[Zawgyi]

ရံုးတြင္းအဂၤလိပ္စကား

 

႐ံုးေတြမွာအလုပ္လုပ္ၾကတဲ့အခါအခ်င္းခ်င္းေျပာဆိုဆက္ဆံရတာေတြအမ်ားႀကီးရွိပါတယ္။ ဘယ္ပစၥည္းဘယ္မွာရွိတာ၊ အသံုးအေဆာင္ပစၥည္းေလးေတြငွားတာကအစ ပရင္တာအလုပ္မလုပ္တာမ်ိဳး၊ ကိုယ္မွာထားတဲ့ပစၥည္းဒီေန႔ဘာေၾကာင့္မေရာက္တာလဲစိတ္ပူတာမ်ိဳးေတြကအစ ေျပာစရာေတြတပံုႀကီးပါ။ ဒီေတာ့ အဂၤလိပ္စကားကို႐ံုးတြင္းေျပာဆိုရမယ့္အေျခအေနအတြင္းမွာအေျခခံထားတဲ့ သင္ခန္းစာတစ္ခ်ိဳ႕တင္ျပသြားပါမယ္။

 

စက္ပစၥည္းျပႆနာမ်ား Machine Problems

ေခတ္သစ္ရံုးခန္းေတြဟာ ရံုးသုံးစက္ပစၥည္းေတြ office automation  ေတြနဲ႔တန္ဆာဆင္ထားၾကပါတယ္။ စက္ပစၥည္းျဖစ္ေလေတာ့ အခ်ိန္တန္တဲ့အခါ၊ လူမ်ားလက္မ်ားတဲ့အခါ၊ မွားယြင္းအသံုးျပဳမိတဲ့အခါ ပ်က္တတ္ပါတယ္။ “ပရင္တာပ်က္တယ္။ စာရြက္ညပ္တယ္။ ျပင္ရမယ္။ စာရြက္ကုန္သြားၿပီ။ ထပ္မွာရမယ္” စတာေတြကို ေအာက္ပါအတိုင္းေျပာႏိုင္တယ္။

 

  • "Do you know what's wrong with the printer?" 
    ပရင္တာဘာျဖစ္လဲသိလားဟင္။

  • "Who do we call to report a problem with the printer?"
    ပရင္တာျဖစ္တာ ဘယ္သူ႔ကိုေခၚရမွာလဲ။

  • "When is the printer going to be fixed?"
    ပရင္တာဘယ္ေတာ့ျပင္ၿပီးမွာလဲ။

  • "The printer next to the break room is broken. Where is the other printer?"
    နားေနခန္းေဘးကပရင္တာပ်က္ေနတယ္။ တျခားပရင္တာဘယ္မွာလဲ။

  • "The copy machine is jammed again."
    မိတၱဴကူးစက္ စာရြက္ညပ္ျပန္ၿပီ။

  • "The copy machine is broken."
    မိတၱဴကူးစက္ပ်က္ေနတယ္။

  • "We need to get the copy machine fixed."
    မိတၱဴကူးစက္ကိုျပင္ခိုင္းရမယ္။

  • "A technician is coming this afternoon to fix the copy machine."
    ဒီေန႔လယ္ မိတၱဴကူးစက္ျပင္ဖို႔ စက္ျပင္ဆရာလာလိမ့္မယ္။

  • "Where is the paper for the copy machine?"
    မိတၱဴကူးစက္နဲ႔သံုးတဲ့စာရြက္ဘယ္မွာလဲ။

  • "We need to order more paper. We're running low."
    စာရြက္ပိုမွာရမယ္။ ကုန္ေတာ့မယ္။

 

စာပို႔ခန္း Mail Room

ကုမၸဏီႀကီးမ်ားမွာေတာ့ mail room ဆိုတာရွိပါတယ္။ ၀န္ထမ္းတစ္ေယာက္ခ်င္းအတြက္ ကိုယ္ပိုင္ mail box ကေလးေတြထားေပးထားတယ္။ အသံုး၀င္မယ့္စာေၾကာင္းတစ္ခ်ိဳ႕ပါ။ mail အစားယခုေခတ္ email အတြက္လည္းအသံုး၀င္ပါတယ္။

 

  • "Where is the mail room?"
    စာပို႔ခန္း ဘယ္မွာလဲ။

  • "I don't have a mail box. Who should I contact to get one?"
    ကၽြန္ေတာ့္မွာ စာတိုက္ပံုးမရွိေသးဘူး။ ဘယ္သူနဲ႔ဆက္သြယ္ၿပီးရေအာင္လုပ္ရမလဲ။

  • "Your mail box was pretty full. You should go pick them up."
    ခင္ဗ်ားစာတိုက္ပံုးျပည့္ေနၿပီ။ သြားယူလိုက္ဦး။

  • "I haven't checked my mail in 2 weeks."
    စာေတြမစစ္တာ ႏွစ္ပတ္ရွိၿပီ။

  • "What time does the delivery person usually come?"
    စာပို႔သမားဘယ္အခ်ိန္လာေလ့ရွိလဲ။

 

ကုမၸဏီႀကီးၿပီဆိုလွ်င္  အေဆာက္အဦးကလည္းႀကီး အခန္းေတြကလည္းမ်ားနဲ႔ ႐ံုးတြင္းမွာတင္ စာပို႔ စာယူလုပ္ရတာသဘာ၀ပါ။ ဥပမာ စာရင္းစစ္ဌာနကို စာရင္းဇယားေတြပို႔ခ်င္တယ္ဆိုရင္ Inter Office mail service ႐ံုးတြင္းစာပို႔စံနစ္ (IO) ကိုသံုးရပါတယ္။

 

အသံုးအေဆာင္ပစၥည္းမ်ားေတာင္းခံျခင္း Requesting Equipment

လုပ္ငန္းႀကီးလွ်င္ႀကီးသလို လုပ္ငန္း၏အသံုးအေဆာင္၊ ကိရိယာတန္ဆာပလာ ေတြမ်ားလာသည့္အခါ store, warehouse လိုသီးသန္႔ဌာနတစ္ခုကေန ထုတ္ယူသံုးစြဲရပါတယ္။ အဲဒီအခါမွာေအာက္ပါစကားတို႔ကို ေျပာဖို႔လိုအပ္လာပါမယ္။

 

  • "I'm out of staples. Do we have any more in the supply room?"
    စာအုပ္ခ်ဳပ္အပ္ ကုန္ေနၿပီ။ စတိုခန္းထဲမွာ ရွိေသးလား။

  • "The supply room is running low on pens. I think we should get more."
    စတိုခန္းမွာ ေဘာပင္ကုန္ကာနီးေနၿပီ။ ထပ္မွာရမယ္ထင္တယ္။

  • "My monitor is very old. It's a little blurry and it gives me a headache when I look at it for a long duration. Could I get a new monitor?"
    ကၽြန္ေတာ့္ေမာ္နီတာကအရမ္းေဟာင္းေနၿပီ။ နည္းနည္းမႈန္၀ါး၀ါးျဖစ္ေနေတာ့ ၾကာၾကာၾကည့္လိုက္ရင္ ေခါင္းမူးလာတယ္။ ေမာ္နီတာအသစ္ရႏိုင္မလား။

  • "My computer is too slow. It slows down my work. I would like a faster computer. It will increase my efficiency on many of my tasks."
    ကၽြန္ေတာ့္ကြန္ပ်ဴတာကအရမ္းေလးေနတယ္။ အလုပ္ဖင့္တယ္။ ကြန္ပ်ဴတာအသစ္တစ္လံုး ေလာက္လိုခ်င္တယ္။ ကၽြန္ေတာ့္ရဲ႕လုပ္ငန္းေဆာင္တာေတြမွာပိုတြင္က်ယ္လာပါလိမ့္မယ္။

  • "I would like an ergonomic keyboard. I can type much faster with those."
    ergonomic keyboard တစ္ခုေလာက္လိုခ်င္တယ္။ အဲဒါနဲ႔ဆိုပိုျမန္ျမန္႐ုိက္ႏိုင္မယ္။

    *** ergonomic (adj) လုပ္ငန္းခြင္ႏွင့္လုပ္အားစြမ္းရည္ျမွင့္တင္ေရး။ (၄င္းစံအရထုတ္လုပ္ထားေသာအသံုးအေဆာင္ပစၥည္း)

  • "Can I get a new chair? This one is so uncomfortable."
    လားထိုင္အသစ္တစ္လံုးေလာက္ရႏိုင္မလား။ ဒီတစ္လံုးကထိုင္ရတာအဆင္မေျပဘူး။

  • "Can you get me a headset for the telephone? I'm on the phone most of the day and I would like to free up my hands."
    တယ္လီဖုန္းအတြက္နားၾကပ္တစ္ခုေလာက္ေပးႏိုင္မလား။ တစ္ေနကုန္ဖုန္းေျပာေနရေတာ့ လက္နဲ႔မကိုင္ဘဲထားခ်င္တယ္။ (လက္နဲ႔အလုပ္လုပ္ႏိုင္ေအာင္)

 

ကၽြန္ေတာ္ေရးထားသမွ်ကိုဖတ္ခ်င္လွ်င္ဒီမွာေလ့လာႏိုင္ပါသည္။

ဇာနည္(MyWay)

Broken English to Spoken English

09 448 033 674

[Unicode]

ရုံးတွင်းအင်္ဂလိပ်စကား
 
ရုံးတွေမှာအလုပ်လုပ်ကြတဲ့အခါအချင်းချင်းပြောဆိုဆက်ဆံရတာတွေအများကြီးရှိပါတယ်။ ဘယ်ပစ္စည်းဘယ်မှာရှိတာ၊ အသုံးအဆောင်ပစ္စည်းလေးတွေငှားတာကအစ ပရင်တာအလုပ်မလုပ်တာမျိုး၊ ကိုယ်မှာထားတဲ့ပစ္စည်းဒီနေ့ဘာကြောင့်မရောက်တာလဲစိတ်ပူတာမျိုးတွေကအစ ပြောစရာတွေတပုံကြီးပါ။ ဒီတော့ အင်္ဂလိပ်စကားကိုရုံးတွင်းပြောဆိုရမယ့်အခြေအနေအတွင်းမှာအခြေခံထားတဲ့ သင်ခန်းစာတစ်ချို့တင်ပြသွားပါမယ်။
 
စက်ပစ္စည်းပြဿနာများ Machine Problems

ခေတ်သစ်ရုံးခန်းတွေဟာ ရုံးသုံးစက်ပစ္စည်းတွေ office automation  တွေနဲ့တန်ဆာဆင်ထားကြပါတယ်။ စက်ပစ္စည်းဖြစ်လေတော့ အချိန်တန်တဲ့အခါ၊ လူများလက်များတဲ့အခါ၊ မှားယွင်းအသုံးပြုမိတဲ့အခါ ပျက်တတ်ပါတယ်။ “ပရင်တာပျက်တယ်။ စာရွက်ညပ်တယ်။ ပြင်ရမယ်။ စာရွက်ကုန်သွားပြီ။ ထပ်မှာရမယ်” စတာတွေကို အောက်ပါအတိုင်းပြောနိုင်တယ်။

  • "Do you know what's wrong with the printer?" 
    ပရင်တာဘာဖြစ်လဲသိလားဟင်။
  • "Who do we call to report a problem with the printer?"
    ပရင်တာဖြစ်တာ ဘယ်သူ့ကိုခေါ်ရမှာလဲ။
  • "When is the printer going to be fixed?"
    ပရင်တာဘယ်တော့ပြင်ပြီးမှာလဲ။
  • "The printer next to the break room is broken. Where is the other printer?"
    နားနေခန်းဘေးကပရင်တာပျက်နေတယ်။ တခြားပရင်တာဘယ်မှာလဲ။
  • "The copy machine is jammed again."
    မိတ္တူကူးစက် စာရွက်ညပ်ပြန်ပြီ။
  • "The copy machine is broken."
    မိတ္တူကူးစက်ပျက်နေတယ်။
  • "We need to get the copy machine fixed."
    မိတ္တူကူးစက်ကိုပြင်ခိုင်းရမယ်။
  • "A technician is coming this afternoon to fix the copy machine."
    ဒီနေ့လယ် မိတ္တူကူးစက်ပြင်ဖို့ စက်ပြင်ဆရာလာလိမ့်မယ်။
  • "Where is the paper for the copy machine?"
    မိတ္တူကူးစက်နဲ့သုံးတဲ့စာရွက်ဘယ်မှာလဲ။
  • "We need to order more paper. We're running low."
    စာရွက်ပိုမှာရမယ်။ ကုန်တော့မယ်။

စာပို့ခန်း Mail Room

ကုမ္ပဏီကြီးများမှာတော့ mail room ဆိုတာရှိပါတယ်။ ၀န်ထမ်းတစ်ယောက်ချင်းအတွက် ကိုယ်ပိုင် mail box ကလေးတွေထားပေးထားတယ်။ အသုံးဝင်မယ့်စာကြောင်းတစ်ချို့ပါ။ mail အစားယခုခေတ် email အတွက်လည်းအသုံးဝင်ပါတယ်။

  • "Where is the mail room?"
    စာပို့ခန်း ဘယ်မှာလဲ။
  • "I don't have a mail box. Who should I contact to get one?"
    ကျွန်တော့်မှာ စာတိုက်ပုံးမရှိသေးဘူး။ ဘယ်သူနဲ့ဆက်သွယ်ပြီးရအောင်လုပ်ရမလဲ။
  • "Your mail box was pretty full. You should go pick them up."
    ခင်ဗျားစာတိုက်ပုံးပြည့်နေပြီ။ သွားယူလိုက်ဦး။
  • "I haven't checked my mail in 2 weeks."
    စာတွေမစစ်တာ နှစ်ပတ်ရှိပြီ။
  • "What time does the delivery person usually come?"
    စာပို့သမားဘယ်အချိန်လာလေ့ရှိလဲ။

ကုမ္ပဏီကြီးပြီဆိုလျှင်  အဆောက်အဦးကလည်းကြီး အခန်းတွေကလည်းများနဲ့ ရုံးတွင်းမှာတင် စာပို့ စာယူလုပ်ရတာသဘာဝပါ။ ဥပမာ စာရင်းစစ်ဌာနကို စာရင်းဇယားတွေပို့ချင်တယ်ဆိုရင် Inter Office mail service ရုံးတွင်းစာပို့စံနစ် (IO) ကိုသုံးရပါတယ်။
 
အသုံးအဆောင်ပစ္စည်းများတောင်းခံခြင်း Requesting Equipment

လုပ်ငန်းကြီးလျှင်ကြီးသလို လုပ်ငန်း၏အသုံးအဆောင်၊ ကိရိယာတန်ဆာပလာ တွေများလာသည့်အခါ store, warehouse လိုသီးသန့်ဌာနတစ်ခုကနေ ထုတ်ယူသုံးစွဲရပါတယ်။ အဲဒီအခါမှာအောက်ပါစကားတို့ကို ပြောဖို့လိုအပ်လာပါမယ်။

  • "I'm out of staples. Do we have any more in the supply room?"
    စာအုပ်ချုပ်အပ် ကုန်နေပြီ။ စတိုခန်းထဲမှာ ရှိသေးလား။
  • "The supply room is running low on pens. I think we should get more."
    စတိုခန်းမှာ ဘောပင်ကုန်ကာနီးနေပြီ။ ထပ်မှာရမယ်ထင်တယ်။
  • "My monitor is very old. It's a little blurry and it gives me a headache when I look at it for a long duration. Could I get a new monitor?"
    ကျွန်တော့်မော်နီတာကအရမ်းဟောင်းနေပြီ။ နည်းနည်းမှုန်ဝါးဝါးဖြစ်နေတော့ ကြာကြာကြည့်လိုက်ရင် ခေါင်းမူးလာတယ်။ မော်နီတာအသစ်ရနိုင်မလား။
  • "My computer is too slow. It slows down my work. I would like a faster computer. It will increase my efficiency on many of my tasks."
    ကျွန်တော့်ကွန်ပျူတာကအရမ်းလေးနေတယ်။ အလုပ်ဖင့်တယ်။ ကွန်ပျူတာအသစ်တစ်လုံး လောက်လိုချင်တယ်။ ကျွန်တော့်ရဲ့လုပ်ငန်းဆောင်တာတွေမှာပိုတွင်ကျယ်လာပါလိမ့်မယ်။
  • "I would like an ergonomic keyboard. I can type much faster with those."
    ergonomic keyboard တစ်ခုလောက်လိုချင်တယ်။ အဲဒါနဲ့ဆိုပိုမြန်မြန်ရိုက်နိုင်မယ်။
  • *** ergonomic (adj) လုပ်ငန်းခွင်နှင့်လုပ်အားစွမ်းရည်မြှင့်တင်ရေး။ (၄င်းစံအရထုတ်လုပ်ထားသောအသုံးအဆောင်ပစ္စည်း)
  • "Can I get a new chair? This one is so uncomfortable."
    လားထိုင်အသစ်တစ်လုံးလောက်ရနိုင်မလား။ ဒီတစ်လုံးကထိုင်ရတာအဆင်မပြေဘူး။
  • "Can you get me a headset for the telephone? I'm on the phone most of the day and I would like to free up my hands."
    တယ်လီဖုန်းအတွက်နားကြပ်တစ်ခုလောက်ပေးနိုင်မလား။ တစ်နေကုန်ဖုန်းပြောနေရတော့ လက်နဲ့မကိုင်ဘဲထားချင်တယ်။ (လက်နဲ့အလုပ်လုပ်နိုင်အောင်)
     

ကျွန်တော်ရေးထားသမျှကိုဖတ်ချင်လျှင်ဒီမှာလေ့လာနိုင်ပါသည်။


ဇာနည်(MyWay)
Broken English to Spoken English
09 448 033 674

Related Links

ရံုးတြင္းအဂၤလိပ္စကား (၁)
႐ံုးတြင္းအဂၤလိပ္စကား (၂)
႐ံုးတြင္းအဂၤလိပ္စကား (၃)
ရံုးတြင္းအဂၤလိပ္စကား (၄)
ရံုးတြင္းအဂၤလိပ္စကား (၅)
ရံုးတြင္းအဂၤလိပ္စကား (၆)
ရံုးတြင္းအဂၤလိပ္စကား (၇)

Views: 6284

Reply to This

Replies to This Discussion

thanks

Thank you so much for your lesson and i really like it.

ဆရာ

အရမ္းၾကိဳက္ပါတယ္။English for Office Usage အျမဲတမ္း သင္ေပးဖို႔ ေတာင္းဆိုပါရေစ။

ေက်းဇူးပါဆရာ

Thanks,Sir.

I like these conversation. I work as a company staff long time but I cannot speak well.

Anyway thank you very much.

thanks

Tks

thanks a lot

ဆရာံရဲ့သင္ခန္းစာေတြကို ေလ့လာခြင့္ေပးတဲ့အတြက္ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဆရာ။

ေလ့လာရတာလဲအဆင္ေျပပါတယ္ဆရာ..

how to download this file? Pls

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service