သူငယ်ချင်း တစ်ယောက်က ပြောတယ်။ နင် အက်ဆေး လေးဘာလေး ရေးပါလားတဲ့။ ကျွန်တော်က ကဗျာလေးတွေ ပဲ ရေးတတ်တာလေ။ ကျွန်တော်က ပြန်ပြောတယ်။ ငါက အစစ်တွေပဲ ရေးတတ်တာလို့။ သူက အစစ် တွေလည်း ရေးပေါ့။ အသစ်တွေလည်း ရေးကြည့်ပါလားတဲ့။ ကျွန်တော်က စီကာပါတ်ကုန်းပြီး ရေးချင်တာ မဟုတ်ဘူး။ ပစ်စလတ်ခတ်ကြီးလည်း မရေးချင်ဘူး။

           စာရေးတယ်ဆိုတာ ပြောစရာရှိမှ ရေးတာ ပိုကောင်းတယ်တဲ့။ ကျွန်တော့်မှာတော့ ပြောစရာတွေ အများကြီးရှိတယ်။ ဘာကနေ စပြောရမှန်းတောင် မသိဘူး။ အရင်ဆုံး ပြောမှာက ကျွန်တော် စိတ်ညစ်နေတယ်။

           စိတ်ညစ်စရာတွေကတော့ အများကြီးပါပဲ။ ဒီလိုနိုင်ငံမျိုးမှာ (ဒီနိုင်ငံအပါအ၀င် ဒီလို နိုင်ငံမျိုးတွေကို ပြောတာလေ) လူလာဖြစ်ကတည်းကို က စိတ်ညစ်စရာတွေ ရှိနေမှာပဲ။ သူ့ဘာသာသူ သာသနာ ရောင်ဝါ ထွန်းလင်း နေတယ်ဆိုရင်လည်း အဲဒါ တစ်ပိုင်းထားလိုက်ပေါ့။ ဥစ္စာရှာ မရ၊ ပညာ ရှာ မရ နိုင်ငံ ကြီးမှာ လူလာဖြစ်နေကြမှတော့ အားလုံး စိတ်ညစ်နေကြမှာပေါ့။ ဒါတွေ ပြောရင် ဒေါတွေ ပါလာဦးမယ်။ အဲဒါကလည်း တစ်ပိုင်းပေါ့။

          အစက စရေးတုန်းက အချစ်အကြောင်းလေး ဘာလေး ရေးမယ် လုတ်ထားတာ အခုက ဘယ်တွေ ရောက်ကုန်ပီလည်း မသိဘူး။ ကျွန်တော်က တစ်ယောက်တည်းလေ။ ကောင်မလေးတွေ အားလုံး အတူတူပဲ။ ကောင်လေးတွေ အားလုံး အတူတူ ပဲ။ ကျွန်တော် တစ်ယောက်တည်း ကျန်တဲ့ လူတွေနဲ့ မတူဘူးဖြစ်နေတာ။ မယုံရင် တစ်ရက်လောက် လိုက်ပီး စကားပြောကြည့်ပါလား ငါးမိနစ်လောက် စကားပြောပြီးတာနဲ့ ကိုယ့်လူတို့ သဘောပေါက်သွားမယ်။

           ကျွန်တော့်သူငယ်ချင်း မိန်းခလေး တစ်ယောက်ကပြောတယ်။ ငါတို့ တွေက အဖြေပေးတယ်ဆိုတာ ချစ်လို့ မဟုတ်ဘူးတဲ့။ ချစ်ကြည့်မလို့တဲ့။ တွဲရင်း တွဲရင်းနဲ့ပဲ ချစ်သွားတာတဲ့။ ဒါကလည်း သူ့ အယူအဆပဲ နေမှာပေါ့။ ကျွန်တော်က ပြန်ပြောတယ်။ ငါတို့ကတော့ အရမ်းကြီး ချစ်နေပီဆိုမှ ချစ်တယ်ဆိုပြီး ဖွင့်ပြောကြတာလို့။ ကျွန်တော် ကြားထဲကနေ ၀င်ဝင်ပြောပြောပေးတော့ သူတို့ အတွဲလေးလည်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့။

           ညီလေးလို ခင်ရတဲ့ ကောင်လေးကလည်း ပြောပါတယ်။ ဆယ်ငါးလမ်းဖက်ရောက်ရင် ရည်းစားဟောင်းလေးကို လွမ်းတယ်တဲ့။ ကျွန်တော်က နံပါတ် ဘယ်လောက်လည်း လို့မေးတော့ လက်ဆယ်ချောင်းတောင် ကျော်နေပီတဲ့။ ကောင်မလေးတွေကို ချစ်တယ် ချစ်တယ်နဲ့ လိုက်လိုက်ပြောထားတယ်နဲ့ တူတယ်။ အားလုံး အတူတူ ပါပဲ။ ကျွန်တော် တစ်ယောက်တည်း ဘယ်သူနဲ့ မှ မတူတာနေမှာ။

           ကျွန်တော်ဆို အခု အထိ ချစ်တယ်ပြောဖို့ စည်းစားနေတာ။ နှစ်နဲ့ချီကြာနေပီ။ ချစ်နေရတဲ့ ကောင်မလေးကသာ ဘဲတွေ ပြောင်းပြောင်းသွားတယ်။ ကျွန်တော်ကတော့ တစ်ယောက်တည်းပဲ။ ချစ်ရလောက်တဲ့ အထိ မဟုတ်ပဲ ရင်ခုန်ရတဲ့ ကောင်မလေးတွေတော့ ရှိခဲ့ပါတယ်။ သူတို့ကလည်း ဘဲသုံးပွေလောက် ပါတ်ကြူနေကြတာတွေ့တော့ လန့်လန့်သွားတယ်။ ရင်ခုန်တာတွေ ကို သံပုရာရည်လေးသောက်ပီး နည်းနည်းလေး ငြိမ်အောင် ပြန်လုတ်ထားလိုက်ပေါ့။ တစ်ယောက်ဆို တော်တော်လေးကို အထင်ကြီးထားတာ။ မိဘတွေနဲ့ တောင် ပေးတွေ့ပြီးသွားပီ။ မချစ်ခဲ့ရင်တောင် တစ်ဘ၀စာ သစ္စာရှိရှိ ပေါင်းသင်းသွားမယ်လို့ပေါ့။

            မထင်ခဲ့ဘူး။ ကျွန်တော့် မိတ်ဆက်ပေးခဲ့တဲ့ ကျွန်တော့် သူငယ်ချင်းကို သွားကြူနေတယ်။ ဒီနေ့ စိတ်ညစ်နေတာ အဲဒါကြောင့်ပဲလေ။ ကျွန်တော်လည်း တစ်ခါတစ်လေ ရင်ဘတ်ချင်း နီးစပ်တဲ့ကောင်မလေး တစ်ယောက်နဲ့ ဒီလို ခက်ခဲတဲ့ နေ့ရက်တွေကို အတူတူ လက်တွဲ လျှောက်လှမ်း ကြော်ဖြတ်ချင်တာပေါ့။

             ဟိုနေ့က တောင် သူငယ်ချင်းတစ်ယောက်ကို ပြောလိုက်သေးတယ်။ ကောင်လေးတွေကို ကြည့်ရတာ ချစ်ဖို့ မကောင်းတော့ဘူးလို့။ ငါကြောက်လာပီလို့လေ။ ဘယ်လောက်ကြောက်ကြောက်ပါ။ အခု အချိန်အထိ ကျွန်တော်ကတော့ တစ်ယောက်တည်းပါပဲ။ ဒီ အက်ဆေးလေး ပြီးရင်တော့ အောက်မှာ ကျွန်တော်ရေးနေကြ နာမည်လေး ရေးလိုက်တော့မယ်နော်။

==========================

ချစ်တတ်တဲ့

ကြည်ဝေသော်

Views: 155

Reply to This

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service