရဲ႕ ပ်င္းရိေနတဲ့စိတ္၊ သမ႐ိုးက် ၿငီးေငြ႕ဖြယ္ဘ၀ေနနည္းထဲ ခဏတျဖဳတ္လြတ္ေျမာက္သြားေစမယ္ဆိုရင္ေတာင္အျမတ္ပါပဲေလ။ ကၽြန္ေတာ္ေတာ့ အခုပဲစၿပီးစမ္းၾကည့္ေနပါၿပီ။
၁။ ပေဟဠိႏွင့္ဥာဏ္စမ္းေမးခြန္းမ်ားေျဖပါ။ ဒီဥပမာကေတာ့လူတိုင္းသိၿပီးသားပါ။ ဒါေၾကာင့္သူတို႔ကို brainteasers လို႔ေခၚတာေပါ့။
၂။ လက္ႏွစ္ဖက္လံုးအသံုးျပဳႏိုင္စြမ္းကိုပ်ိဳးေထာင္ပါ။ ကိုယ္မသန္တဲ့လက္နဲ႔ သြားတိုက္တာ၊ ဆံပင္ၿဖီးတာ စတာတို႔လုပ္ၾကည့္ပါ။ ဇြန္းခက္ရင္းကိုင္တဲ့အခါ ညာသန္ကဘယ္သန္လိုေျပာင္းကိုင္ၾကည့္ပါ။
၃။ မေရရာျခင္းကိုခံယူပါ။ ျဖစ္ႏိုင္ရင္ ၀ိေရာဓိေတြ paradox နဲ႔ အျမင္အာ႐ံုလွည့္စားတတ္တဲ့အရာေတြ optical illusion ေတြကိုႏွစ္သက္ႏိုင္ေအာင္သင္ယူပါ။ စာဖတ္သူလက္ေတြ႕စမ္းၾကည့္လို႔ရေအာင္ေအာက္ပါ ၀ိေရာဓိေလး (liar paradox) ကိုစဥ္းစားၾကည့္ပါ။
တစ္စံုတစ္ေယာက္က “ကၽြန္ေတာ္အၿမဲတမ္းလိမ္ေျပာတတ္ပါတယ္” လို႔ဆိုလာရင္ သူတစ္ကယ္ အမွန္တရားကို ေျပာေနတာလား။ လိမ္ေျပာေနတာလား။ သင္ဘယ္လိုဆံုးျဖတ္မလဲ။
ေနာက္တစ္ခုက Archer's paradox လို႔ေခၚပါတယ္။ “ေလးသည္ေတာ္တစ္ဦးသည္ ပစ္မွတ္ကိုထိမွန္ေအာင္ပစ္ဖို႔ဆိုပါက ပစ္မွတ္တည့္တည့္ကိုခ်ိန္၍မရ။ ပစ္မွတ္၏ေဘးဘက္နည္းနည္းေရႊ႕ခ်ိန္ရ၏”။ ျမန္မာစကားပံု “ဒူးေလာက္တင္မွရင္ေလာက္က်”ဆိုတာ ဒီ၀ိေရာဓိနဲ႔တစ္ထပ္တည္းပါပဲ။ သမ႐ိုးက်က်ိဳးေၾကာင္းဆင္ျခင္မယ္ဆိုရင္ေတာ့ ပစ္မွတ္ကိုတည့္ေအာင္ခ်ိန္မွထိမွာေပါ့။ ဒါေပမယ့္ ႐ူပေဗဒသေဘာတရားေတြ၊ ေလတိုက္ခတ္ႏႈန္း စတာေတြနဲ႔စဥ္းစားမယ္ဆိုရင္မွန္ေနတာေတြ႕ရမယ္။ ဒါေၾကာင့္ဒီလို၀ိေရာဓိေတြကို ဘာေၾကာင့္ ဆိုတာစဥ္းစားၾကည့္ျခင္းဟာ ဦးေႏွာက္အတြက္အမ်ားႀကီးအက်ိဳးရွိေစပါတယ္။ optical illusion ကလည္း မ်က္လံုးကျမင္ရတာဟာအၿမဲတမ္းအမွန္တရားမဟုတ္တတ္ဘူးဆိုတာကို ကၽြန္ေတာ္တို႔တေတြအၿမဲတမ္းအမွတ္ရေနေအာင္ပညာေပးေနျပန္ပါတယ္။
ရွစ္တန္းမွာကတည္းက The standard Hering illusion (1861) ကိုကၽြန္ေတာ္တို႔သိခဲ့ၾကပါၿပီ။
သူ႕ေနာက္ကြယ္ကဘာေၾကာင့္ ဆိုတဲ့အေၾကာင္းတရားကို ဆင္ျခင္သံုးသပ္ႏိုင္တဲ့အခါ ဦးေႏွာက္သန္စြမ္းမွထက္မ်က္မွ မ်က္လံုးကေျပာတဲ့အာ႐ံုမွားေတြကိုေခ်ဖ်က္ႏိုင္မွာျဖစ္ေၾကာင္းပိုခိုင္လံုလာပါတယ္။
၃။ သင့္အာ႐ံုငါးပါးထဲက တစ္ခုခုကို ပိတ္ဆို႔ကာအလုပ္လုပ္ၾကည့္ပါ။ ဥပမာ မ်က္လံုးကိုအ၀တ္စျဖင့္စည္းကာထမင္းစားၾကည့္ျခင္း၊ နားထဲဂြမ္းဆို႔ထားျခင္း၊ မ်က္လံုးပိတ္ၿပီးေရခ်ိဳးျခင္း။ စဥ္းစားၾကည့္ရင္ေတာ့ခပ္ေၾကာင္ေၾကာင္ အေရမရအဖတ္မရအလုပ္ေတြလို႔ထင္ရပါတယ္။ ဒါေပမယ့္ ညဖက္ေရခ်ိဳးေနရင္း ေရခ်ိဳးခန္းမီးကို အျပင္ကတစ္ေယာက္ေယာက္က ပိတ္သြားတာမ်ိဳးႀကံဳဖူးၾကပါသလား။ မီးေမွာင္ေမွာင္ထဲမွာ စမ္းတ၀ါး၀ါးနဲ႔ တစ္ကိုယ္လံုးမ်က္ႏွာမွာပါ ဆပ္ျပာတိုက္ထားရင္း ေရခြက္(သို႔) ေရပန္းခလုပ္ကို လိုက္ရွာရတာဘယ္လိုေနပါသလဲ။ ပိုအေရးႀကီးတဲ့ဥပမာျပရရင္ ဓါတ္ေလွကားစီးရင္းမီးပ်က္သြားတဲ့အခါ (ဓါတ္ေလွကားထဲမွာအလိုေလ်ာက္မီးလင္းတဲ့စနစ္မပါဘူးဆိုၾကပါစို႔) အေရးေပၚေခၚတဲ့တယ္လီဖုန္းကို ရေအာင္ယူႏိုင္ရပါမယ္။ ဒီလိုအခါမ်ိဳးမွာ ဒီေလ့က်င့္ခန္းေလးစမ္းၾကည့္ဖူးတဲ့သူဆိုရင္တုန္လႈပ္စရာမလိုေတာ့ပါဘူး။ ဒီေလ့က်င့္ခန္းမွာ အဓိကသင္ခန္းစာႏွစ္ခုရွိပါတယ္။ ပထမတစ္ခုက မွတ္ဥာဏ္ကို ေလ့က်င့္တာ။ ဒုတိယတစ္ခ်က္က စိန္ေခၚမႈကို တုန္႔ျပန္တာ။ သင့္ရဲ႕စြမ္းရည္ေတြကိုကန္႔သတ္ခံထားရတဲ့အေျခအေနမ်ိဳးမွာေပၚေပါက္လာ တဲ့စိန္ေခၚမႈကို ေၾကာက္ရြံ႕မႈမွေက်ာ္လႊားႏိုင္ရန္၊ အေကာင္းဆံုးတုန္႔ျပန္ႏိုင္စြမ္းျမင့္တက္လာေစရန္ ဆိုတဲ့အခ်က္ႏွစ္ခ်က္ပါပဲ။ ဆိုပါစို႔။ ထမင္းစားပြဲမွာ မစားခင္ ဘယ္ဟင္းကဘယ္ေနရာ ဘယ္ပန္းကန္က ဘယ္ေနရာ၊ ဇြန္းနဲ႔ခက္ရင္းကဘယ္ေနရာ စသည္ျဖင့္ တစ္မိနစ္ႏွစ္မိနစ္ေလာက္ မွတ္မိေအာင္ၾကည့္၊ ၿပီးရင္မ်က္လံုးမွိတ္(သို႔)စည္းၿပီးစားၾကည့္ပါ။ဒါဟာစိန္ေခၚမႈတစ္ခုေပါ့။ ေဘးကေလွာင္မယ့္သူေတြမရွိေအာင္ေတာ့ႀကိဳစီစဥ္ထားရပါလိမ့္မယ္။
၄။ ေန႔စဥ္သံုးေနက်ပစၥည္းတစ္ခုကို သံုး႐ိုးသံုးစဥ္မဟုတ္ဘဲ ဘယ္လိုမ်ိဳးအသံုးခ်ႏိုင္မလဲဆိုတာတီထြင္ ၾကည့္ပါ။ ေရခြက္တစ္ခုရဲ႕မူလအသံုးက ေရေသာက္ဖို႔ပဲေပါ့။ ဒါေပမယ့္သူ႔ကို တျခားဘာေတြအတြက္သံုးႏိုင္ေသးလဲ။
ဥပမာ ခြက္လွလွေလးကို ႐ံုးမွာ ခဲတံေတြ၊ေဘာပင္ေတြထည့္တဲ့ခြက္အျဖစ္သံုးႏိုင္တယ္။ အိမ္ခန္းတြင္းအလွဆင္ဖို႔အတြက္ ပန္းအိုးေသးေသးကေလးအျဖစ္သံုးႏိုင္တယ္။ ေနာက္ဘာေတြမ်ားသံုးႏိုင္ေသးသလဲ စဥ္းစားရင္စဥ္းစားသေလာက္နည္းလမ္းေတြထြက္လာႏိုင္ပါတယ္။ သင္ေန႔စဥ္သံုးေနက်သြားတိုက္ေဆးကို လက္အနံ႔အသက္ေပ်ာက္ေအာင္ ဆပ္ျပာလိုမ်ိဳးအသံုးျပဳႏိုင္မယ္မထင္ဘူးလား။ ပိုးမႊားေလးေတြကိုက္လို႔ယားယံတဲ့အခါေဆးအျဖစ္လိမ္းႏိုင္တယ္လို႔မထင္ဘူးလား။
၅။ ကိုယ့္ယူဆခ်က္ေတြကိုေျပာင္းျပန္လွန္ၾကည့္ပါ။ Reverse your Assumption
Assumption reversal ဆိုသည္မွာ ဦးေႏွာက္ဘယ္ဖက္ျခမ္းအသံုးျပဳတဲ့ စိတ္ကူးသစ္၊ အေတြးအေခၚသစ္၊ တီထြင္ဖန္တီးမႈအသစ္ေတြ ျပဳလုပ္ရာမွာအင္မတန္အသံုး၀င္သည့္နည္းစနစ္တစ္ခုျဖစ္ပါတယ္။ ဒါဟာသမ႐ိုးက်စဥ္းစားပံုကေနေဖာက္ထြက္ပစ္လိုက္တဲ့ ထူးျခားတဲ့စိတ္ကူးစိတ္သန္းေတြေပၚထြက္ရာရင္းျမစ္ျဖစ္ပါတယ္။ လက္ေတြ႔လုပ္ၾကည့္ဖို႔ကေတာ့ ကိုယ္လက္ရွိႀကံဳေတြ႕ေနရတဲ့ ျပႆနာတစ္ခု၊ လိုလားခ်က္တစ္ခုကို ခ်ေရးၾကည့္ပါ။ ၿပီးလွ်င္ ၄င္းျပႆနာအေပၚမွာ မိမိရဲ႕ေျဖရွင္းဖို႔ယူဆခ်က္မ်ားစိတ္ထဲေပၚလာရာခ်ေရးပါ။ အယူအဆတို႔မွာ ဘယ္ေလာက္ကေလးကလားဆန္ေန၊ မျဖစ္ႏိုင္ပါေစကိစၥမရွိပါ။ ၄င္းယူဆခ်က္မ်ားထဲမွတစ္ခုကိုက်ပန္းယူၿပီးုေျပာင္းျပန္လွန္ေရးၾကည့္ပါ။
ဥပမာ ၁။ လူနာမ်ားသည္ ----------- သို႔သြားၾကသည္။
ယူဆခ်က္ ၁။ -- လူနာမ်ားသည္ ေဆး႐ံုသို႔သြားၾကသည္။
ေျပာင္းျပန္ယူဆခ်က္ ၁။ -- ေဆး႐ံုမ်ားသည္ လူနာမ်ားထံသို႔သြားၾကသည္။
ထိုေျပာင္းျပန္ယူဆခ်က္မွ ဘယ္လိုအရာေတြတီထြင္ႏို္င္မလဲဟုစဥ္းစားၾကရင္းမွ ယခု နယ္စည္းမျခားေဆး႐ံုမ်ား “Hospitals without wall” ဟုေခၚသည့္အိမ္တိုင္ယာေရာက္က်န္းမာေရး၀န္ေဆာင္မႈေပးသည့္လုပ္ငန္းမ်ားအင္မတန္ေခတ္စားလာခဲ့သည္မွာအေတာ္ပင္ၾကာခဲ့ပါၿပီ။
ေနာက္ဥပမာတစ္ခုကေတာ့ စားေသာက္ဆိုင္ဥပမာျဖစ္ပါတယ္။ စားေသာက္ဆိုင္တစ္ခုဖြင့္မည္ဆိုပါစို႔။ ဘယ္လိုဆန္းသစ္တဲ့စားေသာက္ဆိုင္မ်ိဳးျဖစ္လာေအာင္တီထြင္ၾကည့္မည္လဲ။
ဥပမာ ၂။ စားေသာက္ဆိုင္တြင္ ------- ရွိသည္။
ယူဆခ်က္ ၁။ -- စားေသာက္ဆိုင္တြင္ စားဖိုမွဴးရွိသည္။
ေျပာင္းျပန္ယူဆခ်က္ ၁။ -- စားေသာက္ဆိုင္တြင္ စားဖိုမွဴးမရွိပါ။ (လာေရာက္စားေသာက္သူမ်ားမွ ကိုယ္တိုင္ခ်က္ျပဳတ္စားေသာက္ႏိုင္မည့္ ေပ်ာ္ပြဲစား စားေသာက္ဆိုင္ပံုစံမ်ိဳးျဖစ္ႏိုင္သည္။)
ဤမွ်ေလာက္ဖတ္လာခဲ့ၿပီဆိုလွ်င္ပင္ မိတ္ေဆြရဲ႕ဦးေႏွာက္ကို ေတာ္ေတာ္အလုပ္ေပးခဲ့ၿပီးျဖစ္သည္။
ကၽြန္ေတာ္တို႔ျမန္မာျပည္သူျပည္သားမ်ားမွာ သမ႐ိုးက်စဥ္းစားဖို႔သာတြန္းအားေပးခံခဲ့ရသည္မွာ ၀မ္းနည္းစရာသမိုင္းတစ္ခုပင္ျဖစ္သည္။ ဆန္းသစ္တီထြင္သည့္ သမ႐ိုးက်မွဖယ္က်ဥ္သည့္အရာမ်ားကို နင္းေျခဖ်က္စီးေမာင္းထုတ္ခံရသည္။ ေနာက္တစ္ခါထိုသို႔မျပဳမူရဲေအာင္အေၾကာက္တရားမ်ားအားသင္ၾကားေပးခံခဲ့ရသည္။ ထိုအရာအားလံုး၏အေျခခံတရားမွာ အာဏာရွင္စနစ္ေအာက္မွပညာသင္ၾကားေရးစနစ္ပင္ျဖစ္သည္ဟုဆိုလွ်င္လြန္အံ့မထင္။ ဒါက်က္။ ဒီလိုေျဖ။ ဒီေဘာင္ထဲ၀င္မွအမွတ္ေပးမည္ ဆိုသည့္ေဘာင္အတြင္းမွေက်ာ္၍စဥ္းစားခြင့္မေပးခဲ့သည့္စနစ္။ ေအာင္ခ်က္ေကာင္းေရးဆိုသည့္ပန္းတိုင္ေအာက္မွာေက်ာင္းသားလူငယ္တို႔သာမက ဆရာဆရာမမ်ား၏ဘ၀ေတြပါေလွာင္ပိတ္ခံခဲ့ရသည္။ ဆယ္တန္းစာေမးပြဲသည္သာ လူတစ္ေယာက္ရဲ႕အနာဂါတ္ကိုျပဠာန္းေပးႏိုင္သည့္ phobia ႀကီးက ကေလးငယ္တို႔သာမက အုပ္ထိမ္းသူမိဘတို႔ကိုပါဆယ္စုႏွစ္ႏွင့္ခ်ီ၍အႀကီးအက်ယ္စြဲကပ္လာေသာအခါ ျမန္မာ့အနာဂါတ္အတြက္ဦးေႏွာက္ကေလးမ်ားသည္လည္းမသံုးဘဲပစ္ထားခံရသည့္ သံေခ်းတက္ဓါးေလးမ်ားသဖြယ္ျဖစ္လာခဲ့ေခ်ၿပီ။ ကၽြန္ေတာ္ကေတာ့ ကိုယ္ႏွင့္အနီးဆံုးမွာရွိေနသည့္ ဓါးကေလးမ်ားကို တစ္လက္ပဲျဖစ္ျဖစ္ သံေခ်းခၽြတ္ဖို႔အားထုတ္မိေနသူတစ္ေယာက္မွ်သာျဖစ္ပါေတာ့သည္။
+ + + + + + + + +
ေရးရင္းေရးရင္းနဲ႔ကၽြန္ေတာ္လည္းေတာ္ေတာ္စိတ္၀င္စားလာမိတယ္။ နည္းလမ္းေတြက တစ္ရာေက်ာ္မွာ တစ္ထိုင္တည္းေရးဖို႔ဘယ္လိုမွမျဖစ္ႏိုင္တဲ့အတြက္ နည္းလမ္းငါးခုမိတ္ဆက္ေပးလိုက္ပါတယ္။ ဆက္ၿပီးေလ့လာကာေရးေပးပါဦးမယ္။
+ + + + + + + + +
ဇာနည္(MyWay!)
15-10-2012
[Unicode]
ကျွန်တော်တို့အားလုံးကံကောင်းကြပါတယ်။ သင်ဤစာကိုဖတ်နေနိုင်ပါက သင်လည်းကံကောင်းသည့်အထဲတွင်ပါပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံးမှာ ပုံမှန်အလုပ်လုပ်နိုင်သည့်ဦးနှောက်တစ်စုံကိုပိုင်ဆိုင်ထားလို့ပါပဲ။ ဒီဦးနှောက်ကိုအသုံးပြုပြီး ကျွန်တော်တို့ဘဝတက်လမ်းရှာကြရပါသည်။ ပြဿနာတွေဖြေရှင်းရသည်။ မှတ်သားစရာတွေမှတ်ကြသည်။ ပြောင်မြောက်သည့်အနုပညာလက်ရာတွေ၊ သီချင်းတွေ၊ တီထွင်ဖန်တီးမှုတွေ ကမ္ဘာကြီးအားရိုက်ခတ်လွှမ်းမိုးသည့်အတွေးအခေါ်တွေအားလုံးဟာ သည်လူသားဦးနှောက်ကိုအသုံးပြုပြီး ထွက်ပေါ်လာကြသည်။
တစ်ချိန်တုန်းကထင်ထားခဲ့သည်ကအရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့ဦးနှောက်ဟာအပြည့်အစုံဖွံ့ဖြိုးပြီးဖြစ်လို့နောက်ထပ်ဖွံ့ဖြိုးမှုမရှိတော့ဘူးဟူ၍ဖြစ်သည်။ ဒါပေမယ့်နောက်ပိုင်းတွေ့ရှိချက်များအရ ဉာဏ်ကစားရတဲ့လေ့ကျင့်ခန်းတွေဟာ ဦးနှောက်ရဲ့ တည်ဆောက်ပုံနဲ့လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲနိုင်ကြောင်းညွှန်ပြနေကြပါတယ်။ မသုံးဘဲကြာလာလျှင် သံချေးတက်လာတဲ့ဓါးလို ဦးနှာက်ဟာလဲသုံးလေလေ ထက်မြက်လာလေလေသဘောရှိပါတယ်။ အများတကာသိပြီးသား ဟာသလို ဦးနှောက်တွေတန်းစီပြီးရောင်းတဲ့နေရာမှာ တို့မြန်မာဦးနှောက်က ဈေးအကြီးဆုံး။ ဘာကြောင့်လဲဆိုတော့ တစ်ခါမှမသုံးရသေးတဲ့အသစ်စက်စက်မို့တဲ့လေ။ အာရုံကြော သုတေသနလောကမှာခေတ်စားတဲ့ use it or loose it သုံးရင်သုံး၊ မသုံးရင် ဆုံး ဆိုတဲ့သီအိုရီကလည်း ဒါကိုထောက်ခံပေးထားပါတယ်။
လူအများစုကြီးကတော့ဦးနှောက်သုံးရမှာဝန်လေးတတ်ပါတယ်။ ကျောင်းသားဘဝမှာ စာကျက်ရမယ်၊ သင်္ချာတွက်ရမယ်၊ စာစီစာကုံးရေးရမယ်ဆိုရင် မလုပ်ချင်ကြပါဘူး။ ရေတစ်တိုင်ကီသွားထမ်းဆိုထမ်းလိုက်ချင်တယ်။ တစ်အိမ်လုံးတံမျက်စည်းလှည်းဆိုရင်လှည်းလိုက်ချင်တယ်။ စာမလုပ်ချင်ကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ဦးနှောက်ကိုအသုံးပြုရတာဟာ ကာယကိုအသုံးပြုရတာထက်ပင်ပန်းလို့ပါပဲ။ တစ်နာရီနှစ်နာရီလောက် ထိုင်ပြီး စိတ်ကို တစ်စုံတစ်ရာထဲမှာနှစ်မြှုပ်ချုပ်နှောင်ထားရတာ အင်မတန်ပင်ပန်းတယ်လို့ထင်ကြပါတယ်။ တကယ်တော့ ဒါဟာကျွန်တော်တို့ရဲ့ကြောက်စိတ်ကြောင့်ပါ။ အလုပ်တစ်ခုကိုမလုပ်ရသေးဘဲနဲ့ စိတ်ကကြိုတင်ပြီး ပင်ပန်းမှာ၊ ကျရှုံးမှာ စတာတွေကိုပူပန်နေတတ်လို့ပါပဲ။
Virgil Garnett Thomson ဆိုတဲ့ပုဂ္ဂိုလ်က ကိုယ်မလုပ်ဖူးတဲ့အရာတစ်ခုကိုအနည်းဆုံးသုံးကြိမ်တော့ စမ်းကြည့်ပါလို့ပြောတယ်။ “အဲဒီအလုပ်ကိုလုပ်ရမှာကြောက်တဲ့စိတ်ကိုကျော်လွှားနိုင်ဖို့ပထမဦးဆုံးအကြိမ်စမ်းလုပ်ကြည့်ပါ။ ။ ဒုတိယအကြိမ်စမ်းလုပ်ကြည့်တာကတော့ အဲဒါကို ဘယ်လိုလုပ်ရသလဲဆိုတာသိအောင်ပါ။ တတိယအကြိမ်လုပ်ရင်တော့ အဲဒါကို ကိုယ်ရေရှည်နှစ်သက်နိုင်မှုရှိမရှိသိအောင်လို့လုပ်ပါ” တဲ့။ ဒီစကားလေးဟာ ကျွန်တော်လူငယ်ဘဝကအဖြစ်အပျက်တစ်ခုကိုသွားသတိရစေပါတယ်။ တိုက်ခေါင်မိုးပေါ်မှာ ပန်းရံအလုပ်သမားတွေနေပူကြီးထဲလုပ်နေကြတာပူလိုက်မယ့်ဖြစ်ချင်းလို့တွေးမိတယ်။ ကိုယ်ကအရိပ်ထဲကနေပြီးစဉ်းစားမိနေတာကိုး။ ဒါပေမယ့် ကိုယ်တစ်ကယ်လက်တွေ့ဝင်လုပ်ရတဲ့အခါမှာတော့ ကိုယ်ထင်သလောက်မပူဘူး ဆိုတာနားလည်လာခဲ့တယ်။ နေရောင်အောက်ကိုဝင်စအချိန်မှာသာ အပူဒဏ်ကိုပြင်းပြင်းခံစားရပေမယ့် ကြာလာတဲ့အခါ ခံနိုင်ရေတက်လာပါတယ်။ အလုပ်ထဲစိတ်ရောက်သွားတဲ့အခါ ပူလို့ပူမှန်းတောင်သတိမရတော့ပါဘူ။
ဦးနှောက်ကိုသုံးပြီးအလုပ်လုပ်မယ့်ကျောင်းသားကျောင်းသူများအတွက် ဦးနှောက်ကိုစွမ်းရည်တိုးမြှင့်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ငွေကုန်ကြေးကျစရာမလိုဘူး။ အနည်းဆုံးတော့ အခုဖော်ပြသွားမယ့် အလေ့အထလေးများဟာ သင့်ရဲ့ ပျင်းရိနေတဲ့စိတ်၊ သမရိုးကျ ငြီးငွေ့ဖွယ်ဘဝနေနည်းထဲ ခဏတဖြုတ်လွတ်မြောက်သွားစေမယ်ဆိုရင်တောင်အမြတ်ပါပဲလေ။ ကျွန်တော်တော့ အခုပဲစပြီးစမ်းကြည့်နေပါပြီ။
၁။ ပဟေဠိနှင့်ဉာဏ်စမ်းမေးခွန်းများဖြေပါ။ ဒီဥပမာကတော့လူတိုင်းသိပြီးသားပါ။ ဒါကြောင့်သူတို့ကို brainteasers လို့ခေါ်တာပေါ့။
၂။ လက်နှစ်ဖက်လုံးအသုံးပြုနိုင်စွမ်းကိုပျိုးထောင်ပါ။ ကိုယ်မသန်တဲ့လက်နဲ့ သွားတိုက်တာ၊ ဆံပင်ဖြီးတာ စတာတို့လုပ်ကြည့်ပါ။ ဇွန်းခက်ရင်းကိုင်တဲ့အခါ ညာသန်ကဘယ်သန်လိုပြောင်းကိုင်ကြည့်ပါ။
၃။ မရေရာခြင်းကိုခံယူပါ။ ဖြစ်နိုင်ရင် ဝိရောဓိတွေ paradox နဲ့ အမြင်အာရုံလှည့်စားတတ်တဲ့အရာတွေ optical illusion တွေကိုနှစ်သက်နိုင်အောင်သင်ယူပါ။ စာဖတ်သူလက်တွေ့စမ်းကြည့်လို့ရအောင်အောက်ပါ ဝိရောဓိလေး (liar paradox) ကိုစဉ်းစားကြည့်ပါ။
တစ်စုံတစ်ယောက်က “ကျွန်တော်အမြဲတမ်းလိမ်ပြောတတ်ပါတယ်” လို့ဆိုလာရင် သူတစ်ကယ် အမှန်တရားကို ပြောနေတာလား။ လိမ်ပြောနေတာလား။ သင်ဘယ်လိုဆုံးဖြတ်မလဲ။
နောက်တစ်ခုက Archer's paradox လို့ခေါ်ပါတယ်။ “လေးသည်တော်တစ်ဦးသည် ပစ်မှတ်ကိုထိမှန်အောင်ပစ်ဖို့ဆိုပါက ပစ်မှတ်တည့်တည့်ကိုချိန်၍မရ။ ပစ်မှတ်၏ဘေးဘက်နည်းနည်းရွှေ့ချိန်ရ၏”။ မြန်မာစကားပုံ “ဒူးလောက်တင်မှရင်လောက်ကျ”ဆိုတာ ဒီဝိရောဓိနဲ့တစ်ထပ်တည်းပါပဲ။ သမရိုးကျကျိုးကြောင်းဆင်ခြင်မယ်ဆိုရင်တော့ ပစ်မှတ်ကိုတည့်အောင်ချိန်မှထိမှာပေါ့။ ဒါပေမယ့် ရူပဗေဒသဘောတရားတွေ၊ လေတိုက်ခတ်နှုန်း စတာတွေနဲ့စဉ်းစားမယ်ဆိုရင်မှန်နေတာတွေ့ရမယ်။ ဒါကြောင့်ဒီလိုဝိရောဓိတွေကို ဘာကြောင့် ဆိုတာစဉ်းစားကြည့်ခြင်းဟာ ဦးနှောက်အတွက်အများကြီးအကျိုးရှိစေပါတယ်။ optical illusion ကလည်း မျက်လုံးကမြင်ရတာဟာအမြဲတမ်းအမှန်တရားမဟုတ်တတ်ဘူးဆိုတာကို ကျွန်တော်တို့တတွေအမြဲတမ်းအမှတ်ရနေအောင်ပညာပေးနေပြန်ပါတယ်။
ရှစ်တန်းမှာကတည်းက The standard Hering illusion (1861) ကိုကျွန်တော်တို့သိခဲ့ကြပါပြီ။
သူ့နောက်ကွယ်ကဘာကြောင့် ဆိုတဲ့အကြောင်းတရားကို ဆင်ခြင်သုံးသပ်နိုင်တဲ့အခါ ဦးနှောက်သန်စွမ်းမှထက်မျက်မှ မျက်လုံးကပြောတဲ့အာရုံမှားတွေကိုချေဖျက်နိုင်မှာဖြစ်ကြောင်းပိုခိုင်လုံလာပါတယ်။
၃။ သင့်အာရုံငါးပါးထဲက တစ်ခုခုကို ပိတ်ဆို့ကာအလုပ်လုပ်ကြည့်ပါ။ ဥပမာ မျက်လုံးကိုအဝတ်စဖြင့်စည်းကာထမင်းစားကြည့်ခြင်း၊ နားထဲဂွမ်းဆို့ထားခြင်း၊ မျက်လုံးပိတ်ပြီးရေချိုးခြင်း။ စဉ်းစားကြည့်ရင်တော့ခပ်ကြောင်ကြောင် အရေမရအဖတ်မရအလုပ်တွေလို့ထင်ရပါတယ်။ ဒါပေမယ့် ညဖက်ရေချိုးနေရင်း ရေချိုးခန်းမီးကို အပြင်ကတစ်ယောက်ယောက်က ပိတ်သွားတာမျိုးကြုံဖူးကြပါသလား။ မီးမှောင်မှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ တစ်ကိုယ်လုံးမျက်နှာမှာပါ ဆပ်ပြာတိုက်ထားရင်း ရေခွက်(သို့) ရေပန်းခလုပ်ကို လိုက်ရှာရတာဘယ်လိုနေပါသလဲ။ ပိုအရေးကြီးတဲ့ဥပမာပြရရင် ဓါတ်လှေကားစီးရင်းမီးပျက်သွားတဲ့အခါ (ဓါတ်လှေကားထဲမှာအလိုလျောက်မီးလင်းတဲ့စနစ်မပါဘူးဆိုကြပါစို့) အရေးပေါ်ခေါ်တဲ့တယ်လီဖုန်းကို ရအောင်ယူနိုင်ရပါမယ်။ ဒီလိုအခါမျိုးမှာ ဒီလေ့ကျင့်ခန်းလေးစမ်းကြည့်ဖူးတဲ့သူဆိုရင်တုန်လှုပ်စရာမလိုတော့ပါဘူး။ ဒီလေ့ကျင့်ခန်းမှာ အဓိကသင်ခန်းစာနှစ်ခုရှိပါတယ်။ ပထမတစ်ခုက မှတ်ဉာဏ်ကို လေ့ကျင့်တာ။ ဒုတိယတစ်ချက်က စိန်ခေါ်မှုကို တုန့်ပြန်တာ။ သင့်ရဲ့စွမ်းရည်တွေကိုကန့်သတ်ခံထားရတဲ့အခြေအနေမျိုးမှာပေါ်ပေါက်လာ တဲ့စိန်ခေါ်မှုကို ကြောက်ရွံ့မှုမှကျော်လွှားနိုင်ရန်၊ အကောင်းဆုံးတုန့်ပြန်နိုင်စွမ်းမြင့်တက်လာစေရန် ဆိုတဲ့အချက်နှစ်ချက်ပါပဲ။ ဆိုပါစို့။ ထမင်းစားပွဲမှာ မစားခင် ဘယ်ဟင်းကဘယ်နေရာ ဘယ်ပန်းကန်က ဘယ်နေရာ၊ ဇွန်းနဲ့ခက်ရင်းကဘယ်နေရာ စသည်ဖြင့် တစ်မိနစ်နှစ်မိနစ်လောက် မှတ်မိအောင်ကြည့်၊ ပြီးရင်မျက်လုံးမှိတ်(သို့)စည်းပြီးစားကြည့်ပါ။ဒါဟာစိန်ခေါ်မှုတစ်ခုပေါ့။ ဘေးကလှောင်မယ့်သူတွေမရှိအောင်တော့ကြိုစီစဉ်ထားရပါလိမ့်မယ်။
၄။ နေ့စဉ်သုံးနေကျပစ္စည်းတစ်ခုကို သုံးရိုးသုံးစဉ်မဟုတ်ဘဲ ဘယ်လိုမျိုးအသုံးချနိုင်မလဲဆိုတာတီထွင် ကြည့်ပါ။ ရေခွက်တစ်ခုရဲ့မူလအသုံးက ရေသောက်ဖို့ပဲပေါ့။ ဒါပေမယ့်သူ့ကို တခြားဘာတွေအတွက်သုံးနိုင်သေးလဲ။
ဥပမာ ခွက်လှလှလေးကို ရုံးမှာ ခဲတံတွေ၊ဘောပင်တွေထည့်တဲ့ခွက်အဖြစ်သုံးနိုင်တယ်။ အိမ်ခန်းတွင်းအလှဆင်ဖို့အတွက် ပန်းအိုးသေးသေးကလေးအဖြစ်သုံးနိုင်တယ်။ နောက်ဘာတွေများသုံးနိုင်သေးသလဲ စဉ်းစားရင်စဉ်းစားသလောက်နည်းလမ်းတွေထွက်လာနိုင်ပါတယ်။ သင်နေ့စဉ်သုံးနေကျသွားတိုက်ဆေးကို လက်အနံ့အသက်ပျောက်အောင် ဆပ်ပြာလိုမျိုးအသုံးပြုနိုင်မယ်မထင်ဘူးလား။ ပိုးမွှားလေးတွေကိုက်လို့ယားယံတဲ့အခါဆေးအဖြစ်လိမ်းနိုင်တယ်လို့မထင်ဘူးလား။
၅။ ကိုယ့်ယူဆချက်တွေကိုပြောင်းပြန်လှန်ကြည့်ပါ။ Reverse your Assumption
Assumption reversal ဆိုသည်မှာ ဦးနှောက်ဘယ်ဖက်ခြမ်းအသုံးပြုတဲ့ စိတ်ကူးသစ်၊ အတွေးအခေါ်သစ်၊ တီထွင်ဖန်တီးမှုအသစ်တွေ ပြုလုပ်ရာမှာအင်မတန်အသုံးဝင်သည့်နည်းစနစ်တစ်ခုဖြစ်ပါတယ်။ ဒါဟာသမရိုးကျစဉ်းစားပုံကနေဖောက်ထွက်ပစ်လိုက်တဲ့ ထူးခြားတဲ့စိတ်ကူးစိတ်သန်းတွေပေါ်ထွက်ရာရင်းမြစ်ဖြစ်ပါတယ်။ လက်တွေ့လုပ်ကြည့်ဖို့ကတော့ ကိုယ်လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတစ်ခု၊ လိုလားချက်တစ်ခုကို ချရေးကြည့်ပါ။ ပြီးလျှင် ၎င်းပြဿနာအပေါ်မှာ မိမိရဲ့ဖြေရှင်းဖို့ယူဆချက်များစိတ်ထဲပေါ်လာရာချရေးပါ။ အယူအဆတို့မှာ ဘယ်လောက်ကလေးကလားဆန်နေ၊ မဖြစ်နိုင်ပါစေကိစ္စမရှိပါ။ ၎င်းယူဆချက်များထဲမှတစ်ခုကိုကျပန်းယူပြီးုပြောင်းပြန်လှန်ရေးကြည့်ပါ။
ဥပမာ ၁။ လူနာများသည် ----------- သို့သွားကြသည်။
ယူဆချက် ၁။ -- လူနာများသည် ဆေးရုံသို့သွားကြသည်။
ပြောင်းပြန်ယူဆချက် ၁။ -- ဆေးရုံများသည် လူနာများထံသို့သွားကြသည်။
ထိုပြောင်းပြန်ယူဆချက်မှ ဘယ်လိုအရာတွေတီထွင်နိုင်မလဲဟုစဉ်းစားကြရင်းမှ ယခု နယ်စည်းမခြားဆေးရုံများ “Hospitals without wall” ဟုခေါ်သည့်အိမ်တိုင်ယာရောက်ကျန်းမာရေးဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအင်မတန်ခေတ်စားလာခဲ့သည်မှာအတော်ပင်ကြာခဲ့ပါပြီ။
နောက်ဥပမာတစ်ခုကတော့ စားသောက်ဆိုင်ဥပမာဖြစ်ပါတယ်။ စားသောက်ဆိုင်တစ်ခုဖွင့်မည်ဆိုပါစို့။ ဘယ်လိုဆန်းသစ်တဲ့စားသောက်ဆိုင်မျိုးဖြစ်လာအောင်တီထွင်ကြည့်မည်လဲ။
ဥပမာ ၂။ စားသောက်ဆိုင်တွင် ------- ရှိသည်။
ယူဆချက် ၁။ -- စားသောက်ဆိုင်တွင် စားဖိုမှူးရှိသည်။
ပြောင်းပြန်ယူဆချက် ၁။ -- စားသောက်ဆိုင်တွင် စားဖိုမှူးမရှိပါ။ (လာရောက်စားသောက်သူများမှ ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်မည့် ပျော်ပွဲစား စားသောက်ဆိုင်ပုံစံမျိုးဖြစ်နိုင်သည်။)
ဤမျှလောက်ဖတ်လာခဲ့ပြီဆိုလျှင်ပင် မိတ်ဆွေရဲ့ဦးနှောက်ကို တော်တော်အလုပ်ပေးခဲ့ပြီးဖြစ်သည်။
ကျွန်တော်တို့မြန်မာပြည်သူပြည်သားများမှာ သမရိုးကျစဉ်းစားဖို့သာတွန်းအားပေးခံခဲ့ရသည်မှာ ဝမ်းနည်းစရာသမိုင်းတစ်ခုပင်ဖြစ်သည်။ ဆန်းသစ်တီထွင်သည့် သမရိုးကျမှဖယ်ကျဉ်သည့်အရာများကို နင်းခြေဖျက်စီးမောင်းထုတ်ခံရသည်။ နောက်တစ်ခါထိုသို့မပြုမူရဲအောင်အကြောက်တရားများအားသင်ကြားပေးခံခဲ့ရသည်။ ထိုအရာအားလုံး၏အခြေခံတရားမှာ အာဏာရှင်စနစ်အောက်မှပညာသင်ကြားရေးစနစ်ပင်ဖြစ်သည်ဟုဆိုလျှင်လွန်အံ့မထင်။ ဒါကျက်။ ဒီလိုဖြေ။ ဒီဘောင်ထဲဝင်မှအမှတ်ပေးမည် ဆိုသည့်ဘောင်အတွင်းမှကျော်၍စဉ်းစားခွင့်မပေးခဲ့သည့်စနစ်။ အောင်ချက်ကောင်းရေးဆိုသည့်ပန်းတိုင်အောက်မှာကျောင်းသားလူငယ်တို့သာမက ဆရာဆရာမများ၏ဘဝတွေပါလှောင်ပိတ်ခံခဲ့ရသည်။ ဆယ်တန်းစာမေးပွဲသည်သာ လူတစ်ယောက်ရဲ့အနာဂါတ်ကိုပြဠာန်းပေးနိုင်သည့် phobia ကြီးက ကလေးငယ်တို့သာမက အုပ်ထိမ်းသူမိဘတို့ကိုပါဆယ်စုနှစ်နှင့်ချီ၍အကြီးအကျယ်စွဲကပ်လာသောအခါ မြန်မာ့အနာဂါတ်အတွက်ဦးနှောက်ကလေးများသည်လည်းမသုံးဘဲပစ်ထားခံရသည့် သံချေးတက်ဓါးလေးများသဖွယ်ဖြစ်လာခဲ့ချေပြီ။ ကျွန်တော်ကတော့ ကိုယ်နှင့်အနီးဆုံးမှာရှိနေသည့် ဓါးကလေးများကို တစ်လက်ပဲဖြစ်ဖြစ် သံချေးချွတ်ဖို့အားထုတ်မိနေသူတစ်ယောက်မျှသာဖြစ်ပါတော့သည်။
+ + + + + + + + +
ရေးရင်းရေးရင်းနဲ့ကျွန်တော်လည်းတော်တော်စိတ်ဝင်စားလာမိတယ်။ နည်းလမ်းတွေက တစ်ရာကျော်မှာ တစ်ထိုင်တည်းရေးဖို့ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် နည်းလမ်းငါးခုမိတ်ဆက်ပေးလိုက်ပါတယ်။ ဆက်ပြီးလေ့လာကာရေးပေးပါဦးမယ်။
+ + + + + + + + +
ဇာနည်(MyWay!)
15-10-2012
Tags:
thank for your suggestion...It is very useful.....
အားလံုးအတြက္ တန္ဖိုးရွိေသာစကားလံုးေလးေတြပါ.......ေက်းဇူးအထူးတင္လ်က္ ...... :)
thank bro ,please write more
Thanks a lot sayar..let me share it
Thanks for sharing knowledge and I will try above ways
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |