လုပ္ငန္းမွာ သင့္ရဲ႕ အရည္အခ်င္းတိုးတက္ဖို႕ နဲ႕ ရာထူးတိုးတက္ဖို႕ ဘယ္လိုလုပ္ေဆာင္ရမလဲ

[Zawgyi]

ဒီေခါင္းစဥ္မွာ ႏွစ္ပိုင္းပါပါတယ္ ပထမ တစ္ပိုင္းက လုပ္ငန္းမွာ အရည္အခ်င္းစြမ္းရည္ တိုးတက္ဖို႕ ျဖစ္ၿပီး၊ ဒုတိယတစ္ပိုင္း ကေတာ့ လုပ္ငန္းမွာ ရာထူးတိုးတက္ဖို႕ ဘယ္လိုတည္ေဆာက္ရမလဲ ဆိုၿပီး ႏွစ္ပိုင္းရွိပါတယ္။ လက္ရွိမွာ အလုပ္ရွိသူတစ္ေယာက္ အေနနဲ႕ တည္ေဆာက္သင့္တာေတြ၊ အလုပ္မရွိေသးသူတစ္ေယာက္ အေနနဲ႕ ျပင္ဆင္သင့္တာေတြ ကို သင့္အေနနဲ႕ အလုပ္တစ္ခုရဲ႕ လြယ္ကူရိုးရွင္းတဲ့ အေနအထားေတြကို ျမင္သာသြားေစမွာပါ။


Goal (ပန္းတိုင္)


လူေတာ္ေတာ္မ်ားမ်ားဟာ ေ၀၀ါးတဲ့ ပန္းတိုင္ေတြနဲ႕ ရွင္သန္ေနၾကပါတယ္။ သင့္ရဲ႕လုပ္ငန္းမွာ တိုးတက္ဖို႕နဲ႕ ရာထူး တက္ဖို႕ဆိုရင္ သင့္အေနနဲ႕ ဘာျဖစ္ခ်င္တာလဲ၊ သင္ကဘယ္လို လုပ္ငန္း က႑မွာ ရပ္တည္ခ်င္တာလဲ ေသေသခ်ာခ်ာ သိေနဖို႕လိုပါတယ္။ လူအမ်ားစုကေျပာတယ္ တိက်တဲ့ ပန္းတိုင္ရွိရမယ္ (ဥပမာ - ျမန္မာနိုင္ငံမွာေအာင္ျမင္တဲ့ HR Manager တစ္ေယာက္ျဖစ္ရမယ္) ဒါေပမယ့္ အဲဒါဟာ အရမ္းမလြယ္ကူပါဘူး ဒါ့ေၾကာင့္ သင့္အေနနဲ႕ ငါကေတာ့ HR က႑မွာ ရပ္တည္မယ္ (သို႕) Finance လုပ္ငန္းေတြမွာရပ္တည္မယ္ ဆိုတဲ့ ပထမေျခလွမ္းတစ္ခုသာ ေသခ်ာထားဖို႕ လိုပါတယ္။


Technical Skills (နည္းပညာ စြမ္းရည္)


သင့္အေနနဲ႕ ဘယ္လုပ္ငန္းက႑ မွာရပ္တည္မလဲ ေသခ်ာၿပီဆိုရင္ေတာ့ ထိုလုပ္ငန္းႏွင့္ ပတ္သက္တဲ့ Technical Skills ကို တတ္သိကၽြမ္းက်င္ဖို႕လိုပါတယ္။ Technical Skill ဆိုတာနဲ႕ အရမ္းထိတ္လန္႕သြားတာေတြျဖစ္နိုင္ပါတယ္။ တကယ္ေတာ့ ဒါဟာလန္႕စရာ မဟုတ္ပါဘူး အလုပ္အကို္င္ရွိသူ (သို႕) အလုပ္အကိုင္မရွိသူ မည္သူပဲျဖစ္ပါေစ မိမိ လုပ္ကိုင္မည့္ ကုမၼဏီ၊ အဖြဲ႕အစည္း၊ လုပ္ငန္းႏွင့္ ပတ္သက္ေသာ နည္းပညာ စြမ္းရည္ရွိဖို႕လိုအပ္ပါသည္။ NGO အဖြဲ႕အစည္းေတြမွာ လုပ္သည္ျဖစ္ေစ၊ Business Company ေတြမွာ လုပ္သည္ျဖစ္ေစ ကိုယ္လုပ္မည့္ လုပ္ငန္းႏွင့္ တိုက္ရိုက္ပတ္သက္တဲ့ နည္းပညာ စြမ္းရည္ရွိ မွသာ သင့္အတြက္ အလုပ္ရဖို႕၊ လုပ္ငန္းမွာ ရာထူးတက္ဖို႕ေသခ်ာမွာပါ။ ဥပမာ- သင္ဟာ Marketing ပုိင္းမွာ လုပ္ကိုင္တယ္ဆိုပါစို႕ Marketing Plan ေလးေတာင္ မဆြဲနိုင္ရင္ က်ိန္းေသပါတယ္ သင့္အနာဂတ္ ေမွးမွိန္ေနပါလိမ့္မယ္၊ ဒီလိုပဲ NGO မွာ Management ပိုင္းမွာ လုပ္ကိုင္တယ္ Development နယ္ပယ္မွာ Project Management ဘယ္လိုလုပ္ရလဲဆိုတာ မသိရင္ သင့္ရဲ႕တက္လမ္းက တကယ့္ကို မႈန္ျပျပပါ။ အလုပ္မရွိေသးရင္ မိမိ၀င္ေရာက္ဖို႕ေမွ်ာ္မွန္းထားသည့္ အလုပ္အကိုင္ ႏွင့္ပတ္သက္တဲ့ Techanical Skills ကုိျဖည့္ဆည္းထားရဖို႕လိုသလို၊ လက္ရွိမွာ လုပ္ငန္းခြင္ထဲေရာက္ရွိေနသူေတြအေနနဲ႕ မိမိလုပ္ငန္းခြင္မွာ အသံုး၀င္မည့္ နည္းပညာမ်ားကို ေလ့လာ ဆည္းပူးမွသာ ေနာက္တစ္ဆင့္တက္လွမ္းဖို႕ရာ အဆင္ေျပေခ်ာေမြ႕ေစမွာပါ။ ဒါေပမယ့္ လူအမ်ားစုကေတာ့ ေလ့လာဖို႕အတြက္အားစိုက္ထုတ္မႈနည္းၿပီး အျခားတစ္ေယာက္ ရာထူးတိုးသြားမွသာ သူကကံေကာင္းလိုက္တာလို႕ ေရရြတ္ရင္းနဲ႕ ျဖတ္သန္းေနၾကပါတယ္။


Interpersonal Skills (လူမႈဆက္ဆံေရး)


ကၽြန္ေတာ္တို႕ဟာ လူနဲ႕ လူ႕ပတ္၀န္းက်င္မွာ ေနတဲ့အတြက္ လူမႈဆက္ဆံေရးဆိုတာကို ေမ့ပစ္ထားလို႕မရပါဘူး။ အထူးသျဖင့္ သင့္ရဲ႕အလုပ္ပတ္၀န္းက်င္မွာ သင့္အေနနဲ႕ လူမႈဆက္ဆံေရးဘယ္ေလာက္ေကာင္းလည္းဆိုတာေတြကို သင့္ရဲ႕အလုပ္ရွင္ (သို႕) သင့္ရဲ႕အထက္အရာရွိေတြက ျမင္ေတြ႕ေနမွာျဖစ္ၿပီး သင့္ကိုရာထူးတက္ဖို႕အတြက္ မ်ားစြာ အေထာက္အကူျဖစ္ေစမွာျဖစ္ပါတယ္။ ယခုမွ အလုပ္စ၀င္မဲ့သူအတြက္ေတာ့ သင့္ရဲ႕လူမႈဆက္ဆံေရးကို အင္တာဗ်ဴးမွာ က်ိန္းေသ စစ္ေဆးမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႕ ေဖာ္ေရြၿပီးတက္ၾကြသူတစ္ေယာက္ရဲ႕ ဟန္ပန္ရွိေနရမွာပါ။ လက္ရွိလူအမ်ား စုကေတာ့ အလုပ္မွာ ကိုယ္နဲ႕တူရာတူရာေပါင္းၿပီး တစ္ျခားကိုယ့္လိုတူရာတူရာေပါင္းထားတဲ့ သူေတြနဲ႕ မေခၚနိုင္ မေျပာနိုင္ မ်က္ေစာင္းတခဲခဲနဲ႕ ျဖတ္သန္းေနၾကတာ ေတြရွိသလို၊ တကယ့္ကို ေဖာ္ေရြတက္ၾကြသူ ေတြလည္းရွိပါတယ္ သင့္အေနနဲ႕ တကယ့္ကိုရိုးရွင္းၿပီး ေဖာ္ေရြတဲ့ အၿပံဳးတစ္ခုနဲ႕ စတင္ၿပီး လူမႈဆက္ဆံေရး ေကာင္းသူအေနနဲ႕ ရပ္တည္ဖို႕လိုအပ္ပါတယ္။


Team Work (အဖြဲ႕အစည္းျဖင့္ လုပ္ေဆာင္ျခင္း)


သင့္ရဲ႕လက္ရွိအလုပ္မွာ လူမႈဆက္ဆံေရးမေကာင္းရင္ Team Work တည္ေဆာက္လို႕မရပါဘူး။ ေလာကမွာ တစ္ဦးတစ္ေယာက္ထဲဲနဲ႕ရပ္တည္လို႕ရတဲ့လုပ္ငန္း မရွိသေလာက္ရွားပါးလြန္းပါတယ္။ ဒါ့ေၾကာင့္သင့္အေနနဲ႕ အလုပ္မွာ အဖြဲ႕အစည္းနဲ႕ လုပ္ေဆာင္နိုင္တဲ့ အရည္အခ်င္းရွိဖို႕လိုအပ္ပါတယ္။ ကိုယ္တစ္ေယာက္ထဲေကာင္းလို႕မွမရတာ သူတို႕မေကာင္းရင္ဘယ္လိုလုပ္မလဲ စသည္ျဖင့္ ဆင္ေျခေတြနဲ႕ အရင္မစတင္လိုက္ပါနဲ႕။ ပထမဆံုး ကိုယ္ကအရင္ အဖြဲ႕အစည္းနဲ႕ လုပ္ေဆာင္ျခင္းရဲ႕ေကာင္းက်ဳိးေတြကိုသိထားဖို႕လိုၿပီး ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြကိုလည္း မွ်ေ၀ဖို႕ လိုအပ္ပါတယ္။ အစပိုင္းမွာ အခက္အခဲမ်ားစြာရွိမွာေသခ်ာေပမယ့္ တျဖည္းျဖည္းနဲ႕ တည္ေဆာက္ယူနိုင္တဲ့ အရာျဖစ္ပါတယ္။ အလုပ္စ၀င္သူေတြအေနနဲ႕ လူေတြ႕စစ္ေဆးေမးျမန္းမႈမွာ ‘အျခားသူေတြနဲ႕အလုပ္တြဲလုပ္မယ္ဆိုရင္ ကိုယ့္အေနနဲ႕ ဘာေတြျဖစ္နိုင္လဲ၊ အျခားသူေတြနဲ႕ အလုပ္မွာ ဘယ္လိုရပ္တည္မလဲ’ စသည္ျဖင့္ေမးခြန္းေတြကို ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ သင့္ရဲ႕ Team Work ဘယ္ေလာက္ေကာင္းေကာင္းနဲ႕လုပ္နိုင္သလဲဆိုတာကို အလုပ္မွာ ရာထူးတိုးဖို႕အတြက္ တိုင္းတာတဲ့အရာလည္းျဖစ္တယ္ဆိုတာကို သိၿပီး အေကာင္းဆံုးလုပ္ျပနုိင္ဖို႔လိုပါတယ္။


Time Management (အခ်ိန္ကို စီမံခန္႕ခြဲမႈ)


Time Management ဆိုတာနဲ႕ သီးျခား Subject တစ္ခုလိုေလ့လာဖို႕လိုတယ္လို႕မထင္လိုက္ပါနဲ႕။ သင့္ရဲ႕အလုပ္မွာ အခ်ိန္ဘယ္ေလာက္ေလးစားလဲ၊ အလုပ္တာ၀န္တစ္ခုကို ေနာက္ဆံုးၿပီးရမယ္လို႕သတ္မွတ္ထားတဲ့ အခ်ိန္မွာ ၿပီးဆံုးေအာင္ လုပ္နိုင္ဖို႕အတြက္ အခ်ိန္ကို ဘယ္လိုစီမံခန္႕ခြဲသလဲ ဆိုတာေတြကို ဆိုလိုျခင္းျဖစ္ပါတယ္။ သင့္အေနနဲ႕ လုပ္ငန္းတာ၀န္မ်ားကို သတ္မွတ္ထားတဲ့ အခ်ိန္အတြင္းမွာ မၿပီးတဲ့ အႀကိမ္ေရမ်ားလာခဲ့ရင္ သင့္ရဲ႕ရာထူးတက္ဖို႕ရာလဲ မေသခ်ာေတာ့ပါဘူး။ ဒါ့ေၾကာင့္ အခ်ိန္စီမံခန္႕ခြဲမႈဟာ တကယ့္ကို ေသခ်ာအေလးထား ေဆာင္ရြက္သင့္ပါတယ္။  အဖြဲ႕အစည္းမ်ားစြာရဲ႕ အလုပ္ေခၚစာမွာ ‘သတ္မွတ္ထားတဲ့ Time Frame အတြင္းမွာ သင့္ရဲ႕လုပ္ငန္းတာ၀န္ကို ၿပီးဆံုးေအာင္လုပ္နုိင္ဖို႕ အတြက္ Time Management အရည္အခ်င္းရွိရမယ္’ ဆိုတဲ့ လိုအပ္ခ်က္ကိုေတြ႕ျမင္ရမွာပါ။ သင့္အေနနဲ႕လုပ္ေဆာင္ ရမည့္လုပ္ငန္းမ်ားကို ခ်ေရးၿပီး လုပ္ငန္းလိုအပ္ခ်က္ေပၚမႈတည္ၿပီး ဦးစားေပးေရြးခ်ယ္ လုပ္ေဆာင္ျခင္းျဖင့္ စီမံခန္႕ခြဲနိုင္ပါတယ္။ အလုပ္စ၀င္ဖို႕ ႀကိဳးစားေနသူမ်ားအေနျဖင့္ အင္တာဗ်ဴးကို ေနာက္မက်ေအာင္ ဂရုစိုက္တာေတြ၊ ေရးေျဖမွာ အခ်ိန္ကို ေသခ်ာစီမံၿပီး ေမးခြန္းအားလံုးကို ေျဖဆိုနိုင္ဖို႕စီမံတက္ဖို႕လိုအပ္ပါတယ္။ အခ်ဳိ႕ေသာ အဖြဲ႕အစည္းမ်ားမွာ ေရးေျဖစစ္ေဆးသည့္အခါတြင္ သတ္မွတ္ခ်ိန္အတြင္း မၿပီးနုိင္သည့္ ေမးခြန္းအေရအတြက္ကို ေပးၿပီး သင့္အေနနဲ႕ ဦးစားေပးေရြးခ်ယ္ေျဖဆိုမႈကို စစ္ေဆးလာနုိင္တဲ့ အတြက္ တကယ့္ကိုေရြးခ်ယ္စီမံတက္ဖို႕လိုအပ္ပါတယ္။


Problem Solving and Decision Making (ျပႆနာ ေျဖရွင္းျခင္း ႏွင့္ ဆံုးျဖတ္ခ်က္ခ်မွတ္ျခင္း)


ဘာျပႆနာမွ မရွိဘူးဆိုတာ ဘာမွမလုပ္လို႕ပါ။ အလုပ္လုပ္ေနတဲ့ သင့္အတြက္ ျပႆနာဆိုတာ က်ိန္းေသ ေတြ႕ရမယ့္ အရာပါ။ ဘာျပႆနာပဲျဖစ္ျဖစ္ ဘယ္လိုေျဖရွင္းရမယ္ဆိုတဲ့နည္းလမ္းေတြရွိပါတယ္။ သင့္အေနနဲ႕ ဒီနည္းလမ္းေတြကို သိရွိေလ့လာထားဖို႕ေတာ့လိုပါတယ္။ သင့္ရာထူးတက္ဖို႕က သင္ျပႆနာေတြကို ဘယ္လိုအေကာင္းဆံုးကုိင္တြယ္ ေျဖရွင္းနိုင္လဲဆိုတာေပၚမွာ အမ်ားႀကီးမူတည္ပါတယ္။ ျပႆနာ တစ္ခုျဖစ္လာရင္ သူမ်ားကိုလက္ညိဳးထိုးၿပီး သူ႕ေၾကာင့္လို႕ ေျပာတာကို ဘယ္အထက္အရာရွိမွလက္မခံပါဘူး။ သင့္အေနနဲ႕ ဒီျပႆနာကို ဘယ္လိုေျဖရွင္းရင္ အဆင္ေျပနိုင္တယ္ဆိုတဲ့ အၾကံညဏ္ ေတြကိုသာ သူတို႕ကလက္ခံေဆြးေႏြးမွာပါ။ ဒါ့ေၾကာင့္ မိမိရဲ႕လုပ္ငန္းခြင္မွာ ျပႆနာေတြ ၾကံဳေတြ႕လာရင္ ေဘးမွာမသိသလိုေနတာထက္ အၾကံညဏ္ေပးနုိင္ဖို႕ ေျဖရွင္းနုိင္ဖို႕ စဥ္စားဖို႕လိုပါတယ္။ ယခုမွအလုပ္စလုပ္ဖို႕ အင္တာဗ်ဴး ေျဖရၿပီဆိုရင္လည္း Problem Solving နဲ႕ပတ္သက္တဲ့ ေမးခြန္းေတြကိုေမးခံရမွာပါ အဲဒီအခ်ိန္မွာထူပူမသြားဖို႕လိုပါတယ္။ သင့္အေနနဲ႕ေတာ့ ဘယ္လိုေျဖရွင္းၿပီး ဘယ္လိုဆံုးျဖတ္မယ္ ဆိုတာမ်ဳိးကိုခိုင္မာတဲ့အေၾကာင္းျပခ်က္ေလးနဲ႕ ေျဖေပးနုိင္မယ္ဆိုရင္ အဆင္ေျပမွာပါ။ ဒါေပမယ့္ တစ္ခ်ဳိ႕အင္တာဗ်ဴးေတြမွာေတာ့ ျပႆနာ တစ္ခုကို ဘယ္လိုနည္းလမ္းနဲ႕ ေျဖရွင္းရလည္းဆိုတဲ့ေမးခြန္းမ်ဳိးေမးတက္ပါတယ္။ Problem Solving Theory ကိုေမးတာပဲျဖစ္ပါတယ္ သင့္အေနနဲ႕ ႀကိဳတင္ေလ့လာျခင္းျဖင့္ ေအာင္ျမင္စြာျဖတ္ေက်ာ္နိုင္ပါတယ္။


Reporting and Communication (အစီရင္ခံျခင္းႏွင့္ ဆက္သြယ္ေျပာဆိုျခင္း)


သင္က ျပႆနာ ကိုေကာင္းေကာင္းေျဖရွင္းနိုင္တယ္ ဒါေပမယ့္ သင့္ရဲ႕အစီရင္ခံမႈအားနည္းေနရင္ေတာ့ သင့္ရဲ႕ႀကိဳးစား အားထုတ္မႈဟာ ပင္ပန္းသေလာက္အရာေရာက္မွာ မဟုတ္ပါဘူး။ အဲဒီေတာ့သင့္အေနနဲ႕ အစီရင္ခံျခင္းကို ရွင္းရွင္းလင္းလင္း သိဖို႕လိုပါတယ္။ ကၽြန္ေတာ္တို႕ေတြေျပာေနၾကတယ္ report ပို႕တယ္၊ report တင္တယ္ ဒါေပမယ့္ report တစ္ခုမွာ ဘာေတြပါဖို႕လိုတယ္ ဆိုတာကိုေတာ့ မသိၾကပါဘူး။ Report တစ္ခုဟာ အၾကမ္းဖ်င္းအားျဖင့္ သင့္ရဲ႕ အထက္အရာရွိ (သို႕) သင့္ရဲ႕အလုပ္ရွင္ကို သင္ေျပာခ်င္တဲ့၊ သင္သိေစခ်င္တဲ့အေၾကာင္းအရာနဲ႕ သင့္အထက္အရာရွိထံမွ သင္လိုအပ္ေနတဲ့ အကူအညီ ပံ့ပိုးမႈ ေတြကို ေသခ်ာရွင္းလင္းေအာင္ ေဖာ္ျပထားဖို႕လိုပါတယ္။ သင့္အေနနဲ႕ report တစ္ေစာင္ကို ေကာင္းေကာင္းမေရးနိုင္ဘူး ဘယ္လိုကစေရးရမလဲဆိုတာကို သိဖို႕လိုေသးတယ္ဆိုရင္ သင္တန္းေတြတက္ၿပီး ေလ့လာဖို႕ လိုအပ္ပါတယ္။ Reporting လို႕ေျပာရင္ Communication ကုိေမ့ထားလို႕မရပါဘူး သင့္ရဲ႕ အလုပ္မွာ နိုင္ငံျခားသားနဲ႕ ဆက္သြယ္ေျပာဆိုရမွာေတြရွိရင္ သင့္အေနနဲ႕ ဆိုင္ရာ ဘာသာစကားေတြ၊ ၿပီးေတာ့ ျမန္မာအခ်င္းခ်င္းေျပာဆိုဆက္သြယ္ ရာမွာလည္း ရွင္းလင္းၿပီး မိမိေျပာခ်င္တဲ့ အေၾကာင္းအရာကို ထိမိေအာင္ ဆက္သြယ္နိုင္ဖို႕လိုပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႕ Good Communication Skills ရွိဖို႕လိုအပ္ပါတယ္။

ဒီေတာ့ သင့္မွာ Goal, Technical Skill, Interpersonal Skill, Team work skill, Time Management Skill, Problem Solving and Decision Making Skill and Reporting and Communication Skill ေတြမရွိဘူးဆိုရင္လည္း စိတ္ဓာတ္က်စရာမလိုပါဘူး ဒီအရာေတြက ေလ့လာျဖည့္ဆည္းလို႕ရပါတယ္ အဓိက က အဲဒီအရည္အခ်င္းေတြရွိဖို႕အတြက္ သင့္ရဲ႕ Learning Process ေပ်ာက္မသြားဖို႕လိုတာပါ။ ကၽြန္ေတာ့္ရဲ႕အေတြ႕အၾကံဳအရေျပာရရင္ လူအမ်ားစုက ရာထူးတက္ဖို႕၊ အလုပ္ရဖို႕ ခက္ခဲၾကတယ္ အဲဒါဘယ္လိုပံုစံေတြလဲလို႕ၾကည့္လိုက္ရင္ ေလ့လာဖို႕မလုပ္ခ်င္ၾကဘူး ေရလိုက္၊ ငါးလိုက္ပဲ ေနၾကတယ္ အသစ္အသစ္ေတြေလ့လာဖို႕သင္ယူဖို႕ မိမိအတြက္ လိုအပ္ေနတဲ့ Skills ေတြျဖည့္ဆည္းဖို႕ စိတ္မ၀င္စားၾကဘူး အဲဒီေတာ့ ရာထူးတက္ဖို႕ လုပ္သက္အေတြ႕အၾကံဳ ငါးႏွစ္၊ ေျခာက္ႏွစ္ ေလာက္ၾကာမွ ရာထူးတက္ၾကတယ္။ ယခုေခတ္အေျခအေနမွာ အေတြ႕အၾကံဳနဲ႕ ရာထူးတက္ဖို႕ ႀကိဳးစားတာထက္ အေတြ႕အၾကံဳရယ္ Skills ရယ္ေပါင္းမွ ရာထူးတက္ဖို႕ႀကိဳးစားရတာ အဆင္ေျပတာေတြ ပိုမိုျမင္သာလာပါတယ္။ သင့္အေနနဲ႕လဲ အလုပ္မွာ တိုးတက္ဖို႕အတြက္ အခုပဲ ေရဆန္ကို ဆန္တက္ဖို႕ျပင္ဆင္ပါလို႕ တုိက္တြန္းလိုက္ရပါတယ္။

 

ၿဖိဳးမင္းသူ - BGL

[Unicode]

ဒီခေါင်းစဉ်မှာ နှစ်ပိုင်းပါပါတယ် ပထမ တစ်ပိုင်းက လုပ်ငန်းမှာ အရည်အချင်းစွမ်းရည် တိုးတက်ဖို့ ဖြစ်ပြီး၊ ဒုတိယတစ်ပိုင်း ကတော့ လုပ်ငန်းမှာ ရာထူးတိုးတက်ဖို့ ဘယ်လိုတည်ဆောက်ရမလဲ ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ လက်ရှိမှာ အလုပ်ရှိသူတစ်ယောက် အနေနဲ့ တည်ဆောက်သင့်တာတွေ၊ အလုပ်မရှိသေးသူတစ်ယောက် အနေနဲ့ ပြင်ဆင်သင့်တာတွေ ကို သင့်အနေနဲ့ အလုပ်တစ်ခုရဲ့ လွယ်ကူရိုးရှင်းတဲ့ အနေအထားတွေကို မြင်သာသွားစေမှာပါ။


Goal (ပန်းတိုင်)


လူတော်တော်များများဟာ ဝေဝါးတဲ့ ပန်းတိုင်တွေနဲ့ ရှင်သန်နေကြပါတယ်။ သင့်ရဲ့လုပ်ငန်းမှာ တိုးတက်ဖို့နဲ့ ရာထူး တက်ဖို့ဆိုရင် သင့်အနေနဲ့ ဘာဖြစ်ချင်တာလဲ၊ သင်ကဘယ်လို လုပ်ငန်း ကဏ္ဍမှာ ရပ်တည်ချင်တာလဲ သေသေချာချာ သိနေဖို့လိုပါတယ်။ လူအများစုကပြောတယ် တိကျတဲ့ ပန်းတိုင်ရှိရမယ် (ဥပမာ - မြန်မာနိုင်ငံမှာအောင်မြင်တဲ့ HR Manager တစ်ယောက်ဖြစ်ရမယ်) ဒါပေမယ့် အဲဒါဟာ အရမ်းမလွယ်ကူပါဘူး ဒါ့ကြောင့် သင့်အနေနဲ့ ငါကတော့ HR ကဏ္ဍမှာ ရပ်တည်မယ် (သို့) Finance လုပ်ငန်းတွေမှာရပ်တည်မယ် ဆိုတဲ့ ပထမခြေလှမ်းတစ်ခုသာ သေချာထားဖို့ လိုပါတယ်။


Technical Skills (နည်းပညာ စွမ်းရည်)


သင့်အနေနဲ့ ဘယ်လုပ်ငန်းကဏ္ဍ မှာရပ်တည်မလဲ သေချာပြီဆိုရင်တော့ ထိုလုပ်ငန်းနှင့် ပတ်သက်တဲ့ Technical Skills ကို တတ်သိကျွမ်းကျင်ဖို့လိုပါတယ်။ Technical Skill ဆိုတာနဲ့ အရမ်းထိတ်လန့်သွားတာတွေဖြစ်နိုင်ပါတယ်။ တကယ်တော့ ဒါဟာလန့်စရာ မဟုတ်ပါဘူး အလုပ်အကို်င်ရှိသူ (သို့) အလုပ်အကိုင်မရှိသူ မည်သူပဲဖြစ်ပါစေ မိမိ လုပ်ကိုင်မည့် ကုမ္မဏီ၊ အဖွဲ့အစည်း၊ လုပ်ငန်းနှင့် ပတ်သက်သော နည်းပညာ စွမ်းရည်ရှိဖို့လိုအပ်ပါသည်။ NGO အဖွဲ့အစည်းတွေမှာ လုပ်သည်ဖြစ်စေ၊ Business Company တွေမှာ လုပ်သည်ဖြစ်စေ ကိုယ်လုပ်မည့် လုပ်ငန်းနှင့် တိုက်ရိုက်ပတ်သက်တဲ့ နည်းပညာ စွမ်းရည်ရှိ မှသာ သင့်အတွက် အလုပ်ရဖို့၊ လုပ်ငန်းမှာ ရာထူးတက်ဖို့သေချာမှာပါ။ ဥပမာ- သင်ဟာ Marketing ပိုင်းမှာ လုပ်ကိုင်တယ်ဆိုပါစို့ Marketing Plan လေးတောင် မဆွဲနိုင်ရင် ကျိန်းသေပါတယ် သင့်အနာဂတ် မှေးမှိန်နေပါလိမ့်မယ်၊ ဒီလိုပဲ NGO မှာ Management ပိုင်းမှာ လုပ်ကိုင်တယ် Development နယ်ပယ်မှာ Project Management ဘယ်လိုလုပ်ရလဲဆိုတာ မသိရင် သင့်ရဲ့တက်လမ်းက တကယ့်ကို မှုန်ပြပြပါ။ အလုပ်မရှိသေးရင် မိမိ၀င်ရောက်ဖို့မျှော်မှန်းထားသည့် အလုပ်အကိုင် နှင့်ပတ်သက်တဲ့ Techanical Skills ကိုဖြည့်ဆည်းထားရဖို့လိုသလို၊ လက်ရှိမှာ လုပ်ငန်းခွင်ထဲရောက်ရှိနေသူတွေအနေနဲ့ မိမိလုပ်ငန်းခွင်မှာ အသုံးဝင်မည့် နည်းပညာများကို လေ့လာ ဆည်းပူးမှသာ နောက်တစ်ဆင့်တက်လှမ်းဖို့ရာ အဆင်ပြေချောမွေ့စေမှာပါ။ ဒါပေမယ့် လူအများစုကတော့ လေ့လာဖို့အတွက်အားစိုက်ထုတ်မှုနည်းပြီး အခြားတစ်ယောက် ရာထူးတိုးသွားမှသာ သူကကံကောင်းလိုက်တာလို့ ရေရွတ်ရင်းနဲ့ ဖြတ်သန်းနေကြပါတယ်။


Interpersonal Skills (လူမှုဆက်ဆံရေး)


ကျွန်တော်တို့ဟာ လူနဲ့ လူ့ပတ်ဝန်းကျင်မှာ နေတဲ့အတွက် လူမှုဆက်ဆံရေးဆိုတာကို မေ့ပစ်ထားလို့မရပါဘူး။ အထူးသဖြင့် သင့်ရဲ့အလုပ်ပတ်ဝန်းကျင်မှာ သင့်အနေနဲ့ လူမှုဆက်ဆံရေးဘယ်လောက်ကောင်းလည်းဆိုတာတွေကို သင့်ရဲ့အလုပ်ရှင် (သို့) သင့်ရဲ့အထက်အရာရှိတွေက မြင်တွေ့နေမှာဖြစ်ပြီး သင့်ကိုရာထူးတက်ဖို့အတွက် များစွာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ယခုမှ အလုပ်စဝင်မဲ့သူအတွက်တော့ သင့်ရဲ့လူမှုဆက်ဆံရေးကို အင်တာဗျူးမှာ ကျိန်းသေ စစ်ဆေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ဖော်ရွေပြီးတက်ကြွသူတစ်ယောက်ရဲ့ ဟန်ပန်ရှိနေရမှာပါ။ လက်ရှိလူအများ စုကတော့ အလုပ်မှာ ကိုယ်နဲ့တူရာတူရာပေါင်းပြီး တစ်ခြားကိုယ့်လိုတူရာတူရာပေါင်းထားတဲ့ သူတွေနဲ့ မခေါ်နိုင် မပြောနိုင် မျက်စောင်းတခဲခဲနဲ့ ဖြတ်သန်းနေကြတာ တွေရှိသလို၊ တကယ့်ကို ဖော်ရွေတက်ကြွသူ တွေလည်းရှိပါတယ် သင့်အနေနဲ့ တကယ့်ကိုရိုးရှင်းပြီး ဖော်ရွေတဲ့ အပြုံးတစ်ခုနဲ့ စတင်ပြီး လူမှုဆက်ဆံရေး ကောင်းသူအနေနဲ့ ရပ်တည်ဖို့လိုအပ်ပါတယ်။


Team Work (အဖွဲ့အစည်းဖြင့် လုပ်ဆောင်ခြင်း)


သင့်ရဲ့လက်ရှိအလုပ်မှာ လူမှုဆက်ဆံရေးမကောင်းရင် Team Work တည်ဆောက်လို့မရပါဘူး။ လောကမှာ တစ်ဦးတစ်ယောက်ထဲဲနဲ့ရပ်တည်လို့ရတဲ့လုပ်ငန်း မရှိသလောက်ရှားပါးလွန်းပါတယ်။ ဒါ့ကြောင့်သင့်အနေနဲ့ အလုပ်မှာ အဖွဲ့အစည်းနဲ့ လုပ်ဆောင်နိုင်တဲ့ အရည်အချင်းရှိဖို့လိုအပ်ပါတယ်။ ကိုယ်တစ်ယောက်ထဲကောင်းလို့မှမရတာ သူတို့မကောင်းရင်ဘယ်လိုလုပ်မလဲ စသည်ဖြင့် ဆင်ခြေတွေနဲ့ အရင်မစတင်လိုက်ပါနဲ့။ ပထမဆုံး ကိုယ်ကအရင် အဖွဲ့အစည်းနဲ့ လုပ်ဆောင်ခြင်းရဲ့ကောင်းကျိုးတွေကိုသိထားဖို့လိုပြီး ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း မျှဝေဖို့ လိုအပ်ပါတယ်။ အစပိုင်းမှာ အခက်အခဲများစွာရှိမှာသေချာပေမယ့် တဖြည်းဖြည်းနဲ့ တည်ဆောက်ယူနိုင်တဲ့ အရာဖြစ်ပါတယ်။ အလုပ်စဝင်သူတွေအနေနဲ့ လူတွေ့စစ်ဆေးမေးမြန်းမှုမှာ ‘အခြားသူတွေနဲ့အလုပ်တွဲလုပ်မယ်ဆိုရင် ကိုယ့်အနေနဲ့ ဘာတွေဖြစ်နိုင်လဲ၊ အခြားသူတွေနဲ့ အလုပ်မှာ ဘယ်လိုရပ်တည်မလဲ’ စသည်ဖြင့်မေးခွန်းတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ Team Work ဘယ်လောက်ကောင်းကောင်းနဲ့လုပ်နိုင်သလဲဆိုတာကို အလုပ်မှာ ရာထူးတိုးဖို့အတွက် တိုင်းတာတဲ့အရာလည်းဖြစ်တယ်ဆိုတာကို သိပြီး အကောင်းဆုံးလုပ်ပြနိုင်ဖို့လိုပါတယ်။


Time Management (အချိန်ကို စီမံခန့်ခွဲမှု)


Time Management ဆိုတာနဲ့ သီးခြား Subject တစ်ခုလိုလေ့လာဖို့လိုတယ်လို့မထင်လိုက်ပါနဲ့။ သင့်ရဲ့အလုပ်မှာ အချိန်ဘယ်လောက်လေးစားလဲ၊ အလုပ်တာဝန်တစ်ခုကို နောက်ဆုံးပြီးရမယ်လို့သတ်မှတ်ထားတဲ့ အချိန်မှာ ပြီးဆုံးအောင် လုပ်နိုင်ဖို့အတွက် အချိန်ကို ဘယ်လိုစီမံခန့်ခွဲသလဲ ဆိုတာတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ သင့်အနေနဲ့ လုပ်ငန်းတာဝန်များကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ မပြီးတဲ့ အကြိမ်ရေများလာခဲ့ရင် သင့်ရဲ့ရာထူးတက်ဖို့ရာလဲ မသေချာတော့ပါဘူး။ ဒါ့ကြောင့် အချိန်စီမံခန့်ခွဲမှုဟာ တကယ့်ကို သေချာအလေးထား ဆောင်ရွက်သင့်ပါတယ်။  အဖွဲ့အစည်းများစွာရဲ့ အလုပ်ခေါ်စာမှာ ‘သတ်မှတ်ထားတဲ့ Time Frame အတွင်းမှာ သင့်ရဲ့လုပ်ငန်းတာဝန်ကို ပြီးဆုံးအောင်လုပ်နိုင်ဖို့ အတွက် Time Management အရည်အချင်းရှိရမယ်’ ဆိုတဲ့ လိုအပ်ချက်ကိုတွေ့မြင်ရမှာပါ။ သင့်အနေနဲ့လုပ်ဆောင် ရမည့်လုပ်ငန်းများကို ချရေးပြီး လုပ်ငန်းလိုအပ်ချက်ပေါ်မှုတည်ပြီး ဦးစားပေးရွေးချယ် လုပ်ဆောင်ခြင်းဖြင့် စီမံခန့်ခွဲနိုင်ပါတယ်။ အလုပ်စဝင်ဖို့ ကြိုးစားနေသူများအနေဖြင့် အင်တာဗျူးကို နောက်မကျအောင် ဂရုစိုက်တာတွေ၊ ရေးဖြေမှာ အချိန်ကို သေချာစီမံပြီး မေးခွန်းအားလုံးကို ဖြေဆိုနိုင်ဖို့စီမံတက်ဖို့လိုအပ်ပါတယ်။ အချို့သော အဖွဲ့အစည်းများမှာ ရေးဖြေစစ်ဆေးသည့်အခါတွင် သတ်မှတ်ချိန်အတွင်း မပြီးနိုင်သည့် မေးခွန်းအရေအတွက်ကို ပေးပြီး သင့်အနေနဲ့ ဦးစားပေးရွေးချယ်ဖြေဆိုမှုကို စစ်ဆေးလာနိုင်တဲ့ အတွက် တကယ့်ကိုရွေးချယ်စီမံတက်ဖို့လိုအပ်ပါတယ်။


Problem Solving and Decision Making (ပြဿနာ ဖြေရှင်းခြင်း နှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း)


ဘာပြဿနာမှ မရှိဘူးဆိုတာ ဘာမှမလုပ်လို့ပါ။ အလုပ်လုပ်နေတဲ့ သင့်အတွက် ပြဿနာဆိုတာ ကျိန်းသေ တွေ့ရမယ့် အရာပါ။ ဘာပြဿနာပဲဖြစ်ဖြစ် ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့နည်းလမ်းတွေရှိပါတယ်။ သင့်အနေနဲ့ ဒီနည်းလမ်းတွေကို သိရှိလေ့လာထားဖို့တော့လိုပါတယ်။ သင့်ရာထူးတက်ဖို့က သင်ပြဿနာတွေကို ဘယ်လိုအကောင်းဆုံးကိုင်တွယ် ဖြေရှင်းနိုင်လဲဆိုတာပေါ်မှာ အများကြီးမူတည်ပါတယ်။ ပြဿနာ တစ်ခုဖြစ်လာရင် သူများကိုလက်ညိုးထိုးပြီး သူ့ကြောင့်လို့ ပြောတာကို ဘယ်အထက်အရာရှိမှလက်မခံပါဘူး။ သင့်အနေနဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရင် အဆင်ပြေနိုင်တယ်ဆိုတဲ့ အကြံညဏ် တွေကိုသာ သူတို့ကလက်ခံဆွေးနွေးမှာပါ။ ဒါ့ကြောင့် မိမိရဲ့လုပ်ငန်းခွင်မှာ ပြဿနာတွေ ကြံုတွေ့လာရင် ဘေးမှာမသိသလိုနေတာထက် အကြံညဏ်ပေးနိုင်ဖို့ ဖြေရှင်းနိုင်ဖို့ စဉ်စားဖို့လိုပါတယ်။ ယခုမှအလုပ်စလုပ်ဖို့ အင်တာဗျူး ဖြေရပြီဆိုရင်လည်း Problem Solving နဲ့ပတ်သက်တဲ့ မေးခွန်းတွေကိုမေးခံရမှာပါ အဲဒီအချိန်မှာထူပူမသွားဖို့လိုပါတယ်။ သင့်အနေနဲ့တော့ ဘယ်လိုဖြေရှင်းပြီး ဘယ်လိုဆုံးဖြတ်မယ် ဆိုတာမျိုးကိုခိုင်မာတဲ့အကြောင်းပြချက်လေးနဲ့ ဖြေပေးနိုင်မယ်ဆိုရင် အဆင်ပြေမှာပါ။ ဒါပေမယ့် တစ်ချို့အင်တာဗျူးတွေမှာတော့ ပြဿနာ တစ်ခုကို ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းရလည်းဆိုတဲ့မေးခွန်းမျိုးမေးတက်ပါတယ်။ Problem Solving Theory ကိုမေးတာပဲဖြစ်ပါတယ် သင့်အနေနဲ့ ကြိုတင်လေ့လာခြင်းဖြင့် အောင်မြင်စွာဖြတ်ကျော်နိုင်ပါတယ်။


Reporting and Communication (အစီရင်ခံခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်း)


သင်က ပြဿနာ ကိုကောင်းကောင်းဖြေရှင်းနိုင်တယ် ဒါပေမယ့် သင့်ရဲ့အစီရင်ခံမှုအားနည်းနေရင်တော့ သင့်ရဲ့ကြိုးစား အားထုတ်မှုဟာ ပင်ပန်းသလောက်အရာရောက်မှာ မဟုတ်ပါဘူး။ အဲဒီတော့သင့်အနေနဲ့ အစီရင်ခံခြင်းကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ ကျွန်တော်တို့တွေပြောနေကြတယ် report ပို့တယ်၊ report တင်တယ် ဒါပေမယ့် report တစ်ခုမှာ ဘာတွေပါဖို့လိုတယ် ဆိုတာကိုတော့ မသိကြပါဘူး။ Report တစ်ခုဟာ အကြမ်းဖျင်းအားဖြင့် သင့်ရဲ့ အထက်အရာရှိ (သို့) သင့်ရဲ့အလုပ်ရှင်ကို သင်ပြောချင်တဲ့၊ သင်သိစေချင်တဲ့အကြောင်းအရာနဲ့ သင့်အထက်အရာရှိထံမှ သင်လိုအပ်နေတဲ့ အကူအညီ ပံ့ပိုးမှု တွေကို သေချာရှင်းလင်းအောင် ဖော်ပြထားဖို့လိုပါတယ်။ သင့်အနေနဲ့ report တစ်စောင်ကို ကောင်းကောင်းမရေးနိုင်ဘူး ဘယ်လိုကစရေးရမလဲဆိုတာကို သိဖို့လိုသေးတယ်ဆိုရင် သင်တန်းတွေတက်ပြီး လေ့လာဖို့ လိုအပ်ပါတယ်။ Reporting လို့ပြောရင် Communication ကိုမေ့ထားလို့မရပါဘူး သင့်ရဲ့ အလုပ်မှာ နိုင်ငံခြားသားနဲ့ ဆက်သွယ်ပြောဆိုရမှာတွေရှိရင် သင့်အနေနဲ့ ဆိုင်ရာ ဘာသာစကားတွေ၊ ပြီးတော့ မြန်မာအချင်းချင်းပြောဆိုဆက်သွယ် ရာမှာလည်း ရှင်းလင်းပြီး မိမိပြောချင်တဲ့ အကြောင်းအရာကို ထိမိအောင် ဆက်သွယ်နိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ Good Communication Skills ရှိဖို့လိုအပ်ပါတယ်။

ဒီတော့ သင့်မှာ Goal, Technical Skill, Interpersonal Skill, Team work skill, Time Management Skill, Problem Solving and Decision Making Skill and Reporting and Communication Skill တွေမရှိဘူးဆိုရင်လည်း စိတ်ဓာတ်ကျစရာမလိုပါဘူး ဒီအရာတွေက လေ့လာဖြည့်ဆည်းလို့ရပါတယ် အဓိက က အဲဒီအရည်အချင်းတွေရှိဖို့အတွက် သင့်ရဲ့ Learning Process ပျောက်မသွားဖို့လိုတာပါ။ ကျွန်တော့်ရဲ့အတွေ့အကြံုအရပြောရရင် လူအများစုက ရာထူးတက်ဖို့၊ အလုပ်ရဖို့ ခက်ခဲကြတယ် အဲဒါဘယ်လိုပုံစံတွေလဲလို့ကြည့်လိုက်ရင် လေ့လာဖို့မလုပ်ချင်ကြဘူး ရေလိုက်၊ ငါးလိုက်ပဲ နေကြတယ် အသစ်အသစ်တွေလေ့လာဖို့သင်ယူဖို့ မိမိအတွက် လိုအပ်နေတဲ့ Skills တွေဖြည့်ဆည်းဖို့ စိတ်မဝင်စားကြဘူး အဲဒီတော့ ရာထူးတက်ဖို့ လုပ်သက်အတွေ့အကြံု ငါးနှစ်၊ ခြောက်နှစ် လောက်ကြာမှ ရာထူးတက်ကြတယ်။ ယခုခေတ်အခြေအနေမှာ အတွေ့အကြံုနဲ့ ရာထူးတက်ဖို့ ကြိုးစားတာထက် အတွေ့အကြံုရယ် Skills ရယ်ပေါင်းမှ ရာထူးတက်ဖို့ကြိုးစားရတာ အဆင်ပြေတာတွေ ပိုမိုမြင်သာလာပါတယ်။ သင့်အနေနဲ့လဲ အလုပ်မှာ တိုးတက်ဖို့အတွက် အခုပဲ ရေဆန်ကို ဆန်တက်ဖို့ပြင်ဆင်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

 

ဖြိုးမင်းသူ - BGL

 

အျခားသင္ခန္းစာမ်ား ဖတ္႐ႈ ေလ့လာရန္ link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


[ Myanmar Network အသင္းဝင္ထားျခင္းျဖင့္ ရရွိမည့္ အက်ိဳးေက်းဇူးမ်ား ]

- အဂၤလိပ္စာသင္ခန္းစာႏွင့္ အလုပ္ေခၚစာအသစ္မ်ား၊ UK စာေမးပြဲ သတင္းမ်ား ႏွင့္ အဂၤလိပ္စာသင္တန္း သတင္းမ်ားကို အသင္းဝင္မ်ားထံသာလွ်င္ e-mail ျဖင့္ အေၾကာင္းၾကားေပးမွာ ျဖစ္ပါသည္။
- ျဗိတိသွ်ေကာင္စီမွ ၾကီးမႉးက်င္းပေသာ ပြဲမ်ားကို အသင္းဝင္မ်ားသာ ၾကိဳတင္သိရွိျပီး အသင္းဝင္မဟုတ္သူမ်ားထက္ေစာ၍ စာရင္းေပးသြင္းႏိုင္ပါသည္။
- Myanmar Network ဝက္ဆိုက္ဒ္တြင္ အသင္းဝင္မ်ားသာလွ်င္ like ႏွင့္ comment ေပးႏိုင္မည္ျဖစ္သည္။
- စကားဝိုင္းမ်ား (Forum မ်ားတြင္)ႏွင့္ အလုပ္ေခၚစာမ်ားကိုလည္း ကိုယ္တိုင္ဝင္ေရာက္ေရးသားႏိုင္ပါသည္။
- အသင္းဝင္မ်ားတြင္ ကိုယ္ပိုင္ Profile Page ရွိမည္ျဖစ္ျပီး မိမိ၏ ဓာတ္ပံု၊ မိမိကိုယ္တိုင္႐ိုက္ထားေသာ ဓာတ္ပံုမ်ားႏွင့္ ဗီဒီယိုမ်ားလည္း တင္ႏိုင္မည္ ျဖစ္သည္။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 3642

Reply to This

Replies to This Discussion

thanks you

thanks

Thank, All idea is good

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service