အကောင်းဆုံး အွန်လိုင်း (online) အဘိဓာန် ၉ ခု

အင်္ဂလိပ်စကားလုံးများကို သင်နားလည်အောင် အကူအညီပေးနိုင်သည့် အွန်လိုင်း (online) အဘိဓာန်တွေကို web ပေါ်မှာဖြန့်တင်ထားတာတွေ အများကြီးရှိပါတယ်။ ၎င်းတို့အထဲမှ အကောင်းဆုံး online အဘိဓာန် (၉) ခုကို အောက်မှာ ရွေးချယ် ဖော်ပြလိုက်ပါတယ်။


1. Wiktionary


Wikipedia စွယ်စုံကျမ်းစီမံကိန်းနှင့် တူညီသော သဘောတရားအပေါ် အခြေခံပြီးပြုလုပ်ခဲ့တဲ့ Wikitionary ကတော့ internet အသုံးပြုသူတွေပေါင်းပြီး ဘာကိုလုပ်နိုင်တယ်ဆိုတာကိုဖော်ပြတဲ့ နောက်ထပ်အထောက်အထားတစ်ခု ဖြစ်ပါတယ်။ Wikepedia နဲ့တူညီတဲ့ မည်သူမဆို page တစ်ခုကို တည်းဖြတ်နိုင်တာမျိုးစတဲ့ အားနည်းချက်တွေ အများကြီးပါဝင်သော်လည်း Wikepedia လိုပဲ Wikitionary မှာလည်း ၎င်းကိုတတ်နိုင်သမျှ တိတိကျကျဖြစ်ရန် ပြုလုပ်ဖို့ စိတ်ဆုံးဖြတ်ထားတဲ့ စာတည်းအုပ်စုတစ်စုရှိပါတယ်။ ၎င်းကိုအဓိကကျသော တစ်ခုပဲရှိတဲ့ ဇစ်မြစ်လို့ တော့ မသတ်မှတ်ပါနှင့်။ သို့သော် အကျိုးရှိရှိ အသုံးပြုမယ်ဆိုပါက သင့်လိုအပ်ချက်များ အတွက် အကောင်းဆုံးသော online အဘိဓာန်တစ်ခုဖြစ်နိုင်ပါတယ်။


2. Google Dictionary


Google Dictionary တွင် အသံထွက်များ၊ အဓိပ္ပါယ်သတ်မှတ်ချက်များ၊ ဥပမာ ၀ါကျများ၊ ဆက်စပ်လျှက်ရှိသော စကားစုများအပြင် တခြားသောအင်္ဂါရပ်များပါရှိသော ဘာသာစကားအမျိုးမျိုး ပါဝင်ပါသည်။ ၎င်းသည် အကျယ်ပြန့် ဆုံးနှင့် အကောင်းဆုံး online အဘိဓာန်များထဲမှ တစ်ခုဖြစ်သည့်အပြင် ခိုင်ခံ့သော အမျိုးအစားကောင်းအဖြစ် အသိအမှတ်ပြုခြင်းလည်း ခံထားရပါတယ်။ (Google chrome webstore တွင် download ရယူနိုင်ပါတယ်။)


3. Dictionary.com


၎င်းသည် online အဘိဓာန်တွေထဲက အကောင်းဆုံးနယ်ပယ်နာမည်ရှိတဲ့အပြင် အသုံးဝင်ဆုံး အဘိဓာန်တစ်ခုဖြစ်ပါ သည်။ ၎င်းသည် Ask.com နဲ့ တွဲနေပါတယ်။ ဒီလိုတွဲနေလို့ ၎င်းကိုအထင်မသေးလိုက်ပါနဲ့။ ၎င်းတွင် အဓိပ္ပါယ်သတ် မှတ်ချက်များ၊ အသံထွက်များ၊ စကားလုံးဇစ်မြစ်များနှင့် ကမ္ဘာ့သမိုင်းတို့ပါဝင်ပါသည်။ ၎င်းသည် အကောင်းဆုံးသော အလွယ်တကူလက်တွေ့အသုံးချနိုင်သည့် online အဘိဓာန်တစ်ခုဖြစ်ပါသည်။


4. The Free Dictionary


The Free Dictionary မှတစ်ဆင့် စကားလုံးများ၊ အက္ခရာစာလုံးများနှင့် စာပိုဒ်များကို ရှာဖွေနိုင်ပါသည်။ ၎င်းတွင် အဓိပါယ်သတ်မှတ်ချက်မျိုးစုံ၊ ဝေါဟာရပဒေသာကျမ်း၊ ကံပုဒ်မရှိသော ကြိယာများ (Intransitive verb) နှင့် အသံထွက်များအပြင် အများသုံး ဘာသာစကားများဖြစ်သော ပြင်သစ်၊ ဂျာမန်နှင့်ဂရိအစရှိသော ဘာသာစကား များကို ဘာသာပြန်ပေးထားသော ဘာသာပြန်သည့် feature တို့ပါဝင်ပါသည်။ ၎င်းသည် ထူးခြားဆန်းပြားလှသည် တော့မဟုတ်ပါ။ သို့သော် သင့်အနေနဲ့ကလည်း ဆန်းပြားမှုကို ရှာဖွေနေတာဖြစ်ချင်မှဖြစ်မှာပါ။ ခြုံပြီးပြောရရင်တော့ The Free Dictionary သည် အကောင်းဆုံး online အဘိဓာန်တွေထဲက တစ်ခုဖြစ်ပါတယ်။


5. Merriam – Webster Online


၎င်းသည် အများဆုံးအသိအမှတ်ပြုခြင်းခံရသော ပုံနှိပ်အဘိဓာန်တစ်ခုဖြစ်ပါသည်။ သင်အဆင်ပြေရန်အတွက် website လည်းထားရှိပါသည်။ ၎င်းကိုပုံမှန် အဘိဓာန်တစ်ခု၊ ဝေါဟာရ ပဒေသာကျမ်းတစ်ခု၊ စပိန်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ပေးသော ဘာသာပြန်တစ်ခုနှင့် ဆေးပညာဆိုင်ရာ အဘိဓာန်တစ်ခုတို့ဖြင့် ပြုလုပ်ထားပါသည်။ နှုန်းယှဉ်ကြည့်မယ်ဆိုရင်တော့ ၎င်း၏အစီအစဉ်များက တော်တော်လေးကျဲပါသည်။ ဒါပေမဲ့ အထင်ကြီးလောက်သောနောက်ခံသမိုင်း ကောင်းကောင်းရှိသော online အဘိဓာန်ကိုရှာနေပါက Merriam- Webster online သည် သင်စိတ်ဝင်စားမည့် အဘိဓာန်တစ်ခုဖြစ်ပါသည်။


6. Cambridge Dictionary Online


Cambridge Dictionary ကတော့ အများကအသိအမှတ်ပြုထားတဲ့ နောက်ထပ်ပုံနှိပ်အဘိဓာန်ဖြစ်ပြီး ၎င်းနောက် တွင်များစွာသော မှတ်တမ်းများရှိပြီး ၎င်းနှင့်အရည်အသွေးတူသော online အဘိဓာန် လည်းရှိပါသည်။ Online မူကိုတော့ the Cambridge Dictionary of American English, the Cambridge Learner's Dictionary, the Cambridge Internatioanl Dictionary of Phrasal verbs နှင့် the Cambridge Internatioanl Dictionary of Idioms ဆိုတဲ့ အဘိဓာန်(၄)ခုနဲ့ ပြုလုပ်ထားပါတယ်။ သင့်အနေဖြင့် ပိုပြီးလေးနက်မှုရှိတဲ့ online အဘိဓာန်ကို ရှာဖွေနေတာ ဖြစ်ပါက ၎င်းသည် သင့်အနေဖြင့် စူးစမ်းလေ့လာ သင့်သော အဘိဓာန်ကြီးတစ်ခုဖြစ်ပါတယ်။


7. Visuwords


ဒီရုပ်ပုံဒီဇိုင်းများပါသော online အဘိဓာန်ကတော့ စကားလုံးတွေနဲ့ သဘောတရားတွေရဲ့ ဆက်စပ်ပုံကို သင်နားလည်အောင်ကို ပံ့ပိုးပေးမဲ့ ပုံများကို တီထွင်ထားပါတယ်။ တကယ့်ကို တမူထူးခြားတဲ့ အယူအဆဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ထူးခြားမှုကို ရှာနေတာဖြစ်ပါက Visuwords ကတော့ အကောင်းဆုံး online အဘိဓာန်တစ်ခု ဖြစ်ပါတယ်။


8. NetLingo


Online ပေါ်မှာတွေ့ရတဲ့ အတိုကောက်စာလုံး(Acronyms) အများကြီးထဲက တချို့စကားလုံးတွေက ဘာကို ကိုယ်စားပြုသလဲဆိုတာ မသေချာဘူးလား? NetLingo က LOL၊ FWIW တို့အပြင် နောက်ထပ်မရှင်းလင်းသော internet စကားတွေက ဘာလဲဆိုတာကို ရှင်းပြပေးတဲ့ အကောင်းဆုံး online အဘိဓာန်တစ်ခုဖြစ်ပါတယ်။


9. Urban Dictionary


သင်အကျွမ်းမ၀င်သေးတဲ့ ဗန်းစကားတချို့ကို ကြုံတွေရတဲ့အခါ ဒီအဘိဓာန်က အလွန်တန်ဖိုးရှိတဲ့ ကိရိယာဖြစ်ပါတယ်။ အဲဒါကို သင်ယူဖို့လိုအပ်တယ်ဆိုရင်တော့ ဒီအဘိဓာန်က online အဘိဓာန်တွေထဲက သင့်အတွက် အများဆုံးအကျိုးရှိစေနိုင်မည့် အဘိဓာန်ဖြစ်ပါတယ်။


Lifehack.org မှ MATT OKEEFE ရေးသားထားသော The 10 Best Online Dictionaries ကို ကိုးကားဘာသာပြန်ထားခြင်းဖြစ်ပါတယ်။


အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။


LESSONS FROM OUR ARCHIVE

အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 4978

Reply to This

Replies to This Discussion

How to join
I will first use google dictionary now .
THANKS
Please.Tell me.How to join
please tell me how to joy .

Thanks a lot!

hi
thank you.

RSS

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service