ဘာသာစကား လေ့လာတဲ့အခါ စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။ အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်းမတူတာတွေ၊ စကားလုံးတူပေမယ့် အဓိပ္ပယ်မတူတာတွေ စသည့်အချက်တွေကို ဘာသာစကား လေ့လာသူတိုင်း မလွဲမသွေ တွေ့ကြုံကြရမှာပါ။

ဥပမာ - “တိုက်သည်” ဆိုသည့် မြန်မာ စကားလုံး တစ်လုံး သည် ဝါကျအပေါ်တွင် မူတည်က အဓိပ္ပာယ် ပြောင်းလည်းသွားသည်ကို တွေ့နိုင် ပါတယ်။

-       ရေ တိုက် သည်။

-       အဖြေ တိုက် သည်။

-       ခလုပ် တိုက် သည်။

-       ကော်ပတ် တိုက် သည်။

ဖော်ပြပါ ဝါကျများကို ကြည့်လျှင် စကားလုံး တူသော်လည်း အဓိပ္ပာယ်မတူသည်ကို တွေ့နိုင်ပါတယ်။ အင်္ဂလိပ်ဘာသာစကား လေ့လာရာတွင်လည်း အလားတူ အဖြစ်များ များ စွာရှိပါတယ်။

 

ဒီတစ်ပတ်မှာ “fast” ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းတွေကို လေ့လာကြရအောင် ….

 

Fast (adj) = မြန်သော

-       Fast train (အမြန်ရထား)

-       My watch is fast. (ကျွန်တော့် နာရီက မြန်နေတယ်)

 

Fast (adj) = ခိုင်သော၊ ဆေးခိုင်သော

-       Make a boat fast. (လှေကို မြဲမြဲ/ခိုင်ခိုင် ချည်ထားပါ)

-       Colour is fast. (ဆေးခိုင်သည်)

-       Colour is not fast. (ဆေးမခိုင်)

 

Fast (adv) = လျှင်မြန်စွာ၊ အမြန်၊ မြန်မြန်

-       Don’t drive so fast! (မြန်မြန် မမောင်းပါနဲ့)

 

Fast (adv) = ခိုင်မြဲစွာ၊ နှစ်နှစ်ခြိုက်ခြိုက်

-       The nail is stuck fast on the wall. (သံက နံရံမှာ ခိုင်ခိုင်မာမာ စိုက်ထားတယ်။)

-       He falls fast asleep. (သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ်။)

 

Fast (v) = အစာမစားပဲ နေသည်။

-       One day a week he fasts for health reasons. (ကျန်းမာရေးအတွက် တစ်ပတ်မှာ တစ်ရက် သူ အစာမစားဘဲ နေတယ်။)

 

Fast (n) = အစာမစားဘဲ နေသည့်အချိန်

-       Hundreds of prisoners began a fast in protest about prison conditions. (အကျဉ်းသား ရာချီ၍ စတင်ကာ အစာငတ်ခံ ကန့်ကွက် ဆန္ဒပြကြသည်။)

 

Breakfast - နံနက်စာ (တစ်ညလုံး အစာမစားဘဲနေသည် fast ကို စတင်ချိုးဖျက် break လုပ်လိုက်သည့် အတွက် breakfast ဟုသုံးစွဲခြင်း ဖြစ်သည်။)

 

Fast day - ဥပုသ်နေ့

Fast keeper - ဥပုသ်သည်(ဥပုသ်စောင့်သူ)

Fast food (အလွယ်တကူ/ မြန်မြန်ဆန်ဆန်စားနိုင်သည့် အစားအစာ)

 

 

အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ စကားလုံး အသုံးအနှုန်း ကြွယ်ဝ ကြပါစေ ……

 

အောင်ကိုဦး (UMK)

Be the Best !

 

Views: 1597

Reply to This

Replies to This Discussion

"First come, first served" လို့ထင်ပါတယ်။
ကောင်းပါတယ်

Thanks for your words and application.

So good and thanks

စကားလုံးတွေကိုကြွယ်ကြွယ်၀၀နဲ့ တင်ပြပေးလို့ကျေးဇူးတင်ပါတယ်........

thanks for your lesson...

ကိုအောင်ကိုဦး ရေ ကျေးဇူးပြု ပြီးတော့ ဒီနေ့ပြောတဲ့ ရေတိုက်၊ကော်ပတ်တိုက် စ တဲ့ တိုက်တာတွေရယ်၊ မနေ့က ပြောတဲ့ မီးမွှေး မီးညှိ မီးထွန်း စ တဲ့တဲ့ မီး နဲ့ ပါတ်သက်တဲ့ လုပ်ဆောင်ချက်တွေရယ် တင်ပေးပါဦး။

thanks.

Thanks Sayar

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service