အဂၤလိပ္စကားေျပာပိုေကာင္းေစရန္နည္းလမ္းမ်ား (အပိုင္း-၁)

[Zawgyi]

ယေန႔ေခတ္မွာ လူတိုင္းကိုေမးလိုက္။ ဘာလုပ္ေနလဲ “အဂၤလိပ္ စပီကင္ တက္ေနတယ္” ဟူသည့္အေျဖကို ညံညံစီစီ ၾကားေနရသည္။ အဂၤလိပ္စာ၏အေရးႀကီးပံုကို
လူတိုင္း သေဘာေပါက္ေနၾကၿပီျဖစ္သည္။ တစ္ခ်ိန္ကလို ကၽြန္လုပ္ခ်င္သည့္သူမ်ားအတြက္ စာႏွင့္
စကားဟု ယိုးစြပ္သည့္ေခတ္မဟုတ္ေတာ့ၿပီ။

သူသူငွာငွာ အဂၤလိပ္စကားေျပာတတ္ခ်င္ ၾကသည္။ အဂၤလိပ္လို ဒြတ္ဒက္ရႊတ္ရွက္ ႏွင့္ေျပာေန သူတစ္ေယာက္ကို ျမင္ရၾကားရတိုင္း သူတို႔လို
ေျပာတတ္ခ်င္စိတ္ေတြ တဖြားဖြားေပၚလာ တတ္ပါသည္။ ဒါေၾကာင့္လည္း ဟိုသင္တန္း ဒီသင္ တန္းေတြကို
ေစ်းႀကီးေပးၿပီး တက္ၾက ျပန္သည္။ သင္တန္းေတြကလည္း သင္ေပးၾကပါသည္။ ဒါေပမယ့္ တကယ့္တစ္ကယ္
ၿမိဳ႕ထဲမွာ တိုးရစ္တစ္ေယာက္က ကိုယ့္ကို အိမ္သာ ဘယ္ေနရာ မွာရွိသလဲလို႔ လာလည္းေမးေရာ
ရင္ေတြတဒိန္းဒိန္းခုန္၊ ပါးစပ္က အာေစးထည့္ထားသလို ေျပာမထြက္၊ တိုးရစ္က တစ္လံုးခ်င္းအသံအက်ယ္ႀကီးထြက္ေျပာတာကိုလည္း
နားမလည္၊ အင္း- အဲ လုပ္ရင္း ကိုယ္ေျပာခ်င္တာက တစ္မ်ိဳး၊ တစ္ကယ္ညႊန္ျပလိုက္တာက တစ္ျခားန႔ဲ
ဧည့္သည္ လည္း ေရာက္ခ်င္ရာေရာက္။ ေနာက္ပိုင္း ေသြးေအးသြားသည့္အခ်ိန္ျပန္ စဥ္းစားလိုက္မွ
ငါ ဒီလို ေျပာလိုက္ရင္ရတာပဲ။ ဘာျဖစ္လို႔ အဲဒီလိုေျပာဖို႔ သတိမရခဲ့ရတာလဲ ဟု မေၾကမခ်မ္း
ႏွင့္ ကိုယ့္ကိုယ္ကို ျပစ္တင္ရသည့္အျဖစ္မ်ိဳး ႀကံဳဖူးၾကမည္ ထင္ပါသည္။

 

မိမိတစ္ေယာက္တည္း မဟုတ္ပါ။ စာသင္သားအမ်ားစုျဖစ္ပါသည္။ အဂၤလိပ္စကားကို သြက္သြက္လက္လက္ႏွင့္ ကိုယ္ေျပာတာကို သူမ်ားနားလည္၊
သူမ်ားေျပာတာကိုလည္း ကိုယ္ကနားလည္ ျဖစ္ခ်င္ပါက ေအာက္ပါနည္းလမ္းမ်ားက မိမိဆႏၵမ်ားကို
ျဖည့္ဆည္း ေပးႏုိင္ပါလိမ့္မည္။

 

အဂၤလိပ္ဘာသာစကားကို ဘာေၾကာင့္တတ္ခ်င္ရတာလဲ

အဂၤလိပ္စာသင္ၾကားေပးေနတဲ့ ဆရာတစ္ဦးအေနနဲ႔ ဒီေမးခြန္းကို သင္တန္းသား မ်ားစြာကို အႀကိမ္ေပါင္းမ်ားစြာ ေမးခဲ့ဖူးပါတယ္။
အမ်ားစုကေတာ့ အင္မတန္ေယ်ဘုယ် က်တဲ့ အေျဖ ကိုပဲေပးတတ္ၾကပါတယ္။

”အဂၤလိပ္လိုေျပာတတ္ခ်င္လို႔”  ”I want to speak English.”

”အဂၤလိပ္စာတိုးတက္ခ်င္လို႔”    ”I want to improve my English.”

”အဂၤလိပ္စာက ႏိုင္ငံတကာသံုးဘာသာျဖစ္လို႔”  ”... because English is an international language.”

နည္းနည္းေလးတိုးတက္တဲ့ တပည့္ေတြကေတာ့ . . .

”အလုပ္အတြက္လိုအပ္လို႕”     ”I need it for my job.”

”ပညာေရးအတြက္ လိုအပ္လို႔”   ”I need it for my study.”

 

ဒီအေျဖေတြမွားသလားဆိုေတာ့ မမွားပါဘူး။ ဒါေပမယ့္ မျပည့္စံုပါဘူး။ အဂၤလိပ္စကားကို ေျပာ တတ္ခ်င္လို႕ ဆိုတဲ့သူကို
ဘာလို႔ေျပာတတ္ခ်င္ရတာလဲ။ ဘယ္လိုေျပာခ်င္တာလဲ၊ ဘာအတြက္ ေျပာမွာလဲ၊ ဘယ္ေနရာမွာေျပာမွာလဲ၊
ဘယ္ေလာက္ေျပာတတ္ခ်င္တာလဲ  . ..  စတဲ့ေမးခြန္းေတြ ဆက္ေမးလွ်င္ေတာ့ ေရေရရာရာမရွိဘဲ
ဟိုလိုလိုဒီလိုလိုအေျဖေတြသာ ရတတ္ပါတယ္။

ဒါေၾကာင့္ ဘာျဖစ္လို႔ အဂၤလိပ္စကားေၿပာခ်င္ရတာလဲဆိုတာကို မိမိကိုယ္မိမိသိေအာင္ ဦးစြာ လုပ္သင့္ပါတယ္။ ရည္ရြယ္ခ်က္အေပၚမူတည္ၿပီး ေလ့လာရမည့္
နည္းစနစ္ ကြဲျပားသြား ႏိုင္ေၾကာင္းသေဘာေပါက္ထားရမွာျဖစ္ပါတယ္။

 

ႏိုင္ငံျခားကိုေစ်းသြား၀ယ္မယ့္သူတစ္ေယာက္အတြက္ သင္ခန္းစာနဲ႔ ေက်ာင္းသြားတက္မယ့္ ေက်ာင္းသားတစ္ေယာက္ရဲ႕ အဂၤလိပ္ဘာသာစကားစြမ္းရည္ လိုအပ္ခ်က္
ဘယ္လိုမွ မတူႏိုင္ပါဘူး။ ဒီလိုပဲ ၄င္းစြမ္းရည္ေတြတတ္ကၽြမ္းေအာင္ ေလ့က်င့္သင္ၾကားရမည့္နည္းနာ
ေတြလည္း ကြဲျပားမည္ဆိုတာ သိသာလွပါတယ္။

 

မိမိကိုယ္မိမိ ယံုၾကည္ရဲ၀ံ့ပါ။

စကားေျပာရျခင္း၏ အေျခခံအက်ဆံုးႏွင့္အဓိကအက်ဆံုး ရည္ရြယ္ခ်က္သည္ “ဆက္သြယ္ျခင္း”  သတင္းေပးဖို႔
/ယူဖို႔ အတြက္ျဖစ္သည္။ (communication purpose) မိမိအဂၤလိပ္လို ေျပာတတ္ေၾကာင္း ၾကြား၀ါဖို႔မဟုတ္၊
ဂုဏ္ယူဖို႔ မဟုတ္။ (စာဖတ္သူအေနျဖင့္ ေခတၲရပ္၍ စဥ္းစားၾကည့္ပါ။ မွန္သည္ဟုယူဆပါက ဆက္ဖတ္ပါ။)

 

ကိုယ္ေျပာတာ၊ ေရးတာမွန္သမွ် အေကာင္းဆံုးျဖစ္ခ်င္လွ်င္ ရွိတ္စပီးယားထံမွာ သင္ယူပါ။

သင္ဟာ ရွိတ္စပီးယားမဟုတ္ပါ။ မတ္တြိန္းမဟုတ္ပါ။ ဂ်က္လန္ဒန္မဟုတ္ပါ။ ဂ်ိန္းေအာ္စတင္ မဟုတ္ပါ။

သင္သည္ သာမန္  အဂၤလိပ္စာေလ့လာသူတစ္ဦးသာျဖစ္သည္။ သူတို႔ကဲ့သို႔ အေျပာင္ေျမာက္ ဆံုးစကားေျပ သို႔မဟုတ္ အေျပာစကားမ်ိဳး ဖန္တီးရန္သင့္မွာ တာ၀န္မရွိပါ။
သင့္မွာ မွားႏႈိုင္ခြင့္ ရွိပါသည္။ မွားမွာကို မေၾကာက္ပါႏွင့္။ အမွားေတြ႕ဖူးမွ အမွန္ကိုသိပါမည္။
အမွားကို ေၾကာက္ေနပါက သင္ဘာမွ် ဖန္တီးဖို႔ သတၲိရွိမည္ မဟုတ္ပါ။ Guiora (1973) ဆိုတဲ့ပညာရွင္
ကေတာ့ ၄င္းျဖစ္စဥ္မ်ိဳးကို ego permeability မရွိျခင္းလို႔ေခၚပါတယ္။ဒါေၾကာင့္ အဂၤလိပ္ စကားသြက္သြက္ လက္လက္ ေျပာခ်င္ရင္
လူေရွ႕ သူေရွ႕မွာ ေျပာရဲဖို႔အားေမြးထားပါ။

(ခၽြင္းခ်က္။ ပင္ကိုယ္က ႏႈတ္နည္းသူ၊ အရွက္အေၾကာက္ႀကီးသူေတြအဖို႔ ကိုယ့္မိခင္ဘာသာ စကားနဲ႔ေတာင္ေျပာရဆိုရမွာခက္ေနၾကေတာ့ အဂၤလိပ္လိုဆိုလွ်င္ေတာ့
အင္မတန္၀န္ေလးစ ရာပင္။ ထိုသူမ်ားအတြက္ေတာ့ သီးျခားေရးပါမည္။)

 

မွန္ဖို႔အဓိကလား သြက္ဖို႔အဓိကလား (Accuracy vs Fluency)

တကၠသိုလ္က အဂၤလိပ္စာ ကထိကတစ္ေယာက္။ စာေရးလွ်င္တစ္လံုးမွမွား၊ စကားေျပာလွ်င္ ေတာ စာတစ္ေၾကာင္းေျပာဖို႔ မနည္းစဥ္းစားၿပီးထစ္ေငါ့ထစ္ေငါ့ေျပာရသည္။
(မယံုမရွိပါႏွင့္။ ကၽြန္ေတာ့္ ကိုယ္ေတြ႕ပါ)

သံ႐ံုးမွာလုပ္သည့္ ထမင္းခ်က္တစ္ေယာက္။ စာတစ္လံုးမွ မတတ္။ အဂၤလိပ္လိုေျပာလွ်င္ေတာ့ ေလွ်ာကနဲ။ တကၠသိုလ္ဆရာက ထမင္းခ်က္ ေျပာသမွ်
သဒၵါနည္းလမ္းမက်ဟုထင္သည္။ တကယ္လည္းမွားေနသည္။ ဒါေပမယ့္ သူက မွားေပမယ့္ သြက္သည္။ သူ႔စကားကို
တစ္ဖက္ လူနားလည္သည္။ ဟိုဆရာကေတာ့ မမွား။ ဒါေပမယ့္ မသြက္။ ထစ္ေငါ့ေနေတာ့ သူေျပာသမွ်
စကားကို ဆက္စပ္စဥ္းစားၿပီးနားလည္ဖို႔ တစ္ဖက္လူမွာ စိတ္မရွည္၊ နားမလည္။ ေနာက္ဆံုး ေတာ့
ဆက္သြယ္ေရးမေအာင္ျမင္ (communication breakdown) ျဖစ္ရေတာ့တာေပါ့။

++++++++++++++++++++++++++++++++++++++++++++++++

သြက္ဖို႔ အဓိကလား၊ မွန္ဖို႔ အဓိကလားဆိုတာ သင္ကိုယ္တိုင္ရဲ႕ အဂၤလိပ္ဘာသာကို အသံုးခ် ရမည့္ အေျခအေနအေပၚ မူတည္ၿပီးသာ
ဆံုးျဖတ္ရေပမည္။

++++++++++++++++++++++++++++++++++++++++++++++++

ကၽြန္ေတာ္၏အယူအဆအရဆိုလွ်င္ စကားေျပာရာမွာ သြက္ ဖို႔ကအရင္ျဖစ္သင့္ပါသည္ (fluency first)။  မွန္ဖို႔ကေနာက္မွ လိုက္သင့္ပါသည္(Accuracy
later)။ စာေရးလွ်င္ေတာ့ မွန္ဖို႔ႏွင့္တိက်ဖို႔က အေရးအႀကီးဆံုးဟု ၀န္ခံပါသည္။
ဒီေနရာမွာ ေျပာခ်င္တာ တစ္ခုက သြက္သြက္လက္လက္ေျပာတတ္ျခင္းဆိုတာ ကိုယ့္ေနာက္က က်ားလိုက္သလို
စကားကို အသက္မ႐ွဴဘဲေျပာခ်င္းမဟုတ္ပါ။ ကိုယ္ေျပာခ်င္တာကို သဒၵါနည္းအရ မွားေနေသာ္လည္း
နားေထာင္သူ နားလည္ေအာင္ အထစ္အေငါ့မရွိ ေျပာတတ္ျခင္းကိုဆိုလိုပါတယ္။

 

အဂၤလိပ္စကားပဲေျပာေျပာ၊ ျမန္မာစကားပဲေျပာေျပာ၊ မိခင္ဘာသာစကားကိုေျပာသူမ်ား သဒၵါ နည္းမက်သည့္၀ါက်မ်ားကိုေျပာေနၾကသည္မွာအဆန္းမဟုတ္ပါ။
”I don’t want no money” ကဲ့သို႔ double negative မ်ားကို ေဟာလီး၀ုဒ္၏နာမည္ႀကီးသ႐ုပ္ေဆာင္မ်ား
ေျပာေနၾကပါ သည္။ ကၽြန္ေတာ္တို႔လည္း ”ဥကၠဌႀကီးအား မိန္႔ခြန္းေျပာၾကားေပးပါရန္......”
ဆိုသည့္ စကားအမွားကို ေျပာလြန္း၍ ၾကည့္မရသည့္ ျမန္မာစာဌာနက ေန႔တိုင္း ျမန္မာစာ ျမန္မာစကား
ဆိုသည့္အစီအစဥ္ကို ႐ုပ္ျမင္သံၾကားတြင္ ထုတ္လႊင့္ေနရသည္မဟုတ္ပါေလာ။

ထို႔ေၾကာင့္ မိခင္ဘာသာစကားကို ေျပာသူမ်ားပင္ သဒၵါ အမွား ေျပာမိသည္ဆိုပါက ကၽြန္ေတာ္ တို႔လို ႏိုင္ငံျခားဘာသာအျဖစ္
သင္ယူသူမ်ားအတြက္ အမွားဆိုတာ ေၾကာက္စရာတစ္ခု မျဖစ္သင့္ပါ။

ဒီလိုေျပာလို႔လည္း မွားခ်င္မွားပါေစ။ ကိုယ္ေျပာခ်င္တာအရမ္းကာေရာ ေလွ်ာက္ေျပာရလွ်င္ ၿပီးေရာလို႔ မတိုက္တြန္းပါဘူး။

ကၽြန္ေတာ္တိုက္တြန္းခ်င္တာက ေျပာရဲဖို႔ကပထမ၊ ေျပာရင္းနဲ႔မွားသြားတာကိုသိၿပီး ေနာက္တစ္ခါထပ္မမွားေတာ့ေအာင္ အမွန္ကို ေျပာတတ္ဖို႔ အဓိက (Broken English to Spoken English) ေဆာင္ပုဒ္ကုိ က်င့္သံုးေစခ်င္
ပါတယ္။ ေျပာပါ။ မွားလွ်င္ျပင္ပါ။

စကားေထာက္ (fillers) မ်ားသံုးပါ။

စကားလံုးတိုင္းကို ပီပီသသနဲ႔ ေရပက္မ၀င္ေျပာသည့္စကားကို သင္ ကြက္စိပ္ေဟာဆရာႏွင့္ ဇာတ္သဘင္ေတြမွာပဲၾကားႏိုင္ပါလိမ့္မယ္။
တကယ့္အေျပာစကားစစ္စစ္မွာေတာ့ ရပ္တဲ့ေန ရာရပ္၊ စကားထပ္သည့္ေနရာထပ္၊ အမွားျပန္ျပင္သည့္ေနရာျပင္
စသည္ျဖင့္ ေျပာၾကရတာပါ။ BBC World Service ကထုတ္တဲ့ Better Speaking ဆိုတဲ့စာအုပ္ကေလးထဲက
ဥပမာတစ္ခု ကိုေလ့လာၾကည့္ပါ။

“This was my dream, all my life and ... er... you know.... to serve for the match, suddenly I have a
match point out of nowhere, you know.... I came here, nobody even talked about
me and now I’m holding this trophy. And it’s, it’s just.... this support today
is like ... er.... I mean....I was..... er... three times in the final but
this, this is just unbelievable, this is too good... . ”

ဒါဟာ တကယ့္အျပင္မွာေျပာတဲ့အဂၤလိပ္စကားပါ။ သဒၵါမမွန္တဲ့၀ါက်၊ မျပည့္စံုတဲ့၀ါက်၊ ပါေပမယ့္ ဒီလိုပဲေျပာၾကတာပါ။ ခ်ေရးထားတ့ဲစာေၾကာင္းေတြကိုရြတ္ျပေနတာမဟုတ္ပါဘူး။
ေနာက္ၿပီး er တို႔ you know,  I mean တို႔ စတဲ့
fillers လို႔ေခၚတဲ့စကားလံုးေလးေတြနဲ႔ ေထာက္ ၿပီးေနာက္ေျပာမယ့္စကားအတြက္ စဥ္းစားခ်ိန္ယူသြားတာေတြ႔ရပါလိမ့္မယ္။

ဒါေၾကာင့္ စကားသြက္ဖို႔အတြက္ fillers ေတြကို သူ႔ေနရာႏွင့္သူ နည္းလမ္းတက်သံုးတတ္ရန္ ေလ့က်င့္ရပါမယ္။

 

စကားလံုးအသံုးအႏႈန္းကို သူ႔အတြဲႏွင့္သူေလ့လာပါ။


Learn a language in chunks ဆိုတဲ့ ဘာသာစကားေလ့လာမႈဆိုင္ရာ အဆိုအမိန္႔ေလးကို
သေဘာက်လို႔ထည့္ေရးလိုက္ပါတယ္။ ႏိုင္ငံျခားသတင္းေတြနားေထာင္ေတာ့ “coming up
next...”, “thank you for watching...” စတဲ့စကားတြဲေလးေတြကို ၾကားဖူးၾကပါလိမ့္မယ္။
နားေထာင္တာမ်ားလာေတာ့ နားလည္လာတတ္ပါတယ္။ ဒီလိုစကားလံုးတြဲေတြကို chunks ကိုေခၚပါတယ္။
၄င္းကဲ့သို႔စကားလံုးအတြဲေလးေတြကို ေလ့လာမွတ္သားထားပါက မိမိေျပာဆိုဖို႔လိုအပ္တဲ့အခါမွာ
စာလံုးတစ္လံုးခ်င္းစဥ္းစားစရာမလိုဘဲနဲ႔ အလြယ္တကူ အသံုးျပဳႏိုင္ပါလိမ့္မယ္။ အမွားအယြင္းလည္းနည္းသြားတာေပါ့။
ေနာက္တစ္ခုက collocation လို႔ေခၚတဲ့အတူတကြတြဲဖက္သံုးစြဲရတဲ့စကားလံုးေတြကိုလည္းမွတ္သားထားရပါမယ္။
do your homework လို႔ပဲသံုးေလ့ရွိၿပီး make your homework လို႔မသံုးပါဘူး။ do နဲ႔
make က ျပဳလုပ္သည္။ အတူတူပဲလို႔ ျမန္မာလိုစဥ္းစားၿပီး အဂၤလိပ္လိုဘာသာျပန္လိုက္ရင္ မွားေပလိမ့္
မည္။

ဆက္ေဆြးေႏြးပါမည္

အားလံုးကိုေလးစားလ်က္

ဇာနည္(My Way)

---------------------------------------
ရည္ညႊန္း။ ယခု post ပါ အတြးအေခၚအမ်ားစုမွာ
BBC World Service ကထုတ္တဲ့ Better Speaking ဆိုတဲ့စာအုပ္ကေလးကို အေျခခံထားပါတယ္။

စာအုပ္လိုခ်င္ရင္ေတာ့ဒီမွာယူႏိုင္ပါသည္။
အဂၤလိပ္စကားေျပာပိုေကာင္းေစရန္နည္းလမ္းမ်ား(အပိုင္း-၂) ဆက္ဖတ္လိုလွ်င္

----------------

[Unicode]

ယနေ့ခေတ်မှာ လူတိုင်းကိုမေးလိုက်။ ဘာလုပ်နေလဲ “အင်္ဂလိပ် စပီကင် တက်နေတယ်” ဟူသည့်အဖြေကို ညံညံစီစီ ကြားနေရသည်။ အင်္ဂလိပ်စာ၏အရေးကြီးပုံကို
လူတိုင်း သဘောပေါက်နေကြပြီဖြစ်သည်။ တစ်ချိန်ကလို ကျွန်လုပ်ချင်သည့်သူများအတွက် စာနှင့်
စကားဟု ယိုးစွပ်သည့်ခေတ်မဟုတ်တော့ပြီ။
သူသူငှာငှာ အင်္ဂလိပ်စကားပြောတတ်ချင် ကြသည်။ အင်္ဂလိပ်လို ဒွတ်ဒက်ရွှတ်ရှက် နှင့်ပြောနေ သူတစ်ယောက်ကို မြင်ရကြားရတိုင်း သူတို့လို
ပြောတတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာ တတ်ပါသည်။ ဒါကြောင့်လည်း ဟိုသင်တန်း ဒီသင် တန်းတွေကို
ဈေးကြီးပေးပြီး တက်ကြ ပြန်သည်။ သင်တန်းတွေကလည်း သင်ပေးကြပါသည်။ ဒါပေမယ့် တကယ့်တစ်ကယ်
မြို့ထဲမှာ တိုးရစ်တစ်ယောက်က ကိုယ့်ကို အိမ်သာ ဘယ်နေရာ မှာရှိသလဲလို့ လာလည်းမေးရော
ရင်တွေတဒိန်းဒိန်းခုန်၊ ပါးစပ်က အာစေးထည့်ထားသလို ပြောမထွက်၊ တိုးရစ်က တစ်လုံးချင်းအသံအကျယ်ကြီးထွက်ပြောတာကိုလည်း
နားမလည်၊ အင်း- အဲ လုပ်ရင်း ကိုယ်ပြောချင်တာက တစ်မျိုး၊ တစ်ကယ်ညွှန်ပြလိုက်တာက တစ်ခြားန့ဲ
ဧည့်သည် လည်း ရောက်ချင်ရာရောက်။ နောက်ပိုင်း သွေးအေးသွားသည့်အချိန်ပြန် စဉ်းစားလိုက်မှ
ငါ ဒီလို ပြောလိုက်ရင်ရတာပဲ။ ဘာဖြစ်လို့ အဲဒီလိုပြောဖို့ သတိမရခဲ့ရတာလဲ ဟု မကြေမချမ်း
နှင့် ကိုယ့်ကိုယ်ကို ပြစ်တင်ရသည့်အဖြစ်မျိုး ကြုံဖူးကြမည် ထင်ပါသည်။

 

မိမိတစ်ယောက်တည်း မဟုတ်ပါ။ စာသင်သားအများစုဖြစ်ပါသည်။ အင်္ဂလိပ်စကားကို သွက်သွက်လက်လက်နှင့် ကိုယ်ပြောတာကို သူများနားလည်၊
သူများပြောတာကိုလည်း ကိုယ်ကနားလည် ဖြစ်ချင်ပါက အောက်ပါနည်းလမ်းများက မိမိဆန္ဒများကို
ဖြည့်ဆည်း ပေးနိုင်ပါလိမ့်မည်။

 
အင်္ဂလိပ်ဘာသာစကားကို ဘာကြောင့်တတ်ချင်ရတာလဲ

အင်္ဂလိပ်စာသင်ကြားပေးနေတဲ့ ဆရာတစ်ဦးအနေနဲ့ ဒီမေးခွန်းကို သင်တန်းသား များစွာကို အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးပါတယ်။
အများစုကတော့ အင်မတန်ယျေဘုယျ ကျတဲ့ အဖြေ ကိုပဲပေးတတ်ကြပါတယ်။

”အင်္ဂလိပ်လိုပြောတတ်ချင်လို့”  ”I want to speak English.”

”အင်္ဂလိပ်စာတိုးတက်ချင်လို့”    ”I want to improve my English.”

”အင်္ဂလိပ်စာက နိုင်ငံတကာသုံးဘာသာဖြစ်လို့”  ”... because English is an international language.”

နည်းနည်းလေးတိုးတက်တဲ့ တပည့်တွေကတော့ . . .

”အလုပ်အတွက်လိုအပ်လို့”     ”I need it for my job.”

”ပညာရေးအတွက် လိုအပ်လို့”   ”I need it for my study.”

 

ဒီအဖြေတွေမှားသလားဆိုတော့ မမှားပါဘူး။ ဒါပေမယ့် မပြည့်စုံပါဘူး။ အင်္ဂလိပ်စကားကို ပြော တတ်ချင်လို့ ဆိုတဲ့သူကို
ဘာလို့ပြောတတ်ချင်ရတာလဲ။ ဘယ်လိုပြောချင်တာလဲ၊ ဘာအတွက် ပြောမှာလဲ၊ ဘယ်နေရာမှာပြောမှာလဲ၊
ဘယ်လောက်ပြောတတ်ချင်တာလဲ  . ..  စတဲ့မေးခွန်းတွေ ဆက်မေးလျှင်တော့ ရေရေရာရာမရှိဘဲ
ဟိုလိုလိုဒီလိုလိုအဖြေတွေသာ ရတတ်ပါတယ်။

ဒါကြောင့် ဘာဖြစ်လို့ အင်္ဂလိပ်စကားပြောချင်ရတာလဲဆိုတာကို မိမိကိုယ်မိမိသိအောင် ဦးစွာ လုပ်သင့်ပါတယ်။ ရည်ရွယ်ချက်အပေါ်မူတည်ပြီး လေ့လာရမည့်
နည်းစနစ် ကွဲပြားသွား နိုင်ကြောင်းသဘောပေါက်ထားရမှာဖြစ်ပါတယ်။

 

နိုင်ငံခြားကိုဈေးသွား၀ယ်မယ့်သူတစ်ယောက်အတွက် သင်ခန်းစာနဲ့ ကျောင်းသွားတက်မယ့် ကျောင်းသားတစ်ယောက်ရဲ့ အင်္ဂလိပ်ဘာသာစကားစွမ်းရည် လိုအပ်ချက်
ဘယ်လိုမှ မတူနိုင်ပါဘူး။ ဒီလိုပဲ ၄င်းစွမ်းရည်တွေတတ်ကျွမ်းအောင် လေ့ကျင့်သင်ကြားရမည့်နည်းနာ
တွေလည်း ကွဲပြားမည်ဆိုတာ သိသာလှပါတယ်။

 

မိမိကိုယ်မိမိ ယုံကြည်ရဲဝံ့ပါ။

စကားပြောရခြင်း၏ အခြေခံအကျဆုံးနှင့်အဓိကအကျဆုံး ရည်ရွယ်ချက်သည် “ဆက်သွယ်ခြင်း”  သတင်းပေးဖို့
/ယူဖို့ အတွက်ဖြစ်သည်။ (communication purpose) မိမိအင်္ဂလိပ်လို ပြောတတ်ကြောင်း ကြွားဝါဖို့မဟုတ်၊
ဂုဏ်ယူဖို့ မဟုတ်။ (စာဖတ်သူအနေဖြင့် ခေတ္တရပ်၍ စဉ်းစားကြည့်ပါ။ မှန်သည်ဟုယူဆပါက ဆက်ဖတ်ပါ။)

 

ကိုယ်ပြောတာ၊ ရေးတာမှန်သမျှ အကောင်းဆုံးဖြစ်ချင်လျှင် ရှိတ်စပီးယားထံမှာ သင်ယူပါ။

သင်ဟာ ရှိတ်စပီးယားမဟုတ်ပါ။ မတ်တွိန်းမဟုတ်ပါ။ ဂျက်လန်ဒန်မဟုတ်ပါ။ ဂျိန်းအော်စတင် မဟုတ်ပါ။

သင်သည် သာမန်  အင်္ဂလိပ်စာလေ့လာသူတစ်ဦးသာဖြစ်သည်။ သူတို့ကဲ့သို့ အပြောင်မြောက် ဆုံးစကားပြေ သို့မဟုတ် အပြောစကားမျိုး ဖန်တီးရန်သင့်မှာ တာ၀န်မရှိပါ။
သင့်မှာ မှားနှိုင်ခွင့် ရှိပါသည်။ မှားမှာကို မကြောက်ပါနှင့်။ အမှားတွေ့ဖူးမှ အမှန်ကိုသိပါမည်။
အမှားကို ကြောက်နေပါက သင်ဘာမျှ ဖန်တီးဖို့ သတ္တိရှိမည် မဟုတ်ပါ။ Guiora (1973) ဆိုတဲ့ပညာရှင်
ကတော့ ၄င်းဖြစ်စဉ်မျိုးကို ego permeability မရှိခြင်းလို့ခေါ်ပါတယ်။ဒါကြောင့် အင်္ဂလိပ် စကားသွက်သွက် လက်လက် ပြောချင်ရင်
လူရှေ့ သူရှေ့မှာ ပြောရဲဖို့အားမွေးထားပါ။

(ချွင်းချက်။ ပင်ကိုယ်က နှုတ်နည်းသူ၊ အရှက်အကြောက်ကြီးသူတွေအဖို့ ကိုယ့်မိခင်ဘာသာ စကားနဲ့တောင်ပြောရဆိုရမှာခက်နေကြတော့ အင်္ဂလိပ်လိုဆိုလျှင်တော့
အင်မတန်၀န်လေးစ ရာပင်။ ထိုသူများအတွက်တော့ သီးခြားရေးပါမည်။)

 

မှန်ဖို့အဓိကလား သွက်ဖို့အဓိကလား (Accuracy vs Fluency)

 

တက္ကသိုလ်က အင်္ဂလိပ်စာ ကထိကတစ်ယောက်။ စာရေးလျှင်တစ်လုံးမှမှား၊ စကားပြောလျှင် တော စာတစ်ကြောင်းပြောဖို့ မနည်းစဉ်းစားပြီးထစ်ငေါ့ထစ်ငေါ့ပြောရသည်။
(မယုံမရှိပါနှင့်။ ကျွန်တော့် ကိုယ်တွေ့ပါ)

သံရုံးမှာလုပ်သည့် ထမင်းချက်တစ်ယောက်။ စာတစ်လုံးမှ မတတ်။ အင်္ဂလိပ်လိုပြောလျှင်တော့ လျှောကနဲ။ တက္ကသိုလ်ဆရာက ထမင်းချက် ပြောသမျှ
သဒ္ဒါနည်းလမ်းမကျဟုထင်သည်။ တကယ်လည်းမှားနေသည်။ ဒါပေမယ့် သူက မှားပေမယ့် သွက်သည်။ သူ့စကားကို
တစ်ဖက် လူနားလည်သည်။ ဟိုဆရာကတော့ မမှား။ ဒါပေမယ့် မသွက်။ ထစ်ငေါ့နေတော့ သူပြောသမျှ
စကားကို ဆက်စပ်စဉ်းစားပြီးနားလည်ဖို့ တစ်ဖက်လူမှာ စိတ်မရှည်၊ နားမလည်။ နောက်ဆုံး တော့
ဆက်သွယ်ရေးမအောင်မြင် (communication breakdown) ဖြစ်ရတော့တာပေါ့။

++++++++++++++++++++++++++++++++++++++++++++++++

သွက်ဖို့ အဓိကလား၊ မှန်ဖို့ အဓိကလားဆိုတာ သင်ကိုယ်တိုင်ရဲ့ အင်္ဂလိပ်ဘာသာကို အသုံးချ ရမည့် အခြေအနေအပေါ် မူတည်ပြီးသာ
ဆုံးဖြတ်ရပေမည်။

++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော်၏အယူအဆအရဆိုလျှင် စကားပြောရာမှာ သွက် ဖို့ကအရင်ဖြစ်သင့်ပါသည် (fluency first)။  မှန်ဖို့ကနောက်မှ လိုက်သင့်ပါသည်(Accuracy
later)။ စာရေးလျှင်တော့ မှန်ဖို့နှင့်တိကျဖို့က အရေးအကြီးဆုံးဟု ၀န်ခံပါသည်။
ဒီနေရာမှာ ပြောချင်တာ တစ်ခုက သွက်သွက်လက်လက်ပြောတတ်ခြင်းဆိုတာ ကိုယ့်နောက်က ကျားလိုက်သလို
စကားကို အသက်မရှူဘဲပြောချင်းမဟုတ်ပါ။ ကိုယ်ပြောချင်တာကို သဒ္ဒါနည်းအရ မှားနေသော်လည်း
နားထောင်သူ နားလည်အောင် အထစ်အငေါ့မရှိ ပြောတတ်ခြင်းကိုဆိုလိုပါတယ်။

 

အင်္ဂလိပ်စကားပဲပြောပြော၊ မြန်မာစကားပဲပြောပြော၊ မိခင်ဘာသာစကားကိုပြောသူများ သဒ္ဒါ နည်းမကျသည့်ဝါကျများကိုပြောနေကြသည်မှာအဆန်းမဟုတ်ပါ။
”I don’t want no money” ကဲ့သို့ double negative များကို ဟောလီး၀ုဒ်၏နာမည်ကြီးသရုပ်ဆောင်များ
ပြောနေကြပါ သည်။ ကျွန်တော်တို့လည်း ”ဥက္ကဌကြီးအား မိန့်ခွန်းပြောကြားပေးပါရန်......”
ဆိုသည့် စကားအမှားကို ပြောလွန်း၍ ကြည့်မရသည့် မြန်မာစာဌာနက နေ့တိုင်း မြန်မာစာ မြန်မာစကား
ဆိုသည့်အစီအစဉ်ကို ရုပ်မြင်သံကြားတွင် ထုတ်လွှင့်နေရသည်မဟုတ်ပါလော။

ထို့ကြောင့် မိခင်ဘာသာစကားကို ပြောသူများပင် သဒ္ဒါ အမှား ပြောမိသည်ဆိုပါက ကျွန်တော် တို့လို နိုင်ငံခြားဘာသာအဖြစ်
သင်ယူသူများအတွက် အမှားဆိုတာ ကြောက်စရာတစ်ခု မဖြစ်သင့်ပါ။

ဒီလိုပြောလို့လည်း မှားချင်မှားပါစေ။ ကိုယ်ပြောချင်တာအရမ်းကာရော လျှောက်ပြောရလျှင် ပြီးရောလို့ မတိုက်တွန်းပါဘူး။

ကျွန်တော်တိုက်တွန်းချင်တာက ပြောရဲဖို့ကပထမ၊ ပြောရင်းနဲ့မှားသွားတာကိုသိပြီး နောက်တစ်ခါထပ်မမှားတော့အောင် အမှန်ကို ပြောတတ်ဖို့ အဓိက (Broken English to Spoken English) ဆောင်ပုဒ်ကို ကျင့်သုံးစေချင်
ပါတယ်။ ပြောပါ။ မှားလျှင်ပြင်ပါ။

 

စကားထောက် (fillers) များသုံးပါ။

စကားလုံးတိုင်းကို ပီပီသသနဲ့ ရေပက်မ၀င်ပြောသည့်စကားကို သင် ကွက်စိပ်ဟောဆရာနှင့် ဇာတ်သဘင်တွေမှာပဲကြားနိုင်ပါလိမ့်မယ်။
တကယ့်အပြောစကားစစ်စစ်မှာတော့ ရပ်တဲ့နေ ရာရပ်၊ စကားထပ်သည့်နေရာထပ်၊ အမှားပြန်ပြင်သည့်နေရာပြင်
စသည်ဖြင့် ပြောကြရတာပါ။ BBC World Service ကထုတ်တဲ့ Better Speaking ဆိုတဲ့စာအုပ်ကလေးထဲက
ဥပမာတစ်ခု ကိုလေ့လာကြည့်ပါ။

“This was my dream, all my life and ... er... you know.... to serve for the match, suddenly I have a
match point out of nowhere, you know.... I came here, nobody even talked about
me and now I’m holding this trophy. And it’s, it’s just.... this support today
is like ... er.... I mean....I was..... er... three times in the final but
this, this is just unbelievable, this is too good... . ”

 

ဒါဟာ တကယ့်အပြင်မှာပြောတဲ့အင်္ဂလိပ်စကားပါ။ သဒ္ဒါမမှန်တဲ့ဝါကျ၊ မပြည့်စုံတဲ့ဝါကျ၊ ပါပေမယ့် ဒီလိုပဲပြောကြတာပါ။ ချရေးထားတ့ဲစာကြောင်းတွေကိုရွတ်ပြနေတာမဟုတ်ပါဘူး။
နောက်ပြီး er တို့ you know,  I mean တို့ စတဲ့
fillers လို့ခေါ်တဲ့စကားလုံးလေးတွေနဲ့ ထောက် ပြီးနောက်ပြောမယ့်စကားအတွက် စဉ်းစားချိန်ယူသွားတာတွေ့ရပါလိမ့်မယ်။

ဒါကြောင့် စကားသွက်ဖို့အတွက် fillers တွေကို သူ့နေရာနှင့်သူ နည်းလမ်းတကျသုံးတတ်ရန် လေ့ကျင့်ရပါမယ်။

 

စကားလုံးအသုံးအနှုန်းကို သူ့အတွဲနှင့်သူလေ့လာပါ။

Learn a language in chunks ဆိုတဲ့ ဘာသာစကားလေ့လာမှုဆိုင်ရာ အဆိုအမိန့်လေးကို
သဘောကျလို့ထည့်ရေးလိုက်ပါတယ်။ နိုင်ငံခြားသတင်းတွေနားထောင်တော့ “coming up
next...”, “thank you for watching...” စတဲ့စကားတွဲလေးတွေကို ကြားဖူးကြပါလိမ့်မယ်။
နားထောင်တာများလာတော့ နားလည်လာတတ်ပါတယ်။ ဒီလိုစကားလုံးတွဲတွေကို chunks ကိုခေါ်ပါတယ်။
၄င်းကဲ့သို့စကားလုံးအတွဲလေးတွေကို လေ့လာမှတ်သားထားပါက မိမိပြောဆိုဖို့လိုအပ်တဲ့အခါမှာ
စာလုံးတစ်လုံးချင်းစဉ်းစားစရာမလိုဘဲနဲ့ အလွယ်တကူ အသုံးပြုနိုင်ပါလိမ့်မယ်။ အမှားအယွင်းလည်းနည်းသွားတာပေါ့။
နောက်တစ်ခုက collocation လို့ခေါ်တဲ့အတူတကွတွဲဖက်သုံးစွဲရတဲ့စကားလုံးတွေကိုလည်းမှတ်သားထားရပါမယ်။
do your homework လို့ပဲသုံးလေ့ရှိပြီး make your homework လို့မသုံးပါဘူး။ do နဲ့
make က ပြုလုပ်သည်။ အတူတူပဲလို့ မြန်မာလိုစဉ်းစားပြီး အင်္ဂလိပ်လိုဘာသာပြန်လိုက်ရင် မှားပေလိမ့်
မည်။

ဆက်ဆွေးနွေးပါမည်

အားလုံးကိုလေးစားလျက်

ဇာနည်(My Way)

---------------------------------------
ရည်ညွှန်း။ ယခု post ပါ အတွးအခေါ်အများစုမှာ BBC World Service ကထုတ်တဲ့ Better Speaking ဆိုတဲ့စာအုပ်ကလေးကို အခြေခံထားပါတယ်။

စာအုပ်လိုချင်ရင်တော့ဒီမှာယူနိုင်ပါသည်။
အင်္ဂလိပ်စကားပြောပိုကောင်းစေရန်နည်းလမ်းများ(အပိုင်း-၂) ဆက်ဖတ်လိုလျှင်

Views: 20456

Reply to This

Replies to This Discussion

thanks for this... i am agree with you.... post it if u have a free time... really good .....

well,.. I think we both have a common believe in learning English.

Thanks. It is very useful.

အဂၤလိပ္စာေလ့လာေနတဲ့သူအတြက္
အက်ိဳးရွိေစတဲ့ Post တစ္ခုပါ

က်ေန္ာဖတ္ခဲ့ဖူးတဲ့ ဆရာခ်စ္ဖူး ေရးတဲ့စာအုပ္မွာလည္း အဲ့လိုေရးတာေတြ႕ဖူးတယ္

ေက်းဇူးပါပဲ
ခင္မင္စြာျဖင့္
ညအလကၤာ
Thank you for your useful post. I agree with you too.
ဟုတ္ကဲ့ ပို ့စ္ေလးကို ၾကိ ူက္ပါတယ္ ဆက္ေရးပါ
ွမွတ္သားခြင္႔ရလို႕ ေက်းဇူးပါ...
English ေလ့လာေနသူေတြအတြက္ အက်ိဳးရွိေစတဲ့ Post ေလးပါ.. ဆက္လက္ေရးသားေပးေစခ်င္ပါတယ္..
အခုလို သိတာေလးေတြကို ျဖန္႕ေ၀ေပးတဲ့အတြက္ ေက်းဇူးအထူးတင္ပါတယ္..
ေကာင္းလိုက္တာ သူငယ္ခ်င္း၇ယ္
ငါ ေတာင္မစဥ္းစားမိတာေတြစဥ္းစားမိတယ္ဆိုုေတာ့ ေတာ္တယ္ကြာ

ငါ က ေျပာ၇မွာ အ၇မ္းေျကာက္တာေလ
မွားမွာဆိုးလို႔ေပါ့

ငါေတာ့ ခိုက္သြားျပီသိလား "Broken English to Spoken English" that good for me.

thank
i may try that word.
တကယ္ကုိ ေလ့လာသူမ်ားကုိ အက်ိဳးရိွေစပါတယ္။
thanks for your kindness!may be happy forever!
Thank you for your post. It's really useful.
It's great! Thanks.

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service