ပြောနည်း ၁၀၀ အရပ်သုံး/အခန့်သုံး အင်္ဂလိပ်စကားပြော (၈)

35. CHANGE TOPICS LESS FORMALLY (အကြောင်းအရာပြောင်းခြင်း)

 

By the way

By the way, it rained quite a bit yesterday.

စကားမစပ်၊ မနေ့ကမိုးတော်တော်ရွာတာပဲ။

 

Can we move onto?

Can we move onto our plans for dinner?

ညစာစားပွဲအတွက်အစီအမံတွေအကြောင်းပြောလို့ရမလား။

 

To bring up something else

To bring up something else, Max came to the office yesterday.

တခြားအကြောင်းပြောရရင် မနေ့က မက်စ်ရုံးကိုလာတယ်။

 

Now is time to

Now is the right time to talk about the new site. Tomorrow will be too late.

အခုဟာ နေရာသစ်အကြောင်းပြောဖို့အချိန်ကောင်းပဲ။ မနက်ဖန်ဆိုတာသိပ်နောက်ကျသွားပြီ။

 

There’s another issue we have to deal with

There's another issue we have to deal with – losses in the chemistry area.

ကျွန်တော်တို့ဖြေရှင်းရမည့်တခြားကိစ္စတစ်ခုရှိသေးတယ်။ ဓါတုဗေဒနယ်ပယ်ကဆုံးရှုံးမှုတွေပဲ။

 

 

36. CHANGE TOPICS INFORMALLY (အကြောင်းအရာပြောင်းခြင်း)

 

I don’t want to

I don't want to talk about football anymore. What are the plans for tonight?

ဘောလုံးအကြောင်းနည်းနည်းမှထပ်မပြောချင်တော့ဘူး။ ဒီညအတွက် ဘာအစီအစဉ်တွေရှိလဲ။

 

It has just crossed my mind

It has just crossed my mind that Billy can't come.

အခုမှသတိရတယ်။ ဘီလီမလာနိုင်ဘူး။

 

Changing subject

Changing subject, did you see Dudley yesterday?

ခေါင်းစဉ်ပြောင်းရရင် ဒပ်လေကိုမနေ့ကတွေ့သေးလား။

 

Before I forget

Before I forget, how did Jack and Edith get on?

ဒါနဲ့ပြောပါဦး။ ဂျက် နဲ့ အဲဒစ် တို့ဘယ်လိုတည့်သွားတာလဲ။

 

We’ve had enough

We've had enough of you talking about golf. What's the next point?

ဂေါဖ့်အကြောင်းတော့တော်ပါပြီကွာ။ နောက်ဘာပြောဦးမလဲ။

 

37. INTERRUPT VERY POLITELY (အလွန်ယဉ်ကျေးစွာကြားဖြတ်ပြောဆိုခြင်း)

 

Er

Er, I think Joan is already here.

အာ. . .ဂျုန်းရောက်နေပြီထင်ပါတယ်။

 

Sorry

Sorry, I never meant that.

စိတ်မရှိပါနဲ့။ တမင်မရည်ရွယ်ပါဘူး။

 

Actually

Actually it was George who arrived late.

တကယ်တော့ နောက်ကျရောက်တာ ဂျော့ ပါ။

 

Excuse me

Excuse me, that seems taking matters too far.

တဆိတ်ခင်ဗျာ။ နည်းနည်းတော့ဘောင်ကျော်သွားပြီထင်ပါတယ်။

 

May I have a word?

May I have a word? Nothing will stop the Mirror from running the story.

တစ်ခွန်းလောက်ပြောပါရစေ။ ဇာတ်လမ်းကိုရပ်ဖို့ ကြေးမုံကိုဘာကမှတားဆီးနိုင်မှာမဟုတ်ဘူး။

 

 

38. INTERRUPT POLITELY (ယဉ်ယဉ်ကျေးကျေးဖြတ်ပြောခြင်း)

 

Can I make a comment?

Can I make a comment? Mike was never involved in this.

ကျွန်တော်မှတ်ချက်တစ်ခုလောက်ပေးလို့ရမလား။ မိုက် ဟာဒီကိစ္စထဲမှာဘယ်တုန်းကမှ မပတ်သက်ခဲ့ပါဘူး။

 

May I come in here?

May I come in here? In fact, new laptops tend to be lighter, not heavier.

ကျွန်တော်ဝင်(ပြော)လို့ရမလား။ တကယ်တော့ လက်တော့အသစ်တွေဟာ မလေးပါဘူး။ ပိုပေါ့လေ့ရှိပါတယ်။

 

May I interrupt?

May I interrupt? I do have something relevant to disclose.

ဖြတ်ပြောပါရစေ။ ကျွန်တော် ဆီလျော်တဲ့ဟာတစ်ခု ဖွင့်ချပြောဖို့ တကယ်ရှိပါတယ်။

 

Could I say something?

Could I say something? If we want lower costs we need other suppliers.

ကျွန်တော်တစ်ခုလောက်ပြောလို့ရမလား။ ကုန်ကျစရိတ်သက်သာချင်ရင် ပစ္စည်းပေးသွင်းသူ အခြားလူတွေလိုပါတယ်။

 

Sorry to interrupt

Sorry to interrupt, but someone's phone is ringing.

ဖြတ်ပြောရတာစိတ်မကောင်းပါဘူး။ ဒါပေမယ့် တစ်ယောက်ယောက်ဖုန်းလာနေတယ်။

 

 

39. INTERRUPT STRONGLY (အပြင်းအထန်ကြားဖြတ်ခြင်း)

 

Please listen to me

Please listen to me. It is important.

ကျေးဇူးပြုပြီးနားထောင်ပါ။ ဒါအရေးကြီးပါတယ်။

 

Do you mind if I jump in here?

Do you mind if I jump in here? I have to leave in five minutes.

ကျွန်တော်ဝင်ပြောပါရစေ။ နောက်ငါးမိနစ်အတွင်းသွားရပါတော့မယ်။

 

I don't mean to intrude, but

I don't mean to intrude, but Stephen is not exactly reliable.

ဝင်စွက်ဖက်တဲ့သဘောတော့မဟုတ်ပါဘူး။ ဒါပေမယ့် စတီဖင်ဟလုံးဝ ယုံကြည်ကိုးစားလို့မရဘူး။

 

Can I add something?

Can I add something here? WTR Ltd should be able to supply us.

တစ်ခုလောက်ထပ်ဖြည့်ပြောလို့ရမလား။ WTR Ltd ဟာကျွန်တော်တို့ကိုပစ္စည်းပံ့ပိုးပေး နိုင်ပါလိမ့်မယ်။

 

What are you trying to say?

What are you trying to say? I never accepted that.

ခင်ဗျားဘာပြောဖို့ကျိုးစားနေတာလဲ။ ဒါကိုဘယ်တော့မှလက်သင့်မခံဘူး။

ဇာနည်(MyWay!)

Broken English to Spoken English

09 448 033 674

Andrew D. Miles ၏ "100 ways to say it in business English" စာအုပ်အား ရည်ညွှန်းကိုးကားပါသည်။ Original E-book အား ဤ link တွင် ဖတ်ရှုနိုင်ပါသည်။ http://www.barcelonaenglish.com/ebooks

Read more:

ပြောနည်း ၁၀၀ - အခန့်စကား/အရပ်သုံး စကားပြောသင်ခန်းစာ (အပိုင်း ၁)
ပြောနည်း ၁၀၀ - အခန့်စကား/အရပ်သုံးစကားပြောသင်ခန်းစာ (အပိုင်း ၂)
ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံးစကားပြောသင်ခန်းစာ (အပိုင်း ၃)
ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံး စကားပြော အပိုင်း (၄)
ပြောနည်း၁၀၀ - အခန့်သုံး/အရပ်သုံးစကားပြော အပိုင်း(၅)
ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံးစကားပြော (အပိုင်း ၆)
ပြောနည်း ၁၀၀ - အရပ်သုံး/အခန့်သုံးစကားပြော (အပိုင်း ၇)
ပြောနည်း ၁၀၀ - အရပ်သုံး/အခန့်သုံး အင်္ဂလိပ်စကားပြော (၈)
ပြောနည်း၁၀၀ - အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော အပိုင်း(၉)
ပြောနည်း၁၀၀ - အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော အပိုင်း(၁၀)
ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော အပိုင်း (၁၁)
ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော အပိုင်း (၁၂)
ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော (အပိုင်း ၁၃)
ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော (အပိုင်း ၁၄)
ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော (အပိုင်း ၁၅)
ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံး အင်္ဂလိပ်စကားပြော အပိုင်း (၁၆)
ပြောနည်း၁၀၀ - အခန့်သုံး/အရပ်သုံး အင်္ဂလိပ်စကားပြော အပိုင်း (၁၇)


 

 

[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- ယခုလ (May 2013) မှစ၍ အသင်းဝင်များကို လစဉ် ၁၀၀၀၀ တန် ဖုန်းငွေဖြည့်ကဒ် ၁၀ ကဒ်ကို ကံစမ်းမဲဖောက်ပေးမည် ဖြစ်ပါသည်။ 
- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်ပြီး အသင်းဝင်အချင်းချင်း အွန်လိုင်းမှ စကားပြော (Chat) နိုင်မည်၊ Message ပေးပို့နိုင်မည်ဖြစ်ပါသည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

Non-members can now view all the content at http://www.myanmar-network.net/ but we would very much like you to join our community as a member so you can enjoy the above benefits. 

With more than 49,000 members worldwide, Myanmar Network is the largest English language learning network in Myanmar. Join us now to read hundreds of lessons and articles for free! 

Join us now at - www.myanmar-network.net/main/authorization/signUp

 

Views: 7553

Reply to This

Replies to This Discussion

First, i think it is a little confused ,but the whole it is a good learning tool.

ကျေးဇူးတင်ပါတယ်

နောက်လည်းများများတင်ပေးပါ

ကျွန်တော်က elglish လိုတတ်ချင်တာကြာပြီ

အချိန်မပေးနိုင်လို့ မတတ်ဖြစ်ခဲ့ဘူး

ဒါပေမဲ့ myanmar network မှာတင်ပေးသမျှကို လိုက်မှတ်သားပြီးတော့ သင်နေတာပါ

အားလုံးကို ကျေးဇူးတင်ပါတယ်

thank sir

have a nice day

i want to need former lessons which ပြောနည်း ၁၀၀ အရပ်သုံး/အခန့်သုံး အင်္ဂလိပ်စကားပြော part(1) to (7)

i hope your reply

bye bye

Valuable lecture you taught us! 10Q for it, and be healthy!

အောက်ကလို Link လေးတွေ ပါတာ...ရှာရတာ လွယ်သွားပါတယ် ဆရာ
ဆရာ့ သင်ခန်းစာတစ်ချို့  ပြန် ရှာရတာ... ပျောက်ပျောက်သွားလို့ ပါ ဆရာ

It is progeram good.thank you.

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service