အဂၤလိပ္ဘာသာစကား ေျပာဆိုေရးသားရာတြင္ သြက္လက္ေခ်ာေမြ႕မႈ႐ွိျခင္း (Becoming Fluent in Speaking and Writing English)

[Zawgyi]

အဂၤလိပ္ဘာသာစကား ေျပာဆိုေရးသားရာတြင္ သြက္လက္ေခ်ာေမြ႕မႈ႐ွိျခင္း (Becoming Fluent in Speaking and Writing English by Alireza Zarea)

 

အဂၤလိပ္ဘာသာစကားကို သြက္သြက္လက္လက္ ေခ်ာေခ်ာေမြ႔ေမြ႕ ေျပာဆိုခ်င္တယ္ဆိုရင္ အခုေပးမယ့္ အၾကံအတိုင္း လိုက္နာၿပီး ႀကိဳးစားၾကည့္ပါ။ အဂၤလိပ္စကားသင္ရာမွာ တတ္ေျမာက္ဖို႕ လိုအပ္တဲ့ ကြၽမ္းက်င္မႈ ၄မ်ိဳး႐ွိပါတယ္။ အဖတ္၊ အၾကား၊ အေျပာနဲ႕ အေရး ကြၽမ္းက်င္မႈေတြ ျဖစ္ပါတယ္။

 

သတိျပဳရမယ့္ အေရးႀကီးဆံုးအခ်က္ကေတာ့ အဖတ္နဲ႕ အၾကား ကြၽမ္းက်င္မႈေတြဟာ လက္ခံရယူတဲ့ ကြၽမ္းက်င္မႈေတြျဖစ္ၿပီး အေျပာနဲ႕ အေရးကေတာ့ ထုတ္ေဖာ္သိေစတဲ့ ကြၽမ္းက်င္မႈေတြ ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ဆိုရရင္ အေျပာနဲ႕ အေရး ကြၽမ္းက်င္မႈေတြ တိုးတက္ေကာင္းမြန္ေစဖို႕ အဖတ္နဲ႕ အၾကား ကြၽမ္းက်င္မႈေတြကို အရင္ဆံုး ပိုင္ႏိုင္ထားရမွာ ျဖစ္ပါတယ္။ အဲဒီလို ပိုင္ႏိုင္လာဖို႕ နည္းလမ္းအခ်ိဳ႕ ႐ွိပါတယ္။ အက်ဥ္းခ်ဳပ္ ေျပာျပပါမယ္။

 

၁။ အဖတ္ကြၽမ္းက်င္မႈ

 

တတ္ႏိုင္သေလာက္ စာမ်ားမ်ား ဖတ္ပါ။ စာဖတ္တဲ့ေနရာမွာ တက္ၾကြတဲ့ စာဖတ္ပံုမ်ိဳး ျဖစ္ရမယ္။ ဆိုလိုတာက စာဖတ္ေနရင္း စာရဲ႕ ဖြဲ႕စည္းတည္ေဆာက္ပံု၊ စကားလံုးအသစ္အဆန္းေတြ စသည္ျဖင့္ စဥ္းစားၿပီး ဖတ္ရမယ္။ ႐ႈပ္ေထြးတဲ့ သဒၵါတည္ေဆာက္ပံုေတြကို မတတ္မခ်င္း ေလ့လာဖို႕ ဒါမွမဟုတ္ ဖတ္တဲ့စာထဲမွာ ပါတဲ့ စကားလံုးအသစ္အဆန္းေတြအားလံုးကို နားမလည္မခ်င္း မွတ္သားဖို႕ မလိုပါဘူး။ ဒါေပမယ့္ ပထမတစ္ႀကိမ္ေတြ႕ၿပီး အျခား စာပိုဒ္ေတြ ဒါမွမဟုတ္ စာအုပ္ေတြမွာ ျပန္ေတြ႕ရင္ ေၾသာ္ ဒါေတြ႕ဖူးတယ္ ဆုိၿပီး မွတ္မိရမယ္။ အဲဒီလို မွတ္မိၿပီဆိုရင္ လံုေလာက္ပါတယ္။ မွတ္စုစာအုပ္ တစ္အုပ္ထားၿပီး အေရးႀကီးတဲ့ စကားလံုးေတြ စကားစုနဲ႕ ၀ါက်ဖြဲ႕စည္းတည္ေဆာက္ပံုေတြကို မွတ္သားထားမယ္ဆိုရင္ ပိုေကာင္းတယ္။ စစခ်င္း ဖတ္ဖို႕ Penguin Readers (ပင္ဂြင္ဖတ္စာ)စာအုပ္တြဲေတြကို ၫႊန္းလိုပါတယ္။ စကားအသံုးအႏႈန္း ခက္ခဲမႈ အဆင့္အလုိက္ ေဖာ္ျပေပးထားတဲ့ စာစဥ္ ျဖစ္ပါတယ္။

 

၂။ အၾကားကြၽမ္းက်င္မႈ

 

အၾကားကြၽမ္းက်င္မႈအတြက္ နည္းလမ္း ၂မ်ိဳး ႐ွိပါတယ္။

 

  • စာဖတ္တဲ့အျပင္ ေန႕စဥ္ မိနစ္ ၃၀ေလာက္ အဂၤလိပ္စကားေျပာတာကို နားေထာင္ေပးတဲ့ နည္းလမ္း။
  • စာဖတ္တာကိုဘဲ အဓိကအာ႐ံုစူးစိုက္ၿပီး ကြၽမ္းက်င္ေအာင္ လုပ္တဲ့နည္းလမ္း။ အၾကားကြၽမ္းက်င္မႈကို ေနာက္မွ တည္ေဆာက္ယူလို႕ ရပါတယ္။

 

စာေရးသူအေနနဲ႕ကေတာ့ ဒုတိယနည္းလမ္းကို ပိုသေဘာက်တယ္။ အဖတ္ကြၽမ္းက်င္ၿပီး အဂၤလိပ္ဘာသာကို မိခင္ဘာသာအျဖစ္ ေျပာဆိုေနသူေတြလိုဘဲ ဖတ္ႏုိင္ၿပီဆိုရင္ အၾကားကြၽမ္းက်င္မႈဟာ အလိုအေလ်ာက္ တိုးတက္လာတယ္။ ဦးေႏွာက္ထဲကို အဂၤလိပ္ဘာသာနဲ႕ လက္ခံရယူထားတာေတြ အမ်ားႀကီး ႐ွိေနတဲ့အတြက္ စကားတစ္ခြန္းၾကားလိုက္တာနဲ႕ ေနာက္ဘာဆက္ေျပာေတာ့မယ္ဆိုတာ ခန္႕မွန္းႏုိင္ လာလိမ့္မယ္။ အခုလိုေျပာတဲ့အတြက္ အၾကားကြၽမ္းက်င္ေအာင္ ေလ့က်င့္ဖို႕ မလိုဘူးလို႕ေတာ့ မဆိုလိုဘူး။

 

အၾကားကြၽမ္းက်င္လာေအာင္ ကေလးေတြအတြက္ အထူး ျပဳစုထားတဲ့ ကာတြန္းေတြ ဒါမွမဟုတ္ ႐ုပ္႐ွင္ကား ေတြကို ၫႊန္းခ်င္ပါတယ္။ စကားအသံုးအႏႈန္း လြယ္ကူၿပီး ႐ႈပ္ေထြးတဲ့ စကားစုေတြ ဒါမွမဟုတ္ ဘန္းစကားေတြ မပါဘူး။ အၾကားကြၽမ္းက်င္လာၿပီဆိုရင္ ေန႔စဥ္ ဗီအိုေအ ဒါမွမဟုတ္ ဘီဘီစီ အသံလႊင့္ခ်က္ေတြကို နားေထာင္ႏိုင္တယ္။ ဒီေနရာမွာလည္း တက္ၾကြတဲ့ နားေထာင္တာမ်ိဳးျဖစ္ေစရမယ္ ဆိုတာကို သတိျပဳပါ။ မွတ္စုနဲနဲ လိုက္ေပးရင္ ပိုေကာင္းပါတယ္။

 

ဒီအၾကံေတြအတိုင္း လိုက္နာၿပီး ႀကိဳးစားေလ့လာမယ္ဆိုရင္ အေျပာနဲ႕ အေရး ကြၽမ္းက်င္မႈေတြ အလိုအေလ်ာက္ တိုးတက္လာတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ နဲနဲ ထပ္ၿပီး ႀကိဳးစားအားထုတ္လိုက္႐ံုနဲ႕ ၿပီးျပည့္စံုသြားႏုိင္ပါတယ္။

 

[ Alireza Zarea ၏ Becoming Fluent in Speaking and Writing English အားဆီေလ်ာ္သလို ဘာသာျပန္ဆိုထားပါသည္။]

[Unicode]

အင်္ဂလိပ်ဘာသာစကား ပြောဆိုရေးသားရာတွင် သွက်လက်ချောမွေ့မှုရှိခြင်း (Becoming Fluent in Speaking and Writing English by Alireza Zarea)

 

အင်္ဂလိပ်ဘာသာစကားကို သွက်သွက်လက်လက် ချောချောမွေ့မွေ့ ပြောဆိုချင်တယ်ဆိုရင် အခုပေးမယ့် အကြံအတိုင်း လိုက်နာပြီး ကြိုးစားကြည့်ပါ။ အင်္ဂလိပ်စကားသင်ရာမှာ တတ်မြောက်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှု ၄မျိုးရှိပါတယ်။ အဖတ်၊ အကြား၊ အပြောနဲ့ အရေး ကျွမ်းကျင်မှုတွေ ဖြစ်ပါတယ်။

 

သတိပြုရမယ့် အရေးကြီးဆုံးအချက်ကတော့ အဖတ်နဲ့ အကြား ကျွမ်းကျင်မှုတွေဟာ လက်ခံရယူတဲ့ ကျွမ်းကျင်မှုတွေဖြစ်ပြီး အပြောနဲ့ အရေးကတော့ ထုတ်ဖော်သိစေတဲ့ ကျွမ်းကျင်မှုတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် အပြောနဲ့ အရေး ကျွမ်းကျင်မှုတွေ တိုးတက်ကောင်းမွန်စေဖို့ အဖတ်နဲ့ အကြား ကျွမ်းကျင်မှုတွေကို အရင်ဆုံး ပိုင်နိုင်ထားရမှာ ဖြစ်ပါတယ်။ အဲဒီလို ပိုင်နိုင်လာဖို့ နည်းလမ်းအချို့ ရှိပါတယ်။ အကျဉ်းချုပ် ပြောပြပါမယ်။

 

၁။ အဖတ်ကျွမ်းကျင်မှု

 

တတ်နိုင်သလောက် စာများများ ဖတ်ပါ။ စာဖတ်တဲ့နေရာမှာ တက်ကြွတဲ့ စာဖတ်ပုံမျိုး ဖြစ်ရမယ်။ ဆိုလိုတာက စာဖတ်နေရင်း စာရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ စကားလုံးအသစ်အဆန်းတွေ စသည်ဖြင့် စဉ်းစားပြီး ဖတ်ရမယ်။ ရှုပ်ထွေးတဲ့ သဒ္ဒါတည်ဆောက်ပုံတွေကို မတတ်မချင်း လေ့လာဖို့ ဒါမှမဟုတ် ဖတ်တဲ့စာထဲမှာ ပါတဲ့ စကားလုံးအသစ်အဆန်းတွေအားလုံးကို နားမလည်မချင်း မှတ်သားဖို့ မလိုပါဘူး။ ဒါပေမယ့် ပထမတစ်ကြိမ်တွေ့ပြီး အခြား စာပိုဒ်တွေ ဒါမှမဟုတ် စာအုပ်တွေမှာ ပြန်တွေ့ရင် သြော် ဒါတွေ့ဖူးတယ် ဆိုပြီး မှတ်မိရမယ်။ အဲဒီလို မှတ်မိပြီဆိုရင် လုံလောက်ပါတယ်။ မှတ်စုစာအုပ် တစ်အုပ်ထားပြီး အရေးကြီးတဲ့ စကားလုံးတွေ စကားစုနဲ့ ၀ါကျဖွဲ့စည်းတည်ဆောက်ပုံတွေကို မှတ်သားထားမယ်ဆိုရင် ပိုကောင်းတယ်။ စစချင်း ဖတ်ဖို့ Penguin Readers (ပင်ဂွင်ဖတ်စာ)စာအုပ်တွဲတွေကို ညွှန်းလိုပါတယ်။ စကားအသုံးအနှုန်း ခက်ခဲမှု အဆင့်အလိုက် ဖော်ပြပေးထားတဲ့ စာစဉ် ဖြစ်ပါတယ်။

 

၂။ အကြားကျွမ်းကျင်မှု

 

အကြားကျွမ်းကျင်မှုအတွက် နည်းလမ်း ၂မျိုး ရှိပါတယ်။

 

စာဖတ်တဲ့အပြင် နေ့စဉ် မိနစ် ၃၀လောက် အင်္ဂလိပ်စကားပြောတာကို နားထောင်ပေးတဲ့ နည်းလမ်း။
စာဖတ်တာကိုဘဲ အဓိကအာရုံစူးစိုက်ပြီး ကျွမ်းကျင်အောင် လုပ်တဲ့နည်းလမ်း။ အကြားကျွမ်းကျင်မှုကို နောက်မှ တည်ဆောက်ယူလို့ ရပါတယ်။
 

စာရေးသူအနေနဲ့ကတော့ ဒုတိယနည်းလမ်းကို ပိုသဘောကျတယ်။ အဖတ်ကျွမ်းကျင်ပြီး အင်္ဂလိပ်ဘာသာကို မိခင်ဘာသာအဖြစ် ပြောဆိုနေသူတွေလိုဘဲ ဖတ်နိုင်ပြီဆိုရင် အကြားကျွမ်းကျင်မှုဟာ အလိုအလျောက် တိုးတက်လာတယ်။ ဦးနှောက်ထဲကို အင်္ဂလိပ်ဘာသာနဲ့ လက်ခံရယူထားတာတွေ အများကြီး ရှိနေတဲ့အတွက် စကားတစ်ခွန်းကြားလိုက်တာနဲ့ နောက်ဘာဆက်ပြောတော့မယ်ဆိုတာ ခန့်မှန်းနိုင် လာလိမ့်မယ်။ အခုလိုပြောတဲ့အတွက် အကြားကျွမ်းကျင်အောင် လေ့ကျင့်ဖို့ မလိုဘူးလို့တော့ မဆိုလိုဘူး။

 

အကြားကျွမ်းကျင်လာအောင် ကလေးတွေအတွက် အထူး ပြုစုထားတဲ့ ကာတွန်းတွေ ဒါမှမဟုတ် ရုပ်ရှင်ကား တွေကို ညွှန်းချင်ပါတယ်။ စကားအသုံးအနှုန်း လွယ်ကူပြီး ရှုပ်ထွေးတဲ့ စကားစုတွေ ဒါမှမဟုတ် ဘန်းစကားတွေ မပါဘူး။ အကြားကျွမ်းကျင်လာပြီဆိုရင် နေ့စဉ် ဗီအိုအေ ဒါမှမဟုတ် ဘီဘီစီ အသံလွှင့်ချက်တွေကို နားထောင်နိုင်တယ်။ ဒီနေရာမှာလည်း တက်ကြွတဲ့ နားထောင်တာမျိုးဖြစ်စေရမယ် ဆိုတာကို သတိပြုပါ။ မှတ်စုနဲနဲ လိုက်ပေးရင် ပိုကောင်းပါတယ်။

 

ဒီအကြံတွေအတိုင်း လိုက်နာပြီး ကြိုးစားလေ့လာမယ်ဆိုရင် အပြောနဲ့ အရေး ကျွမ်းကျင်မှုတွေ အလိုအလျောက် တိုးတက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နဲနဲ ထပ်ပြီး ကြိုးစားအားထုတ်လိုက်ရုံနဲ့ ပြီးပြည့်စုံသွားနိုင်ပါတယ်။

 

[ Alireza Zarea ၏ Becoming Fluent in Speaking and Writing English အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။]

Views: 7110

Reply to This

Replies to This Discussion

Thanks you !!!!!!!

Thanks a lot. i'm just now learning to beginner.

thank you very much!

I made self-study in English  for 2 years. I am getting improve in reading, writing and listening but I cannot speak very well.

So, how can I improve my English speaking skill?

best,

attend classes and speak wit someone regularly

Well... You have to practice it everyday.

many thanks
thanks for mails

thanks.next time ,I want to read like this post.

thanks you so much

noted with thanks.. really help me a lot... :)

thanks a lot

great!!

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service