tobe in charge of : တာဝန်ယူသည်၊ ကြီးကြပ်သည်။
- Henry is in charge of the office while Mr. Smith is away.
မစ္စတာစမစ် မရှိတုန်းဟင်နရီကတာဝန်ယူ ကြီးကြပ်သည်။
- Who is the in charge of the arrangements for the dance next week?
နောက်တစ်ပတ် ကပွဲအတွက် အစီအစဉ်တွေကိုဘယ်သူကတာဝန်ယူ ကြီးကြပ်မှာလဲ?

to get in touch with : ဆက်သွယ်သည်။
- As soon as you get to Singaporeget in touch withme at once.
မင်းစင်္ကာပူကိုရောက်ရောက်ခြင်း ငါ့ကိုချက်ချင်းဆက်သွယ်ပါ။
- I have been trying all morning to get in touch with Mr. Jones.
မစ္စတာ ဂျူံးနဲ့ အဆက်အသွယ်ရဖို့ ဒီတစ်မနက်လုံး ကျွန်တော် ကြိုးစားနေတယ်။

to have a good time : ပျော်ရွှင်သည်၊ ပျော်ရွှင်စွာဖြတ်သန်းသည်။
- We all had a good time at the party last night.
မနေ့ညက ကျွန်တော်တို့ အားလုံးပါတီပွဲမှာပျော်ရွှင်ခဲ့ကြတယ်။
- Did you have a good time at the dance?
မင်းကပွဲမှာပျော်ခဲ့ရဲ့လား?

to take care of: ဂရုစိုက်သည်။
- Who will take care of your dog while you are away on your vacation?
မင်းပိတ်ရက်မှာခရီးသွားတဲ့အခါ မင်းရဲ့ခွေးလေးကိုဘယ်သူကဂရုစိုက်မှာလဲ?
- Our teacher always said to us, “Take care of yourself”
ဆရာက “ကိုယ့် ကိုကိုယ် ဂရုစိုက်ကြ” လို့ ကျွန်တော်တို့ကိုအမြဲပြောတယ်။

once a while: အခါအားလျော်စွာ
- Previously I saw him very often but now he comes here only once in a while.
အရင်တုန်းကတော့ ကျွန်တော် သူ့ကိုမကြာခဏတွေ့တယ် ဒါပေမဲ့ ခုတော့ သူကအခါအားလျော်စွာ (တစ်ခါတစ်လေ) ပဲလာတော့တယ်။
- Once a while he goes with us to the movies on Saturday night.
စနေနေ့ညတွေဆိုအခါအားလျော်စွာသူက ကျွန်တော်တို့နဲ့ ရုပ်ရှင် လိုက်ကြည့်တယ်။

quite a few : အများအပြား၊ အများကြီး
- Quite a few students were absent yesterday.
မနေ့ကကျောင်းသားတွေ အများကြီးကျောင်းပျက်ကြတယ်။
- We did not expect many to attend quite a few people came to the meeting.
အစည်းအဝေးကိုလူတွေ အများကြီးလာဖို့ ကျွန်တော်တို့ သိပ် မမျှော်လင့်ထားခဲ့ဘူး။

used to : လုပ်လေ့ လုပ်ထရှိခဲ့သည်၊ လေ့ရှိခဲ့သည်။ (ယခုအချိန်တွင် မလုပ်တော့ပါ။)
- I used to play football when I was young.
ကျွန်တော် ငယ်ငယ်တုန်းကဘောလုံးကစားလေ့ရှိတယ်။
- I used to buy my suits at President. Now I buy them at Uncle San.
- အဝတ်အစားတွေကို President မှာဝယ်လေ့ရှိတယ်၊ ခုတော့ Uncle San မှာပဲဝယ်တော့တယ်။

to be used to : ရင်းနှီး ကျွမ်းဝင်သည်၊ ( be+used+nounပုံစံဖြင့်သုံးပါသည်)
- I am not used toTaungyi’s weather.
ကျွန်တော် တောင်ကြီးရာသီဥတုနဲ့ အကျွမ်းတဝင် မရှိဘူး။
- He is used to Mathematic.
သူကသင်္ချာ ဘာသာရပ်ကိုအကျွမ်းတဝင် ရှိတယ်။

to get used to: ရင်နှီး ကျွမ်းဝင်လာသည်။
- You will soon get used to this climate and the changes in temperature do not affect him.
မကြာခင်ပဲသူဒီရာသီဥတုနဲ့ အကျွမ်းတဝင် ဖြစ်လာပါလိမ့်မယ်၊ အပူချိန်အပြောင်းအလဲတွေကသူ့ကိုဘာမဖြစ်လောက်တော့ဘူး။
- He can’t seem to get used to wearing glasses.
မျက်မှန်တပ် ရတာသူအကျွမ်းတဝင် ဖြစ်ပုံမရသေးဘူး။

to make believe : ဟန်ဆောင်သည်။
- George made believe that he was sick so that he would not have to go to school.
ဂျော့(ခ်ျ)က ကျောင်းမသွားရအောင်လို့ နေမကောင်းဟန်ဆောင် ခဲ့တယ်။
- Do you think that Mary was only making believe that she was tired?
မေရီကမောတယ်ဆိုတာဟန်ဆောင်နေတာသက်သက်လို့ မင်းထင်လား?


အောင်ကိုဦး(UMK)
www.siraunkou-umk.blogspot.com

Views: 1580

Reply to This

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service