ဝေဒနာ အပိုင်း(၁)

အခန်း(၁)

 

” အဲဒီလို မပြောနဲ့ …မမမီ”  

အခန်းထဲမှာ ကျွန်တော့်အသံက အနည်းငယ်ကျယ်လောင်သွားသည်..။

 “မမမီ ကကော ဘယ်တုန်းက ကျွန်တော့်ကို နားလည်အောင်ကြိုးစားကြည့်ခဲ့ဖူးလို့လဲ မမမီ ကျွန် တော်ခံစားချက်ကိုကော တစ်ခါလောက်တာင်ထည့်တွက်ကြည့်ခဲ့ဖူးလို့လား အဲဒီလိုမပြောနဲ့ ”

ကျွန်တော်ခေါင်းငုံ့နေရာကနေ သူမ မျက်နာ ကို ခက်ထန်စွာလှမ်းကြည့်လိုက်ရင်းပြောမိသွားသည်..။သူမ မျက် ၀န်းတွေကတော့ ပြုံးရောင်သန်းလို့အရောင်လဲ့နေသည်..။မောင်အငယ်တစ်ယောက်ကိုသနားသလိုကလေးဆိုး ကြီးတစ်ယောက်ကို ခွင့်လွတ်စွာလက်ပိုက်ကြည့်နေတဲ့ပုံစံမျိုးနဲ့ သူမကြည့်ပြီးပြုံးနေသည်။ကျွန်တော့်မျက်ဝန်း မှာ တော့ မျက်ရည်လဲ့နေမိပြီ။  

      “ နင် အရှိုက်ထိသွားတယ်မို့လား အလင်း ငါဒီလိုပြောလိုက်တော့ နင်အရှိုက်ထိသွားတယ်မို့လား…ငါ့မှာ နင့်ကို ပေးစရာ ဘာတစ်ခုမှ မရှိဘူးလို့ ငါ အစောကြီးကတည်းပြောခဲ့တာပဲ အလင်းရယ် အဲဒါကိုမှနင်က ဘာလို့ ဇွတ်တိုးလာသေးလဲ အလင်းရယ်..ဘာဖြစ်လို့ခံစားချက်ကို အတင်းမွေးယူနေရတာလဲ “

 သူမ သက်ပြင်းရှည်ချလိုက် ပြီး စိတ်မသက်မသာနဲ့ ခေါင်းရမ်းနေသည်..။ သူမ စကားက ကျွန်တော့်ရင်ထဲ လျပ်စီးကြောင်းတစ် ကြောင်းဖြတ်စီးသွား သလိုပင်…

  “ဘာပြောလိုက်တယ်မမမီ ခံစားချက်ကိုအတင်းမွေးယူနေတယ်လို့များပြောမိပါသလားမမမီ တော်တော်ရယ် ရတဲ့ ပြက်လုံးပဲ မမမီရယ်… သူတစ်ပါးခံစားချက်ကို နည်းနည်းလေးမှ ထည့်မတွက်တတ်တဲ့ စက်ရုပ်ဆန်ဆန် မိန်းမတစ်ယောက်ကို အသက်လောက်ချစ်နေရတဲ့ ခံစားချက်မျိုး ဒီလောက်ခံရခက်တဲ့ခံစားချက် မျိုးကို ကျွန် တော်ကတမင်မွေးယူနေတယ်လို့များ ဘာလို့ထင်ရတာလဲမမမီ..ပြီးတော့. ခံစားချက်ဆိုတာတမင်မွးယူလို့ ရတဲ့ အရာမှမဟုပ်တာ အဲဒါကိုရော မမမီသိရဲ့လား”  

 ကျွန်တော်ရှေ့က ဖန်ခွက်ထဲ ရမ်အရက်ပြင်းတချို့လောင်းထည့်လိုက်ပြီး ရေခဲတစ်တုံးကို ဖန်ခွက်အသံမြည် သွားအောင်ထိ ပစ်ထည့်လိုက်သည်…။“တော်တော့ အလင်း နင်ဒီထက်သောက်မှာဆိုရင်တော့ ငါနင့်ကို ပြန် ဖို့ပြောရလိမ့်မယ်.အေ အလင်းရယ်.. ငါနင့်ကို သဘောမကျတဲ့အထဲမှာအဲဒါလဲပါတယ် တစ်ဆိတ်ကလေး ဆို ..တော်ပါတော့ အလင်းရယ် မသောက်ပါနဲ့တော့နော်”  

သူမ တောင်းတောင်းပန်ပန်နဲ့ပြောနေရင်းက ကျွန်တော့်လက်ထဲမှဖန်ခွက်ကို ဆွဲယူမလို့ပြင်သည်။ကျွန်တော် အ ရက်ခွက်ကို နောက်သို့ဆွဲယူလိုက်ပြီး သူမလက် အလှမ်းပျက်သွားအောင်လုပ်လိုက်ရသည် ပြီးတော့ ရေခဲနဲ့ အရက် ရောသွားအောင်ဖန်ခွက်ကို လည်ကာမွှေနေရင်း

“ မမမီ နေစေချင်တဲ့ ပုံစံနေပြလို့ကော မမမီဆီကခံစားချက်အစစ်အမှန်ကို ကျွန်တော်ကမျော်လင့်လို့ ရမှာ တဲ့ လားမမရယ် ပြောစမ်းပါဦး မမမီ..ဟား…ဟား ဟား…မမမှာနှလုံးသားမှ မရှိတာ မမမီ...”။ကျွန်တော် မချိစွာဖျစ်ညစ် ရယ်မောလိုက်ရင်း ဆိုဖာခုံနောက်မှီကို မှီချလိုက်သည်..။

ဒီအခန်းကမမမီရဲ့အခန်း ဧည့်ခန်းနဲ့အိပ်ခန်းတွဲပါသည့် ဟိုတယ်အခန်းလိုမျိုး ဖွဲစည်းထာသည်ကျယ်ဝန်းသည် နံရံပေါ်နဲ့ဆိုဖာပေါ်မှာပါ အရုပ်မျိုးစုံတို့ ဘယ်နေရာကြည့်ကြည့်ရှိနေသည်..။အများဆုံးက PooH ပန်ဒါဝက်ဝံ့ ရုပ်တွေများသည်  အဲဒီ အရုပ်တွေက မမမီအချစ်ဆုံး အရုပ်တွေပင်..။ အခုလဲ မမမီက POOH တစ်ကောင်ကို ရင်ခွင်ထဲ ပိုက်ထားသည်။ စားပွဲတင်ပန်ကာအသံ တဒီဒီက အိမ်ခန်းထဲမှ အကျယ်ဆုံးအသံ ဖြစ်နေသည် မမမီရဲ့ဆံနွယ်တို့ လွင့်ဝဲလျက်မမမီဆံနွယ်က ထွက်လာသောရနံ့မှာ ရစ်မူးချိုမြိန်လှသည်…ပုခုံးသားပြည့်ပြည့် မွတ်မွတ်က မီးရောင်အောက်မှာထင်းနေပြီး အိမ်နေရင်းဝတ်စားထားတဲ့ မမမီရဲ့အလှက ကျွန်တော့်ကိုအ သက်ရှုခဏ ရပ်သွားစေမိသည် ကျွန်တော်ဒီအတိုင်းသူမကိုငေးကြည့်မိလျက်သား….။ညကသာမန်ထက် ပို လို့တိတ်ဆိတ်သွားသည်။အခန်းထဲမှာပန်ကာလည်နေတဲ့အသံမှလွဲကာ အားလုံးငြိမ်သက် တိတ်ဆိတ်လို့ပင် …။ ကျွန်တော်တို့မျက်လုံးချင်း ဆုံမိကာ  အကြည့်ချင်းတို့အားပြိုင်မိနေသည် ကျွန်တော့်ရင်ထဲမှာအမည်မသိတဲ့ခံ စားချက်မျိုးဖြစ်လာသည် တစ်နေရာရာကို ကျွန်တော်ထွက်ပြေးသွားချင်နေသလိုလို ခံစားချက်မျိုး..။ကျွန်တော့် အကြည့်တို့ ခရီးမဆက်ရဲ အကြည့်တို့လွဲချမိလိုက်ပြီး သက်ပြင်းရှည်မှုတ်ထုပ်မိသည်..။ တင်္ဒဂတိတ်ဆိတ်နေမှုက ကျွန်တော်အတွက်တော့ ခြောက်ခြားစရာပင်..။

“ဘာလို့ အကြည့်ကို လွဲချလိုက်တာလဲ အလင်း ဟင် နင်ဘာလို့ ငါ့ကို ယှဉ်ပြီးမကြည့်ရဲရတာလဲ ဘာလဲ……. နင်ငါ့ဆီမှာ ဘာလိုချင်နေတယ် ဆိုတာငါသိသွားမှာစိုးလို့ မကြည့်ရဲတာလားပြောစမ်းပါဦး အလင်းရယ်..နင်တို့ ယောကျာ်းတွေရဲ့မိန်းမတွေအပေါ်မှာထားတဲ့ စိတ်ဓာတ်ကို သိသွားမှာစိုးလို့ မို့လား အလင်းရယ်…အဟား ဟား ဟာ…နင်ငါ့ကို ချစ်တယ်ဆိုတာကလဲ….”

ကျွန်တော်ဖန်ခွက်ကို စားပွဲပေါ်သို့စောင့်ချလိုက်ရင်

 “တော်တော့ မမမီ တော်တော့ အဲဒီစကားမဆက်နဲ့တော့ မမမီကျွန်တော့်ကို အဲဒီလောက်ထိစော်ကားစရာ မလို ပါဘူး မမမီ” ။ ကျွန်တော့်စိတ်တို့ဝမ်းနည်းမူနဲ့အတူ လှိုက်ခါနေမိသည်။ မမမီ ဒီလိုပြောတာ တစ်ခါမကတော့ ပြောတိုင်းလဲ ရင်မှာနာ ရသည်..။အချစ်ဆိုတာ လောဘတဏုာ လိုချင်တပ် မက်မှုကို အရင်းခံလို ဖြစ်တည်လာ တယ်ဆိုတာ မှန်ပေမဲ့ အဲဒီလောက်ထိတော့မရိုင်းဆိုင်းသေးဘူးဆိုတာကို မမမီကို ကျွန်တော်သက်သေပြချင်သည်  အချစ်မှာဆင်ခြင်တုံတရားတွေမြတ်နိုးသိမ်မွေ့မှုဆိုတာတွေကိုမမမီသိအောင်ကျွန်တော် ပြောပြ သက်သေပြ လိုက် ချင်သည် ဒါပေမဲ့ခက်သည် ရင်ထဲမှာရှီသော စိတ်ခံစားမှုမျိုးကို အဓိပ္ပါယ်တစ်ခု သတ်မှတ်ပြီး အဲဒီအတိုင်းပေါ်လွင် အောင် သက်သေပြဖို့ဆိုတာတော်တော်လေးခက်ပေလိမ့်မည် တစ်ခြားထက် မမမီလို ရူပဗေဒနဲ့ဒေါက်တာ ဘွဲ့ရထားသော (materialisim) ရုပ်ပိုင်းဆိုင်ရာဆက်စပ်တွေးခေါမှုကိုသာအလေးပေးသော မိန်းခလေးမျိုးကို သက်သေပြဖိုဆိုတာ ပို၍ခက်ခဲနေပေလိမ့်မည် …

“တော်ပြီ မမမီ ကျွန်တော်ဆက်မပြောချင်တော့ဘူး  မမမီ ရဲ့အတွေးတွေ အယူအဆတွေကို ကျွန်တော် ကြောက်တယ်..”

        ကျွန်တော့်ရင်မှာ မခံရပ်နိုင်လောက်အောင်နာကျင်မှုက လှုပ်ရှားလာမိသည်…။ကျွန်တော်စံထား မိသော စိတ်ခံစားမှုတစ်ခု ကိုမှ မမမီက စော်ကားမိနေလေပြီ..မမမီကို ရှေ့ဆက်လို့ပြောစရာ စကား ကျွန်တော်မှာ ရှာမရ  ကျွန်တော် နှလုံခုန်သံဟာ ခုန်တက်လာသည်…။ မမမီကို ကြည့်ရသည့်ကျွန်တော်အမြင်မှာအက်ကြောင်းရာများ  ထပ်နေသော မှန်တစ်ချပ်ကို ကြည့်မိရသလို အစိတ်စိတ်အမွှာမွှာနိုင်လှသည်..။

  “ကျွန်တော် အရှုးံပေးပါတယ် မမမီ..တကယ် ရူံးပါတယ် မမမီ “ ကျွန်တော် ပြောနေရင်းက အသံတို့ သိမ်ဝင် ၀မ်းနည်းဆို့နင့်သွားမိသည်..။ ဖန်ခွက်ထဲမှာလက်ကျန်အရက်ကိုတရှိန်ထိုးမော့ချလိုက်သည် အသွေးအသား တို့ ပွတ်ပွတ်ဆူးသွားသလား အောင်းမေ့ရလောက်အောင် အရက်က ခါးသက်စူးရှစွာ လည်ချောင်းကိုဖြတ်၍ စီးဝင် သွားသည်..။ ရင်မှာလဲ နာရသည်..။ကျွန်တော်မျက်ရည်တို့ ၀ဲနေရပြီ…။
  “      ကြည့်…….အလင်း…နင်ကလေ ယောင်္ကျားမဟုပ်တဲ့အတိုင်းပဲ ဘာလို့အဲဒီလောက်ပျော့ညံ့ရတာလဲ အလင်းရယ်..နင်က ခံစားချက်ကို ဦးစားပေးလွန်းတယ်..အရာရာတိုင်းကို ခံစားချက်နဲ့ ဆုံးဖြတ်လို့ရတာမဟုတ် ဖူး နင်နားမလည်သေးပါဘူး အလင်းရယ်.နင်နဲ့တော့ခက်ပါတယ်… နင်ဒီလိုသာ ဆက်ပြီးနေနေရင်ငါဘယ် လိုလုပ်..”    မမမီက ပြောလက်စ စကားကိုခဏရပ်ပြီ စိတ်မရှည်တော့တဲ့ပုံနဲ့…

”..ကဲ. အလင်းရယ်ပြောစမ်းပါ နင်ဘာဖြစ်ချင်နေတာလဲ ငါဘာလုပ်ပေးရမလဲဟင်…”။ မမမီက ကျွန်တော့်ကို ကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပုံနဲ့ပြောလာသည်..။မမမီမှာ ကျွန်တော်ကိုပြောဖို့ စကားတို့ကုန်သွား ၇ှာပြီထင်သည်.။

“ကျွန်တော်ကို ဘာမှမလုပ်ပေးပါနဲ့ မမမီ.ကျွန်တော့်ကိုသာထားသွားပါ..ကျွန်တော့်ကို မမမီရဲ့ စိတ်ထဲမှာ ဘယ် တုန်းကမှ မရှိခဲဖူးသလိုပဲ ထားသွားပါ မမမီ ခရီးသာဖြောင့်တန်းပါစေမမမီ ဒါပေမဲ့ကျွန်တော် တစ်ခုတော့ မမမီ ကိုသိထားစေချင်တယ်…မမမီ ပြန်လာလာမလာလာ မမမီချစ်ချစ်မချစ်ချစ်ကျွန်တော်ကတော့ မမမီကိုမျှော်လင့် နေမယ် ကျွန်တော်သိထားတာတစ်ခုပဲရှိတယ်..မမမီ..ကမ္ဘာလောကကြီးတစ်ခုလုံး မမမီပြောပြောနေတဲ့ ရုပ်ဒြပ်အစုအဝေးကြီးမှာ ကျွန်တော်အလိုချင်ဆုံးအရာက မမမီကျွန်တော့်အပေါ်မှာထားလာမဲ့ခံစားချက်ပဲမမမီ အရမ်းချစ် တယ်မမမီ...”။ကျွန်တာ့်ပါးပြင်ပေါ်စီးကျလာတဲ့ မျက်ရည်စက်များအားသူမ မမြင်အောင်လက်နဲ့ ကဗျာကရာ သုပ်လိုက်ရင်း

 “မမမီကို ကျွန်တော်နှတ်ဆက်ပါတယ် မမမီ…”။ကျွန်တော်ရင်ထဲ ရူးမိုက်ပြင်းရှသောခံစားချက်ကြောင့် ဖြစ်လာ

သော အတွေးတချို့ကိုလုပ်ချလိုက်ဖို့ရန်ကျွန်တော်ထရပ်လိုက်သည်…။ “မမမီ ကျွန်တော့်ကိုသာမရှိတော့သလို မျိုးခံစားကြည့်ပေးပါ မမမီ.. မမမီကို ကျွန်တော်နှတ်ဆက်ခဲ့ပါတယ်..မမမီ”။ ကျွန်တော့်ခြေလှမ်းတို့ ယိမ်းယိုင်စွာနဲ့ပဲ မမမီရှေ့မှ လှမ်းထွက်လာခဲ့သည်..။

ဒီညဟာ မမမီကို တွေ့ခွင့်ရသော နောက်ဆုံးညဖြစ်ပါလိမ်မည်..ဒီညအလွန် ဟိုးအဝေးညများသည်လည်း ကျွန်တော်ထံကို ရောက်ရှိလာကြဦးမည်မှာအသေအချာပင် မသေမချာဖြစ်နေသည်က ကျွန်တော့်ရင်ထဲမှာ ဖြစ်နေသောနာကျင်နေမူပင် အဲဒီဝေဒနာအား ကျွန်တော်မည်သို့ နာမည်တပ်ရပါမည်လဲ မမမီကကော သိနိုင်ပါမည်လား..။ကျွန်တော်မတွေးဝံ့ မတွေးရဲတော့ပါ တွေးမိတိုင်းကျွန်တော်ဝေဒနာတို့ လှိုက်တက် လာကြဦးမည်ပင်…။

မျက်ရည်တို့ဝေ့သီကာ ရင်မှာ ဆို့နင့်နေသည်..။မမမီ ကိုကျောခိုင်းလာရာဘက်သို့ လည်ပြန်လှည့်ကြည့်မိသည် မမမီရဲ့ ပုံရိပ်ဟာ ဝေေ၀၀ါးဝါးနဲ့…ကျွန်တော်ကျဆုံးသွားရသော ပုံရိပ်တစ်ခုပင်..။အရာရာဟာ တဖြည်းဖြည်းမှုန်ဝါးလာပြီးနောက်ဆုံးဝေဒနာတစ်ခု  သိမိနေသည်မှာ အမည်ဖော်ရခက်သော ရင်ထဲကတစ်စုံတစ်ရာ နာကျင်နေမှုပင်..။

 

(မှတ်ချက်-ဇာတ်လမ်းမဆုံးသေးပါ)

Views: 231

Reply to This

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service