ချက်ချင်းစတင်အသုံးပြုသင့်သော ထူးကဲသည့် ဗြိတိသျှဗန်းစကားများ - အပိုင်း (၈)


22. Scrummy

ဗြိတိသျှဗန်းစကားထဲက နှစ်သက်စရာကောင်းသော ဝေါဟာရတစ်လုံးဖြစ်ပါသည်။ Scrummy သည် အံ့သြလောက်အောင် ခံစားမှုလွန်ကဲသော အသုံးအနှုန်းတစ်ခုဖြစ်ပြီး တကယ့်ကို သရေကျလောက်အောင် အရသာ ထူးကဲသော အစားအစာကို ရည်ညွှန်းရာ၌ အသုံးပြုပါသည်။

  • ဥပမာ - Mrs Walker’s pie was absolutely scrummy. I had three pieces. (Mrs. Walker ရဲ့ မုန့်က အရမ်းကို အရသာရှိတာပဲ။ ကျွန်မ (၃)စိတ်တောင် တောင်စားလိုက် တယ်။)


23. Kerfuffle

ဗြိတိသျှဗန်းစကားတွေထဲမှ နောက်ထပ် ကြည်နူးစရာကောင်းပြီး အနည်းငယ်ရှေးဆန်တဲ့ စကားလုံး တစ်လုံးပင်ဖြစ်ပါသည်။ ၄င်းသည် မတူညီသော အမြင်များကြောင့် ဖြစ်ပေါ်လာသော အပြန်အလှန်တိုက်ခိုက်ခြင်း၊ ရန်ဖြစ်ခြင်းနှင့် အငြင်းပွားခြင်းတို့ကို ဖော်ညွှန်းရာ၌ အသုံးပြုပါသည်။

  • ဥပမာ - I had a right kerfuffle with my girlfriend this morning over politics. (နိုင်ငံရေးနဲ့ပတ်သက်ပြီး မနက်က ကျွန်တော့်ရည်းစားနဲ့ ရန်ဖြစ်ခဲ့ရတယ်လေ။)


24. Tosh

အသုံးဝင်သော ဗြိတိသျှအသုံးအနှုန်းဖြစ်ပါသည်။ "တွေ့ကရာ ရှစ်သောင်း" (သို့) ပေါက်တက်ကရ"ဟု အဓိပ္ပာယ်ရပါသည်။

  • ဥပမာ - That’s a load of tosh about what happened last night’, or ‘Don’t talk tosh.’ (ညကဖြစ်ခဲ့တာတွေက မဟုတ်တရုတ်တွေပါ။ (သို့) "ပေါက်တတ်ကရတွေမပြောနဲ့။)

Lifehack.org မှ CHRIS HAIGH ၏ 30 Awesome British Slang Terms You Should Start Using Immediately ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။


Related Links:
ထူးကဲသည့် ဗြိတိသျှဗန်းစကားများ - အပိုင်း (၁)
ထူးကဲသည့် ဗြိတိသျှဗန်းစကားများ - အပိုင်း (၂)
ထူးကဲသည့် ဗြိတိသျှဗန်းစကားများ - အပိုင်း (၃)
ထူးကဲသည့် ဗြိတိသျှဗန်းစကားများ - အပိုင်း (၄)
ထူးကဲသည့် ဗြိတိသျှဗန်းစကားများ - အပိုင်း (၅)
ထူးကဲသည့် ဗြိတိသျှဗန်းစကားများ - အပိုင်း (၆)
ထူးကဲသည့် ဗြိတိသျှဗန်းစကားများ - အပိုင်း (၇)
ထူးကဲသည့် ဗြိတိသျှဗန်းစကားများ - အပိုင်း (၈)
ထူးကဲသည့် ဗြိတိသျှဗန်းစကားများ - အပိုင်း (၉)

အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 708

Reply to This

Replies to This Discussion

Thank

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service