အသစ်တင်ထားသော သုတ/ရသ ဆောင်းပါး၊ကဗျာ နှင့် ကာတွန်းများ

Yamin Aye ရဲ့

  • ရန်ကုန်မြို့ကို ခွဲခြမ်းစိတ်ဖြာခြင်း

    " မြို့များစွာထဲမှ ရန်ကုန်မြို့သည် ဘာကြောင့် စည်ကားဆုံးမြို့ဖြစ်နေသနည်း အဖြေရှာကြည့်တော့ လူနေမှုထူထပ်နေခြင်းနဲ့ လူတန်းစားအလွှာအသီးသီးရှိခြင်းဆိုတဲ့အပေါ်တွင် မူတည်နေတာကို တွေ့ရပါတယ်။ ချမ်းသာသော လူတွေချည်းပဲ စုနေတာမဟုတ်သလို လက်လုပ်လက်စားတွေပဲ ရှိနေတဲ့ဝန်းကျင်လည်းမဟုတ်ပြန်ပါဘူး။ လူတန်းစားအလွှာ အသီးသီးရှိနေလို့ပါပဲလို့ ကောက်ချက်ချမိပါတယ်။ အရင်တုန်းကတော့ ရန်ကုန်မြို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသည် အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်တယ်။... "

  • ကိုယ်ပိုင်ဆိုင်တဲ့ကမ္ဘာ


    " ကိုယ်ပိုင်ဆိုင်ခွင့်မရှိသေးတဲ့ အိမ်ကလေးတစ်လုံးရယ်
    အိမ်ကလေးထဲမှာ ဖေဖေရယ်၊ မေမေရယ်၊ ကျွန်မရယ်၊ မောင်နှမတွေရယ်
    ဖြစ်သလို လုပ်ယူရတဲ့ ကျေနပ်နှစ်သိမ့်မှုအချို့ရယ်
    မဖြစ်လာသေးပေမယ့် စိတ်ကူးနဲ့ ပုံဖော်ယူမိတဲ့ အရှေ့ညလေးရယ်... "

  • ပြောင်းလဲခြင်း သဘောတရား

    "လောကမှ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်။ လူတွေရဲ့ ပြောင်းလဲမှု မြန်ဆန်ပုံလေးပေါ့။
    ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပါ။ သူဟာ လူတွေအားလုံးကို မုန်းနေတယ်။ နောက်ဆုံး သူ့ကိုယ်သူလည်း မုန်းတယ်။ ဘာလို့လဲဆိုတော့ သူဟာ မျက်မမြင်လေးတစ်ယောက်မို့လို့ပေါ့။ ဒါပေမဲ့ သူမ မုန်းတဲ့ထဲမှာ မပါဝင်တာကတော့ သူမရဲ့ချစ်သူ ကောင်လေးတစ်ယောက်ပဲရှိတယ်။... "

  • မှန်ကန်စွာ ရွေးချယ်ခြင်း

    " လူသားတစ်ယောက်သည် မွေးဖွားသည့်အချိန်မှစပြီး ရွေးချယ်၍ ရနိုင်သည့်အရာနှင့် ရွေးချယ်၍ မရနိုင်သည့် အရာတို့က တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာသည်ဟု ဆိုနိုင်ပါသည်။ ရွေးချယ်၍

    မရနိုင်သော အရာကတော့ လူတစ်ယောက်ရဲ့ ရုပ်ရည်အဆင်းသဏ္ဌာန်ပင်ဖြစ်ပါသည်။ မည်သူမဆို ရုပ်ရည်ရူပကာ လှပချင်ပါသော်လည်း ထိုမိမိမွေးရာပါ အကောင်း ပကတိရုပ်ရည်ရူပကာအား ရွေးချယ်ပိုင်ခွင့်မရှိချေ။ တချို့က ပြောကြမည် ပလတ်စတစ်ဆာဂျီ လုပ်ရင် ရတာပဲလို့ ဆိုချင်ဆိုကြမည်။ ထိုကြောင့် အကောင်းပကတိလို့ သုံးနှုန်းထားခြင်းဖြစ်ပါသည်။... "

မနှင်း ရဲ့

  • ခေတ်သစ်မိန်းမပျိုတို့တွေးဆ၊ ချင့်ချိန်၊ဆင်ခြင်စရာစရာလေးတွေ…… (မနှင်း)

    " ယနေ့ခေတ် မိန်မးပျိုလေးတွေဟာကိုယ့်ကိုယ်ကိုတန်ဖိုးထားမှု့နည်းလားကြပါတယ်။ လူတစ်ယောက် မှာ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှု့ ဆိုတဲ့အရာဟာ သိပ်ကို အရေးကြီးပါတယ်။အထူးသဖြင့် မိန်းမပျိုတစ် ယောက်အတွက် ပိုပြီးအရေးကြီးပါသေးတယ်။ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတဲ့ မိန်းကလေးတစ်ယောက် ကို ယောကျာ်းလေးကဖြစ်စေ၊ကိုယ့်ရဲ့ပတ်ဝန်းကျင်ကပဲဖြစ်ဖြစ် လေးစားတန်ဖိုးထားမှာမဟုတ်ပါဘူး။ မိမိကိုယ်ကိုတန်ဖိုးထားမှု့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်လှပါတယ်။ကိုယ့်ကိုယ်ကိုမလိမ် တက်ဖို့အရေးကြီးလှပါတယ်။အပြင်ပန်းအလှအတွက် လှပဆန်းကြယ်တဲ့ ကလက်တက်တက်အ၀တ် အစားတန်ဆာမျိုးစုံ၊မျက်နှာပေါ်မှာ ကာလမျိုးစုံဆေးခြယ်ထားတဲ့မိန်းကလေးတစ်ယောက်နဲ့ စိတ်ထား ဖြူစင်သန့်ရှင်းတဲ့မိန်းကလေးတစ်ယောက်ဆိုလျှင်ပတ်ဝန်းကျင်ကဘယ်မိန်းကလေးကိုလေးစားတန်ဖိုး ထားဆက်ဆံမယ်ထင်ပါသလဲ။... "

Nant Thin Thin Hmwe ရဲ့

  • ကံ၊ စိတ်၊ ဥတု၊ အာဟာရ

    " ...နံပါတ်တစ် အရေးကြီးဆုံးအကြောင်းကတော့ ကံပဲဖြစ်ပါတယ်။ ကံကြောင့် လူတွေကျန်းမာကြတယ်၊ အနာရောဂါ ထူပြောကြတယ်။ ကံဆိုတဲ့နေရာမှာ အတိတ်ဘ၀ကပြုခဲ့တဲ့ကံ၊ ယခုဘ၀ပြုခဲ့တဲ့ကံ နှစ်မျိုးလုံးနဲ့ ဆိုင်ပါတယ်။ အရင်ဘ၀က သီလမလုံတဲ့လူ၊ သူတစ်ပါးကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့လူတွေဟာ အနာရောဂါထူပြောတတ်တယ် ဆိုတာကို ကံ၊ကံ၏ အကျိုးကို ယုံကြည်သူတိုင်း လက်ခံကြပါလိမ့်မယ်။ ဘယ်သူမပြု မိမိမှုဆိုသလို အရင်ဘ၀က မကောင်းခဲ့လို့ ဒီဘ၀မကျန်းမမာ ဖြစ်နေရသူတွေ နောင်ဘ၀ကောင်းအောင် သီလစောင့်ဖို့လို ပါတယ်။ သီလစင်ကြယ်ရင်၊ ၀ိပသနာ ဘာဝနာပွားနိုင်ရင် ယခုဘ၀ခံစားနေရတဲ့ ဝေဒနာအချို့ကို သက်သာစေနိုင်ပါတယ်။... "

  • ဘ၀ပညာ ဘိုးဘွားတွေဆီမှာရှာ

    " ...အသက်အရွယ်အိုမင်းလာတဲ့ အဖိုးအိုအဖွားအိုတွေ ဦးခေါင်းကို တည့်အောင်မထိန်းနိုင်တော့ပဲ ဒူးနှစ်လုံးကြား ခေါင်းဝင်နေတဲ့ အခြေအရောက်နေကြတာကမို့ ဦးခေါင်သုံးလုံးရှိသူအဖြစ် တင်စားခြင်းဖြစ် ပါတယ်။ ပထမအရွယ်၊ ဒုတိယအရွယ်နဲ့ တတိယအရွယ် အရွယ်သုံးပါးက အတွေ့ကြုံတွေရှိနေကြလို့ အဖိုးအဖွားတွေဟာ တကယ်လည်း ဦးနှောက် သုံးခုရှိကြသူတွေပါ။ ကျွန်မတို့ထက်အရင် လူဖြစ်ခဲ့ကြသူတွေမို့ ကျွန်မတို့ မသိသေးတာတွေကို တွေ့ကြ၊ကြုံကြ၊ သိပြီးနေကြသူတွေဖြစ်တဲ့ အဖိုးအိုအဖွားအိုတွေကို မှီဝဲဆည်းကပ် နည်းယူကြဖို့လိုပါတယ်။... "

Mr.Thinker ရဲ့

Ko Ki ရဲ့

  • ကြောက်စိတ်..။

    " မနက်က သမီးငယ်ကို ကျူရှင် လိုက်ပို့ပေးဖြစ်နေတာနဲ့ ရုံးသွားဖို့ ကားမှတ်တိုင်ရောက်တော့ ၈-နာရီ ထိုးလုထိုးခင်ဖြစ်နေပြီ..။ မှတ်တိုင်မှာ ရပ်လာသမျှ ကားတိုင်းကလည်း ပြွတ်ကြပ်သိပ်နေတာနဲ့ ချောင်တဲ့ ကားကိုစောင့်ရင်း နေပူထဲမှာ ချွေးတလုံးလုံးနဲ့ ရပ်နေခဲ့မိတယ်..။ ရုံးချိန်မို့ ရပ်လာသမျှကားတိုင်းက ခရီးသည်အပြည့်ချည့်ဖြစ်နေတာနဲ့ ငါ ဒီအတိုင်းစောင့်နေလို့ မဖြစ်တော့ဘူးးဆိုပြီး ရပ်လိုက်တဲ့ကားပေါ် တိုးဝှေ့ တက်ခဲ့လိုက်တော့တယ်..။ လှည်းတန်းမီးပွိုင့် မိနေလို့ ကျနော်စီးလာတဲ့ကားက စံရိပ်ငြိမ်နားမှာတင် သောင် တင်နေတော့ တယ်..။ မဖြစ်သေးပါဘူး ဆိုပြီး မီးပွိုင့်ထိပ်မှာ ရပ်နေတဲ့ လိုင်းကားဆီကို ခပ်သုတ်သုတ်လေး လှမ်းရတယ်..။ သူသူကိုယ်ကိုယ် မီးပွိုင့်ထိပ်မှာ ရပ်ထားတဲ့ကားဆို အလုအယက်တက်ကြတာမို့ ကျနော်လည်း ဟန်မဆောင်နိုင်တော့ဘူး ယောက်ျားကော မိန်းမကော ငဲ့မနေနိုင်ဘဲ ဇွတ်အတင်းကို တိုးဝှေ့တက်ခဲ့လိုက်မိတယ်..။.. "

Hninn Nu Phyoe ရဲ့

  • I’m sorry

    " Pencil: I'm sorry....

    Eraser: For what? You didn't do anything wrong.

    Pencil: I'm sorry cos you get hurt bcos of me. Whenever I made a mistake, you're always there to erase it. "

myokoko ရဲ့

  • ခေါင်းဆောင်မှုအရည်အသွေး ( ၁၀ )ချက်

    "ခေါင်းဆောင် တစ်ယောက်အနေနဲ့ မိမိလုပ်ငန်း အဖွဲ့အစည်းအတွက် အကျိုးရှိစေနိုင်မဲ့ အရာမှန်သမျှကို သိလိုစိတ် ပြင်းပြမှု ရှိတာကို ပြရမယ်။ သူ့ရဲ့ လုပ်ငန်း အ၀န်းအ၀ိုင်း အတွင်းမှာရှိနေတဲ့ ဟုတ်ပါ့၊မှန်ပါ့ ပြောနေတဲ့ အုပ်စုရဲ့ အပြင်ဘက်က လူတွေ ပြောတာကို နားထောင်ရမယ်။ ကမ္ဘာကြီးက ကြီးမားပြီး ရှုပ်ထွေးတဲ့ နေ၇ာတစ်ခု ဖြစ်နေတဲ့အတွက် အကျိုး ရှိစေမ...ယ့် စာအုပ် စာတမ်းတွေကို သိလိုစိတ် ပြင်းပြတဲ့စိတ်နဲ့ ဖတ်ရမယ်။ နိုင်ငံတကာရဲ့အညွှန်းစာသားအရ Good leaders are good listeners လို့ ခေါ်ကြတယ်။... "


 

 

[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- မေလ ၂၀၁၃ မှစ၍ အသင်းဝင်များကို လစဉ် ၁၀၀၀၀ တန် ဖုန်းငွေဖြည့်ကဒ် ၁၀ ကဒ်ကို ကံစမ်းမဲဖောက်ပေးနေပြီ ဖြစ်ပါသည်။ 
- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်ပြီး အသင်းဝင်အချင်းချင်း အွန်လိုင်းမှ စကားပြော (Chat) နိုင်မည်၊ Message ပေးပို့နိုင်မည်ဖြစ်ပါသည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

Non-members can now view all the content at http://www.myanmar-network.net/ but we would very much like you to join our community as a member so you can enjoy the above benefits. 

With more than 52,000 members worldwide, Myanmar Network is the largest English language learning network in Myanmar. Join us now to read hundreds of lessons and articles for free! 

Join us now at - www.myanmar-network.net/main/authorization/signUp



Views: 463

Reply to This

Replies to This Discussion

I  LIKE  IT

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service