every ~ တိုင်း၊ ~ အားလုံး နာမ်အနည်းကိန်းနှင့်သာတွဲသုံးသည်။

e.g.

Every room in the house was painted white.

အိမ်ရှိအခန်းတိုင်းအားအဖြူရောင်သုတ်ထားသည်။

 

The bank has branches in every city in France.

ဘဏ်သည် ပြင်သစ်ရှိမြို့တိုင်းတွင် ဘဏ်ခွဲများရှိသည်။

 

She bought presents for every member of her family.

သူသည် သူ၏မိသားစုဝင်တိုင်းအတွက်လက်ဆောင်ဝယ်ခဲ့သည်။

 

every single တစ်ခုတိုင်း၊ တစ်ယောက်တိုင်း (အထူးသဖြင့် အံ့အားသင့်သည့်အနေဖြင့်သုံးသည်)

e.g.

 lt ruined every single day of our vacation.

ကျွန်ုပ်တို့အားလပ်ရက်ခရီး၏တစ်ရက်မကျန်အားဖျက်စီးတော့သည်။

 

The police questioned every single passenger on the plane.

လေယာဉ်ခရီးသည်တစ်ယောက်မကျန်အားရဲမှမေးမြန်းခဲ့သည်။

 

  • every နှင့် ကြိယာအနည်းကိန်း၊ နာမ်အနည်းကိန်းတို့ဖြင့်တွဲသုံးသည်။

 

each တစ်ခုစီ၊ တစ်ယောက်စီ၊ (အုပ်စုတစ်ခုအတွင်းရှိ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ခုချင်း ကိုအာရုံပြုပြောသည့်အခါသုံးသည်။)

e.g.

The calendar has a different picture for each month of the year.

ပြက္ခဒိန်တွင် လတစ်လတိုင်းအတွက် ရုပ်ပုံတစ်မျိုးစီရှိသည်။

 

The president shook hands with each member of the team.

သမ္မတသည် အသင်းသားအားတစ်ဦးစီအားလက်ဆွဲနှုတ်ဆက်ခဲ့သည်။

 

each of  အုပ်စုတစ်ခုအတွင်းမှတစ်ဦးစီ

She gave each of them a plate of food.

သူမသည် သူတို့တစ်ဦးစီအား စားစရာတစ်ပန်းကန်စီပေးခဲ့သည်။

Each of the bedrooms has its own shower.

အိပ်ခန်းတိုင်း ကိုယ်ပိုင် ရေပန်းနှင့်ရေချိုးခန်း ပါရှိကြသည်။

 

we each/ they each/ us each

My brother and l each have our own room. ကျွန်တော်နှင့်အစ်ကိုတို့ တစ်ယောက်စီကိုယ်ပိုင်အခန်းရှိသည်။

She gave us each a pen and a piece of paper. ကျွန်တော်တို့တစ်ဦးချင်းစီအား ဘောပင်နှင့်စာရွက်တစ်ရွက် သူပေးခဲ့သည်။

 

in each/for each/to each

She dug several tiny holes in the soil, planting a seed in each.

သူမြေကြီးတွင်ကျင်းလေးများတူးပြီး တစ်ကျင်းတိုင်းမှာ သစ်စေ့တစ်စေ့စိုက်သည်။

 

each ကို နာမ်အနည်းကိန်း၏ရှေ့တွင်သော်လည်းကောင်း၊ နာမ်အများကိန်း၏နောက်တွင်သော်လည်းကောင်း သုံးနိုင်သည်။

Each child has a desk and a chair.

They each have a desk and a chair.

 

each ကို နာမ်အများကိန်းနှင့် ကြိယာအနည်းကိန်းတို့နှင့်သုံးသည်။ Each child has a desk and a chair.

each of ကို နာမ်အများကိန်းနှင့် ကြိယာအနည်းကိန်း တို့နှင့်သုံးသည်။ Each of the children has a desk and a chair.

 

everything  အစုအဖွဲ့အတွင်းပါ အရာတိုင်း၊ အားလုံး၊ လူတစ်ဦးလုပ်သမျှပြောသမျှအားလုံး

Everything in the store costs less than $10.

I agree with everything she said.

 

everything ကို ကြိယာအနည်းကိန်းဖြင့်သုံးသည်။

everything were very expensive’.  ဟုပြော၍မရပါ။  Everything was very expensive. သာအမှန်ဖြစ်သည်။

‘every thing’.  ဟုနှစ်လုံးခွဲမရေးရပါ။ ပေါင်းရေးရသည်။ everything.

 

everyone/everybody  လူတိုင်း

e.g.

I think everyone enjoyed the party.

If everybody is ready, I 'll begin.

Has everyone gone home?

 

everyone/everybody တို့အား ကြိယာအနည်းကိန်း ဖြင့်သုံးသည်။.

everyone were late’  ဟုမပြောရပါ။ Everyone was late. သာအမှန်ဖြစ်သည်။

everyone နှင့် everybody တို့အား လူအများအားယေဘုယျသဘောရည်ညွှန်းရာတွင်လည်းသုံးသည်။

Everyone knows that smoking is bad for your health.

 

 

 

unanimous တညီတညွတ်တည်း၊ တစ်စိတ်တစ်ဝမ်းတည်း

 

Many party members agreed with their leader; but they certainly weren’t unanimous.

ပါတီဝင်အများက သူတို့၏ခေါင်းဆောင်အားယုံကြည်ကြသည်။ သို့ရာတွင် သူတို့မှာ မညီမညွတ်ဖြစ်နေကြသည်။

 

unanimous declsion / agreement/ verdict အဖွဲ့အစည်းအတွင်းမှလူအများသဘောတူညီစွာ ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်သည်။

 

The committee made a unanimous decision to expel the three students.

ကော်မတီသည် ကျောင်းသားသုံးဦးအား ကျောင်းထုတ်ရန် တညီတညွတ်တည်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

 

 

 

ကျွန်တော်ရေးထားသမျှကိုဖတ်ချင်လျှင်ဒီမှာလေ့လာနိုင်ပါသည်။

 

ဇာနည်(MyWay)

Broken English to Spoken English

09 448 033 674

 

Views: 2962

Reply to This

Replies to This Discussion

Thank a lot sir

Please, state synonym words.Thank Sir.
ဆရာ့ရဲ့သင်ခန်းစာတွေကောင်းပါတယ်။Englishစာလေ့လာနေသူများအတွက်သိပ်အဖိုးတန်ပါတယ်။ဆရာလဲသိပ်ပြီးအားထုတ်ရမယ်ထင်ပါတယ်။ကျနော်မရှင်းတာလေးရှိလို့မေးပါရစေဆရာ။E-LANGUAGEမှာNumberကို singular နဲ့ plural နှစ်ခုပဲပြပါတယ်။singularကို referring to one person or thing လိုဲ့ပြထားတဲ့အတွက် singularကို အနည်းကိန်း လို့ပြောတာထက် တစ်ခုကိန်းလို့ပြောတာကအမှန်နဲ့ပိုပြီးနိးစပ်မယ်လို့ထင်ပါတယ်။ဆရာ့သဘောကိုသိပါရစေခင်ဗျာ။
သင်ယူလေ့လာခွင့်ပေးလို့ကျေးဇူးပါခင်ဗျာ

Thank you so much for your presentation.

^_____^

Thanks !

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service